ဒေါက်တာထွန်းလွင်
(Unicode Version)
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။
(၁၂-၁၀-၂၀၁၇)ရက် နံနက် (၀၉းဝဝ) နာရီအချိန် KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ ဘင်္ဂလားပင်လယ်အော် အလယ် ပိုင်း မှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော် တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွေ မှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါ တယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မွန်- တနင်္သာရီ ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအသင့်အတင့် မှ လှိုင်းကြီးနိုင်ပြီး၊ကျန်မြန်မာကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအနည်း ငယ် မှ လှိုင်းအသင့်အတင့် ရှိပါမယ်။ မွန်- တနင်္သာရီ ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ (၄)ပေခန့် မှ (၇)ပေခန့် ရှိနိုင်ပြီး၊ ကျန်မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၁)ပေခန့် မှ (၃)ပေခန့် ရှိနိုင်ပါတယ်။
နေ့အပူချိန်များအခြေအနေ။
နေ့အပူချိန်များ ဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့မှာ 22°C–28°C ခန့်၊ကျန်ဒေသ တွေမှာ 29°C–34°C ရှိနိုင် ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊
ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(တောင်ပိုင်း) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး တို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားအဆင့် တွင်ရှိနိုင်ပြီး၊ ကျန်ဒေသတွေမှာ အလွန် မြင့်မား အဆင့် တွင်ရှိနိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ဖို့အလားအလာ။
မိုးတိမ်တောင်ဖြစ်ဖို့အလားအလာများကတော့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်း၊၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တို့တွင် သေချာမှု ၄၅% မှ ၅၅% ခန့်၊ ကျန်ဒေသများတွင် သေချာမှု ၂၅% မှ ၄၅% ခန့် ရှိနိုင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
ကချင်ပြည်နယ် မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှာ နေရာစိပ်စိပ်၊ကျန်ဒေသ တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပါ မယ်။
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။
မွန်- တနင်္သာရီ ကမ်းရိုးတန်း ဒေသတွေမှာ မိုးပို လာနိုင်ပါတယ်။
ဒေါက်တာထွန်းလွင်
ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်