သထံုၿမိဳ႕နယ္ အလံတစ္ရာနယ္ေျမတြင္ ဘာသာေရးအေၾကာင္းျပ၍ ပန္းဦးလႊတ္မႈ ျပဳလုပ္ေနသည္ကို တရားဥပေဒအရ အေရးယူမည္

အလံတရာတြင္ ဆယ္ေက်ာ္သက္အရြယ္ မိန္းမငယ္ေလးမ်ားအား ပန္းဦးစြပ္မႈ ေဖာ္ထုတ္အေရးယူမည္ဟု သာသနာေရးဝန္ၾကီး သူရဦးေအာင္ကို ေျပာ

သထံု အလံတရာနယ္ေျမတြင္ ဘာသာေရးဗန္းျပ၍ အသက္ ၁၄-၅ ႏွစ္အရြယ္ မိန္းကေလးငယ္မ်ားကို အသက္ (၂၅) ႏွစ္၀န္းက်င္ရွိ ခြန္တန္(ခ) ဇာတ္လိုက္ဆိုသူက ပန္းဦးစြပ္မႈျဖစ္ေပၚလ်က္ရွိေၾကာင္း၊ ယင္းသို႔ျဖစ္သည္မွာ ၆ ႏွစ္ခန္႔ရွိျပီျဖစ္ေၾကာင္း၊ ခြန္တန္(ခ)ဇာတ္လိုက္သည္ မိမိကိုယ္ကိုယ္ အလံတရာ ဆရာေတာ္ဘုရာၾကီး၀င္စားသူဟု ႐ုိးသားသည့္ ပအို႔၀္တိုင္းရင္းသားမ်ားအေပၚအယံုသြင္းထားေၾကာင္း၊ မိဘမ်ားကိုယ္တိုင္က ၎တို႔၏သမီးငယ္မ်ားအား သိဒၶိတင္သည္ဟုဆိုကာ အပ်ဳိျဖစ္သည္ႏွင့္ ခြန္တန္(ခ)ဇာတ္လိုက္ထံ ပန္းဦးလႊတ္ၾကေၾကာင္း သိရသည္။

(သူရဦးေအာင္ကိုႏွင့္ သထုံမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ေဒၚမာမာခိုင္တို႔၏ ေျဖၾကားမႈ)

ထြန္း(ေနျပည္ေတာ္)

Source : News Watch

သထံုၿမိဳ႕နယ္ အလံတစ္ရာနယ္ေျမတြင္ ဘာသာေရးအေၾကာင္းျပ၍ ပန္းဦးလႊတ္မႈ ျပဳလုပ္ေနသည္ကို တရားဥပေဒအရ အေရးယူမည္

မြန္ျပည္နယ္ သထံုၿမိဳ႕နယ္ အလံတစ္ရာ နယ္ေျမတြင္ ဘာသာေရးကို အေၾကာင္းျပ၍ ပန္းဦးလႊတ္မႈ ျပဳလုပ္ေနသည္ကို တရားဥပေဒအရ အေရးယူေဆာင္ရြက္ရန္ ပအို၀္းတိုင္းရင္းသားေရးရာ၀န္ႀကီးႏွင့္ ညိႇႏိႈင္းလုပ္ေဆာင္ရာ အခက္အခဲမ်ားၾကံဳေတြ႕၍ ယင္းကိစၥ ေအာင္ျမင္စြာေဆာင္ရြက္ႏုိင္ေရးတြက္ အဖဲြ႕စည္းေပါင္းစံုမွ ၀ိုင္း၀န္းကူညီၾကပါရန္ ေဒၚခိုင္ခိုင္လဲ့ သထုံၿမိဳ႕နယ္အမွတ္-၁ မဲဆႏၵနယ္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္က ေအာက္တိုဘာ ၁၇ ရက္၌ ေမာ္လၿမိဳင္ၿမိဳ႕ေငြမိုးဟိုတယ္တြင္ က်င္းပေသာ က်ား/ မ ေရးရာ အေျချပဳ အၾကမ္းဖက္မႈ သတင္းအခ်က္အလက္ဆိုင္ရာ ပူးေပါင္းညိႇႏိႈင္းမႈအစည္းအေ၀း၌ အမွာစကား ေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

“ကြၽန္မမဲဆႏၵနယ္မွာဆို မိန္းကေလးေတြ ေက်ာင္းမေနရပါဘူး။ အမ်ိဳးသမီးေတြ ေလးတန္းနဲ႔ေက်ာင္းထြက္တဲ့သူေတြ တစ္ပံုႀကီးပါပဲ။ အလြန္ဆံုးေနရရွစ္တန္းပဲ၊ သထံုဆိုတဲ့ေနရာက ၿမိဳ႕လို႔သာေျပာတယ္။ စာသင္ၾကားၾကတဲ့အခါ အမ်ိဳးသမီးအရမ္း နည္းပါတယ္။ တိုင္းရင္းသားကရင္။ ပအို၀္းရြာေတြ မ်ားပါတယ္၊ ခုနက ေဒၚစံ၀င့္ခိုင္ေျပာတာ ကြၽန္မမဲဆႏၵနယ္မွာ ျဖစ္ခ့ဲတာပါ။ ဆရာမႀကီးေျပာသြားတာ ေသးေသးေလးပါ။ ဒါေပမဲ့ တကယ့္ကိုျဖစ္ေနတာ big issue အႀကီးႀကီး ျဖစ္ေနတယ္။ အလံတစ္ရာနယ္ေျမမွာ ဘာသာေရးကို အေျခခံၿပီးေတာ့ ၁၄-၁၅ ႏွစ္ သမီးေလးေတြကိုပဲ ပန္းဦးလႊတ္တဲ့ကိစၥ ျဖစ္ေနပါတယ္။ ရွင္းရွင္းေျပာရလို႔ရိွရင္ တိုင္တဲ့သူ မရိွဘူးလားဆိုေတာ့ မရိွဘူး။ တိုင္ဖို႔ကိုယ္ကိုယ္တိုင္ ဆင္းၿပီးေျပာတဲ့သူကို သူတို႔က ရန္သူလို႔ သတ္မွတ္တဲ့ အေနအထားမ်ိဳး ရိွေနတယ္။

မိဘေတြ ကိုယ္၌ကိုယ္က ဘာသာေရးကို အေၾကာင္းျပၿပီး သူတို႔သမီးကို သိဒိၶတင္တယ္လို႔ အေတြး၀င္ေနတာပါ။ အရွင္းဆံုးေျပာရရင္ မိန္းကေလးက ဆယ္နဲ႔ခ်ီ ရာနဲ႔ခ်ီျဖစ္ေနတဲ့ အေနအထားမ်ိဳး ရိွပါတယ္ဆိုတာ အလံတစ္ရာမွာ ျဖစ္ေနတာဆိုတာ ပြင့္ပြင့္လင္းလင္း ေျပာတာပါ။ ဒီနားမွာထိုင္ေနတဲ့ အရင္ငါးႏွစ္က လူမႈေရး၀န္ႀကီး ဆရာသိမွာပါ။ ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ငါးႏွစ္သက္တမ္းမွာလည္း ျဖစ္ခဲ့တာပါ။ အစိုးရဌာနဆိုင္ရာေတြက ကိုင္တြယ္ဖို႔နည္းမ်ိဳးစံုနဲ႔ ႀကိဳးစားခဲ့ၾကပါတယ္။ အခု ကြၽန္မနဲ႔ေဒၚစံ၀င့္ခိုင္ (ပအို၀္းတိုင္းရင္းသားေရးရာ၀န္ႀကီး) ဒီကိစၥ ႀကိဳးစားေနပါတယ္။ မိန္းကေလးေတြကိုလည္း စည္း႐ံုးေနပါတယ္။ ၁၄-၁၅-၁၆ ႏွစ္ကေလးေတြပါ။ အစ္မကိုယူၿပီး ညီမကို ယူပါတယ္။ ဒီရြာမွာပဲ လမ္းေလးခြဆံုမွာ မဂၤလာေဆာင္ပါတယ္။ ဆက္တိုက္ကို ယူပါတယ္။ သံုးေယာက္ရိွရင္ သံုးေယာက္လုံးယူပါတယ္၊

ဒီျဖစ္စဥ္ဟာ သထံုၿမိဳ႕မွာ ျဖစ္ေနလားလို႔ ေမးရင္ ျဖစ္ေနပါတယ္။ ဒါကလူမသိပါဘူး။ လူသိဖို႔အင္မတန္မွ အေျခအေနနည္းတဲ့ အေနအထားျဖစ္ပါတယ္။ ကြၽန္မတို႔က အခုေတာ့ ပထမဆံုးအေနနဲ႔ တရားဥပေဒအရ အေရးယူေဆာင္ရြက္ဖို႔ ႀကိဳးစားေနပါတယ္လို႔ ဘာျဖစ္လို႔လဲဆိုေတာ့ အုပ္ခ်ဳပ္ေရးမွဴး ကိုယ္တိုင္ကိုယ္က ပါေနတယ္။ သူကိုယ္တိုင္က Cover လုပ္ေနတဲ့ အေနအထား ရိွေနတယ္။ တခ်ဳိ႕သတင္းေထာက္ေတြ သိပါတယ္။ သတင္းေထာက္ေတြ သတင္းသြားယူတဲ့သူေတြ ရိွပါတယ္။ ၀င္လို႔မရတဲ့အေနအထားမ်ိဳးလည္း ရိွပါတယ္။ သတင္းယူဖို႔ အခက္အခဲေတြအမ်ားႀကီး ရိွပါတယ္။ အဲဒီလူရဲ႕ နာမည္ကေတာ့ သူတို႔ကေတာ့ ခြန္တန္လို႔ေခၚတာေပါ့။

အသက္က ၂၅ ႏွစ္ပဲ ရိွပါေသးတယ္။ အလံတစ္ရာ ဆရာေတာ္ဘုရား ၀င္စားတာပါဆုိတာတစ္ခုတည္းနဲ႔ အဲဒီမွာ ဆက္တိုက္ အမ်ိဳးသမီးေလးေတြကိုျဖစ္တာ မိဘေတြကိုယ္တိုင္က ပန္းဦးလႊတ္တာေပါ့။ အပ်ိဳျဖစ္တာနဲ႔ ပန္းဦးလႊတ္တဲ့ အေလ့အက်င့္ သထုံမွာ မြန္ျပည္နယ္ထဲမွာ ျဖစ္ေနပါတယ္။ ဒီေနရာ ဒါမ်ိဳးေတြရိွေနတယ္ဆိုတာ အသိေပးတာပါ။ ဒါမွလည္း ဒီမွာရိွတဲ့ အဖဲြ႕အစည္းေပါင္းစံုကေန ဘယ္လိုမ်ိဳး ပူးေပါင္းၿပီးအေျဖရွာရမလဲ။ ေဆာင္ရြက္ရမလဲဆိုတာ သေဘာဆိုတာမ်ဳိး ဒီဘက္က ေနျပန္ၾကားခ်င္ပါတယ္။ ၀န္ႀကီးနဲ႔ ကြၽန္မလုပ္ရတာ အခက္အခဲေပါင္းမ်ားစြာ ရင္ဆိုင္ရပါတယ္။ အခုခ်ိန္ထိ ၀န္ႀကီးကို တစ္ခ်ိန္လံုး သတ္မယ္လို႔ၿခိမ္းေျခာက္တဲ့ Message ေတြ လာပါတယ္။ ကြၽန္မဆီကိုလည္း Message ေပါင္းမ်ားစြာ ပို႔ပါတယ္။ တစ္ခ်ိန္လံုး သတ္မယ္ဆိုၿပီး ၿခိမ္းေျခာက္ပါတယ္။

အဲဒီျဖစ္စဥ္ ကြၽန္မတို႔ႏွစ္ေယာက္ အခုလက္ရိွ ၾကံဳေနရတာပါ။ ဒီလိုမ်ိဳးကိစၥကို ေျဖရွင္းဖို႔ႀကိဳးစားတာကို ထပ္မံၿခိမ္းေျခာက္တာေၾကာက္လို႔ေျပာတာ မဟုတ္ပါဘူး။ အျမန္ဆံုးဒီကိစၥကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ေျဖရွင္းလိုက္ခ်င္ပါတယ္။ ဒီေနရာမွာ ၀ိုင္း၀န္းၿပီး ကူညီပါလို႔ေျပာရင္း နိဂုံးခ်ဳပ္ပါတယ္” ဟု ေဒၚခိုင္ခိုင္လဲ့က ဆိုသည္။အဆိုပါအစည္းေ၀းကို အစိုးရအဖဲြ႕၀င္၀န္ႀကီး၊ ျပည္နယ္လႊတ္ေတာ္ေရးရာ ေကာ္မတီဥကၠ႒၊ ျပည္နယ္၊ ခ႐ိုင္အဆင့္ လူမႈ၀န္ထမ္း၊ က်န္းမာေရး၊ အလုပ္သမား၊ ပညာေရး၊ တရားေရး၊ ဥပေဒေရး၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ မီးသတ္၊ NGO ၊ NGO မ်ားတက္ေရာက္ၾက ၿပီး၂၀၁၇ ခုႏွစ္ ဧၿပီလမွ စက္တင္ဘာလအထိ က်ား/ မ ေရးရာအၾကမ္းဖက္မႈ သတင္းအခ်က္အလက္မ်ားအေပၚ အေျခတည္၍ သက္ငယ္မုဒိမ္းမႈအတြက္ အသိပညာေပးမႈမ်ား က်ယ္ျပန္႔စြာ ျပဳလုပ္ေရး၊ တရား႐ံုးဆိုင္ရာ အခက္အခဲတို႔ကို ေဆြးေႏြးအၾကံျပဳခဲ့ၾကေၾကာင္း သိရသည္။

Source – Eleven Media Group

(Unicode Version)

သထုံမြို့နယ် အလံတစ်ရာနယ်မြေတွင် ဘာသာရေးအကြောင်းပြ၍ ပန်းဦးလွှတ်မှု ပြုလုပ်နေသည်ကို တရားဥပဒေအရ အရေးယူမည်

အလံတရာတွင် ဆယ်ကျော်သက်အရွယ် မိန်းမငယ်လေးများအား ပန်းဦးစွပ်မှု ဖော်ထုတ်အရေးယူမည်ဟု သာသနာရေးဝန်ကြီး သူရဦးအောင်ကို ပြော

သထုံ အလံတရာနယ်မြေတွင် ဘာသာရေးဗန်းပြ၍ အသက် ၁၄-၅ နှစ်အရွယ် မိန်းကလေးငယ်များကို အသက် (၂၅) နှစ်ဝန်းကျင်ရှိ ခွန်တန်(ခ) ဇာတ်လိုက်ဆိုသူက ပန်းဦးစွပ်မှုဖြစ်ပေါ်လျက်ရှိကြောင်း၊ ယင်းသို့ဖြစ်သည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ခွန်တန်(ခ)ဇာတ်လိုက်သည် မိမိကိုယ်ကိုယ် အလံတရာ ဆရာတော်ဘုရာကြီးဝင်စားသူဟု ရိုးသားသည့် ပအို့ဝ်တိုင်းရင်းသားများအပေါ်အယုံသွင်းထားကြောင်း၊ မိဘများကိုယ်တိုင်က ၎င်းတို့၏သမီးငယ်များအား သိဒ္ဓိတင်သည်ဟုဆိုကာ အပျိုဖြစ်သည်နှင့် ခွန်တန်(ခ)ဇာတ်လိုက်ထံ ပန်းဦးလွှတ်ကြကြောင်း သိရသည်။

(သူရဦးအောင်ကိုနှင့် သထုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ဒေါ်မာမာခိုင်တို့၏ ဖြေကြားမှု)

ထွန်း(နေပြည်တော်)

Source : News Watch

သထုံမြို့နယ် အလံတစ်ရာနယ်မြေတွင် ဘာသာရေးအကြောင်းပြ၍ ပန်းဦးလွှတ်မှု ပြုလုပ်နေသည်ကို တရားဥပဒေအရ အရေးယူမည်

မွန်ပြည်နယ် သထုံမြို့နယ် အလံတစ်ရာ နယ်မြေတွင် ဘာသာရေးကို အကြောင်းပြ၍ ပန်းဦးလွှတ်မှု ပြုလုပ်နေသည်ကို တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ညှိနှိုင်းလုပ်ဆောင်ရာ အခက်အခဲများကြုံတွေ့၍ ယင်းကိစ္စ အောင်မြင်စွာဆောင်ရွက်နိုင်ရေးတွက် အဖွဲ့စည်းပေါင်းစုံမှ ၀ိုင်းဝန်းကူညီကြပါရန် ဒေါ်ခိုင်ခိုင်လဲ့ သထုံမြို့နယ်အမှတ်-၁ မဲဆန္ဒနယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က အောက်တိုဘာ ၁၇ ရက်၌ မော်လမြိုင်မြို့ငွေမိုးဟိုတယ်တွင် ကျင်းပသော ကျား/ မ ရေးရာ အခြေပြု အကြမ်းဖက်မှု သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှုအစည်းအဝေး၌ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

“ကျွန်မမဲဆန္ဒနယ်မှာဆို မိန်းကလေးတွေ ကျောင်းမနေရပါဘူး။ အမျိုးသမီးတွေ လေးတန်းနဲ့ကျောင်းထွက်တဲ့သူတွေ တစ်ပုံကြီးပါပဲ။ အလွန်ဆုံးနေရရှစ်တန်းပဲ၊ သထုံဆိုတဲ့နေရာက မြို့လို့သာပြောတယ်။ စာသင်ကြားကြတဲ့အခါ အမျိုးသမီးအရမ်း နည်းပါတယ်။ တိုင်းရင်းသားကရင်။ ပအိုဝ်းရွာတွေ များပါတယ်၊ ခုနက ဒေါ်စံဝင့်ခိုင်ပြောတာ ကျွန်မမဲဆန္ဒနယ်မှာ ဖြစ်ခဲ့တာပါ။ ဆရာမကြီးပြောသွားတာ သေးသေးလေးပါ။ ဒါပေမဲ့ တကယ့်ကိုဖြစ်နေတာ big issue အကြီးကြီး ဖြစ်နေတယ်။ အလံတစ်ရာနယ်မြေမှာ ဘာသာရေးကို အခြေခံပြီးတော့ ၁၄-၁၅ နှစ် သမီးလေးတွေကိုပဲ ပန်းဦးလွှတ်တဲ့ကိစ္စ ဖြစ်နေပါတယ်။ ရှင်းရှင်းပြောရလို့ရှိရင် တိုင်တဲ့သူ မရှိဘူးလားဆိုတော့ မရှိဘူး။ တိုင်ဖို့ကိုယ်ကိုယ်တိုင် ဆင်းပြီးပြောတဲ့သူကို သူတို့က ရန်သူလို့ သတ်မှတ်တဲ့ အနေအထားမျိုး ရှိနေတယ်။

မိဘတွေ ကိုယ်၌ကိုယ်က ဘာသာရေးကို အကြောင်းပြပြီး သူတို့သမီးကို သိဒ္ဓိတင်တယ်လို့ အတွေးဝင်နေတာပါ။ အရှင်းဆုံးပြောရရင် မိန်းကလေးက ဆယ်နဲ့ချီ ရာနဲ့ချီဖြစ်နေတဲ့ အနေအထားမျိုး ရှိပါတယ်ဆိုတာ အလံတစ်ရာမှာ ဖြစ်နေတာဆိုတာ ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဒီနားမှာထိုင်နေတဲ့ အရင်ငါးနှစ်က လူမှုရေးဝန်ကြီး ဆရာသိမှာပါ။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ငါးနှစ်သက်တမ်းမှာလည်း ဖြစ်ခဲ့တာပါ။ အစိုးရဌာနဆိုင်ရာတွေက ကိုင်တွယ်ဖို့နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ အခု ကျွန်မနဲ့ဒေါ်စံဝင့်ခိုင် (ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး) ဒီကိစ္စ ကြိုးစားနေပါတယ်။ မိန်းကလေးတွေကိုလည်း စည်းရုံးနေပါတယ်။ ၁၄-၁၅-၁၆ နှစ်ကလေးတွေပါ။ အစ်မကိုယူပြီး ညီမကို ယူပါတယ်။ ဒီရွာမှာပဲ လမ်းလေးခွဆုံမှာ မင်္ဂလာဆောင်ပါတယ်။ ဆက်တိုက်ကို ယူပါတယ်။ သုံးယောက်ရှိရင် သုံးယောက်လုံးယူပါတယ်၊

ဒီဖြစ်စဉ်ဟာ သထုံမြို့မှာ ဖြစ်နေလားလို့ မေးရင် ဖြစ်နေပါတယ်။ ဒါကလူမသိပါဘူး။ လူသိဖို့အင်မတန်မှ အခြေအနေနည်းတဲ့ အနေအထားဖြစ်ပါတယ်။ ကျွန်မတို့က အခုတော့ ပထမဆုံးအနေနဲ့ တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်လို့ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကိုယ်က ပါနေတယ်။ သူကိုယ်တိုင်က Cover လုပ်နေတဲ့ အနေအထား ရှိနေတယ်။ တချို့သတင်းထောက်တွေ သိပါတယ်။ သတင်းထောက်တွေ သတင်းသွားယူတဲ့သူတွေ ရှိပါတယ်။ ၀င်လို့မရတဲ့အနေအထားမျိုးလည်း ရှိပါတယ်။ သတင်းယူဖို့ အခက်အခဲတွေအများကြီး ရှိပါတယ်။ အဲဒီလူရဲ့ နာမည်ကတော့ သူတို့ကတော့ ခွန်တန်လို့ခေါ်တာပေါ့။

အသက်က ၂၅ နှစ်ပဲ ရှိပါသေးတယ်။ အလံတစ်ရာ ဆရာတော်ဘုရား ၀င်စားတာပါဆိုတာတစ်ခုတည်းနဲ့ အဲဒီမှာ ဆက်တိုက် အမျိုးသမီးလေးတွေကိုဖြစ်တာ မိဘတွေကိုယ်တိုင်က ပန်းဦးလွှတ်တာပေါ့။ အပျိုဖြစ်တာနဲ့ ပန်းဦးလွှတ်တဲ့ အလေ့အကျင့် သထုံမှာ မွန်ပြည်နယ်ထဲမှာ ဖြစ်နေပါတယ်။ ဒီနေရာ ဒါမျိုးတွေရှိနေတယ်ဆိုတာ အသိပေးတာပါ။ ဒါမှလည်း ဒီမှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံကနေ ဘယ်လိုမျိုး ပူးပေါင်းပြီးအဖြေရှာရမလဲ။ ဆောင်ရွက်ရမလဲဆိုတာ သဘောဆိုတာမျိုး ဒီဘက်က နေပြန်ကြားချင်ပါတယ်။ ၀န်ကြီးနဲ့ ကျွန်မလုပ်ရတာ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ရပါတယ်။ အခုချိန်ထိ ၀န်ကြီးကို တစ်ချိန်လုံး သတ်မယ်လို့ခြိမ်းခြောက်တဲ့ Message တွေ လာပါတယ်။ ကျွန်မဆီကိုလည်း Message ပေါင်းများစွာ ပို့ပါတယ်။ တစ်ချိန်လုံး သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။

အဲဒီဖြစ်စဉ် ကျွန်မတို့နှစ်ယောက် အခုလက်ရှိ ကြံုနေရတာပါ။ ဒီလိုမျိုးကိစ္စကို ဖြေရှင်းဖို့ကြိုးစားတာကို ထပ်မံခြိမ်းခြောက်တာကြောက်လို့ပြောတာ မဟုတ်ပါဘူး။ အမြန်ဆုံးဒီကိစ္စကို အောင်အောင်မြင်မြင်နဲ့ ဖြေရှင်းလိုက်ချင်ပါတယ်။ ဒီနေရာမှာ ၀ိုင်းဝန်းပြီး ကူညီပါလို့ပြောရင်း နိဂုံးချုပ်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။အဆိုပါအစည်းဝေးကို အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်အဆင့် လူမှုဝန်ထမ်း၊ ကျန်းမာရေး၊ အလုပ်သမား၊ ပညာရေး၊ တရားရေး၊ ဥပဒေရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ NGO ၊ NGO များတက်ရောက်ကြ ပြီး၂၀၁၇ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကျား/ မ ရေးရာအကြမ်းဖက်မှု သတင်းအချက်အလက်များအပေါ် အခြေတည်၍ သက်ငယ်မုဒိမ်းမှုအတွက် အသိပညာပေးမှုများ ကျယ်ပြန့်စွာ ပြုလုပ်ရေး၊ တရားရုံးဆိုင်ရာ အခက်အခဲတို့ကို ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။

Source – Eleven Media Group