ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္လာေတာ့မည့္ မုန္တိုင္းငယ္

(၁၆-၁၀-၂၀၁၇)ရက္ နံနက္(၀၄း၀၀)နာရီ တိုင္းတာခ်က္မ်ားအေပၚ အေျချပဳတြက္ခ်က္သည္)

၁၆-၁၀-၂၀၁၇/ နံနက္(၄း၄၈)နာရီ။

(၁၆-၁၀-၂၀၁၇)ရက္ နံနက္(၄)နာရီအခ်ိန္တိုင္းတာခ်က္အရ ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္းတြင္ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္၀န္းသည္ ပိုမိုအားေကာင္းလာကာ (၁၆-၁၀-၂၀၁၇)ညေနပိုင္းတြင္ မုန္တိုင္းငယ္တစ္ခု ျဖစ္လာႏိုင္ပါတယ္။

အဆိုပါမုန္တိုင္းငယ္ဟာ ေအာက္တိုဘာလ (၁၇-၁၈-၁၉) ရက္ေန႕မ်ားတြင္ ေျမာက္အေနာက္ယြန္းယြန္း (North-northwest)သို႕ ဦးတည္ေရြ႕လွ်ားကာ (၁၉-၁၀-၂၀၁၇) ရက္ ညေနပိုင္းတြင္ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ Andhra Pradesh ျပည္နယ္ ကမ္းေျခကိုျဖတ္ေက်ာ္ကာ ကုန္းတြင္းသို႕ ဝင္ေရာက္သြားမည္ဟု ခန္႕မွန္းရပါတယ္။

မွတ္ခ်က္။ ခန္႕မွန္းခ်က္မ်ားသည္ အခ်ိန္ႏွင့္လိုက္၍ ေျပာင္းလဲႏိုင္ပါသည္။

ေဒါက္တာထြန္းလြင္

(Unicode Version)

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်လာတော့မည့်မုန်တိုင်းငယ်

(၁၆-၁၀-၂၀၁၇)ရက် နံနက်(၀၄းဝဝ)နာရီ တိုင်းတာချက်များအပေါ် အခြေပြုတွက်ချက်သည်)

၁၆-၁၀-၂၀၁၇/ နံနက်(၄း၄၈)နာရီ။

(၁၆-၁၀-၂၀၁၇)ရက် နံနက်(၄)နာရီအချိန်တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ (၁၆-၁၀-၂၀၁၇)ညနေပိုင်းတွင် မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

အဆိုပါမုန်တိုင်းငယ်ဟာ အောက်တိုဘာလ (၁၇-၁၈-၁၉) ရက်နေ့များတွင် မြောက်အနောက်ယွန်းယွန်း (North-northwest)သို့ ဦးတည်ရွေ့လျှားကာ (၁၉-၁၀-၂၀၁၇) ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ Andhra Pradesh ပြည်နယ် ကမ်းခြေကိုဖြတ်ကျော်ကာ ကုန်းတွင်းသို့ ဝင်ရောက်သွားမည်ဟု ခန့်မှန်းရပါတယ်။

မှတ်ချက်။ ခန့်မှန်းချက်များသည် အချိန်နှင့်လိုက်၍ ပြောင်းလဲနိုင်ပါသည်။

ဒေါက်တာထွန်းလွင်