အမ်ဳိးသမီးငယ္တစ္ဦး အိပ္ေပ်ာ္ေနစဥ္ ျခင္ေထာင္အတြင္းဝင္လာသူ အမ်ဳိးသားႀကီး ဖမ္းဆီးအေရးယူခံရ

အမ်ဳိးသမီးငယ္တစ္ဦး အိပ္ေပ်ာ္ေနစဥ္ ျခင္ေထာင္အတြင္းဝင္လာသူ အမ်ဳိးသားႀကီး ဖမ္းဆီးအေရးယူခံရ

ဒလ ေအာက္တိုဘာ ၁၇

ဒလၿမိဳ႕နယ္ က်န္စစ္သားရပ္ ကြက္ ပင္းယလမ္းတြင္ ယခုလ ၁၅ ရက္ နံနက္ ၂ နာရီခြဲက ေနအိမ္တြင္အိပ္ေပ်ာ္ေနေသာ အမ်ဳိး သမီးငယ္တစ္ဦး၏ ျခင္ေထာင္ အတြင္းသို႔ အိမ္ခ်င္းကပ္ေနသူ အမ်ဳိးသားႀကီးတစ္ဦးကဝင္ေရာက္ မႈျဖစ္ပြားသျဖင့္ ဖမ္းဆီးအေရးယူ ထားေၾကာင္း သိရသည္။

”ဒီအိမ္ေလးေတြက က်ဴးေက်ာ္ အိမ္ေတြဆိုေတာ့ EPC မီးမရဘူး။ ည ၁ဝ နာရီမီးပဲရွိပါတယ္ ခင္ဗ်ာ။ အဲဒီကေလးမေလးနဲ႔ ကေလးေတြ က အိမ္မွာအိပ္ေနၾကၿပီး သူ႔အေမ က နာေရးအိမ္ကို ေရာက္ေနတယ္။ အစ္ကိုျဖစ္သူက ေတြ႕ျမင္ရတာ ပါ”ဟု အိမ္နီးခ်င္း အမ်ဳိးသား တစ္ဦးက ေျပာသည္။

မိခင္ျဖစ္သူ ေဒၚခ်ဳိမာ(၃၉ႏွစ္) က ”ယခုလ ၁၅ ရက္ နံနက္ ၂နာရီခြဲက သမီးျဖစ္သူ —– (၁၅ႏွစ္)သည္ အဆိုပါလမ္းရွိေန အိမ္တြင္ ျခင္ေထာင္အတြင္းအိပ္ ေပ်ာ္ေနစဥ္ အိမ္ေျခရင္းအိမ္ခ်င္း ကပ္ေနအိမ္မွ ဦးသိန္းေအာင္(ခ) ေျပာင္ႀကီး (၅၅ႏွစ္)က သမီး၏ ျခင္ေထာင္အတြင္း ဝင္ေရာက္ေန သည္ကို အျပင္မွျပန္လာေသာ သားျဖစ္သူ ရာဇာထြန္းကေတြ႕၍ ‘ဘာလုပ္ေနတာလဲ’ဟု ေအာ္ေျပာ စဥ္ ဦးသိန္းေအာင္(ခ)ေျပာင္ႀကီး သည္ ျခင္ေထာင္ထဲမွ ကမန္း ကတန္းထြက္လာၿပီး ¤င္းေနအိမ္ သို႔ျပန္သြားေၾကာင္း”ဒလၿမိဳ႕မ ရဲ စခန္း၌ တိုင္တန္းခဲ့ျခင္းျဖစ္သည္။

ထိုအမႈႏွင့္ပတ္သက္၍ ဒလ ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္တင္မ်ဳိးမင္း က တရားလိုႏွင့္သက္ေသမ်ား အား စစ္ေဆးျခင္း၊ ဦးသိန္းေအာင္ (ခ)ေျပာင္ႀကီးအား ဖမ္းဆီးထားၿပီး (ပ)၈၁၃/၂ဝ၁၇၊ ျပစ္မႈပုဒ္မ-၄၅၆ ျဖင့္ အမႈဖြင့္အေရးယူစစ္ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရ သည္။

သန္းေဌး(ဒလ)

Source : The Union Daily

(Unicode Version)

အမျိုးသမီးငယ်တစ်ဦး အိပ်ပျော်နေစဉ် ခြင်ထောင်အတွင်းဝင်လာသူ အမျိုးသားကြီး ဖမ်းဆီးအရေးယူခံရ

ဒလ အောက်တိုဘာ ၁၇

ဒလမြို့နယ် ကျန်စစ်သားရပ် ကွက် ပင်းယလမ်းတွင် ယခုလ ၁၅ ရက် နံနက် ၂ နာရီခွဲက နေအိမ်တွင်အိပ်ပျော်နေသော အမျိုး သမီးငယ်တစ်ဦး၏ ခြင်ထောင် အတွင်းသို့ အိမ်ချင်းကပ်နေသူ အမျိုးသားကြီးတစ်ဦးကဝင်ရောက် မှုဖြစ်ပွားသဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

”ဒီအိမ်လေးတွေက ကျူးကျော် အိမ်တွေဆိုတော့ EPC မီးမရဘူး။ ည ၁ဝ နာရီမီးပဲရှိပါတယ် ခင်ဗျာ။ အဲဒီကလေးမလေးနဲ့ ကလေးတွေ က အိမ်မှာအိပ်နေကြပြီး သူ့အမေ က နာရေးအိမ်ကို ရောက်နေတယ်။ အစ်ကိုဖြစ်သူက တွေ့မြင်ရတာ ပါ”ဟု အိမ်နီးချင်း အမျိုးသား တစ်ဦးက ပြောသည်။

မိခင်ဖြစ်သူ ဒေါ်ချိုမာ(၃၉နှစ်) က ”ယခုလ ၁၅ ရက် နံနက် ၂နာရီခွဲက သမီးဖြစ်သူ —– (၁၅နှစ်)သည် အဆိုပါလမ်းရှိနေ အိမ်တွင် ခြင်ထောင်အတွင်းအိပ် ပျော်နေစဉ် အိမ်ခြေရင်းအိမ်ချင်း ကပ်နေအိမ်မှ ဦးသိန်းအောင်(ခ) ပြောင်ကြီး (၅၅နှစ်)က သမီး၏ ခြင်ထောင်အတွင်း ဝင်ရောက်နေ သည်ကို အပြင်မှပြန်လာသော သားဖြစ်သူ ရာဇာထွန်းကတွေ့၍ ‘ဘာလုပ်နေတာလဲ’ဟု အော်ပြော စဉ် ဦးသိန်းအောင်(ခ)ပြောင်ကြီး သည် ခြင်ထောင်ထဲမှ ကမန်း ကတန်းထွက်လာပြီး ¤င်းနေအိမ် သို့ပြန်သွားကြောင်း”ဒလမြို့မ ရဲ စခန်း၌ တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ထိုအမှုနှင့်ပတ်သက်၍ ဒလ မြို့မရဲစခန်းမှ ဒုရဲအုပ်တင်မျိုးမင်း က တရားလိုနှင့်သက်သေများ အား စစ်ဆေးခြင်း၊ ဦးသိန်းအောင် (ခ)ပြောင်ကြီးအား ဖမ်းဆီးထားပြီး (ပ)၈၁၃/၂ဝ၁၇၊ ပြစ်မှုပုဒ်မ-၄၅၆ ဖြင့် အမှုဖွင့်အရေးယူစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

သန်းဌေး(ဒလ)

Source : The Union Daily

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္