ကုိယ္နွင့္မဆုိင္သလုိေနတ့ဲ လူေတြဖတ္ဖို႔ အေနသာတယ္ထင္ရင္ အေသနာလိမ့္မည္

တစ္ခါတုန္းက ၾကြက္တစ္ေကာင္က လယ္သမားအိမ္ထဲ အိမ္နံရံပ်ဥ္နွစ္ခ်ပ္ စပ္ၾကားက ဟေနတဲ့ေနရာ အၾကားကေန ေခ်ာင္းၾကည့္ေတာ့ လယ္သမားနဲ႔ သူ႔မယား အထုပ္တစ္ထုပ္ေျဖေနတာ ေတြ႔ရတယ္။

အထဲမွာ စားစရာမ်ားပါေလမလား၊ ပါရင္ ငါမ်ား တနည္းနည္းနဲ႔ စားရေလမလား၊ ေမွ်ာ္လင့္တဲ့ စိတ္နဲ႔ ေစာင့္ၾကည့္ေတာ့၊ လားလား .. စားစရာမုန္႔မဟုတ္၊ နာစရာ တုတ္ျဖစ္ေနတယ္။

အဲ စကားအျဖစ္ ေျပာတာ၊ တကယ္တုတ္မဟုတ္ဘူး။ ျပီးေတာ့ တုတ္ဆိုတာက သူသူ ငါငါ အရိုက္ခံရနိုင္တဲ့ပစၥည္း။ အခုဟာက သတၱ၀ါအမ်ားနဲ႔ မဆိုင္၊ သူတစ္ဦးတည္းကို ရည္ရြယ္တာ၊ သူ႔ကိုအေသေဆာ္ဖို႔ ရည္ရြယ္ခ်က္နွင့္ ျမဳိ႕က ၀ယ္လာတဲ့ ၾကြက္ေထာင္ေခ်ာက္။

ျမင္တာနဲ႔တင္ ၾကြက္ေထာင္ေခ်ာက္ေမာင္းျပဳတ္ျပီး ဂ်ိဳင္းခနဲ ရိုက္တဲ့အသံကို သူ႔စိတ္ကၾကား လိုက္မိတယ္။ သံကိုင္းတံနဲ႔ ေခြးသြားစိပ္ၾကားမွာ ညပ္ျပီးေသေနမယ့္ သူ႔ရုပ္ပံုကိုလည္း ျမင္ေယာင္ျပီး ၾကက္သီးေမႊးညင္း ထသြားတယ္။ ဒုကၡပဲ၊ ဒီလူေတြ ရက္ရက္စက္စက္လုပ္ေတာ့မယ္။

အားလံုးကိုသတိေပးထားမွပဲဆိုျပီး ၾကြက္ကျခံထဲေလွ်ာက္ေျပးျပီး ေအာ္တယ္။ “အိမ္ထဲမွာ ၾကြက္ေထာင္ေခ်ာက္တစ္ခု ေရာက္ေနျပီ၊ အားလံုး သတိထားၾက၊ အိမ္ထဲမွာ ၾကြက္ေထာင္ေခ်ာက္ေရာက္ေနျပီ” အဲဒီလိုေအာ္ရင္း ၾကက္မနားေရာက္ေတာ့ ပါစပ္ကတကြပ္ကြပ္ျမည္ရင္း ဖုန္ထဲသဲထဲမွာ စားစ ရာယက္ျပီး ရွာေနတဲ့ ၾကက္မက… “ဒီေလာက္ေတာင္ ေအာ္မေနနဲ႔ ကိုၾကြက္ရယ္၊ ရွင့္အတြက္ေတာ့ စိုးရိမ္စရာျဖစ္တာ မွန္ပါတယ္။ ဒါေပမယ့္ ကၽြန္မနဲ႔က ဆိုင္မွမဆိုင္တာ၊ ဘာကိုသတိထားရမွာလဲ” လို႔ ဆိုတယ္။

ၾကြက္က ၀က္ျခံနားသြားျပီ ၀က္ကိုေျပာျပန္ေတာ့ ၀က္က….. “ငါမင္းအတြက္ စိတ္မေကာင္းပါဘူး၊ ဖိုးေရႊၾကြက္ရာ၊ ဒါေပမယ့္ ဒီကိစၥက ငါတတ္နိုင္တဲ့ ကိစၥ မဟုတ္ဘူး၊ အလြန္ဆံုးဘုရားမွာ ဆုေတာင္းရံုေလာက္ပဲ တတ္နိုင္တယ္၊ ညဘက္ ဘုရားရွိခိုးတဲ့အခါ မင္းအတြက္ ထည့္ျပီး ဆုေတာင္းေပးပါ့မယ္ကြာ” လို႔ ေခၽြးသိပ္တယ္။

ျခံထဲမွာ ႏြားတစ္ေကာင္လည္း ရွိေသးေတာ့ ၾကြက္က သူ႔ဆီသြားျပီး ေျပာျပန္တယ္။ ႏြားက်ေတာ့ သူ႔ကို ဟားေတာင္ ဟားလႊတ္ေသးတယ္။ “ဟ ၊ ငၾကြက္ရ အိမ္ထဲမွာ ၾကြက္ေထာင္ေခ်ာက္ ဟုတ္လား၊ ဒါဆုိ ငါ့အတြက္ အႏၱာရာယ္ပဲ၊ ေျခမ ညွပ္မိရင္ ငါေသျပီ၊ ဟား ဟား” တဲ့။

ၾကြက္ အေတာ္ခံရခက္ျပီး ျပန္လွည့္လာတယ္။ သူက အိမ္ထဲမွာေနတဲ့သူ၊ အိမ္ဆီပဲ ျပန္ရမယ္။ ေထာင္ခ်က္ကိစၥ ဘယ္သူကမွ ေတြးမပူ၊ သူတို႔အေရး လုိ႔ မယူဆ၊ ကုိယ္တစ္ေယာက္တည္း ပူေနတာ ဆုိေတာ့ ကုိယ္ပဲ သတိထားရမယ္။ တကယ္ေတာ့ နာမည္ကုိႏိႈက္ကလည္း ၾကြက္ေထာင္ေခ်ာက္ မဟုတ္လား။ အဲဒီေထာင္ေခ်ာက္မွာ တပ္ထားမယ့္ အန႔ံကလည္း ေမႊး၊ အရသာလည္း ရွိျပီး ၾကြက္မွန္သမွ် သြားရည္တမ်ားမ်ား က်ေစမယ့္ အစာကို အနား သားေလးေတာင္ဖဲ့ မစားမိေအာင္ ေ၀းေ၀းက ေရွာင္ရမယ္။ ေျပးရင္းလႊားရင္း မေတာ္တဆ တုိက္မိ တယ္ဆုိတာမ်ိဳး မျဖစ္ေအာင္လည္း အထူးသတိျပဳမယ္။ အဲသလုိေတြ ကုိယ့္ကုိယ္ကုိယ္ သတိေပးျပီး အိမ္ထဲကို သတိ၀ီရိယ ၾကီးစြာနဲ႔ ျပန္၀င္လာခဲ့တယ္။

အဲဒီည သန္းေကာင္ယံမွာပဲ ၾကြက္ေထာင္ေခ်ာက္ ေမာင္းျပဳတ္တဲ့အသံ က်ယ္ေလာင္စြာ ေပါက္ထြက္လာျပီး ကတည္းက သတၱ၀ါေတြ အားလုံး လန႔္နုိးၾကတယ္။ “ဖုိးေရႊၾကြက္ တစ္ေကာင္ေတာ့ သြားရွာေပါ့” လုိ႔ ၀က္က ဆုိေတာ့ ၾကက္မက “စိတ္မေကာင္းဘူး၊ ဒီေလာက္ျမန္ျမန္ၾကီး ျဖစ္လိမ့္မယ္ မထင္လုိ႔” မနက္က သူမစာမနာ ေျပာလုိက္မိတာ ျပန္ေတြးျပီး အာနာေနတယ္။

ႏြားၾကီးကေတာ့ “ေစာေစာေသေတာ့လည္း ေၾကာက္ရတဲ့ဒုကၡ ေစာေစာျငိမ္းတာေပါ့ကြာ” တဲ။ ကုိယ္ေသတာ မဟုတ္ေတာ့ သူကေပါ့ေပါ့ဆဆ ေျပာတယ္။ အမွန္ေတာ့ ၾကြက္လည္း ေသသြားတာေတာ့ မဟုတ္ဘူး။ ေထာင္ေခ်ာက္မိတာ သူမွ မဟုတ္တာ။ ဂ်ိဳင္းခနဲ ျမည္သံၾကာေတာ့ သူလည္း သူကိုယ္တုိင္မိသေလာက္ လန္႔သြားတာ။

ေနာက္ေတာ့ မွ ငါမဟုတ္ဘူး။ ဘယ္သူမ်ားပါလိမ့္ ဆုိျပီး ထေခ်ာင္းၾကည့္ေတာ့ ေျမြတစ္ေကာင္။ ေျမြက ၾကြက္ေထာင္ေခ်ာက္ ဆုိတာ ဘာလုပ္တတ္မွန္းမသိေတာ့ ၾကြက္စာအန႔ံ ေမႊးေမႊးကို သူ႔အစာ ေအာက္ေမ့ျပီး သြားခဲတာ။ ေမာင္းတံရုိက္တဲ့အခ်ိန္ ဘယ္လုိဘယ္လုိ လုပ္လုိက္မွန္းမသိ၊ ေခါင္းပိုင္းကို မထိဘဲ အျမီးပုိင္းက ညွပ္ေနတယ္။

ၾကြက္က တုန္တုန္ယင္ယင္နဲ႔ ၾကည့္ေနတုန္း မီးအိမ္ေလးမွိန္မွိန္နဲ႔ အိမ္ရွင္မ ထြက္လာတာ ျမင္ရတယ္။ မိန္းမက အိပ္ခ်င္မူးတူးနဲ႔ ၾကြက္ေထာင္ေခ်ာက္ကို သြားဆြဲတဲ့အခါ ေျမြက လွမ္းေပါက္လုိက္တယ္။ အဲဒီအခါ အလန္႔တၾကား ထေအာ္ေတာ့ လယ္သမား ေျပးလုိက္တာတယ္။ မီးအိမ္ပုိလင္းေအာင္ မီးစာျမွင့္ ၾကည့္လုိက္ေတာ့ သူ႔မိန္းမကုိ ကုိက္ျပီးတဲ့ေနာက္ ပါးပ်ဥ္းေထာင္ေနေသးတဲ့ ေျမြကိုျမင္ျပီး နီးရာတုတ္တစ္ေခ်ာင္းနဲ႔ လက္ျမန္ေျချမန္ ေကာက္ရုိက္လုိက္တာ ပြဲခ်င္းျပီး ေသသြားတယ္။

အဲဒီေျမြက အေတာ္အဆိပ္ျပင္းတဲ့ေျမြမ်ိဳး ျဖစ္ေနတယ္။ လယ္သမား အေတာ္ေခါင္းနားပန္းၾကီးသြားတယ္။ အဲဒါနဲ႔ အိမ္နီးနားခ်င္းေတြ လွမ္းေခၚျပီး ညၾကီးမင္းၾကီးပဲ ဆရာ၀န္ သြားပင့္ေပးဖုိ႔ အကူညီေတာင္းတယ္။ မနက္မလင္းခင္ ဆရာ၀န္ ေရာက္လာျပီး သူ႔ရွိသမွ် ေဆး၀ါးနဲ႔ ကုသျပီး ျပန္သြားတယ္။ ေနာက္ေန႔မွာ အိမ္ရွင္မက ေျမြဆိပ္အရွိန္နဲ႔ ဖ်ားျပီး ညည္းေနတယ္။ တစ္ေနလုံး ကိုယ္လက္ေတြ ကိုက္ခဲျပီး ပါးစပ္ကလည္း ဘာမွမစားခ်င္ျဖစ္ေနတယ္။ အဲဒါနဲ႔ အစာမ၀င္ရင္ ကိုယ္ခံအားနည္းမယ္။ အဲဒါဆုိရင္ ေျမြဆိပ္ဒဏ္ ပိုမခံနုိင္ ျဖစ္မယ္ဆုိျပီး အားရွိသြားေအာင္ ၾကက္စြပ္ျပဳတ္ ေကၽြးပါလုိ႔ ၀ုိင္း၀န္း အၾကံေပးၾကေတာ့ လယ္သမားက သူေမြးထားတဲ့ တစ္ေကာင္တည္းေသာ ၾကက္မကို သတ္ျပီး မိန္းမအတြက္ ၾကက္သား စြပ္ျပဳတ္လုပ္တယ္။

ဆရာ၀န္က ေနာက္ေန႔ေတြလည္း ဆက္ျပီး လာၾကည့္ပါတယ္။ ဒါေပမယ့္ လူနာက မသက္သာဘူး။ အဆိပ္က အေတာ္ျပင္းတာကိုး။ လယ္သမားမယား ေျမြကိုက္ခံရတဲ့ အေၾကာင္း ၾကားရေတာ့ ေဆြမ်ိဳး မိတ္သဂၤဟေတြ လူမမာ သတင္း လာေမးၾကတယ္။ တခ်ိဳ႕က ခပ္ေ၀းေ၀း ရြာေတြက လာရေတာ့ ခ်က္ခ်င္း မျပန္နုိင္ၾကဘူး။ တစ္ညေလာက္အိပ္ျပီး ေစာင့္ၾကည့္ၾကတယ္။ လူမမာအေျခအေန မေကာင္းေတာ့ သားခ်င္းတခ်ိဳ႕ လည္း အနီးကပ္ျပဳစုလုိ႔ရေအာင္ ဆုိျပီး အိမ္မျပန္ၾကေတာ့ဘူး။ အဲဒိီေတာ့ အိမ္ရွင္ လယ္သမားမွာ ဧည္ခံဖုိ႔၊ ေကၽြးေမြးဖုိ႔ လုိျပန္တာေပါ့။ အဲဒီအတြက္ ၀ယ္ဖုိ႔ျခမး္ဖုိ႔ လုိျပန္တာေပါ့။ ဒီအတြက္ ၀ယ္ဖုိ႔ ျခမး္ဖုိ႔ေရာ၊ ဆရာ၀န္ေပးဖုိ႔ပါ ေငြေၾကးက လုိေနတာ ဆုိေတာ့ အိမ္မွာရွိတဲ့ ၀က္ကို သတ္ျပီး အိမ္မွာစားဖုိ႔အသားတခ်ိဳ႕ယူ၊ က်န္တာကို ရြာထဲေလွ်ာက္ ေရာင္းခုိင္းလုိက္ရတယ္။

ဆရာ၀န္ေရာ အရပ္ကပါ ၀ုိင္းျပီးျပဳစု ေစာင့္ေရွာက္ၾကေပမယ့္ လယ္သမား မယားဟာ ျပန္နာလန္ထူ မလာဘူး။ ေျမြကိုက္တဲ့ ဒဏ္နဲ႔ပဲ အသက္ဆုံးသြားခဲ့တယ္။ အသုဘခ်၊ ရက္လည္ဆြမ္းေကၽြးတဲ့အခါ လယ္သမားမွာ ႏြားတစ္ေကာင္တည္း ရွိတာဆုိေတာ့ အဲဒီႏြားၾကီးပဲ သတ္ျပီး မိန္းမအတြက္ အလွဴလုပ္လုိက္ရတယ္။

ရက္ပို္င္းအတြင္း ဆက္တုိက္ျဖစ္သြားခဲ့တဲ့ အဲဒီအျခင္းအရာေတြကို မ်က္၀ါးထင္ထင္ ျမင္လုိက္ရတဲ့ ၾကြက္ဟာ အၾကီးအက်ယ္ ထိတ္လန္႔ အံ့ၾသသလုိ၊ ၾကြက္ေထာင္ေခ်ာက္ဟာ ဘယ္သူ႔အတြက္ လဲ ဆုိတာကိုလည္း စဥ္းစားမရနုိင္ေအာင္ ျဖစ္ေနတယ္။

ဘာပဲျဖစ္ျဖစ္ သူတစ္ေယာက္တည္း ေၾကာက္ေနတုနး္က ကုိယ္နွင့္မဆုိင္သလုိ ေနခဲ့ၾကတဲ့ ၾကက္၊ ၀က္၊ ႏြား အပါအ၀င္ သတၱ၀ါ ၅ဦး အသက္ဆုံးရုံးသြားျပီး တဲ့ေနာက္မွာ သူကေတာ့ ၾကြက္ေထာင္ေခ်ာက္ကို အရင္ကထက္ ပိုျပီး အေၾကာက္ၾကီး ေၾကာက္သြားခဲ့တယ္။

ပံုျပင္ေလးကေတာ့ဒါပါပဲ။ ေနရာတကာ ငါနဲ႔မဆိုင္ပါဘူးလို႔လ်ွစ္လ်ဴမ႐ႈၾကပါနဲ႔လို႔

Credit : ဦးဘိုဘိုထြဏ္

(Unicode Version)

ကိုယ်နှင့်မဆိုင်သလိုနေတဲ့ လူတွေဖတ်ဖို့ အနေသာတယ်ထင်ရင် အသေနာလိမ့်မည်

တစ်ခါတုန်းက ကြွက်တစ်ကောင်က လယ်သမားအိမ်ထဲ အိမ်နံရံပျဉ်နှစ်ချပ် စပ်ကြားက ဟနေတဲ့နေရာ အကြားကနေ ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တစ်ထုပ်ဖြေနေတာ တွေ့ရတယ်။

အထဲမှာ စားစရာများပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့ စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊ လားလား .. စားစရာမုန့်မဟုတ်၊ နာစရာ တုတ်ဖြစ်နေတယ်။

အဲ စကားအဖြစ် ပြောတာ၊ တကယ်တုတ်မဟုတ်ဘူး။ ပြီးတော့ တုတ်ဆိုတာက သူသူ ငါငါ အရိုက်ခံရနိုင်တဲ့ပစ္စည်း။ အခုဟာက သတ္တဝါအများနဲ့ မဆိုင်၊ သူတစ်ဦးတည်းကို ရည်ရွယ်တာ၊ သူ့ကိုအသေဆော်ဖို့ ရည်ရွယ်ချက်နှင့် မြို့က ၀ယ်လာတဲ့ ကြွက်ထောင်ချောက်။

မြင်တာနဲ့တင် ကြွက်ထောင်ချောက်မောင်းပြုတ်ပြီး ဂျိုင်းခနဲ ရိုက်တဲ့အသံကို သူ့စိတ်ကကြား လိုက်မိတယ်။ သံကိုင်းတံနဲ့ ခွေးသွားစိပ်ကြားမှာ ညပ်ပြီးသေနေမယ့် သူ့ရုပ်ပုံကိုလည်း မြင်ယောင်ပြီး ကြက်သီးမွှေးညင်း ထသွားတယ်။ ဒုက္ခပဲ၊ ဒီလူတွေ ရက်ရက်စက်စက်လုပ်တော့မယ်။

အားလုံးကိုသတိပေးထားမှပဲဆိုပြီး ကြွက်ကခြံထဲလျှောက်ပြေးပြီး အော်တယ်။ “အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ၊ အားလုံး သတိထားကြ၊ အိမ်ထဲမှာ ကြွက်ထောင်ချောက်ရောက်နေပြီ” အဲဒီလိုအော်ရင်း ကြက်မနားရောက်တော့ ပါစပ်ကတကွပ်ကွပ်မြည်ရင်း ဖုန်ထဲသဲထဲမှာ စားစ ရာယက်ပြီး ရှာနေတဲ့ ကြက်မက… “ဒီလောက်တောင် အော်မနေနဲ့ ကိုကြွက်ရယ်၊ ရှင့်အတွက်တော့ စိုးရိမ်စရာဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်မနဲ့က ဆိုင်မှမဆိုင်တာ၊ ဘာကိုသတိထားရမှာလဲ” လို့ ဆိုတယ်။

ကြွက်က ၀က်ခြံနားသွားပြီ ၀က်ကိုပြောပြန်တော့ ၀က်က….. “ငါမင်းအတွက် စိတ်မကောင်းပါဘူး၊ ဖိုးရွှေကြွက်ရာ၊ ဒါပေမယ့် ဒီကိစ္စက ငါတတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး၊ အလွန်ဆုံးဘုရားမှာ ဆုတောင်းရုံလောက်ပဲ တတ်နိုင်တယ်၊ ညဘက် ဘုရားရှိခိုးတဲ့အခါ မင်းအတွက် ထည့်ပြီး ဆုတောင်းပေးပါ့မယ်ကွာ” လို့ ချွေးသိပ်တယ်။

ခြံထဲမှာ နွားတစ်ကောင်လည်း ရှိသေးတော့ ကြွက်က သူ့ဆီသွားပြီး ပြောပြန်တယ်။ နွားကျတော့ သူ့ကို ဟားတောင် ဟားလွှတ်သေးတယ်။ “ဟ ၊ ငကြွက်ရ အိမ်ထဲမှာ ကြွက်ထောင်ချောက် ဟုတ်လား၊ ဒါဆို ငါ့အတွက် အန္တာရာယ်ပဲ၊ ခြေမ ညှပ်မိရင် ငါသေပြီ၊ ဟား ဟား” တဲ့။

ကြွက် အတော်ခံရခက်ပြီး ပြန်လှည့်လာတယ်။ သူက အိမ်ထဲမှာနေတဲ့သူ၊ အိမ်ဆီပဲ ပြန်ရမယ်။ ထောင်ချက်ကိစ္စ ဘယ်သူကမှ တွေးမပူ၊ သူတို့အရေး လို့ မယူဆ၊ ကိုယ်တစ်ယောက်တည်း ပူနေတာ ဆိုတော့ ကိုယ်ပဲ သတိထားရမယ်။ တကယ်တော့ နာမည်ကိုနှိုက်ကလည်း ကြွက်ထောင်ချောက် မဟုတ်လား။ အဲဒီထောင်ချောက်မှာ တပ်ထားမယ့် အန့ံကလည်း မွှေး၊ အရသာလည်း ရှိပြီး ကြွက်မှန်သမျှ သွားရည်တများများ ကျစေမယ့် အစာကို အနား သားလေးတောင်ဖဲ့ မစားမိအောင် ဝေးဝေးက ရှောင်ရမယ်။ ပြေးရင်းလွှားရင်း မတော်တဆ တိုက်မိ တယ်ဆိုတာမျိုး မဖြစ်အောင်လည်း အထူးသတိပြုမယ်။ အဲသလိုတွေ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး အိမ်ထဲကို သတိ၀ီရိယ ကြီးစွာနဲ့ ပြန်ဝင်လာခဲ့တယ်။

အဲဒီည သန်းကောင်ယံမှာပဲ ကြွက်ထောင်ချောက် မောင်းပြုတ်တဲ့အသံ ကျယ်လောင်စွာ ပေါက်ထွက်လာပြီး ကတည်းက သတ္တဝါတွေ အားလုံး လန့်နိုးကြတယ်။ “ဖိုးရွှေကြွက် တစ်ကောင်တော့ သွားရှာပေါ့” လို့ ၀က်က ဆိုတော့ ကြက်မက “စိတ်မကောင်းဘူး၊ ဒီလောက်မြန်မြန်ကြီး ဖြစ်လိမ့်မယ် မထင်လို့” မနက်က သူမစာမနာ ပြောလိုက်မိတာ ပြန်တွေးပြီး အာနာနေတယ်။

နွားကြီးကတော့ “စောစောသေတော့လည်း ကြောက်ရတဲ့ဒုက္ခ စောစောငြိမ်းတာပေါ့ကွာ” တဲ။ ကိုယ်သေတာ မဟုတ်တော့ သူကပေါ့ပေါ့ဆဆ ပြောတယ်။ အမှန်တော့ ကြွက်လည်း သေသွားတာတော့ မဟုတ်ဘူး။ ထောင်ချောက်မိတာ သူမှ မဟုတ်တာ။ ဂျိုင်းခနဲ မြည်သံကြာတော့ သူလည်း သူကိုယ်တိုင်မိသလောက် လန့်သွားတာ။

နောက်တော့ မှ ငါမဟုတ်ဘူး။ ဘယ်သူများပါလိမ့် ဆိုပြီး ထချောင်းကြည့်တော့ မြွေတစ်ကောင်။ မြွေက ကြွက်ထောင်ချောက် ဆိုတာ ဘာလုပ်တတ်မှန်းမသိတော့ ကြွက်စာအန့ံ မွှေးမွှေးကို သူ့အစာ အောက်မေ့ပြီး သွားခဲတာ။ မောင်းတံရိုက်တဲ့အချိန် ဘယ်လိုဘယ်လို လုပ်လိုက်မှန်းမသိ၊ ခေါင်းပိုင်းကို မထိဘဲ အမြီးပိုင်းက ညှပ်နေတယ်။

ကြွက်က တုန်တုန်ယင်ယင်နဲ့ ကြည့်နေတုန်း မီးအိမ်လေးမှိန်မှိန်နဲ့ အိမ်ရှင်မ ထွက်လာတာ မြင်ရတယ်။ မိန်းမက အိပ်ချင်မူးတူးနဲ့ ကြွက်ထောင်ချောက်ကို သွားဆွဲတဲ့အခါ မြွေက လှမ်းပေါက်လိုက်တယ်။ အဲဒီအခါ အလန့်တကြား ထအော်တော့ လယ်သမား ပြေးလိုက်တာတယ်။ မီးအိမ်ပိုလင်းအောင် မီးစာမြှင့် ကြည့်လိုက်တော့ သူ့မိန်းမကို ကိုက်ပြီးတဲ့နောက် ပါးပျဉ်းထောင်နေသေးတဲ့ မြွေကိုမြင်ပြီး နီးရာတုတ်တစ်ချောင်းနဲ့ လက်မြန်ခြေမြန် ကောက်ရိုက်လိုက်တာ ပွဲချင်းပြီး သေသွားတယ်။

အဲဒီမြွေက အတော်အဆိပ်ပြင်းတဲ့မြွေမျိုး ဖြစ်နေတယ်။ လယ်သမား အတော်ခေါင်းနားပန်းကြီးသွားတယ်။ အဲဒါနဲ့ အိမ်နီးနားချင်းတွေ လှမ်းခေါ်ပြီး ညကြီးမင်းကြီးပဲ ဆရာဝန် သွားပင့်ပေးဖို့ အကူညီတောင်းတယ်။ မနက်မလင်းခင် ဆရာဝန် ရောက်လာပြီး သူ့ရှိသမျှ ဆေးဝါးနဲ့ ကုသပြီး ပြန်သွားတယ်။ နောက်နေ့မှာ အိမ်ရှင်မက မြွေဆိပ်အရှိန်နဲ့ ဖျားပြီး ညည်းနေတယ်။ တစ်နေလုံး ကိုယ်လက်တွေ ကိုက်ခဲပြီး ပါးစပ်ကလည်း ဘာမှမစားချင်ဖြစ်နေတယ်။ အဲဒါနဲ့ အစာမဝင်ရင် ကိုယ်ခံအားနည်းမယ်။ အဲဒါဆိုရင် မြွေဆိပ်ဒဏ် ပိုမခံနိုင် ဖြစ်မယ်ဆိုပြီး အားရှိသွားအောင် ကြက်စွပ်ပြုတ် ကျွေးပါလို့ ၀ုိင်းဝန်း အကြံပေးကြတော့ လယ်သမားက သူမွေးထားတဲ့ တစ်ကောင်တည်းသော ကြက်မကို သတ်ပြီး မိန်းမအတွက် ကြက်သား စွပ်ပြုတ်လုပ်တယ်။

ဆရာဝန်က နောက်နေ့တွေလည်း ဆက်ပြီး လာကြည့်ပါတယ်။ ဒါပေမယ့် လူနာက မသက်သာဘူး။ အဆိပ်က အတော်ပြင်းတာကိုး။ လယ်သမားမယား မြွေကိုက်ခံရတဲ့ အကြောင်း ကြားရတော့ ဆွေမျိုး မိတ်သင်္ဂဟတွေ လူမမာ သတင်း လာမေးကြတယ်။ တချို့က ခပ်ဝေးဝေး ရွာတွေက လာရတော့ ချက်ချင်း မပြန်နိုင်ကြဘူး။ တစ်ညလောက်အိပ်ပြီး စောင့်ကြည့်ကြတယ်။ လူမမာအခြေအနေ မကောင်းတော့ သားချင်းတချို့ လည်း အနီးကပ်ပြုစုလို့ရအောင် ဆိုပြီး အိမ်မပြန်ကြတော့ဘူး။ အဲဒိီတော့ အိမ်ရှင် လယ်သမားမှာ ဧည်ခံဖို့၊ ကျွေးမွေးဖို့ လိုပြန်တာပေါ့။ အဲဒီအတွက် ၀ယ်ဖို့ခြမး်ဖို့ လိုပြန်တာပေါ့။ ဒီအတွက် ၀ယ်ဖို့ ခြမး်ဖို့ရော၊ ဆရာဝန်ပေးဖို့ပါ ငွေကြေးက လိုနေတာ ဆိုတော့ အိမ်မှာရှိတဲ့ ၀က်ကို သတ်ပြီး အိမ်မှာစားဖို့အသားတချို့ယူ၊ ကျန်တာကို ရွာထဲလျှောက် ရောင်းခိုင်းလိုက်ရတယ်။

ဆရာဝန်ရော အရပ်ကပါ ၀ုိင်းပြီးပြုစု စောင့်ရှောက်ကြပေမယ့် လယ်သမား မယားဟာ ပြန်နာလန်ထူ မလာဘူး။ မြွေကိုက်တဲ့ ဒဏ်နဲ့ပဲ အသက်ဆုံးသွားခဲ့တယ်။ အသုဘချ၊ ရက်လည်ဆွမ်းကျွေးတဲ့အခါ လယ်သမားမှာ နွားတစ်ကောင်တည်း ရှိတာဆိုတော့ အဲဒီနွားကြီးပဲ သတ်ပြီး မိန်းမအတွက် အလှူလုပ်လိုက်ရတယ်။

ရက်ပို်င်းအတွင်း ဆက်တိုက်ဖြစ်သွားခဲ့တဲ့ အဲဒီအခြင်းအရာတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ ကြွက်ဟာ အကြီးအကျယ် ထိတ်လန့် အံ့သြသလို၊ ကြွက်ထောင်ချောက်ဟာ ဘယ်သူ့အတွက် လဲ ဆိုတာကိုလည်း စဉ်းစားမရနိုင်အောင် ဖြစ်နေတယ်။

ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်း ကြောက်နေတုနး်က ကိုယ်နှင့်မဆိုင်သလို နေခဲ့ကြတဲ့ ကြက်၊ ၀က်၊ နွား အပါအဝင် သတ္တဝါ ၅ဦး အသက်ဆုံးရုံးသွားပြီး တဲ့နောက်မှာ သူကတော့ ကြွက်ထောင်ချောက်ကို အရင်ကထက် ပိုပြီး အကြောက်ကြီး ကြောက်သွားခဲ့တယ်။

ပုံပြင်လေးကတော့ဒါပါပဲ။ နေရာတကာ ငါနဲ့မဆိုင်ပါဘူးလို့လျှစ်လျူမရှုကြပါနဲ့လို့

Credit : ဦးဘိုဘိုထွဏ်