ထီထိုးၿပီး ထီတစ္ခါမွ မေပါက္ဖူးတဲ့သူမ်ား အတြက္ ထီေပါက္ေစေသာ နည္းလမ္း

ထီထိုးၿပီး ထီတစ္ခါမွ မေပါက္ဖူးတဲ့သူမ်ား အတြက္ ထီေပါက္ေစေသာ နည္းလမ္းမို႔ ရွဲယူထားလိုက္ပါ

ထီေပါက္ေစႏိုင္ေသာ နည္းလမ္းမ်ား ~~(၁၄)

** ဗုဒၶဂုဏ္ေတာ္စိတ္ဝယ္ထံု

“ဗုေဒၶါ” ဂုဏ္ပြား ေကာင္းက်ိဳးမ်ား **

(၁) သင့္တင့္ေလ်ာက္ပတ္ေသာ ေရအိုးတစ္လံုးအား (မိမိေနအိမ္ ဘုရားေက်ာင္းေဆာင္တြင္ထားရွိရန္သင့္ေတာ္မည့္အရြယ္) ေရအျပည့္ျဖည့္ကာ….

(က) အဂၤါေန႔ နံနက္/ည ၆-နရီ ၁၀-မိနစ္ မွ၇-နာရီ ၂၀-မိနစ္ အတြင္းျဖစ္ေစ

(ခ) စေနေန႔ နံနက္/ည ၉-နရီ ၁၀-မိနစ္ မွ ၁၀-နာရီ ၂၀-မိနစ္ အတြင္း

တို႔အနက္ သင့္တင့္ရာ အခ်ိန္၌ မိမိတို႔ေနထိုင္ရာ အိမ္ေဂဟာ၏ ျမတ္စြာဘုရားေက်ာင္းေတာ္ႀကီးမွာ….

ျမတ္စြာဘုရား ရဟႏၲာပုဂၢိဳလ္အေပါင္းတို႔အား ရည္စူး၍ ” ေရအိုး ” ဟု အမည္ေပးလႉပါ။

” ေရစင္ ” ဟုဆိုလ်က္ ျပန္စြန္႔ ေသာက္သံုးေပးပါ။

၇-ရက္ တစ္ခါျဖစ္ေစ….ေရကုန္လွ်င္ျဖစ္ ျပန္လႉေပးပါ။

( “ထီ” ဓာတ္ဖြင့္ေသာ အစီအရင္ျဖစ္ပါ၏။)

မိသားစုဝင္မ်ား ဓမၼမိတ္ေဆြမ်ားကိုလည္း အထက္ပါ

” ေရအိုး” မွ “ေရစင္” ေသာက္သံုးခြင့္ျပဳပါဟု ခြင့္ေတာင္းလွ်က္ ေသာက္သံုးႏိုင္ပါသည္။

(၂) ၁၀၈-လံုး (ပိေတာက္သား) ပုတီးႏွင့္ ဘုရားဂုဏ္ေတာ္ (၉)ပါးအနက္

ၾကာသပေတးေန႔ နံနက္(၅)နာရီ (က်ီးမႏိုးမီ)

ဗုေဒၶါ ဂုဏ္ေတာ္….ပုတီး(၁)လံုးခ်….(၁၉)ပတ္

မပ်က္မကြက္ ဆက္တိုက္ (၂၉)ရက္ အဓိ႒ာန္ဝင္ ပုတီးစိပ္ ပူေဇာ္ရပါမည္။

*(၁၀၈-လံုး ပိေတာက္သားပုတီးကံုးျဖစ္ရမည္)

(၃) ထီေပါက္ေစႏိုင္ေသာ ပါဠိေတာ္အား စြမ္းႏိုင္သမွ် ရြတ္ဖတ္ပူေဇာ္ သရဇၩာယ္ေပးပါ။

ထီေပါက္ေစႏိုင္ေသာ ပါဠိေတာ္

ဧတဒဂၢံ ဘိကၡေဝ မမသာဝကာနံ ဘိကၡဴနံ ၊

ပထမံ သလာကံ ဂဏွႏၲာနံ ယဒိတံ ကု႑ဓာေနာ ၊

ဧေတနသစၥဝေဇၨန တထာ ေမ ေဟာတု သဗၺဒါ ။

အနက္:

ရဟန္းတို႔ ….ငါဘုရား၏ တပည့္သာဝကာျဖစ္ကုန္ေသာ ပထမတန္း စာေရးတံကို ယူကုန္ေသာ(ေပါက္ကုန္ေသာ) ရဟန္းတို႔တြင္ အၾကင္ ကု႑ဓာန ရဟန္းသည္ရွိ၏။ ထိုရဟန္းေတာ္ျမတ္သည္ ငါဘုရား၏ တပည့္သားသာဝက ျဖစ္ကုန္ေသာ ၊ ပထမတန္းစာေရးတံကို ယူကုန္ေသာ ရဟန္းတို႔ထက္ အျမတ္ဆံုးရဟန္းတည္း။ ဤသစၥာစကားေၾကာင့္ ထို႔အတူ ငါ့အား အခါခပ္သိမ္း ျဖစ္ပါေစသတည္း။

(အနက္ကို အာရံုျပဳထားရန္သာျဖစ္သည္။)

*(ဤက်င့္စဥ္ကိုမွ်ေဝခဲ့သူသည္ ထီကံထူးခဲ့သည့္အျပင္အေမရိကန္ ဒီဗြီကံစမ္းမဲေပါက္ကာ ယခုအေမရိကန္ျပည္ေထာင္စုတြင္အေျခခ်ေနထိုင္လွ်က္ရွိေနပါသည္။)

(ေအာင္ျမင္စိုး)

(လူမႈထူးခၽြန္ဂုဏ္ထူးေဆာင္)

မဂၢဇင္းေဆာင္းပါး

{အားလံုးကိုယ္စိတ္ႏွစ္ျဖာရႊင္လန္းခ်မ္းေျမ႕ၾကပါေစ}

(ထီကံထူး၍ ဆုႀကီးမ်ားဆြတ္ခူးႏိုင္ၾကပါေစ)

(Unicode Version)

ထီထိုးပြီး ထီတစ်ခါမှ မပေါက်ဖူးတဲ့သူများ အတွက် ထီပေါက်စေသော နည်းလမ်းမို့ ရှဲယူထားလိုက်ပါ

ထီပေါက်စေနိုင်သော နည်းလမ်းများ ~~(၁၄)

** ဗုဒ္ဓဂုဏ်တော်စိတ်ဝယ်ထုံ

“ဗုဒ္ဓေါ” ဂုဏ်ပွား ကောင်းကျိုးများ **

(၁) သင့်တင့်လျောက်ပတ်သော ရေအိုးတစ်လုံးအား (မိမိနေအိမ် ဘုရားကျောင်းဆောင်တွင်ထားရှိရန်သင့်တော်မည့်အရွယ်) ရေအပြည့်ဖြည့်ကာ….

(က) အင်္ဂါနေ့ နံနက်/ည ၆-နရီ ၁၀-မိနစ် မှရ-နာရီ ၂၀-မိနစ် အတွင်းဖြစ်စေ

(ခ) စနေနေ့ နံနက်/ည ၉-နရီ ၁၀-မိနစ် မှ ၁၀-နာရီ ၂၀-မိနစ် အတွင်း

တို့အနက် သင့်တင့်ရာ အချိန်၌ မိမိတို့နေထိုင်ရာ အိမ်ဂေဟာ၏ မြတ်စွာဘုရားကျောင်းတော်ကြီးမှာ….

မြတ်စွာဘုရား ရဟန္တာပုဂ္ဂိုလ်အပေါင်းတို့အား ရည်စူး၍ ” ရေအိုး ” ဟု အမည်ပေးလှူပါ။

” ရေစင် ” ဟုဆိုလျက် ပြန်စွန့် သောက်သုံးပေးပါ။

၇-ရက် တစ်ခါဖြစ်စေ….ရေကုန်လျှင်ဖြစ် ပြန်လှူပေးပါ။

( “ထီ” ဓာတ်ဖွင့်သော အစီအရင်ဖြစ်ပါ၏။)

မိသားစုဝင်များ ဓမ္မမိတ်ဆွေများကိုလည်း အထက်ပါ

” ရေအိုး” မှ “ရေစင်” သောက်သုံးခွင့်ပြုပါဟု ခွင့်တောင်းလျှက် သောက်သုံးနိုင်ပါသည်။

(၂) ၁၀၈-လုံး (ပိတောက်သား) ပုတီးနှင့် ဘုရားဂုဏ်တော် (၉)ပါးအနက်

ကြာသပတေးနေ့ နံနက်(၅)နာရီ (ကျီးမနိုးမီ)

ဗုဒ္ဓေါ ဂုဏ်တော်….ပုတီး(၁)လုံးချ….(၁၉)ပတ်

မပျက်မကွက် ဆက်တိုက် (၂၉)ရက် အဓိဋ္ဌာန်ဝင် ပုတီးစိပ် ပူဇော်ရပါမည်။

*(၁၀၈-လုံး ပိတောက်သားပုတီးကုံးဖြစ်ရမည်)

(၃) ထီပေါက်စေနိုင်သော ပါဠိတော်အား စွမ်းနိုင်သမျှ ရွတ်ဖတ်ပူဇော် သရဇ္ဈာယ်ပေးပါ။

ထီပေါက်စေနိုင်သော ပါဠိတော်

ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကာနံ ဘိက္ခူနံ ၊

ပထမံ သလာကံ ဂဏှန္တာနံ ယဒိတံ ကုဏ္ဍဓာနော ၊

ဧတေနသစ္စဝဇ္ဇေန တထာ မေ ဟောတု သဗ္ဗဒါ ။

အနက်:

ရဟန်းတို့ ….ငါဘုရား၏ တပည့်သာဝကာဖြစ်ကုန်သော ပထမတန်း စာရေးတံကို ယူကုန်သော(ပေါက်ကုန်သော) ရဟန်းတို့တွင် အကြင် ကုဏ္ဍဓာန ရဟန်းသည်ရှိ၏။ ထိုရဟန်းတော်မြတ်သည် ငါဘုရား၏ တပည့်သားသာဝက ဖြစ်ကုန်သော ၊ ပထမတန်းစာရေးတံကို ယူကုန်သော ရဟန်းတို့ထက် အမြတ်ဆုံးရဟန်းတည်း။ ဤသစ္စာစကားကြောင့် ထို့အတူ ငါ့အား အခါခပ်သိမ်း ဖြစ်ပါစေသတည်း။

(အနက်ကို အာရုံပြုထားရန်သာဖြစ်သည်။)

*(ဤကျင့်စဉ်ကိုမျှဝေခဲ့သူသည် ထီကံထူးခဲ့သည့်အပြင်အမေရိကန် ဒီဗွီကံစမ်းမဲပေါက်ကာ ယခုအမေရိကန်ပြည်ထောင်စုတွင်အခြေချနေထိုင်လျှက်ရှိနေပါသည်။)

(အောင်မြင်စိုး)

(လူမှုထူးချွန်ဂုဏ်ထူးဆောင်)

မဂ္ဂဇင်းဆောင်းပါး

{အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ}

(ထီကံထူး၍ ဆုကြီးများဆွတ်ခူးနိုင်ကြပါစေ)

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္