နာမည္ႀကီးခ်င္လို႔ ထလုပ္တာ မဟုတ္ရပါဘူး ဆိုတဲ့ ဒဂုံတကၠသိုလ္ေက်ာင္းသူေလး မျဖဴျဖဴေထြး

Facebook ေပၚမွာ ဟာသအကဗီဒီယိုေတြတင္ၿပီ လူသိမ်ားလာတဲ့ ဒဂုံတကၠသိုလ္ေက်ာင္းသူေလး မျဖဴျဖဴေထြးက တီးလုံးသံၾကားရင္ကို ကခ်င္တဲ့ပိုးက ထိန္းမရတာေၾကာင့္ အခုလိုဟာသကကြက္ဆန္းေလးေတြကို ထြင္ၿပီး ကျဖစ္တာျဖစ္ျဖစ္လို႔ အမ်ားက ေဝဖန္သလို နာမည္ႀကီးခ်င္လို႔ ျဖတ္လမ္းလိုက္တာ မဟုတ္ေၾကာင္း ေျပာျပခဲ့ပါတယ္။

နယ္မွာ ဆိတ္ေတြ ႏြားေတြေက်ာင္းခဲ့ရတဲ့ ဘဝကလာတာမို႔ သူမရဲ့ ၿငိမ္ၿငိမ္မေနတတ္တဲ့ စရိုက္သဘာက ရန္ကုန္ေရာက္တဲ့ထိ အနည္းငယ္ပါလာတယ္လို႔ဆိုပါတယ္။

“နယ္မွာတုန္းကဆို မိုးလင္းတာနဲ႔ စားစရာေသာက္စရာေတြ အိတ္တစ္လုံးထဲထည့္ၿပီး ေလၽွာက္သြားတယ္၊ အပင္ေတြေပၚတက္ၿပီး ေဆာ့တယ္၊ ေလညႇင္းခံတယ္၊ ရန္ကုန္ေရာက္လာေတာ့ အဲ့ဒီစရိုက္သဘာဝက နညး္တည္းပါလာတာေပါ့”

သူမကို ဒဂုံတကၠသိုလ္ဆရာကန္ေတာ့ပြဲမွာ အကနဲ႔ေဖ်ာ္ေျဖရာကေန အဆိုပါဗီဒီယို အြန္လိုင္းေပၚ ပ်ံ႕ႏွံ့ခဲ့ၿပီး လူသိမ်ားေက်ာ္ၾကားလာခဲ့ပါတယ္။ အဲဒီေနာက္ သူမရဲ့ လူမွုကြန္ယက္ကေန အကဗီဒီယိုေတြကို တင္ေပးလာတာေၾကာင့္ အားေပးၾကသူေတြရွသလို ေဝဖန္ခံရမွုေတြလဲ ၾကဳံခဲ့ပါတယ္။

ေဝဖန္ခံရမွုေတြေၾကာင့္ စိတ္ထိခိုက္မိတိုင္း မိခင္ကိုဖုန္းဆက္ကာ ငိုယိုၿပီးရင္ဖြင့္ခဲ့ပါတယ္။ မိခင္ျဖစ္သူရဲ့ အားေပးစကားသံေတြနဲ႔အတူ ေနာက္ပိုင္းမွာ မိမိဝါသနာပါရာယုံၾကည္ရာကိုပဲ ဆက္တိုက္လုပ္ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

အခုဆိုရင္ မျဖဴျဖဴေထြ က ေၾကာ္ျငာမ်ားလက္ခံရိုက္ကူးေနၿပီျဖစ္သလို “စပ္စလူးစိန္” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလဲ သူမရဲ့ ပင္ကိုယ္ဇာတ္႐ုပ္အတိုင္း ပါဝင္သ႐ုပ္ေဆာင္ဖို႔ စီစဥ္ထားၿပီးျဖစ္ေနပါၿပီ။

နာမည္ႀကီးခ်င္လို႔ မဟုတ္ပဲ ေမြးရပါဝါသနာကို လုပ္ကိုင္ရင္း လူသိမ်ားသြားတာရတာျဖစ္တယ္လို႔ သူမက ေျပာၾကားခဲ့ပါတယ္။

Source : Popolay

(Unicode Version)

နာမည်ကြီးချင်လို့ ထလုပ်တာ မဟုတ်ရပါဘူး ဆိုတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသူလေး မဖြူဖြူထွေး

Facebook ပေါ်မှာ ဟာသအကဗီဒီယိုတွေတင်ပြီ လူသိများလာတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသူလေး မဖြူဖြူထွေးက တီးလုံးသံကြားရင်ကို ကချင်တဲ့ပိုးက ထိန်းမရတာကြောင့် အခုလိုဟာသကကွက်ဆန်းလေးတွေကို ထွင်ပြီး ကဖြစ်တာဖြစ်ဖြစ်လို့ အများက ဝေဖန်သလို နာမည်ကြီးချင်လို့ ဖြတ်လမ်းလိုက်တာ မဟုတ်ကြောင်း ပြောပြခဲ့ပါတယ်။

နယ်မှာ ဆိတ်တွေ နွားတွေကျောင်းခဲ့ရတဲ့ ဘဝကလာတာမို့ သူမရဲ့ ငြိမ်ငြိမ်မနေတတ်တဲ့ စရိုက်သဘာက ရန်ကုန်ရောက်တဲ့ထိ အနည်းငယ်ပါလာတယ်လို့ဆိုပါတယ်။

“နယ်မှာတုန်းကဆို မိုးလင်းတာနဲ့ စားစရာသောက်စရာတွေ အိတ်တစ်လုံးထဲထည့်ပြီး လျှောက်သွားတယ်၊ အပင်တွေပေါ်တက်ပြီး ဆော့တယ်၊ လေညှင်းခံတယ်၊ ရန်ကုန်ရောက်လာတော့ အဲ့ဒီစရိုက်သဘာဝက နညး်တည်းပါလာတာပေါ့”

သူမကို ဒဂုံတက္ကသိုလ်ဆရာကန်တော့ပွဲမှာ အကနဲ့ဖျော်ဖြေရာကနေ အဆိုပါဗီဒီယို အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး လူသိများကျော်ကြားလာခဲ့ပါတယ်။ အဲဒီနောက် သူမရဲ့ လူမှုကွန်ယက်ကနေ အကဗီဒီယိုတွေကို တင်ပေးလာတာကြောင့် အားပေးကြသူတွေရှသလို ဝေဖန်ခံရမှုတွေလဲ ကြုံခဲ့ပါတယ်။

ဝေဖန်ခံရမှုတွေကြောင့် စိတ်ထိခိုက်မိတိုင်း မိခင်ကိုဖုန်းဆက်ကာ ငိုယိုပြီးရင်ဖွင့်ခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့ အားပေးစကားသံတွေနဲ့အတူ နောက်ပိုင်းမှာ မိမိဝါသနာပါရာယုံကြည်ရာကိုပဲ ဆက်တိုက်လုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုဆိုရင် မဖြူဖြူထွေ က ကြော်ငြာများလက်ခံရိုက်ကူးနေပြီဖြစ်သလို “စပ်စလူးစိန်” ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ သူမရဲ့ ပင်ကိုယ်ဇာတ်ရုပ်အတိုင်း ပါဝင်သရုပ်ဆောင်ဖို့ စီစဉ်ထားပြီးဖြစ်နေပါပြီ။

နာမည်ကြီးချင်လို့ မဟုတ်ပဲ မွေးရပါဝါသနာကို လုပ်ကိုင်ရင်း လူသိများသွားတာရတာဖြစ်တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

Source : Popolay