အမႈမွေမာ္ေတာ္ယာဥ္အား ျပည္သူတစ္ဦး၏သတင္းေပးခ်က္အရ အင္းစိန္ၿမိဳ႕နယ္တြင္ ျပန္လည္ေတြ႕ရွိၿပီး ေငြမ်ားႏွင့္ ျပစ္မႈက်ဴးလြန္သူမွာ လြတ္ေျမာက္ေနသျဖင့္ ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္ရြက္လ်က္ရွိ

အမႈမွေမာ္ေတာ္ယာဥ္အား ျပည္သူတစ္ဦး၏သတင္းေပးခ်က္အရ အင္းစိန္ၿမိဳ႕နယ္တြင္ ျပန္လည္ေတြ႕ရွိၿပီး ေငြမ်ားႏွင့္ ျပစ္မႈက်ဴးလြန္သူမွာ လြတ္ေျမာက္ေနသျဖင့္ ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္ရြက္လ်က္ရွိ

ရန္ကုန္၊ ေအာက္တိုဘာ ၂၄

ဘုရင့္ေနာင္နယ္ေျမ ရဲစခန္း(ပ)၁၁၂၉/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၁ ျဖင့္ အမႈဖြင့္ကာ အေရးယူေဆာင္ရြက္ လ်က္ရွိသည့္အမႈမွ ျပစ္မႈက်ဴးလြန္သူ ေက်ာ္ဇင္ဦး ခိုးယူေမာင္းႏွင္သြားေသာ 5D-5693 Toyota Wish (ပိုင္) အျဖဴေရာင္ယာဥ္အား အင္းစိန္ၿမိဳ႕နယ္၊ ေရႊျပည္သာတံတားအဆင္းႏွင့္ (၁၄)လမ္းဆံုအၾကားရွိ ျမဧရာ တိုက္တန္းေရွ႕တြင္ ရပ္တန္႔ထားေၾကာင္း ျပည္သူတစ္ဦး၏ သတင္းေပးခ်က္အရ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕မွဴးရံုး၊ မႈခင္းအကူဌာနစုမွတပ္ဖဲြ႕၀င္မ်ားက အဆိုပါေနရာသို႔ သြားေရာက္၍ အတည္ျပဳခဲ့ရာ အခင္းျဖစ္စဥ္မွပါဆံုးသြားေသာ ေမာ္ေတာ္ယာဥ္ျဖစ္ေၾကာင္းႏွင့္ ေမာ္ေတာ္ယာဥ္မွာ တံခါးမ်ားအား Lock ခ် ပိတ္ထားၿပီး ယာဥ္အတြင္း၌ ဆာလာအိတ္ခြံမ်ားသာေတြ႕ရွိရေၾကာင္း သိရသည္။

အမႈမွ ေငြမ်ားယူေဆာင္ၿပီး ထြက္ေျပးလြတ္ေျမာက္ေနသူ ေက်ာ္ဇင္ဦးအား ဖမ္းဆီးရမိေရးအတြက္ ရန္ကုန္ တိုင္းေဒသႀကီးရဲတပ္ဖဲြ႕မွတပ္ဖဲြ႕၀င္မ်ား ပူးေပါင္း၍ ပိတ္ဆို႔ရွာေဖြလ်က္ရွိသည့္အျပင္ ဧရာ၀တီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မႏၱေလးတိုင္းေဒသႀကီး၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ ရဲတပ္ဖဲြ႕မ်ား သို႔လည္း ကူညီစံုစမ္းဖမ္းဆီးေပးႏိုင္ရန္ ျပစ္မႈက်ဴးလြန္သူ၏ မွတ္တမ္းဓာတ္ပံုမ်ားအား ေပးပို႔ထားရွိေၾကာင္းႏွင့္ ျပစ္မႈက်ဴးလြန္သူ ေက်ာ္ဇင္ဦးမွာ ကုမၸဏီတြင္ လြန္ခဲ့ေသာ(၄)လခန္႔က ယာဥ္ေမာင္းအျဖစ္ ခန္႔အပ္ထားသူျဖစ္ေၾကာင္း သတင္းရရွိသည္။

Source : Yangon Police

(Unicode Version)

အမှုမှမော်တော်ယာဉ်အား ပြည်သူတစ်ဦး၏သတင်းပေးချက်အရ အင်းစိန်မြို့နယ်တွင် ပြန်လည်တွေ့ရှိပြီး ငွေများနှင့် ပြစ်မှုကျူးလွန်သူမှာ လွတ်မြောက်နေသဖြင့် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၄

ဘုရင့်နောင်နယ်မြေ ရဲစခန်း(ပ)၁၁၂၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက် လျက်ရှိသည့်အမှုမှ ပြစ်မှုကျူးလွန်သူ ကျော်ဇင်ဦး ခိုးယူမောင်းနှင်သွားသော 5D-5693 Toyota Wish (ပိုင်) အဖြူရောင်ယာဉ်အား အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားအဆင်းနှင့် (၁၄)လမ်းဆုံအကြားရှိ မြဧရာ တိုက်တန်းရှေ့တွင် ရပ်တန့်ထားကြောင်း ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက်၍ အတည်ပြုခဲ့ရာ အခင်းဖြစ်စဉ်မှပါဆုံးသွားသော မော်တော်ယာဉ်ဖြစ်ကြောင်းနှင့် မော်တော်ယာဉ်မှာ တံခါးများအား Lock ချ ပိတ်ထားပြီး ယာဉ်အတွင်း၌ ဆာလာအိတ်ခွံများသာတွေ့ရှိရကြောင်း သိရသည်။

အမှုမှ ငွေများယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်နေသူ ကျော်ဇင်ဦးအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပိတ်ဆို့ရှာဖွေလျက်ရှိသည့်အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့များ သို့လည်း ကူညီစုံစမ်းဖမ်းဆီးပေးနိုင်ရန် ပြစ်မှုကျူးလွန်သူ၏ မှတ်တမ်းဓာတ်ပုံများအား ပေးပို့ထားရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူ ကျော်ဇင်ဦးမှာ ကုမ္ပဏီတွင် လွန်ခဲ့သော(၄)လခန့်က ယာဉ်မောင်းအဖြစ် ခန့်အပ်ထားသူဖြစ်ကြောင်း သတင်းရရှိသည်။

Source : Yangon Police