










(Unicode Version)

ကြောက်စရာကောင်းတဲ့ ရေခဲမူးယစ်ဆေး (ICE) အကြောင်း

ကြည့်လိုက်ရင် ရေခဲတုံးလို ကျောက်ချဉ်လိုလို အကြည်ရောင်အတုံးလေးတွေ၊ ဆေးခြောက်တို့ရာဘ WYတို့ ၉၉၉ ဘိန်းဖြူ တို့ထက်မြင့်တဲ့ အခေါက်ရွှေလို့ မူးယစ်ဆေးကို ၁၀၀ % သန့်စင်ထားတဲ့ ဆရာကြီးလေ…။

ထိုင်းမှာတော့ လူငယ်တွေ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး ရာအိုင့် ยไซ์ (Ice)ကို ဆယ်စုနှစ်အတွင်းမှာ ထိုင်းလူငယ်တွေကြား ပေါ်ပြူလာဖြစ်လာပြီး စွဲစွဲလမ်း လမ်း သုံးနေကြတဲ့ “အချစ်ဆေး”လို့ ခေါ်တာ များပါတယ် ။

ဘိန်းဖြူ- ရာဘ အဖက်တမင်း စိတ်ကြွဆေးတွေထက် ကြောက်စရာကောင်းတဲ့ Ya Ice (Ice)ကို နိုင်ငံတကာလူငယ်တွေ-အနုပညာရှင်တွေ- ငွေကြေး ချမ်းသာ တဲ့ အကြားမှာ တန်ဘိုးကြီးကြီးပေးဝယ်ပြီး သုံးနေကြတာပါ။

ရေခဲကို အရည်ဖျော်ထိုးတယ်-အမှုန့်ကိုဇွန်းထဲထည့် အောက်ကနေ မီးအပူပေးပြီထွက်လာတဲ့ အငွေ့ကို ရူ-အသုံးများတာက သိပ္ပံ စမ်းသတ်ခန်းထဲ ကလို ဖန်ဘူး လေးတွေ လုပ်ပြီးပိုက်နဲ့ရူ ကြတာများပါတယ်။

ခုတော့သာမန်လူငယ်တွေ ကျောင်းသားတွေစုပေါင်းမိတ်လိုက်ပါတီတွေမှာ ရေခဲမပါရင်မပြီးသုံးနေကြတာကိုလည်းတွေ့ရပါတယ်။

ရေခဲရဲ့ အာနိသင်က သုံးစွဲသူဟာ ရာဘ စိတ်ကြွဆေးသုံးထားသလို အအိပ် ပျက် အစားပျက် မူပျက်မနေဘူးတဲ့၊ စိတ်လန်းဆန်း ပြီး ပျော်လာမယ် ၊ကာမ ဆက် ဆံချင်တဲ့ စိတ်တွေ ပြင်းထန် လာပါတယ်၊(ရေခဲသုံးသူ HIV ကူးဆက် တဲ့သူများပြား)တိုက်ချင်ခိုက်ချင်စိတ်တွေ ဒေါသတွေကြီးလာပြီးရင် သေရမှာ လည်းမကြောက်တော့ ဘူးလို့ ဆေးမှတ် တမ်းသုတေသန တွေမှာ (၂၀၁၁ခုနှစ်) ရေးသားထား တာတွေ့ရပါတယ်။

အဖက်တမင်း စိတ်ကြွဆေးမှာ အမြင့်ဆုံး ဖြစ်လို့ သုံးစွဲပါများလာသူတွေ မှားသုံးနေရင်း နှလုံးခုန်မြန်ပြီး လျော့ဖြစ် သတိလစ် သေဆုံးနိုင်ပါတယ်။

မသုံးရင် စိတ်ဓါတ်ကျမယ်- စိတ်ကနာမငြိမ် -နှလုံးခုန်မြန်-ခေါင်းကိုက်-အရာရာမသင်္ကာဖြစ်ပြီး နောက်ဆုံး မိမိကိုယ်အဆုံးစီရင်သွားတတ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ ၀င်လာတဲ့ ရေခဲ တကီလိုကို ဘန်ကောက် မှာ ထိုင်းဘတ်ငွေ ၁.၂ သန်း (ကျပ်ငွေသိန်း၃၆၀၀) တောင်ပေး ၀ယ်ကြတယ်။

Source : Social Action for Children and Women – SAW