အုိေသာသူမ်ား အခါး စားပါ

လူတို႔တြင္ အားႏွစ္မ်ဳိး လိုအပ္သည္။ အသက္ရွည္ရန္ အတြက္ အားရွိဖို႔ လိုသည္။ ထိုအား ႏွစ္မ်ဳိးမွာ ”ေသြးအား” ႏွင့္ ”ေလအား” တို႔ ျဖစ္သည္။ ဓာတ္သေဘာ အားျဖင့္ဆိုလွ်င္ ေသြးသည္အာေပါဓာတ္ ျဖစ္ၿပီး ေလသည္ ဝါေယာဓာတ္ ျဖစ္သည္။

ဆန္႔က်င္ဘက္ ဓာတ္ႏွစ္မ်ဳိး ျဖစ္သည္။ သို႔ေသာ္ ထို ဆန္႔က်င္ဘက္ ႏွစ္မ်ဳိး ေပါင္းစပ္ကာ ေသြးဟူေသာ အာေပါဓာတ္ကို ခႏၶာကိုယ္ အႏွံ႔သို႔ ေရာက္ေအာင္ ဝါေယာဓာတ္က တြန္းပို႔လ်က္ ရွိေပသည္။

ဆန္႔က်င္ဘက္ ႏွစ္ခု ေပါင္းလွ်င္ အက်ဳိးရွိသည္ကို ခႏၶာကိုယ္ တြင္းက သက္ေသျပလ်က္ ရွိေပသည္။ အသက္ႀကီး လာေ သာအခါ ေသြးအား ယုတ္လာသည္ ဟု ေျပာစမွတ္ ျပဳၾကသည္။ အမွန္က ေသြးက ခႏၶာကိုယ္ အတြင္းတြင္ အျပည့္ရွိ လ် က္ပင္။ ေသြးကို တြန္းပို႔ေပးမည့္ ဝါေယာဓာတ္ က အားယုတ္ လာျခင္းေၾကာင့္ အားနည္း လာျခင္း ျဖစ္သည္။

ေသြးေထာက္ပံ့မႈ မေရာက္ရွိေသာ လကၡဏာကို အစြန္အဖ်ား ေနရာမ်ားမွ ျပသည္။ ဦးေခါင္းငယ္ ထိပ္တြင္ ဆံပင္မ်ား ကြၽ တ္ၿပီး ျပန္မေပါက္ ေတာ့ေသာေၾကာင့္ ထိပ္ေျပာင္ လာသည္။ ေျခေထာက္ရွိ ေျခသန္း၊ ေျခသူၾကြယ္ ေျခေခ်ာင္း ကေလး မ်ားတြင္ ေျခသည္းမ်ား အက္ကြဲ လာသည္။

ဖေနာင့္ အေရျပား မ်ားတြင္ အက္ကြဲေၾကာင္းမ်ား ျဖစ္ေပၚ လာသည္ကို ေတြ႕ရမည္ ျဖစ္သည္။ လယ္မ်ားတြင္ ပပ္ၾကားအ က္ သကဲ့သို႔ ကိုယ္ခႏၶာ အေရျပားတြင္ အက္ကြဲရာမ်ား ေပၚလာသည္ကို ေတြ႕ရမည္ ျဖစ္သည္။

အသက္ႀကီး လာလွ်င္ ေလဆက္ ေစရန္ အခါး စားေပးရမည္ ဟု ေရွးလူႀကီး မ်ားက ဆိုသည္။ အခါး ဟူရာတြင္လည္း ႏွစ္ မ်ဳိးရွိသည္။ ”ပူခါး” ႏွင့္ ”ေအးခါး” ဟူ၍ အာယုေဗဒ ေဆးက်မ္း မ်ားတြင္ တမာအခါး ကို လည္းေကာင္း၊ မုရားႀကီးရြက္ အခါးကို လည္းေကာင္း၊ ေတာင္မ႐ိုး အခါး ကိုလည္းေကာင္း ဝါး၍လွ်ာျဖင့္ စမ္းသပ္ ၾကည့္ေသာ အခါ ”အပူခါး” အရ သာ ကို ေတြ႕ရမည္ ျဖစ္သည္။ တမာအခါး ကား ပိုးကို ႏုိင္သည္။ ေတာင္မ႐ိုး အခါးကား အဖ်ားကို ႏိုင္သည္။ မုရားႀကီးရြက္ အခါးကား ပန္းနာေခ်ာင္းဆိုး ႏွင့္ အဆုတ္နာ ေရာဂါအမ်ဳိးမ်ဳိး တို႔ကို ႏိုင္သည္ ဟု က်မ္းက ဆိုသည္။

ေခြးေတာက္ရြက္ သည္လည္း ပူခါးမ်ဳိး ျဖစ္သည္။ လူႀကီးမ်ားတြင္ ျဖစ္ေသာ အေညာင္းမ်ား သည့္ ပါဒရက္ေရာဂါ အမ်ဳိး မ်ဳိးကို ႏိုင္သျဖင့္ ေခြးေတာက္ရြက္ ဟင္းခ်ဳိကို ၾကက္႐ိုးျဖင့္ ခ်က္၍ ေရွးက ဆရာႀကီးမ်ား က ဓာတ္စာ ေပးသည္ကို ေတြ႕ ရဖူးသည္။ စာေရးသူတို႔ မိဘမ်ားသည္ ေက်းဇူးရွင္ ဗန္းေမာ္ ဆရာေတာ္ႀကီး စာဝါခ်၍ အေညာင္း အကိုက္ မ်ားသည့္ အခါတိုင္း ခ်က္၍ ဆက္ကပ္ ရသည္ကို အမွတ္ရ ဖူးသည္။

ေရွးကလူႀကီး မ်ားသည္ လက္ဖက္ စစ္စစ္ကို ႏွမ္းဆီျဖင့္ စိမ္ၿပီး ေန႔လယ္ ထမင္းစားၿပီး တုိင္း နည္းနည္းစီ စားေပး ၾကသ ည္။ လူႀကီးမ်ား အတြက္ ေလဆက္ၿပီး အသက္ရွည္ ေစေသာ ေဆးျဖစ္သည္ ဟု ဆိုသည္။ လက္ဖက္သည္ ေအးခါး အရသာ ျဖစ္သျဖင့္ ပူခါး အရသာ ျဖစ္သြားေအာင္ ႏွမ္းဆီျဖင့္ စိမ္စားျခင္း ျဖစ္သည္။ အသက္ ရာေက်ာ္ ရွည္ေသာ ဘိုး ဘြားမ်ားသည္ ဤ ဓာတ္စာကို စားခဲ့ၾက သည္ဟု မွတ္သားရ ဖူးသည္။

”ေလမသက္ အေနခက္၊ ေလမစုန္ေငြကုန္” ဟု ေရွးလူႀကီးမ်ား ေျပာၾကသည္။ လူႀကီးမ်ား အတြက္ က်န္းမာေရး မွာ ေလ က အေရးအႀကီးဆံုး ျဖစ္သည္ဟု ဆိုသည္။ ေလလည္ျခင္းကို ရွက္စရာဟု ယူဆ ၾက ေသာ္လည္း ေလလည္ ေနသည့္ လူႀကီးမ်ားမွာ က်န္းမာ ေနသည္ကို ေတြ႕ရေပသည္။ ေဆးပညာ အရလည္း အသက္ (၆၅) ႏွစ္ေက်ာ္လွ်င္ ေလအရြယ္ ေရာက္ၿပီ ျဖစ္သျဖင့္ ေလဆက္မည့္ ဓာတ္စာမ်ား စားေပး သင့္ေၾကာင္း တင္ျပ လိုက္ရ ေပသည္။

Credit : ရတနာပံုသတင္းစာ

(Unicode Version)

အိုသောသူများ အခါး စားပါ

လူတို့တွင် အားနှစ်မျိုး လိုအပ်သည်။ အသက်ရှည်ရန် အတွက် အားရှိဖို့ လိုသည်။ ထိုအား နှစ်မျိုးမှာ ”သွေးအား” နှင့် ”လေအား” တို့ ဖြစ်သည်။ ဓာတ်သဘော အားဖြင့်ဆိုလျှင် သွေးသည်အာပေါဓာတ် ဖြစ်ပြီး လေသည် ဝါယောဓာတ် ဖြစ်သည်။

ဆန့်ကျင်ဘက် ဓာတ်နှစ်မျိုး ဖြစ်သည်။ သို့သော် ထို ဆန့်ကျင်ဘက် နှစ်မျိုး ပေါင်းစပ်ကာ သွေးဟူသော အာပေါဓာတ်ကို ခန္ဓာကိုယ် အနှံ့သို့ ရောက်အောင် ဝါယောဓာတ်က တွန်းပို့လျက် ရှိပေသည်။

ဆန့်ကျင်ဘက် နှစ်ခု ပေါင်းလျှင် အကျိုးရှိသည်ကို ခန္ဓာကိုယ် တွင်းက သက်သေပြလျက် ရှိပေသည်။ အသက်ကြီး လာေ သာအခါ သွေးအား ယုတ်လာသည် ဟု ပြောစမှတ် ပြုကြသည်။ အမှန်က သွေးက ခန္ဓာကိုယ် အတွင်းတွင် အပြည့်ရှိ လျ က်ပင်။ သွေးကို တွန်းပို့ပေးမည့် ဝါယောဓာတ် က အားယုတ် လာခြင်းကြောင့် အားနည်း လာခြင်း ဖြစ်သည်။

သွေးထောက်ပံ့မှု မရောက်ရှိသော လက္ခဏာကို အစွန်အဖျား နေရာများမှ ပြသည်။ ဦးခေါင်းငယ် ထိပ်တွင် ဆံပင်များ ကျွ တ်ပြီး ပြန်မပေါက် တော့သောကြောင့် ထိပ်ပြောင် လာသည်။ ခြေထောက်ရှိ ခြေသန်း၊ ခြေသူကြွယ် ခြေချောင်း ကလေး များတွင် ခြေသည်းများ အက်ကွဲ လာသည်။

ဖနောင့် အရေပြား များတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ် လာသည်ကို တွေ့ရမည် ဖြစ်သည်။ လယ်များတွင် ပပ်ကြားအ က် သကဲ့သို့ ကိုယ်ခန္ဓာ အရေပြားတွင် အက်ကွဲရာများ ပေါ်လာသည်ကို တွေ့ရမည် ဖြစ်သည်။

အသက်ကြီး လာလျှင် လေဆက် စေရန် အခါး စားပေးရမည် ဟု ရှေးလူကြီး များက ဆိုသည်။ အခါး ဟူရာတွင်လည်း နှစ် မျိုးရှိသည်။ ”ပူခါး” နှင့် ”အေးခါး” ဟူ၍ အာယုဗေဒ ဆေးကျမ်း များတွင် တမာအခါး ကို လည်းကောင်း၊ မုရားကြီးရွက် အခါးကို လည်းကောင်း၊ တောင်မရိုး အခါး ကိုလည်းကောင်း ဝါး၍လျှာဖြင့် စမ်းသပ် ကြည့်သော အခါ ”အပူခါး” အရ သာ ကို တွေ့ရမည် ဖြစ်သည်။ တမာအခါး ကား ပိုးကို နိုင်သည်။ တောင်မရိုး အခါးကား အဖျားကို နိုင်သည်။ မုရားကြီးရွက် အခါးကား ပန်းနာချောင်းဆိုး နှင့် အဆုတ်နာ ရောဂါအမျိုးမျိုး တို့ကို နိုင်သည် ဟု ကျမ်းက ဆိုသည်။

ခွေးတောက်ရွက် သည်လည်း ပူခါးမျိုး ဖြစ်သည်။ လူကြီးများတွင် ဖြစ်သော အညောင်းများ သည့် ပါဒရက်ရောဂါ အမျိုး မျိုးကို နိုင်သဖြင့် ခွေးတောက်ရွက် ဟင်းချိုကို ကြက်ရိုးဖြင့် ချက်၍ ရှေးက ဆရာကြီးများ က ဓာတ်စာ ပေးသည်ကို တွေ့ ရဖူးသည်။ စာရေးသူတို့ မိဘများသည် ကျေးဇူးရှင် ဗန်းမော် ဆရာတော်ကြီး စာဝါချ၍ အညောင်း အကိုက် များသည့် အခါတိုင်း ချက်၍ ဆက်ကပ် ရသည်ကို အမှတ်ရ ဖူးသည်။

ရှေးကလူကြီး များသည် လက်ဖက် စစ်စစ်ကို နှမ်းဆီဖြင့် စိမ်ပြီး နေ့လယ် ထမင်းစားပြီး တိုင်း နည်းနည်းစီ စားပေး ကြသ ည်။ လူကြီးများ အတွက် လေဆက်ပြီး အသက်ရှည် စေသော ဆေးဖြစ်သည် ဟု ဆိုသည်။ လက်ဖက်သည် အေးခါး အရသာ ဖြစ်သဖြင့် ပူခါး အရသာ ဖြစ်သွားအောင် နှမ်းဆီဖြင့် စိမ်စားခြင်း ဖြစ်သည်။ အသက် ရာကျော် ရှည်သော ဘိုး ဘွားများသည် ဤ ဓာတ်စာကို စားခဲ့ကြ သည်ဟု မှတ်သားရ ဖူးသည်။

”လေမသက် အနေခက်၊ လေမစုန်ငွေကုန်” ဟု ရှေးလူကြီးများ ပြောကြသည်။ လူကြီးများ အတွက် ကျန်းမာရေး မှာ လေ က အရေးအကြီးဆုံး ဖြစ်သည်ဟု ဆိုသည်။ လေလည်ခြင်းကို ရှက်စရာဟု ယူဆ ကြ သော်လည်း လေလည် နေသည့် လူကြီးများမှာ ကျန်းမာ နေသည်ကို တွေ့ရပေသည်။ ဆေးပညာ အရလည်း အသက် (၆၅) နှစ်ကျော်လျှင် လေအရွယ် ရောက်ပြီ ဖြစ်သဖြင့် လေဆက်မည့် ဓာတ်စာများ စားပေး သင့်ကြောင်း တင်ပြ လိုက်ရ ပေသည်။

Credit : ရတနာပုံသတင်းစာ

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္