ေျမာင္းျမၿမိဳ႕တြင္ ကေလးငယ္ ၆ ဦးကို မိဘမ်ားမွ အစာေရစာ မေက်ြးဘဲ စြန္႔ပစ္မူျဖစ္ပြား

ေျမာင္းျမၿမိဳ႕တြင္ ကေလးငယ္ ၆ ဦးကို မိဘမ်ားမွ အစာေရစာ မေက်ြးဘဲ စြန္႔ပစ္မူျဖစ္ပြား

21.10.2017 ယေန႔ နံက္ ၈ နာရီေလာက္က မိခင္ရင္း ဖခင္ရင္းတို့မွ မိမိတို့၏ သားသမီးငယ္မ်ားကို စြန္႔ပစ္ထားရစ္ခဲ႔မႈ

ဘုရားေခ်ာင္းျမရတနာရပ္ကြက္ ထြန္းေနေရာင္ဆန္စက္ေနာက္ေက်ာ မိန္းလမ္းေဘး စက္ဘီးျပင္ဆိုင္တြင္ အသက္ ၆ နွစ္ခန့္မွ ေအာက္နို့စို့အရြယ္ထိ မ ၂ က်ား ၂ ခေလးငယ္ ၄ ဦးကို အစာေရဆာမေျကြးပဲ ဒီတိုင္းစြန့္ခဲ႔ေၾကာင္း ကနဦးသတင္းမ်ားအရ သိရွိရပါသည္။

အႀကီီးဆုးံကေလး၏ ေျပာၾကားခ်က္အရ ၎တို့သည္ လူေတာ္ပကိတ္ႀကီးေက်းရြာမွ ေအာင္ခ်မ္းသာသေဘၤာျဖင့္ လိုက္လာခဲ႔တာျဖစ္ေၾကာင္း ဖခင္၏အမည္မွာ ဦးမ်ိဳးျမင့္ျဖစ္ျပီး မိခင္၏အမည္မွာ ေဒၚလွစိုးျဖစ္ေၾကာင္း သိရွိရပါသည္။

မနက္ ၈ နာရီမွာ ခေလးအငယ္ေလး ထိန္းထားဟုေျပာျပီး ယခု ၁၂ နာရီေက်ာ္ထိ ျပန္မလာေတာ့သျဖင့္ ျမရနာရပ္ကြက္မွ ခေလးမ်ားအား နို့တိုက္ျခင္း မုန္႔ေက်ြးျခင္းမ်ား ျပဳလုပ္၍ ေနမေကာင္းသည့္ ကေလး ၂ ဦးကို ကရုဏာရွင္အသင္းကားမွ ေဆးရုံပို့ျခင္း က်န္းမာသည့္ကေလး ၂ ဦးကို ျမရတနာ အုပ္ခ်ဳပ္ေရးမွဴးရုံသို႕ ေခၚေဆာင္ထိန္းသိမ္းထားျခင္းမ်ား ျပဳလုပ္လ်ွက္ရွိပါသည္။

Credit : ရေဝေမာင္ ေျမာင္းျမသတင္းနဂါး

Myaungmya Daily / MZT

(Unicode Version)

မြောင်းမြမြို့တွင် ကလေးငယ် ၆ ဦးကို မိဘများမှ အစာရေစာ မကျွေးဘဲ စွန့်ပစ်မူဖြစ်ပွား

21.10.2017 ယနေ့ နံက် ၈ နာရီလောက်က မိခင်ရင်း ဖခင်ရင်းတို့မှ မိမိတို့၏ သားသမီးငယ်များကို စွန့်ပစ်ထားရစ်ခဲ့မှု

ဘုရားချောင်းမြရတနာရပ်ကွက် ထွန်းနေရောင်ဆန်စက်နောက်ကျော မိန်းလမ်းဘေး စက်ဘီးပြင်ဆိုင်တွင် အသက် ၆ နှစ်ခန့်မှ အောက်နို့စို့အရွယ်ထိ မ ၂ ကျား ၂ ခလေးငယ် ၄ ဦးကို အစာရေဆာမကြွေးပဲ ဒီတိုင်းစွန့်ခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။

အကြီီးဆုးံကလေး၏ ပြောကြားချက်အရ ၎င်းတို့သည် လူတော်ပကိတ်ကြီးကျေးရွာမှ အောင်ချမ်းသာသင်္ဘောဖြင့် လိုက်လာခဲ့တာဖြစ်ကြောင်း ဖခင်၏အမည်မှာ ဦးမျိုးမြင့်ဖြစ်ပြီး မိခင်၏အမည်မှာ ဒေါ်လှစိုးဖြစ်ကြောင်း သိရှိရပါသည်။

မနက် ၈ နာရီမှာ ခလေးအငယ်လေး ထိန်းထားဟုပြောပြီး ယခု ၁၂ နာရီကျော်ထိ ပြန်မလာတော့သဖြင့် မြရနာရပ်ကွက်မှ ခလေးများအား နို့တိုက်ခြင်း မုန့်ကျွေးခြင်းများ ပြုလုပ်၍ နေမကောင်းသည့် ကလေး ၂ ဦးကို ကရုဏာရှင်အသင်းကားမှ ဆေးရုံပို့ခြင်း ကျန်းမာသည့်ကလေး ၂ ဦးကို မြရတနာ အုပ်ချုပ်ရေးမှူးရုံသို့ ခေါ်ဆောင်ထိန်းသိမ်းထားခြင်းများ ပြုလုပ်လျှက်ရှိပါသည်။

Credit : ရဝေမောင် မြောင်းမြသတင်းနဂါး

Myaungmya Daily / MZT