ဧရာဝတီျမစ္၏ အစကို ေတြ႕ရွိသူ ျပင္သစ္မင္းသား

ဧရာဝတီျမစ္​ကိုကား ​ေယဘုယ်အားျဖင္​့ ယူနန္​ျပည္​၏ အ​ေရးပါ​ေသာ ထြက္​​ေပါက္​လမ္​းမႀကီးအျဖစ္​ လက္​ခံထားခဲ့ၾကၿပီး ျဖစ္​သည္​။ ထို႔​ေၾကာင္​့ ဤျမစ္​အ​ေၾကာင္​း ပိုမိုသိ႐ွိရန္​ စူးစမ္​းခဲ့ၾကသည္​။ လြန္​ခဲ့​ေသာ ႏွစ္​​ေပါင္​း ၂၅၀ အခ်ိန္​ကာလအထိ ဧရာဝတီျမစ္​၏ အထက္​ပိုင္​းကို မည္​သူမ်ွ မသိၾက​ေသး​ေပ။ အတိအက် ​ေျပာႏိုင္​သည္​ကား ဗန္​း​ေမာ္​ၿမိဳ႕ အထိသာ ဧရာဝတီျမစ္​ကို သိ႐ွိ​ေသးသည္​။ ဗန္​း​ေမာ္​ၿမိဳ႕ကို လြန္​၍ ဧရာဝတီ အထက္​ပိုင္​းကို မည္​သူမ်ွ မသိၾက​ေသး​ေပ။

သီေပါဘုရင္ ပါေတာ္မူၿပီး ၁၀ ႏွစ္အၾကာ ၁၈၉၅ ခု၊ ဇန္နဝါရီလတြင္​ ျပင္သစ္ျပည္မွ မင္းသား ဟင္နရီ (Prince Henri d’Orleans) သည္​ ဗီယက္နန္ျပည္ (ဟႏြိဳင္းၿမိဳ႕အနီး) ဟိုင္ဖံုဆိပ္ကမ္းမွ ကာလကတၱားသို႔ ေျခလ်င္ခရီးၾကမ္း သြားခဲ့ပါသည္​။ ဒုကၡအမ်ိဳးမ်ိဳး၊ အခက္အခဲအမ်ိဳးမ်ိဳးကို ေက်ာ္ျဖတ္ၿပီး တစ္ႏွစ္အၾကာ၊ ၁၈၉၆ခု၊ ဇန္နဝါရီလတြင္​ ကာလကတၱားသို႔ ေရာက္ရွိသြားပါသည္​။သူ၏ ရည္ရြယ္ခ်က္မွာ ဧရာဝတီျမစ္၏ အစကို ရွာေဖြရန္ ျဖစ္ပါသည္​။ သူ၏ ဝါသနာအရ ကမၻာက မသိေသး​ေသာ တိရစၦာန္မ်ား၊ ထူးဆန္းလွပသည္​့ သစ္ပင္ပန္းမန္မ်ားကို ရွာေဖြမွတ္တမ္းတင္ရန္​လည္း ရည္ရြယ္ပါသည္​။ သိပၸံပညာ စူးစမ္းေလ့လာရန္​ သက္သက္ သြားေရာက္ျခင္း ျဖစ္ပါသည္​။ခရီးသြား​ေသာအခါ ျပင္သစ္ပိုင္ ဆစ္ပ္ေဆာင္ခ်ဴတိုင္ (ခ်ဴထိုင္ ၁၂ နယ္)၊ ျမန္မာပိုင္ခဲ့ဖူးသည္​့ ဆစ္ပ္ေဆာင္ပႏၷား (လူး ၁၂ ပႏၷား)၊ ယူနန္နယ္ မဲေခါင္-သံလြင္တို႔ကို ျဖတ္သန္းၿပီး ျမန္မာျပည္ေျမာက္ဖ်ား လူသူ​ေရာက္ေပါက္ရန္​ ခဲယဥ္းသည္​့ “ခမၼတီးနယ္” ကို ျဖတ္သြားပါသည္​။ “ခမၼတီး” (Kampti) ဟူသည္​ ခ်င္းတြင္းျမစ္ေပၚက “ခႏၱီး” နယ္ မဟုတ္ပါ။

မင္းသားႏွင္​့ အဖြဲ႕ကို ခမၼတီးေစာ္ဘြား “လံုးခြန္” ႏွင့္ အမတ္ခ်ဳပ္ “ဦးေဟေထာင္” တို႔က ႀကိဳဆိုၾကပါသည္​။ သူတို႔တည္းခိုရန္​ သက္ကယ္မိုး ဇရပ္တစ္ေဆာင္လည္​း ေပးထားပါသည္​။ ခမၼတီးၿမိဳ႕နယ္ အေၾကာင္းကိုလည္း သူတို႔၏ မွတ္တမ္းမ်ားထဲ၌ သိသမွ် ေဖာ္ျပသြားပါသည္​။ ခမၼတီးနယ္သို႔ ဧည့္သည္မ်ား အေရာက္အေပါက္ နည္းသည္​။ ခရစ္ ၁၈၉၃ က “ဂေရး” ဆိုသည္​့ အဂၤလိပ္ဗိုလ္မွဴးတစ္ေယာက္ ေျမတိုင္း ေျမပံုဆြဲရန္​ ​ေရာက္လာဖူးသည္​။ သူ႔အရင္ ၂ ႏွစ္၊ ခရစ္ ၁၈၉၁ က ဗိုလ္မွဴး (Hobday) ေဟာ့ေဒး ဆိုသူ ​ေရာက္​လာသည္​။ ခမၼတီး၏ ေျမာက္ဘက္သုိ႔ သြားရန္​ ႀကိဳးစားခဲ့​ေသာ္​လည္​း ဆင္ဘို (ဂ်င္းေဖာ) လူမ်ိဳးမ်ားက လံုးဝလက္မခံခဲ့​ေသာ​ေၾကာင္​့ ​ေ႐ွ႕မတိုးႏိုင္ဘဲ လွည့္ျပန္ခဲ့ရသည္​။ ယခုလည္း မင္းသား ဟင္နရီႏွင္​့ ပါလာသည္​့ အင္ဂ်င္နီယာ အီမိုင္းေရာ႔ ( Emile Roux) က ဧရာဝတီႏွင့္ ပတ္သက္​ျပီး ဤသို႔ မွတ္ခ်က္ေရးပါသည္​။

(Emile; 1999, page 166)

” ဧရာဝတီ ျမစ္ဖ်ားေဒသ ေခ်ာင္းေျမာင္းေတြ အမ်ားႀကီး။ အဲ့ဒီ ေခ်ာင္းေျမာင္းေတြ ျဖစ္လာမည့္ မိုးေရခံတဲ့ေဒသ (Basin) က ဧရာမ ဧရာမ အက်ယ္ႀကီး။ ရြာတဲ့ မိုးေရခ်ိန္ကလည္း အမ်ားႀကီး။ သစ္ေတာႀကီးေတြကလည္း ဧရာမ ဧရာမ အက်ယ္ႀကီး။ မ်က္စိတစ္ဆံုး (သစ္ေတာႀကီးရင္ မိုးမ်ားတယ္ဆိုတဲ့ ပတ္ဝန္းက်င္ ဆက္ႏြယ္မႈကို ဆိုလိုတာ ျဖစ္ပါတယ္။) မိုးမရွိတဲ့ ေႏြကာလမွာလည္း ျမစ္ဖ်ား ​ေခ်ာင္းဖ်ားမွာ ေရအျပည့္ စီးဆင္းေနတယ္။ ဘာလို႔ဆိုရင္ ေတာင္ထိပ္က ေရခဲေတြ အေရေပ်ာ္လို႔ ျဖစ္ပါသတဲ့။ ဒီအေၾကာင္း ​ေတြေၾကာင့္ ဧရာဝတီျမစ္ဟာ ဧရာမ ေရအလ်ဥ္ႀကီး ျဖစ္ေနပါသတဲ့။ (စဥ္ဆက္မျပတ္ ေလွ၊ သေဘၤာေတြ သြားလာ အသံုးျပဳလို႔ ရတယ္လို႔ ဆိုလိုတာပါ။)” ခမၼတီးမွ ဟင္နရီတို႔အဖြဲ႔ ခရီးဆက္ၾကပါသည္​။ အာသံျပည္မွ ဆာဒီယၿမိဳ႕ကေလးသို႔ ဦးတည္ၿပီး သြားၾကသည္​။ ရိကၡာ မလံုေလာက္ပါ။ အဖ်ားအနာ ထူထပ္​လွသည္​။ အထမ္းသမားမ်ားလည္း ဖ်ားၾကသည္​။ အေအးဓာတ္ကား ၁၃ ဒီဂရီ စင္တီဂရိတ္ ႐ွိ​ေလ၏။ ည​ေရာက္​လ်ွင္​ ေရခဲသည္​။ ေတာထူ​ေသာ​ေၾကာင္​့ ​ေ႐ွ႕ ၁၅ ေပထက္ ပို၍ မျမင္ရပါ။ လမ္းဟူ၍ မျမင္ရ။ ႐ွိလည္​း မရွိ။ က်ားနဲ႔ ႀကံ့မ်ား (ေျခရာေတြ) ေပါပါသည္​။ အထမ္းသမား တစ္ဦး က်ားဆြဲ၍ ပါသြားရာ ရွာမေတြ႕ေတာ့​ေပ။

ခရီးသြားခဲ့ၾကသည္​မွာလည္​း အတူတူ။ ငတ္​ၾက ျပတ္ၾကလ်ွင္​လည္း အတူတူ။ တစ္ေယာက္ႏွင္​့ တစ္​​ေယာက္ ညီရင္း အစ္ကို ရဲေဘာ္ရဲဘက္ေတြမ်ားကဲ့သို႔ပင္​ ခင္မင္ေနၾကၿပီ ျဖစ္​သည္​။ သူက အထမ္းသမား၊ ငါက မင္းသား ဟူ၍ မရွိေတာ့​ေပ။ အင္ဂ်င္နီယာကိုလည္း ဖ်ား​ေသာ​ေၾကာင္​့ လမ္း၌ပင္​ ႏွင္းေတာထဲတြင္​ တစ္ဘက္ရပ္ (ငွက္ေပ်ာရြက္မိုး) တဲကေလးႏွင္​့ ထားခဲ့ရသည္​။ အထမ္းသမားမ်ား ဖ်ားလ်ွင္​လည္း လမ္း၌ အစာ​ေရစာ ၃၊ ၄ ရက္စာႏွင္​့ ထားခဲ့ရသည္​။ ယင္​းသို႔ ထားခဲ့ရသည္​့အခါ တစ္ေယာက္ႏွင္​့ တစ္ေယာက္ ဝမ္းနည္းၾကရလြန္​း၍ ဖက္ငိုခဲ့ၾကရသည္​။ ( အဖ်ားသက္သာ​ေသာ အခါ၌ကား အမီ လိုက္လာႏိုင္ၾကပါသည္​။)မင္းသားတို႔အဖြဲ႔ ​ေနာက္ဆံုး ေလွ်ာက္ခဲ့သည္​့ ခရီးသည္​ကား ေတာင္ထပ္​ ​​ေရေဝေၾကာႀကီး။ ေတာင္ဘက္ကို ၾကည့္လိုက္လ်ွင္​ ေခ်ာင္းငယ္ေလးမ်ား မ်ားစြာေပါင္းၿပီး ဧရာဝတီျမစ္​ႀကီး ျဖစ္​သြားသည္​။ ေျမာက္ဘက္သို႔ ၾကည္​့လိုက္​လ်ွင္​ ေခ်ာင္းငယ္ေလးမ်ား စီးဆင္းၿပီး ျဗဟၼပုတၱရျမစ္ႀကီး ျဖစ္သြားသည္​။

မင္းသားဟင္​နရီသည္​ သူေတြ႕ခ်င္ေနခဲ့သည္​့ ဧရာဝတီျမစ္၏ အဖ်ားကိုသာမက ျဗဟၼပုတၱရျမစ္ဖ်ားကိုပါ ေတြ႕ရသျဖင္​့ အသက္စြန္႔ရက်ိဳး၊ ပင္ပန္းဆင္းရဲခံရက်ိဳး နပ္ပါသည္​တဲ့။ သူသည္​ ျပင္သစ္လူမ်ိဳးထဲတြင္​ ဧရာဝတီျမစ္၏ အစကို ပထမဆံုး ​ေတြ႕ရွိရသူ ျဖစ္ပါသည္​။အစာေရစာျပတ္၊ ဒုကၡအဖံုဖံု ဆင္းရဲပင္ပန္းခံရၿပီး ၿဗိတိသွ် ကင္းစခန္းေလးရွိရာ “ဆာဒီယ” သို႔ ေရာက္႐ွိလာခဲ့ပါ​သည္​။ ဒီဇင္ဘာလ၏ ေန႔တစ္ေန႔တြင္​ ျဖစ္​​ေပသည္​။ ထြက္လာခဲ့ၾကသည္​မွာ တစ္ႏွစ္ရွိ​ေလၿပီ။ဆာဒီယမွ ဆင္​ႏွင္​့ ပို႔ေပးသျဖင္​့ ကာလကတၱားသို႔ ေရာက္ၾကသည္​။ ယူနန္မွ ငွားလာ​ေသာ အထမ္းသမားမ်ားကို ခရီးစရိတ္ အလံုအေလာက္ျဖင္​့ ရန္ကုန္-မႏၱေလး မွတစ္ဆင့္ ေနရပ္သို႔ ျပန္ပို႔ေပးပါသည္​။ ၁၈၉၈ တြင္​ ခရီးသြား စာအုပ္မ်ားကို ျပင္သစ္ဘာသာျဖင္​့ ပံုႏွိပ္ထုတ္ေဝခဲ့ၿပီး ၁၉၉၇ တြင္​ White Lotus မွ အဂၤလိပ္ ဘာသာျဖင္​့ ထုတ္ေဝခဲ့ပါသည္​။

ဆရာဝန္​တင္​​ေမာင္​ၾကည္​

Ko Kyel Sin

(Unicode Version)

ဧရာဝတီမြစ်၏ အစကို တွေ့ရှိသူ ပြင်သစ်မင်းသား

ဧရာဝတီမြစ်​ကိုကား ​ယေဘုယျအားဖြင်​့ ယူနန်​ပြည်​၏ အ​ရေးပါ​သော ထွက်​​ပေါက်​လမ်​းမကြီးအဖြစ်​ လက်​ခံထားခဲ့ကြပြီး ဖြစ်​သည်​။ ထို့​ကြောင်​့ ဤမြစ်​အ​ကြောင်​း ပိုမိုသိရှိရန်​ စူးစမ်​းခဲ့ကြသည်​။ လွန်​ခဲ့​သော နှစ်​​ပေါင်​း ၂၅၀ အချိန်​ကာလအထိ ဧရာဝတီမြစ်​၏ အထက်​ပိုင်​းကို မည်​သူမျှ မသိကြ​သေး​ပေ။ အတိအကျ ​ပြောနိုင်​သည်​ကား ဗန်​း​မော်​မြို့ အထိသာ ဧရာဝတီမြစ်​ကို သိရှိ​သေးသည်​။ ဗန်​း​မော်​မြို့ကို လွန်​၍ ဧရာဝတီ အထက်​ပိုင်​းကို မည်​သူမျှ မသိကြ​သေး​ပေ။

သီပေါဘုရင် ပါတော်မူပြီး ၁၀ နှစ်အကြာ ၁၈၉၅ ခု၊ ဇန်နဝါရီလတွင်​ ပြင်သစ်ပြည်မှ မင်းသား ဟင်နရီ (Prince Henri d’Orleans) သည်​ ဗီယက်နန်ပြည် (ဟနွိုင်းမြို့အနီး) ဟိုင်ဖုံဆိပ်ကမ်းမှ ကာလကတ္တားသို့ ခြေလျင်ခရီးကြမ်း သွားခဲ့ပါသည်​။ ဒုက္ခအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ပြီး တစ်နှစ်အကြာ၊ ၁၈၉၆ခု၊ ဇန်နဝါရီလတွင်​ ကာလကတ္တားသို့ ရောက်ရှိသွားပါသည်​။သူ၏ ရည်ရွယ်ချက်မှာ ဧရာဝတီမြစ်၏ အစကို ရှာဖွေရန် ဖြစ်ပါသည်​။ သူ၏ ဝါသနာအရ ကမ္ဘာက မသိသေး​သော တိရစ္ဆာန်များ၊ ထူးဆန်းလှပသည်​့ သစ်ပင်ပန်းမန်များကို ရှာဖွေမှတ်တမ်းတင်ရန်​လည်း ရည်ရွယ်ပါသည်​။ သိပ္ပံပညာ စူးစမ်းလေ့လာရန်​ သက်သက် သွားရောက်ခြင်း ဖြစ်ပါသည်​။ခရီးသွား​သောအခါ ပြင်သစ်ပိုင် ဆစ်ပ်ဆောင်ချူတိုင် (ချူထိုင် ၁၂ နယ်)၊ မြန်မာပိုင်ခဲ့ဖူးသည်​့ ဆစ်ပ်ဆောင်ပန္နား (လူး ၁၂ ပန္နား)၊ ယူနန်နယ် မဲခေါင်-သံလွင်တို့ကို ဖြတ်သန်းပြီး မြန်မာပြည်မြောက်ဖျား လူသူ​ရောက်ပေါက်ရန်​ ခဲယဉ်းသည်​့ “ခမ္မတီးနယ်” ကို ဖြတ်သွားပါသည်​။ “ခမ္မတီး” (Kampti) ဟူသည်​ ချင်းတွင်းမြစ်ပေါ်က “ခန္တီး” နယ် မဟုတ်ပါ။

မင်းသားနှင်​့ အဖွဲ့ကို ခမ္မတီးစော်ဘွား “လုံးခွန်” နှင့် အမတ်ချုပ် “ဦးဟေထောင်” တို့က ကြိုဆိုကြပါသည်​။ သူတို့တည်းခိုရန်​ သက်ကယ်မိုး ဇရပ်တစ်ဆောင်လည်​း ပေးထားပါသည်​။ ခမ္မတီးမြို့နယ် အကြောင်းကိုလည်း သူတို့၏ မှတ်တမ်းများထဲ၌ သိသမျှ ဖော်ပြသွားပါသည်​။ ခမ္မတီးနယ်သို့ ဧည့်သည်များ အရောက်အပေါက် နည်းသည်​။ ခရစ် ၁၈၉၃ က “ဂရေး” ဆိုသည်​့ အင်္ဂလိပ်ဗိုလ်မှူးတစ်ယောက် မြေတိုင်း မြေပုံဆွဲရန်​ ​ရောက်လာဖူးသည်​။ သူ့အရင် ၂ နှစ်၊ ခရစ် ၁၈၉၁ က ဗိုလ်မှူး (Hobday) ဟော့ဒေး ဆိုသူ ​ရောက်​လာသည်​။ ခမ္မတီး၏ မြောက်ဘက်သို့ သွားရန်​ ကြိုးစားခဲ့​သော်​လည်​း ဆင်ဘို (ဂျင်းဖော) လူမျိုးများက လုံးဝလက်မခံခဲ့​သော​ကြောင်​့ ​ရှေ့မတိုးနိုင်ဘဲ လှည့်ပြန်ခဲ့ရသည်​။ ယခုလည်း မင်းသား ဟင်နရီနှင်​့ ပါလာသည်​့ အင်ဂျင်နီယာ အီမိုင်းရော့ ( Emile Roux) က ဧရာဝတီနှင့် ပတ်သက်​ပြီး ဤသို့ မှတ်ချက်ရေးပါသည်​။

(Emile; 1999, page 166)

” ဧရာဝတီ မြစ်ဖျားဒေသ ချောင်းမြောင်းတွေ အများကြီး။ အဲ့ဒီ ချောင်းမြောင်းတွေ ဖြစ်လာမည့် မိုးရေခံတဲ့ဒေသ (Basin) က ဧရာမ ဧရာမ အကျယ်ကြီး။ ရွာတဲ့ မိုးရေချိန်ကလည်း အများကြီး။ သစ်တောကြီးတွေကလည်း ဧရာမ ဧရာမ အကျယ်ကြီး။ မျက်စိတစ်ဆုံး (သစ်တောကြီးရင် မိုးများတယ်ဆိုတဲ့ ပတ်ဝန်းကျင် ဆက်နွယ်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။) မိုးမရှိတဲ့ နွေကာလမှာလည်း မြစ်ဖျား ​ချောင်းဖျားမှာ ရေအပြည့် စီးဆင်းနေတယ်။ ဘာလို့ဆိုရင် တောင်ထိပ်က ရေခဲတွေ အရေပျော်လို့ ဖြစ်ပါသတဲ့။ ဒီအကြောင်း ​တွေကြောင့် ဧရာဝတီမြစ်ဟာ ဧရာမ ရေအလျဉ်ကြီး ဖြစ်နေပါသတဲ့။ (စဉ်ဆက်မပြတ် လှေ၊ သင်္ဘောတွေ သွားလာ အသုံးပြုလို့ ရတယ်လို့ ဆိုလိုတာပါ။)” ခမ္မတီးမှ ဟင်နရီတို့အဖွဲ့ ခရီးဆက်ကြပါသည်​။ အာသံပြည်မှ ဆာဒီယမြို့ကလေးသို့ ဦးတည်ပြီး သွားကြသည်​။ ရိက္ခာ မလုံလောက်ပါ။ အဖျားအနာ ထူထပ်​လှသည်​။ အထမ်းသမားများလည်း ဖျားကြသည်​။ အအေးဓာတ်ကား ၁၃ ဒီဂရီ စင်တီဂရိတ် ရှိ​လေ၏။ ည​ရောက်​လျှင်​ ရေခဲသည်​။ တောထူ​သော​ကြောင်​့ ​ရှေ့ ၁၅ ပေထက် ပို၍ မမြင်ရပါ။ လမ်းဟူ၍ မမြင်ရ။ ရှိလည်​း မရှိ။ ကျားနဲ့ ကြံ့များ (ခြေရာတွေ) ပေါပါသည်​။ အထမ်းသမား တစ်ဦး ကျားဆွဲ၍ ပါသွားရာ ရှာမတွေ့တော့​ပေ။

ခရီးသွားခဲ့ကြသည်​မှာလည်​း အတူတူ။ ငတ်​ကြ ပြတ်ကြလျှင်​လည်း အတူတူ။ တစ်ယောက်နှင်​့ တစ်​​ယောက် ညီရင်း အစ်ကို ရဲဘော်ရဲဘက်တွေများကဲ့သို့ပင်​ ခင်မင်နေကြပြီ ဖြစ်​သည်​။ သူက အထမ်းသမား၊ ငါက မင်းသား ဟူ၍ မရှိတော့​ပေ။ အင်ဂျင်နီယာကိုလည်း ဖျား​သော​ကြောင်​့ လမ်း၌ပင်​ နှင်းတောထဲတွင်​ တစ်ဘက်ရပ် (ငှက်ပျောရွက်မိုး) တဲကလေးနှင်​့ ထားခဲ့ရသည်​။ အထမ်းသမားများ ဖျားလျှင်​လည်း လမ်း၌ အစာ​ရေစာ ၃၊ ၄ ရက်စာနှင်​့ ထားခဲ့ရသည်​။ ယင်​းသို့ ထားခဲ့ရသည်​့အခါ တစ်ယောက်နှင်​့ တစ်ယောက် ဝမ်းနည်းကြရလွန်​း၍ ဖက်ငိုခဲ့ကြရသည်​။ ( အဖျားသက်သာ​သော အခါ၌ကား အမီ လိုက်လာနိုင်ကြပါသည်​။)မင်းသားတို့အဖွဲ့ ​နောက်ဆုံး လျှောက်ခဲ့သည်​့ ခရီးသည်​ကား တောင်ထပ်​ ​​ရေဝေကြောကြီး။ တောင်ဘက်ကို ကြည့်လိုက်လျှင်​ ချောင်းငယ်လေးများ များစွာပေါင်းပြီး ဧရာဝတီမြစ်​ကြီး ဖြစ်​သွားသည်​။ မြောက်ဘက်သို့ ကြည်​့လိုက်​လျှင်​ ချောင်းငယ်လေးများ စီးဆင်းပြီး ဗြဟ္မပုတ္တရမြစ်ကြီး ဖြစ်သွားသည်​။

မင်းသားဟင်​နရီသည်​ သူတွေ့ချင်နေခဲ့သည်​့ ဧရာဝတီမြစ်၏ အဖျားကိုသာမက ဗြဟ္မပုတ္တရမြစ်ဖျားကိုပါ တွေ့ရသဖြင်​့ အသက်စွန့်ရကျိုး၊ ပင်ပန်းဆင်းရဲခံရကျိုး နပ်ပါသည်​တဲ့။ သူသည်​ ပြင်သစ်လူမျိုးထဲတွင်​ ဧရာဝတီမြစ်၏ အစကို ပထမဆုံး ​တွေ့ရှိရသူ ဖြစ်ပါသည်​။အစာရေစာပြတ်၊ ဒုက္ခအဖုံဖုံ ဆင်းရဲပင်ပန်းခံရပြီး ဗြိတိသျှ ကင်းစခန်းလေးရှိရာ “ဆာဒီယ” သို့ ရောက်ရှိလာခဲ့ပါ​သည်​။ ဒီဇင်ဘာလ၏ နေ့တစ်နေ့တွင်​ ဖြစ်​​ပေသည်​။ ထွက်လာခဲ့ကြသည်​မှာ တစ်နှစ်ရှိ​လေပြီ။ဆာဒီယမှ ဆင်​နှင်​့ ပို့ပေးသဖြင်​့ ကာလကတ္တားသို့ ရောက်ကြသည်​။ ယူနန်မှ ငှားလာ​သော အထမ်းသမားများကို ခရီးစရိတ် အလုံအလောက်ဖြင်​့ ရန်ကုန်-မန္တလေး မှတစ်ဆင့် နေရပ်သို့ ပြန်ပို့ပေးပါသည်​။ ၁၈၉၈ တွင်​ ခရီးသွား စာအုပ်များကို ပြင်သစ်ဘာသာဖြင်​့ ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၁၉၉၇ တွင်​ White Lotus မှ အင်္ဂလိပ် ဘာသာဖြင်​့ ထုတ်ဝေခဲ့ပါသည်​။

ဆရာဝန်​တင်​​မောင်​ကြည်​

Ko Kyel Sin