ေလမျဖတ္ေအာင္ ၾကိဳတင္ကာကြယ္ဖို႔ ဒီအ႐ြက္ကို စားပါ

ေလမျဖတ္ေအာင္ ၾကိဳတင္ကာကြယ္နည္းကို မၾကာခဏ ေတာင္းဆိုလာၾကတဲ့ မိဘျပည္သူမ်ားအတြက္ ေလ့လာမိသမွ် သဘာ၀ေဆးနည္းမ်ားကို ျပန္လည္မွ်ေ၀လိုက္ပါတယ္။

ေရွာက္ရြက္ဟာ ေလမျဖတ္ေအာင္ ကာကြယ္ေပးႏုိင္တဲ့ ေဆးဆိုတာ အခ်ိဳ့ကသိထားပါပဲ။ ဒါ့ေၾကာင့္ ေရွာက္ရြက္ကို မၾကာခဏ မီွ၀ဲသံုးစြဲေပးရင္ ေလျဖတ္ျခင္းမွ ကာကြယ္ေပးပါတယ္။

၁။ ေရွာက္ရြက္ (၇) ရြက္ခန့္ကို ေရစင္ေအာင္ေဆးျပီး မတ္ခြက္ထဲကိုထည့္၊ ေရက်က္ေအး (သို့မဟုတ္) ေရခပ္ေႏြးေႏြးကိုေလာင္းထည့္၊ အဖံုးအုပ္ထားျပီး ေအးသြားလွ်င္ ေသာက္ေပးႏိုင္ပါတယ္။ တစ္ခါစိမ္ထားလွ်င္ ၂ ရက္၊ ၃ ရက္ထိ ေရထပ္ထည့္ျပီး အခါးဓါတ္မကုန္မခ်င္း ေသာက္ေပးႏိုင္ပါတယ္။ ( အရမ္းခါးေနလွ်င္ ပ်ားရည္ သို့မဟုတ္ သၾကားတို့ကို အနည္းငယ္ ခပ္ျပီး ေသာက္ႏိုင္ပါတယ္)

၂။ ေရွာက္ရြက္ကို ပါးပါးလွီးျပီး ဟင္းရည္ထဲ ထည့္ေသာက္ႏိုင္ပါတယ္။

၃။ အသုပ္မ်ိဳးစံုတို့ကိုလည္း ထည့္ျပီး စားႏိုင္ပါတယ္။

၄။ ေရွာက္ရြက္ကို အစိမ္းစားလွ်င္ ပိုမိုထိေရာက္သည့္အတြက္ ေရစိမ္ေသာက္တဲ့နည္းနဲ့ ပါးပါးလွီးျပီး အစားအစားထဲ ထည့္စားျခင္းသည္ ပို၍ေကာင္းမြန္းပါသည္။

ေလမျဖတ္ေအာင္ ၾကိဳတင္ကာကြယ္နည္းနဲ့ ပတ္သက္တဲ့ ပါရမီမဂၢဇင္း ေဆးျမီးတိုက႑မွ သဘာ၀ေဆးနည္းေလးကို ျပန္လည္ မွ်ေ၀ေပးလိုက္ပါသည္။

လက္ေတြ ့ေပ်ာက္ကင္းသြားသည့္ ေဆးနည္းေလးမို့ ယံုၾကည္စိတ္ခ်စြာ သံုးစြဲႏိုင္ပါသည္။ ေလျဖတ္ျခင္း ကင္းေ၀းႏိုင္ၾကပါေစ။

ေဆးနည္းမွာ—

၁။ ေရွာက္ရြက္ (၁၁)ရြက္

၂။ သၾကား (၁၁)က်ပ္သား

၄င္းႏွစ္မ်ိဳးကို သန္႔ရွင္းစင္ၾကယ္စြာ ေဆးေၾကာထားေသာပုလင္းတစ္လံုး အတြင္းသို႔ ထည့္၍ ၄င္းေဆးမ်ားႏွင့္အတူ ေရအျပည့္ထည့္ျပီး (၁၀) ညတိတိ ထားျပီးေသာအခါ ၄င္းေဆးကို (၁၁) ရက္တိတိ ေသာက္သံုးေပးျခင္းျဖင့္ ေလျဖတ္ျခင္းေရာဂါမ်ား အမွန္တကယ္ ကင္းေဝးႏိုင္ပါသည္။

ေစာႏြဲ ့ေနဆိုင္ (ပူတာအို)

ကိုးကား။ ။ ခ်ိဳမ်ိဳးညြန္႔ (စကု) မဂၤလာသတင္းစဥ္

(Unicode Version)

လေမဖြတ်အောင် ကြိုတင်ကာကွယ်ဖို့ ဒီအရွက်ကိုစားပါ

လေမဖြတ်အောင် ကြိုတင်ကာကွယ်နည်းကို မကြာခဏ တောင်းဆိုလာကြတဲ့ မိဘပြည်သူများအတွက် လေ့လာမိသမျှ သဘာဝဆေးနည်းများကို ပြန်လည်မျှဝေလိုက်ပါတယ်။

ရှောက်ရွက်ဟာ လေမဖြတ်အောင် ကာကွယ်ပေးနိုင်တဲ့ ဆေးဆိုတာ အချို့ကသိထားပါပဲ။ ဒါ့ကြောင့် ရှောက်ရွက်ကို မကြာခဏ မှီဝဲသုံးစွဲပေးရင် လေဖြတ်ခြင်းမှ ကာကွယ်ပေးပါတယ်။

၁။ ရှောက်ရွက် (၇) ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး မတ်ခွက်ထဲကိုထည့်၊ ရေကျက်အေး (သို့မဟုတ်) ရေခပ်နွေးနွေးကိုလောင်းထည့်၊ အဖုံးအုပ်ထားပြီး အေးသွားလျှင် သောက်ပေးနိုင်ပါတယ်။ တစ်ခါစိမ်ထားလျှင် ၂ ရက်၊ ၃ ရက်ထိ ရေထပ်ထည့်ပြီး အခါးဓါတ်မကုန်မချင်း သောက်ပေးနိုင်ပါတယ်။ ( အရမ်းခါးနေလျှင် ပျားရည် သို့မဟုတ် သကြားတို့ကို အနည်းငယ် ခပ်ပြီး သောက်နိုင်ပါတယ်)

၂။ ရှောက်ရွက်ကို ပါးပါးလှီးပြီး ဟင်းရည်ထဲ ထည့်သောက်နိုင်ပါတယ်။

၃။ အသုပ်မျိုးစုံတို့ကိုလည်း ထည့်ပြီး စားနိုင်ပါတယ်။

၄။ ရှောက်ရွက်ကို အစိမ်းစားလျှင် ပိုမိုထိရောက်သည့်အတွက် ရေစိမ်သောက်တဲ့နည်းနဲ့ ပါးပါးလှီးပြီး အစားအစားထဲ ထည့်စားခြင်းသည် ပို၍ကောင်းမွန်းပါသည်။

လေမဖြတ်အောင် ကြိုတင်ကာကွယ်နည်းနဲ့ ပတ်သက်တဲ့ ပါရမီမဂ္ဂဇင်း ဆေးမြီးတိုကဏ္ဍမှ သဘာဝဆေးနည်းလေးကို ပြန်လည် မျှဝေပေးလိုက်ပါသည်။

လက်တွေ ့ပျောက်ကင်းသွားသည့် ဆေးနည်းလေးမို့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ လေဖြတ်ခြင်း ကင်းဝေးနိုင်ကြပါစေ။

ဆေးနည်းမှာ—

၁။ ရှောက်ရွက် (၁၁)ရွက်

၂။ သကြား (၁၁)ကျပ်သား

၄င်းနှစ်မျိုးကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောထားသောပုလင်းတစ်လုံး အတွင်းသို့ ထည့်၍ ၄င်းဆေးများနှင့်အတူ ရေအပြည့်ထည့်ပြီး (၁၀) ညတိတိ ထားပြီးသောအခါ ၄င်းဆေးကို (၁၁) ရက်တိတိ သောက်သုံးပေးခြင်းဖြင့် လေဖြတ်ခြင်းရောဂါများ အမှန်တကယ် ကင်းဝေးနိုင်ပါသည်။

စောနွဲ ့နေဆိုင် (ပူတာအို)

ကိုးကား။ ။ ချိုမျိုးညွန့် (စကု) မင်္ဂလာသတင်းစဉ်