

တောင်တက်ဂိတ် မှာမေးတဲ ဓာတ်ပုံ ဆရာ ကို ဓာတ်ပုံ ရိုက်ဖို့ခေါ်လိုက်ပါတယ်. .မိတ်ဆွေ တွေကိုလည်း အမှတ်တရဖြစ်အောင် ပုံသေး ၅ ပုံလောက်ဘဲရိုက်ပါ . . .တစ်ပုံကို ဆိုဒ်ပေါ်မူတည်ပြီး ၇၀၀ /၁၅၀၀ လောက်ဘဲရှိတယ်ပြောပြီး ဓာတ်ပုံ ဆရာ ကို ၅ ပုံလောက်ဘဲရိုက်ပေးဖို့ကျွန်တော်မှာလိုက်ပါသေးတယ်. .

မိတ်ဆွေ တွေကလည်း စက်လှေခါး အတက်မှာဘဲ ဈေးနှုန်းနဲ့ဆိုဒ်မေးရအောင်ပြောပါသေးတယ်. .ဓာတ်ပုံ ဆရာ ကရပါတယ် . .အစ်မ ပုံမှန်ဈေးဘဲယူမှာပါဆိုပြီး ဈေးနှုန်းနဲ့ဓာတ်ပုံဆိုဒ်ကို မပြောပါဘူး. . ဒါနဲ့ ဆိုဒ် အသေးနဲ့ ၇၀၀ တန် ၅ ပုံဘဲရိုက်မှာဆိုပြီး ပြောခဲ့ပါတယ်


ဟဲ့ ငါတို့က နင့်ကို ပုံသေး ၅ ပုံရိုက်မှာဘဲပြောတယ် . .ပုံတွေအများထဲကရွေးမယ်ပြောတော့လည်းဝေ့လည်ကြောင်ပတ်နဲ့အရွေးမခံဘူးလေ..ဓာတ်ပုံ ကူးဖို့ကဒ်ပေးလိုက်ပြီ မရတော့ဘူးပြောတယ် .နောက်ဆုံး မနည်းပြောပြီး တဝက်ကြေး ၃သောင်းကျော်ပေးခဲ့ရတယ်လို့ မိတ်ဆွေ က ပြောပြခဲ့ပါတယ်. .

ဒါနဲ့ ကျွန်တော် လည်း ဓာတ်ပုံ ရွေးတဲ့နေရာလိုက်သွားတော့ ပုံတွေထုတ်နေပြီ ရိုက်တဲ့ပုံတွေလည်း တစ်နေရာနဲ့တစ်နေရာ ပုံမတူပါဘူး ဆိုပြီး ဟောက်စားလုပ်သေးတယ်. .ဈေးနှုန်း လည်း တရားဝင်ရေးထားတယ်ဆိုပြီးပြောပါတယ်. . . .ထုပ်ပေးလိုက်ပါတယ် (( ၇၀၀ တန်လောက်ပုံသေး ၅ ပုံရိုက်မယ်ပြောတဲ့သူကို ))A 4 ဆိုဒ် ၁၀ ပုံနဲ့ ပုံသေး 5″ 7″လားမသိ ၅ ပုံ စုစုပေါင်း ၁၅ ပုံရပါတယ် ခင်ဗျာ. . .သို့ဖြစ်ပါ၍ မန္တလေးတောင် ဂေါပက လူကြီးမင်းများမှလည်း အထက်ပါကဲ့သို ဓာတ်ပုံရိုက် ဆရာများ ဧည့်သည် များကို နားလှည့်ပါးလှည့် လိမ်ညာလှည့်ဖြားပြုလုပ်ချင်းမှရှောင်ကြဉ်စေရန် စည်းကမ်းတင်းကျပ်စွာထုတ်၍သတိပေး/ အရေးယူမှူများပြုလုပ်နိုင်ရန် အသိပေးတင်ပြအပ်ပါသည် ခင်ဗျာ.



crd – Sm1977

(Unicode Version)

မန္တလေးမြို့ကို သိက္ခာချ နေသော မန္တလေး တောင်မှ ဓာတ်ပုံဆရာ

ကျွန်တော့် မိတ်ဆွေ ၃ယောက်ကို ယနေ့ မန္တလေးတောင် ကိုအလည်လိုက်ပို့ခဲ့ပါတယ် ခြေထောက်နာ နေလို့တောင်ထိပ်ကို လိုက်မပို့ဖြစ်ခဲ့ပါ.

တောင်တက်ဂိတ် မှာမေးတဲ ဓာတ်ပုံ ဆရာ ကို ဓာတ်ပုံ ရိုက်ဖို့ခေါ်လိုက်ပါတယ်. .မိတ်ဆွေ တွေကိုလည်း အမှတ်တရဖြစ်အောင် ပုံသေး ၅ ပုံလောက်ဘဲရိုက်ပါ . . .တစ်ပုံကို ဆိုဒ်ပေါ်မူတည်ပြီး ရ၀၀ /၁၅၀၀ လောက်ဘဲရှိတယ်ပြောပြီး ဓာတ်ပုံ ဆရာ ကို ၅ ပုံလောက်ဘဲရိုက်ပေးဖို့ကျွန်တော်မှာလိုက်ပါသေးတယ်. .

မိတ်ဆွေ တွေကလည်း စက်လှေခါး အတက်မှာဘဲ စျေးနှုန်းနဲ့ဆိုဒ်မေးရအောင်ပြောပါသေးတယ်. .ဓာတ်ပုံ ဆရာ ကရပါတယ် . .အစ်မ ပုံမှန်စျေးဘဲယူမှာပါဆိုပြီး စျေးနှုန်းနဲ့ဓာတ်ပုံဆိုဒ်ကို မပြောပါဘူး. . ဒါနဲ့ ဆိုဒ် အသေးနဲ့ ရ၀၀ တန် ၅ ပုံဘဲရိုက်မှာဆိုပြီး ပြောခဲ့ပါတယ်

ရိုက်ပြီပေါ့ . .ဟိုနေရာလှတယ်ဒီနေရာလှတယ်ဆိုပြီး. . .အစ်မ တို့ ကြိုက်တဲ့ပုံရွေးရအောင်လို့ဆိုပြီး အမှတ်တမဲ့ တွေကော အမှတ်တရတွေကော့ မရိုက်ဘူးပြောတဲ့ကလေးမလေးမသိအောင်တောင် ရိုက်တဲ့ ပုံတွေပါသေးတယ်. . .ရိုက်ပြီးမှ လာပါပြီ. . . .တောင်းတာက ဓာတ်ပုံရိုက်ခ ခုနှစ်သောင်းခွဲတဲ့ဗျာ. .

ဟဲ့ ငါတို့က နင့်ကို ပုံသေး ၅ ပုံရိုက်မှာဘဲပြောတယ် . .ပုံတွေအများထဲကရွေးမယ််ပြောတော့လည်းဝေ့လည်ကြောင်ပတ်နဲ့အရွေးမခံဘူးလေ..ဓာတ်ပုံ ကူးဖို့ကဒ်ပေးလိုက်ပြီ မရတော့ဘူးပြောတယ် .နောက်ဆုံး မနည်းပြောပြီး တဝက်ကြေး ၃သောင်းကျော်ပေးခဲ့ရတယ်လို့ မိတ်ဆွေ က ပြောပြခဲ့ပါတယ်. .

ဒါနဲ ့ကျွန်တော် လည်း ဓာတ်ပုံ ရွေးတဲ့နေရာလိုက်သွားတော့ ပုံတွေထုတ်နေပြီ ရိုက်တဲ့ပုံတွေလည်း တစ်နေရာနဲ့တစ်နေရာ ပုံမတူပါဘူး ဆိုပြီး ဟောက်စားလုပ်သေးတယ်. .စျေးနှုန်း လည်း တရားဝင်ရေးထားတယ်ဆိုပြီးပြောပါတယ်. . . .ထုပ်ပေးလိုက်ပါတယ် (( ရ၀၀ တန်လောက်ပုံသေး ၅ ပုံရိုက်မယ်ပြောတဲ့သူကို ))A 4 ဆိုဒ် ၁၀ ပုံနဲ့ ပုံသေး 5″ 7″လားမသိ ၅ ပုံ စုစုပေါင်း ၁၅ ပုံရပါတယ် ခင်ဗျာ. . .သို့ဖြစ်ပါ၍ မန္တလေးတောင်် ဂေါပက လူကြီးမင်းများမှလည်း အထက်ပါကဲ့သို ဓာတ်ပုံရိုက် ဆရာများ ဧည့်သည် များကို နားလှည့်ပါးလှည့် လိမ်ညာလှည့်ဖြားပြုလုပ်ချင်းမှရှောင်ကြဉ်စေရန် စည်းကမ်းတင်းကျပ်စွာထုတ်၍သတိပေး/ အရေးယူမှူများပြုလုပ်နိုင်ရန် အသိပေးတင်ပြအပ်ပါသည် ခင်ဗျာ.

ရေးသားသမျှအားလုံးကို တာဝန်ခံပါတယ်. .

ကိုစိုးဝင်းအောင် .09797297068 မန္တလေး

crd – Sm1977

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်