



Source : RFA Burmese

(Unicode Version)

ဆိုင်ကလုန်းမုန်တိုင်းအရှိန် မြန်မာနိုင်ငံကို ရိုက်ခတ်နိုင်

လာမယ့် သီတင်းပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်မယ့် ဆိုင်ကလုန်း လေမုန်တိုင်းကြောင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကို သက်ရောက်မှုရှိနိုင်တယ်လို့ အမေရိကန် မိုးလေဝသအဖွဲ့အစည်းတစ်ခုက သတိပေးထားပါတယ်။

မုန်တိုင်းကြောင့် အိန္ဒိယ အရှေ့မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတဝှမ်းမှာ မိုးသက်မုန်တိုင်းနဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်း၊ အနောက်ပိုင်းနဲ့ မြေနိမ်ဒေသတွေမှာ ရေကြီးနိုင်ပြီး၊ မုန်တိုင်းအရှိန် ပေါ်မူတည်ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လေပြင်းတိုက်ခတ်မှု အခြေအနေ စိုးရိမ်ရတယ်လို့ Accu Weather မိုးလေဝသသတင်းထုတ်ပြန်ရေးကုမ္ပဏီ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Source : RFA Burmese