






Yuzuna Khin


(Unicode Version)

အစကတော့ သနားမိတယ် နောက်မှလုပ်စားမှန်း သိလိုက်ရတယ်

အဲ့ကောင်လေးကို သီတာကားမှတ်တိုင်မှာလဲ တစ်ခါတွေ့တယ် ။ အဲ့လိုပဲ ရုံးတက်တဲ့ချိန် လူများတဲ့နေရာမှာ ဖရဲသီးဗန်းကြီးမှောက် ကျသွားတယ်ပေါ့။ ဟုတ်တယ်လေ မှောက်ပီးမှမြင်လိုက်ရတော့ မှောက်ကျတာလား တမင်တကာ မှောက်ချတာလား မသိဘူးပေါ့။

ပြီးတော့လဲ သနားစရာရုပ်လေးနဲ့ မျက်ရည်လေးတွေစို့ ဟိုလူ့ကို လိုက်ကျိ ဒီလူ့ကို လိုက်ကျိနဲ့ ပထမတော့ ကိုယ်လဲ ဘာလားပေါ့ သနားသွားတယ်။ နောက်တော့ ကျသွားတဲ့ဖရဲသီးတွေကို စိမ်ပြေနပြေ လက်ကောက်နေတာ ၅ မိနစ်လောက်ရှိတယ်။

အဲ့နားပဲ ပေတေပီး ကောက်နေတာ ဘယ်သူလာကူမလဲဆိုပီး မော့ကျိ မော့ကျိနဲ့ အမြင်မတော်တဲ့ အကိုတယောက်က ပိုက်ဆံထုတ်ပေးလိုက်တော့မှ လမ်းဘေးဆင်းပီးရပ်နေတာ။

အစကတော့ သနားပါတယ်ပေါ့ နောက်တော့ လုပ်စားမှန်းသိလိုက်တယ်။ ဒါမဲ့ သူများကို မစွပ်စွဲကောင်းပါဘူးလေဆိုပီး မပြောခဲ့ဘူး။

ဟော … ခုကျတော့ acc ထဲက brother တစ်ယောက် ဒီပုံကိုတင်လိုက်တော့မှ အော် ငါတွေ့တုန်းက အတိုင်းပဲဟ။ ဒါဆို ဒီကောင်လုပ်စားနေတာသေချာတယ်လို့။

ကောင်းရောင်းကောင်းဝယ်လုပ်စားကြပါဟယ်။ သနားတတ်တဲ့လူတွေကို အခွင့်ကောင်းမယူပါနဲ့။ မြင်ရတွေ့ရတာလဲ အကုသိုလ် များပါတယ် … 😏😏😏

Yuzuna Khin

Source : https://goo.gl/cxvEoi