သမၼတေဟာင္း ဦးသိန္းစိန္နဲ႔ အစိုးရအဖြဲ႕ဝင္ေဟာင္းေတြကို တရားစြဲ

သမၼတေဟာင္း ဦးသိန္းစိန္အပါအဝင္ အရင္အစုိးရအဖြဲ႔ဝင္ေဟာင္း ၁၁ ေယာက္ကို အေရးယူေပးဖို႔အတြက္ ဒီမုိကေရစီအေရး စဥ္ဆက္မျပတ္လႈပ္ရွားမႈ အင္အားစု ဗဟုိေကာ္မတီ MDCF ေခါင္းေဆာင္ ဦးထင္ေက်ာ္က မေန႔က ေျမာက္ဥကၠလာပ ၿမိဳ႕နယ္တရား႐ုံးမွာ ဦးတုိက္ေလွ်ာက္ထားခဲ့သလို ၿမိဳ႕နယ္ရဲစခန္းမွာလည္း တိုင္ၾကားလိုက္ပါတယ္။

သမၼတေဟာင္း ဦးသိန္းစိန္ အပါအဝင္ ၁၁ ေယာက္ကို ရာဇသတ္ႀကီးဥပေဒအရ အေရးယူေပးဖုိ႔ ဦးတုိက္ေလွ်ာက္ ခဲ့တယ္လို႔ MDCF ေခါင္းေဆာင္ ဦးထင္ေက်ာ္က ေျပာပါတယ္။

၂၀၁၀ ေရြးေကာက္ပြဲကာလမွာ ျမန္မာႏုိင္ငံရဲ႕ အထင္ကရေနရာေတြမွာ ဗုံးေထာင္ေဖာက္ခြဲဖုိ႔ ႀကံစည္ခဲ့တာေတြ၊ မူးယစ္ရာဇာ ၄ ေယာက္ကို ႏုိင္ငံေရး အက်ဥ္းသားဆုိၿပီး လြတ္ၿငိမ္းသက္သာခြင့္ေပးခဲ့တာေတြနဲ႔ ၂၀၁၃ ခုႏွစ္မွာ လြတ္ၿငိမ္းခ်မ္းသာခြင့္ ရရွိခဲ့သူေတြကို မလႊတ္ေပးေသးဘဲ အက်ဥ္ေထာင္အတြင္း ခ်ဳပ္ေႏွာင္ထားခဲ့တာေတြနဲ႔ ပတ္သက္ၿပီး တရားစြဲဆုိႏုိင္ေအာင္ ဦးတုိက္ေလွ်ာက္တာျဖစ္တယ္လို႔ ဦးထင္ေက်ာ္က ေျပာပါတယ္။

အဲဒီလို ဦးတုိက္ေလွ်ာက္ထားခဲ့တာနဲ႔ ပတ္သက္ၿပီး  လာမယ့္ ေအာက္တုိဘာ ၁၇ ရက္ေန႔မွာ  ၿမိဳ႕နယ္တရား႐ုံးက ရံုးခ်ိန္းေခၚထားတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကလည္း ဦးထင္ေက်ာ္ရဲ့ တိုင္ၾကားမႈကို လက္္ခံလိုက္တယ္လို႔ သိရပါတယ္။

MDCF ေခါင္းေဆာင္ ဦးထင္ေက်ာ္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ တပ္မေတာ္က ႏုိင္ငံေတာ္ အၾကည္အညဳိ ပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ)အမႈကို ႐ုပ္သိမ္းေပးတဲ့အတြက္ အက်ဥ္းေထာင္ကေန လြတ္ေျမာက္ခဲ့တာ ျဖစ္ပါတယ္။

Source : RFA Burmese

(Unicode Version)

သမ္မတဟောင်း ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေကို တရားစွဲ

သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် အရင်အစိုးရအဖွဲ့ဝင်ဟောင်း ၁၁ ယောက်ကို အရေးယူပေးဖို့အတွက် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု ဗဟိုကော်မတီ MDCF ခေါင်းဆောင် ဦးထင်ကျော်က မနေ့က မြောက်ဥက္ကလာပ မြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့သလို မြို့နယ်ရဲစခန်းမှာလည်း တိုင်ကြားလိုက်ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ၁၁ ယောက်ကို ရာဇသတ်ကြီးဥပဒေအရ အရေးယူပေးဖို့ ဦးတိုက်လျှောက် ခဲ့တယ်လို့ MDCF ခေါင်းဆောင် ဦးထင်ကျော်က ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကာလမှာ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေမှာ ဗုံးထောင်ဖောက်ခွဲဖို့ ကြံစည်ခဲ့တာတွေ၊ မူးယစ်ရာဇာ ၄ ယောက်ကို နိုင်ငံရေး အကျဉ်းသားဆိုပြီး လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာတွေနဲ့ ၂၀၁၃ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သူတွေကို မလွှတ်ပေးသေးဘဲ အကျဉ်ထောင်အတွင်း ချုပ်နှောင်ထားခဲ့တာတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုနိုင်အောင် ဦးတိုက်လျှောက်တာဖြစ်တယ်လို့ ဦးထင်ကျော်က ပြောပါတယ်။

အဲဒီလို ဦးတိုက်လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး  လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့မှာ  မြို့နယ်တရားရုံးက ရုံးချိန်းခေါ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြို့နယ်ရဲတပ်ဖွဲ့ကလည်း ဦးထင်ကျော်ရဲ့ တိုင်ကြားမှုကို လက််ခံလိုက်တယ်လို့ သိရပါတယ်။

MDCF ခေါင်းဆောင် ဦးထင်ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တပ်မတော်က နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)အမှုကို ရုပ်သိမ်းပေးတဲ့အတွက် အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

Source : RFA Burmese

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္