


၁၃-၁၀-၂၀၁၇ / ည(၇း၂၆)နာရီ




ဒေါက်တာထွန်းလွင်

(Unicode Version)

မုန်တိုင်း (၃) လုံးမှ (၄) လုံးခန့်နဲ့ တောင်တရုပ်ပင်လယ်ပြင်မှာနောက်ထပ် မုန်တိုင်း (၅) လုံးမှ (၇) လုံးခန့် ဖြစ်နိုင်သေး

မိုးလွန်ကာလမုန်တိုင်းများ

၁၃-၁၀-၂၀၁၇ / ည(၇း၂၆)နာရီ

မိုးလွန်ကာလ (အောက်တိုဘာ၊ နိုဝင်ဘာလ) တွေမှာ မုန်တိုင်းတွေ အဖြစ်များလေ့ရှိပါတယ်။ အကြောင်းကတော့ ဒီလတွေမှာပင်လယ်ရေမျက်နှာပြင်
အပူချိန်တွေဟာ အမြင့်ဆုံးကို ရောက်ရှိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အောက်တိုဘာလ(၁၉)ရက်နေ့မှာဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ် ပင်လယ်ပြင် နဲ့ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းရေပြင်များပေါ်မှာ မုန်တိုင်း (၃)လုံး တပြိုင်တည်းဖြစ်နေတာကို တွေ့ရနိုင်ကြောင်းခန့်မှန်းထားပါတယ်။

၂၀၁၇ ခုနှစ်မကုန်မီကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာနောက်ထပ် မုန်တိုင်း(၃)လုံးမှ(၄)လုံးခန့် နဲ့ တောင်တရုပ်ပင်လယ်ပြင်မှာနောက်ထပ် မုန်တိုင်း (၅)လုံးမှ (၇)လုံးခန့် ဖြစ်နိုင်သေးတယ်လို့ခန့်မှန်းထားပါတယ်။

ဒေါက်တာထွန်းလွင်