အေရျပား ျပႆနာေတြကို ေျဖရွင္းေပးမယ့္ အစြမ္းထက္တဲ့ မာလကာရြက္

အေရျပားနဲ႔ဆိုင္တဲ့ျပႆနာေတြျဖစ္ရတာက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ႏိုင္ပါတယ္။ တစ္ကုိ္ယ္ရည္ သန္႔ရွင္းမွဳမရွိတာ၊ ပတ္၀န္းက်င္ညစ္ညမ္းတာ၊ လူပ်ိဳ အပ်ိဳေဖာ္၀င္စျပဳလာတဲ့အခါနဲ႔ တျခားအေၾကာင္းေလးေတြရွိႏိုင္ပါတယ္။ အေရျပားရဲ့ေမြးညွင္းေပါက္ေတြမွာ ဖုန္နဲ႔အဆီေတြစုုလာတဲ့အခါမွာ ဆား၀က္ျခံေတြျဖစ္လာပါတယ္။ ၀ပ္ေနတဲ့အဆီေတြက အေရျပားမွာေယာင္ယမ္းတာေတြျဖစ္လာျပီးေတာ့ ၀က္ျခံဖုေတြထြက္လာကာအေရျပားကိုပ်က္စီးသြားေစတာပါ။

အလွကုန္ေတြက ေငြကုန္ေၾကးက်မ်ားသလို အခ်ိဳ႔ပစၥည္းေတြဆိုရင္လည္း ကိုယ္နဲ႔အလုပ္မျဖစ္ပါဘူး။ တကယ္ေတာ့ စာဖတ္သူေတြကို ၀က္ျခံ၊ ဆား၀က္ျခံ၊ အမည္းစက္ေတြနဲ႔ ပါးေရတြန္႔တာေတြကို ကုသဖို႔အတြက္ ေဆးနည္းေလးက လက္တကမ္းမွာရွိတယ္ဆိုတဲ့အေၾကာင္းကို မ်ွေ၀ေပးပါရေစ။ အလြယ္တကူရႏိုင္တဲ့ မာလကာရြက္ကို အသံုးျပဳျပီးေတာ့ အေရျပားနဲ႔ဆိုင္တဲ့ ျပႆနာေလးေတြကို အခုလိုေျဖရွင္းႏိုင္ပါတယ္။

၁. အမည္းစက္

အေရျပားမွာရွိတဲ့ အနာအဆာေတြနဲ႔ အမည္းစက္ေတြကို မာလကာရြက္သံုးျပီး လြယ္လြယ္ကူကူဖယ္ရွားလို႔ရပါတယ္။ မာလကာရြက္မွာ အေရျပားအေရာင္ကို ညီေစျပီး ဘက္တီးရီးယားေတြေပါက္ဖြားတာကို ဟန္႔တားႏိုင္တဲ့အစြမ္းသတိၱရွိပါတယ္။ အေရျပားအတြင္းေရာ အျပင္မွာပါေယာင္ယမ္းတာေတြကို သက္သာေစပါတယ္။

၂. ၀က္ျခံ

အေရျပားထဲမွာ ဘက္တီးရီးယားနဲ႔ အခ်ိဳ႔အဏုဇီ၀ရုပ္ေတြက ၀က္ျခံျဖစ္ေစႏိုင္ပါတယ္။ မာလကာရြက္မွာ အဆိုပါဘက္တီးရီးယားေတြကို ခုခံႏိုင္တဲ့ပစၥည္းပါတဲ့အတြက္ေၾကာင့္ ၀က္ျခံျဖစ္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြနဲ႔ ဇီ၀ရုပ္ေတြကိုထိထိေရာက္ေရာက္ေခ်ဖ်က္ေပးပါတယ္။

၃. နီျမန္းျပီး နာက်င္ေယာင္ယမ္းေသာအေရျပား

Allergy ျဖစ္ေစႏိုင္တဲ့ပစၥည္းေတြဖြဲ႔စည္းလာတာေၾကာင့္ အေရျပားမွာယားယံတာ၊ ေယာင္ယမ္းလာတာ၊ နီျမန္းလာတာေတြျဖစ္လာပါတယ္။ မာလကာရြက္က Allergy ျဖစ္ေစႏို္င္တဲ့ဓာတ္ေတြဖြဲ႔စည္းလာတာကို တားဆီးႏိုင္ျပီးေတာ့ အေရျပားကိုသက္သာရာရေစပါတယ္။

၄. ပါးရည္တြန္႔တာ

မာလကာသီးမွာ ေရာဂါအမ်ိဳးမ်ိဳးကိုျဖစ္ေစတဲ့Free radical ကိုတုိုက္ခိုက္ေပးတဲ့ ကင္ဆာဆန္႔က်င္ဓာတ္သတိၱေတြ ပါ၀င္ပါတယ္။ မာလကာရြက္ကေတာ့ အေရျပားကိုပိုမိုေကာင္းမြန္ေစျပီး ပါးေရနားေရတြန္႔တာေတြကို ကာကြယ္ေပးပါတယ္။

၅. အသံုးျပဳပံု

ခြက္တခုမွာ မာလကာရြက္ေတြထည့္၊ ျပီးရင္ေရနည္းနည္းထည့္ ၾကိတ္ေခ်ျပီး အႏွစ္ရတဲ့အထိျပဳလုပ္ပါ။ ျပီးေတာ့ အေရျပားျပႆနာျဖစ္ေနတဲ့ေနရာေတြမွာ အႏွစ္ကိုသုတ္လိမ္းေပးပါ။ မာလကာရြက္အႏွစ္က အေရျပားယားယံတာနဲ႔ နီျမန္းတာေတြကိုသက္သာေစပါတယ္။

တစ္ဖန္မာလကာရြက္ေတြကိုေခ်၊ ေရထည့္ျပီးဆူေအာင္တည္ပါ။ ေရကအညိဳေရာင္ေျပာင္းျပီး ပ်စ္လာျပီဆိုရင္ မီးဖိုကခ်လိုက္ျပီး အေအးခံပါ။ ၀ါဂြမ္းလံုးေလးယူျပီး အေအးခံထားတဲ့ အရည္ထဲႏွစ္ကာ အေရျပားျပႆနာရွိေနတဲ့ေနရာေလးေတြကို သုတ္လိမ္းေပးႏိုင္ပါတယ္။

Credit : လင္းလင္း

(Unicode Version)

အရေပြား ပြဿနာတွေကို ဖြေရှင်းပေးမယ့် အစွမ်းထက်တဲ့ မာလကာရွက်

အရေပြားနဲ့ဆိုင်တဲ့ပြဿနာတွေဖြစ်ရတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ တစ်ကို်ယ်ရည် သန့်ရှင်းမှုမရှိတာ၊ ပတ်ဝန်းကျင်ညစ်ညမ်းတာ၊ လူပျို အပျိုဖော်ဝင်စပြုလာတဲ့အခါနဲ့ တခြားအကြောင်းလေးတွေရှိနိုင်ပါတယ်။ အရေပြားရဲ့မွေးညှင်းပေါက်တွေမှာ ဖုန်နဲ့အဆီတွေစုုလာတဲ့အခါမှာ ဆားဝက်ခြံတွေဖြစ်လာပါတယ်။ ၀ပ်နေတဲ့အဆီတွေက အရေပြားမှာယောင်ယမ်းတာတွေဖြစ်လာပြီးတော့ ၀က်ခြံဖုတွေထွက်လာကာအရေပြားကိုပျက်စီးသွားစေတာပါ။

အလှကုန်တွေက ငွေကုန်ကြေးကျများသလို အချို့ပစ္စည်းတွေဆိုရင်လည်း ကိုယ်နဲ့အလုပ်မဖြစ်ပါဘူး။ တကယ်တော့ စာဖတ်သူတွေကို ၀က်ခြံ၊ ဆားဝက်ခြံ၊ အမည်းစက်တွေနဲ့ ပါးရေတွန့်တာတွေကို ကုသဖို့အတွက် ဆေးနည်းလေးက လက်တကမ်းမှာရှိတယ်ဆိုတဲ့အကြောင်းကို မျှဝေပေးပါရစေ။ အလွယ်တကူရနိုင်တဲ့ မာလကာရွက်ကို အသုံးပြုပြီးတော့ အရေပြားနဲ့ဆိုင်တဲ့ ပြဿနာလေးတွေကို အခုလိုဖြေရှင်းနိုင်ပါတယ်။

၁. အမည်းစက်

အရေပြားမှာရှိတဲ့ အနာအဆာတွေနဲ့ အမည်းစက်တွေကို မာလကာရွက်သုံးပြီး လွယ်လွယ်ကူကူဖယ်ရှားလို့ရပါတယ်။ မာလကာရွက်မှာ အရေပြားအရောင်ကို ညီစေပြီး ဘက်တီးရီးယားတွေပေါက်ဖွားတာကို ဟန့်တားနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ အရေပြားအတွင်းရော အပြင်မှာပါယောင်ယမ်းတာတွေကို သက်သာစေပါတယ်။

၂. ၀က်ခြံ

အရေပြားထဲမှာ ဘက်တီးရီးယားနဲ့ အချို့အဏုဇီဝရုပ်တွေက ၀က်ခြံဖြစ်စေနိုင်ပါတယ်။ မာလကာရွက်မှာ အဆိုပါဘက်တီးရီးယားတွေကို ခုခံနိုင်တဲ့ပစ္စည်းပါတဲ့အတွက်ကြောင့် ၀က်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဇီဝရုပ်တွေကိုထိထိရောက်ရောက်ချေဖျက်ပေးပါတယ်။

၃. နီမြန်းပြီး နာကျင်ယောင်ယမ်းသောအရေပြား

Allergy ဖြစ်စေနိုင်တဲ့ပစ္စည်းတွေဖွဲ့စည်းလာတာကြောင့် အရေပြားမှာယားယံတာ၊ ယောင်ယမ်းလာတာ၊ နီမြန်းလာတာတွေဖြစ်လာပါတယ်။ မာလကာရွက်က Allergy ဖြစ်စေနို်င်တဲ့ဓာတ်တွေဖွဲ့စည်းလာတာကို တားဆီးနိုင်ပြီးတော့ အရေပြားကိုသက်သာရာရစေပါတယ်။

၄. ပါးရည်တွန့်တာ

မာလကာသီးမှာ ရောဂါအမျိုးမျိုးကိုဖြစ်စေတဲ့Free radical ကိုတိုုက်ခိုက်ပေးတဲ့ ကင်ဆာဆန့်ကျင်ဓာတ်သတ္တိတွေ ပါ၀င်ပါတယ်။ မာလကာရွက်ကတော့ အရေပြားကိုပိုမိုကောင်းမွန်စေပြီး ပါးရေနားရေတွန့်တာတွေကို ကာကွယ်ပေးပါတယ်။

၅. အသုံးပြုပုံ

ခွက်တခုမှာ မာလကာရွက်တွေထည့်၊ ပြီးရင်ရေနည်းနည်းထည့် ကြိတ်ချေပြီး အနှစ်ရတဲ့အထိပြုလုပ်ပါ။ ပြီးတော့ အရေပြားပြဿနာဖြစ်နေတဲ့နေရာတွေမှာ အနှစ်ကိုသုတ်လိမ်းပေးပါ။ မာလကာရွက်အနှစ်က အရေပြားယားယံတာနဲ့ နီမြန်းတာတွေကိုသက်သာစေပါတယ်။

တစ်ဖန်မာလကာရွက်တွေကိုချေ၊ ရေထည့်ပြီးဆူအောင်တည်ပါ။ ရေကအညိုရောင်ပြောင်းပြီး ပျစ်လာပြီဆိုရင် မီးဖိုကချလိုက်ပြီး အအေးခံပါ။ ၀ါဂွမ်းလုံးလေးယူပြီး အအေးခံထားတဲ့ အရည်ထဲနှစ်ကာ အရေပြားပြဿနာရှိနေတဲ့နေရာလေးတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။

Credit : လင်းလင်း