ထိုင္းတြင္ ဂူသြင္း သၿဂဳႋဟ္ထားေသာ ျမန္မာအမ်ိဳးသမီး ႐ုပ္အေလာင္းကို ျပန္ေဖာ္၍ စစ္ေဆးမည္

ထိုင္းနိုင္ငံ လပ္ဘူရီၿမိဳ႕တြင္ ေသနတ္ဒဏ္ရာႏွင့္ ေသဆုံးခဲ့ၿပီး ဂူသြင္းသၿဂဳႋဟ္ထားေသာ ျမန္မာအမ်ိဳးသမီး ႐ုပ္အေလာင္း ကို ထိုင္း အထူးရဲတပ္ဖြဲ႕က တူးေဖာ္၍ ျပန္လည္ စစ္ေဆးမည္ျဖစ္ေၾကာင္း အမႈမွန္ေပၚေပါက္ေရး လိုက္ပါ ေဆာင္႐ြက္ေန သည့္ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားမ်ား ကူညီေစာင့္ေရွာက္ေရး အဖြဲ႕ (AAC) က ေျပာသည္။

လပ္ဘူရီၿမိဳ႕နယ္ ဘန္ပုံနယ္ေျမရွိ ထိုင္းလူမ်ိဳးတဦး၏ ေနအိမ္တြင္ အိမ္အကူအလုပ္ေနသည့္ အသက္ ၁၇ ႏွစ္အ႐ြယ္ ကရင္ တိုင္းရင္းသူ မညိုညိုေအး သည္ ယခုႏွစ္ ၾသဂုတ္လ ၆ ရက္ေန႕က ဦးေခါင္းတြင္ ေသနတ္ဒဏ္ရာႏွင့္ ေသဆုံးခဲ့ၿပီး ဂူသြင္း သၿဂဳႋဟ္ ခဲ့ေၾကာင္း သိရသည္။

မညိုညိုေအး ေသဆုံးမႈႏွင့္ ပတ္သက္၍ မိသားစုမ်ားက ေက်နပ္မႈမရွိ၍ တိုင္တန္းရာမႈေၾကာင့္ ထိုင္းနိုင္ငံဆိုင္ရာ ျမန္မာ သံ႐ုံး ႏွင့္ AAC အဖြဲ႕တို႔မွ လိုက္ပါ ေဆာင္႐ြက္ေပးရာမွ တဆင့္ ထိုင္းအထူးရဲတပ္ဖြဲ႕ အုတ္ဂူဖြင့္၍ ႐ုပ္အေလာင္းအား ျပန္လည္ စစ္ေဆးရန္ ေဆာင္႐ြက္လာျခင္း ျဖစ္သည္ဟု ဆိုသည္။

AAC အဖြဲ႕၏ အေထြေထြတာဝန္ခံႏွင့္ သတင္းျပန္ၾကားေရး ဦးရဲမင္း က “ေသနတ္ဒဏ္ရာနဲ႕ ေသတာကို အလုပ္ရွင္နဲ႕ ထိုင္း ရဲေတြက ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္တယ္ ဆိုၿပီးေတာ့ လုပ္ထားတယ္။ အဲဒီအမႈကို မေက်နပ္လို႔ ျမန္မာသံ႐ုံးနဲ႕ က်ေနာ္တို႔နဲ႕ ထိုင္း အထူးရဲတပ္ဖြဲ႕တခုနဲ႕ ပူးေပါင္းၿပီးေတာ့ က်ေနာ္တို႔ ႀကိဳးစားေနတာ” ဟု ဧရာဝတီသို႔ ေျပာသည္။

မညိုညိုေအး၏ ႐ုပ္အေလာင္းကို ဥပေဒအရ တူးေဖာ္ ျပန္လည္စစ္ေဆးရန္ အတြက္ ခြင့္ျပဳခ်က္ရရွိထားၿပီးျဖစ္၍ ထိုင္းအထူး ရဲတပ္ဖြဲ႕ ႏွင့္ အတူ ျမန္မာသံ႐ုံး အလုပ္သမား သံအရာရွိမ်ား၊ AAC တာဝန္ရွိသူမ်ားက အုတ္ဂူကို နိုဝင္ဘာ ၁ ရက္ေန႕က သြားေရာက္ စစ္ေဆးခဲ့ၿပီး ယခုရက္ပိုင္း အတြင္း ဂူဖြင့္၍ ႐ုပ္အေလာင္းအား စစ္ေဆးမႈမ်ား ဆက္လက္ ျပဳလုပ္ ေတာ့မည္ ျဖစ္သည္ဟု သိရသည္။

မညိုညိုေအး ေသဆုံးမႈသည္ ကိုယ့္ကိုယ္ကိုယ္ လုပ္ႀကံေသဆုံးေၾကာင္း ရဲက ထြက္ဆိုထားေသာ္လည္း ညာဘက္ နားရင္း မွ ပစ္သြင္းခံရေသာ ေသနတ္ဒဏ္ရာႏွင့္ က်ည္ဆန္ခြံ ၂ ခုအပါအဝင္ သံသယျဖစ္စရာ အေျခအေနမ်ား ရွိေနျခင္းေၾကာင့္ ထိုအမႈႏွင့္ပတ္သက္၍ တရားမွ်တမႈရရွိေရး အတြက္ မညိုညိုေအး၏ အစ္မ ျဖစ္သူက ဘန္ပုံနယ္ေျမ ရဲစခန္းတြင္ အမႈဖြင့္ ထားသည္ဟု ဆိုသည္။

ဦးရဲမင္း က “ေသနတ္ဒဏ္ရာက ညာဘက္ကေန ေဖာက္ထြက္သြားတယ္။ ေကာင္မေလးက ဘယ္သန္၊ ေသနတ္ ဒဏ္ရာ က ညာသန္ပစ္သလို ျဖစ္ေနတယ္။ ေနာက္ၿပီး ေသနတ္ဒဏ္ရာ တခ်က္တည္း ေပမယ့္ က်ည္ခြံက ၂ ခုေတြ႕ေနရတယ္။ ေနာက္ အေလာင္းကိုလည္း ဘယ္မွမတင္ဘဲနဲ႕ ထိုင္း-ျမန္မာ နယ္စပ္က အမ်ိဳးေတြရွိတဲ့ ကရင္႐ြာကို သြားပို႔တယ္” ဟု ေျပာ သည္။

အမႈႏွင့္ပတ္သက္၍ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာ သံ႐ုံးမွ အလုပ္သမား သံအရာရွိတခ်ိဳ႕ထံ ဧရာဝတီ က ဆက္သြယ္ခဲ့ေသာ္ လည္း မရခဲ့ပါ။

မညိုညိုေအးသည္ ပုေလာအေလာက္ၿမိဳ႕နယ္ ဇာတိျဖစ္ၿပီး ထိုင္းအလုပ္ရွင္အိမ္တြင္ အစ္မျဖစ္သူႏွင့္အတူ အိမ္အကူ အလုပ္ ကို လုပ္ကိုင္ေနသည္မွာ ၃ ႏွစ္ ဝန္းက်င္ရွိၿပီ ျဖစ္ေၾကာင္း၊ ၎ေသဆုံးခ်ိန္တြင္ အစ္မ ျဖစ္သူသည္ တျခားေနရာသို႔ ေရာက္ ရွိ ေနေၾကာင္း၊ အိမ္ပိုင္ရွင္က မညိုညိုေအးႏွင့္အတူ အလုပ္လုပ္ခဲ့သည့္ ျမန္မာ မိန္းကေလး တဦးထံ ဆက္သြယ္၍ အဆုံး စီရင္ ၍ ေသသြားေၾကာင္း အေၾကာင္းၾကားခဲ့ျခင္း ျဖစ္သည္။

မညိုညိုေအး ေသဆုံးမႈႏွင့္ပတ္သက္ၿပီး ထိုင္း သတင္းမီဒီယာမ်ားကလည္း တစိုက္မတ္မတ္ ေမးခြန္းထုတ္လ်က္ရွိၿပီး ႐ုပ္ အေလာင္း စေတြ႕စဥ္ကတည္းက အဓမၼျပဳက်င့္ထားမႈ ရွိမရွိအပါအဝင္ အမႈအား စနစ္တက် စစ္ေဆးမႈ မရွိဟု ဆိုကာ ထိုင္း ရဲတပ္ဖြဲ႕အေပၚ ေဝဖန္မႈမ်ား ရွိေနသည္။

ေက်ာ္ခ Senior Reporter

Source : The Irrawaddy

(Unicode Version)

ထိုင်းတွင် ဂူသွင်း သဂြုႋဟ်ထားသော မြန်မာအမျိုးသမီး ရုပ်အလောင်းကို ပြန်ဖော်၍ စစ်ဆေးမည်

ထိုင်းနိုင်ငံ လပ်ဘူရီမြို့တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးခဲ့ပြီး ဂူသွင်းသဂြုႋဟ်ထားသော မြန်မာအမျိုးသမီး ရုပ်အလောင်း ကို ထိုင်း အထူးရဲတပ်ဖွဲ့က တူးဖော်၍ ပြန်လည် စစ်ဆေးမည်ဖြစ်ကြောင်း အမှုမှန်ပေါ်ပေါက်ရေး လိုက်ပါ ဆောင်ရွက်နေ သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAC) က ပြောသည်။

လပ်ဘူရီမြို့နယ် ဘန်ပုံနယ်မြေရှိ ထိုင်းလူမျိုးတဦး၏ နေအိမ်တွင် အိမ်အကူအလုပ်နေသည့် အသက် ၁၇ နှစ်အရွယ် ကရင် တိုင်းရင်းသူ မညိုညိုအေး သည် ယခုနှစ် သြဂုတ်လ ၆ ရက်နေ့က ဦးခေါင်းတွင် သေနတ်ဒဏ်ရာနှင့် သေဆုံးခဲ့ပြီး ဂူသွင်း သဂြုႋဟ် ခဲ့ကြောင်း သိရသည်။

မညိုညိုအေး သေဆုံးမှုနှင့် ပတ်သက်၍ မိသားစုများက ကျေနပ်မှုမရှိ၍ တိုင်တန်းရာမှုကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး နှင့် AAC အဖွဲ့တို့မှ လိုက်ပါ ဆောင်ရွက်ပေးရာမှ တဆင့် ထိုင်းအထူးရဲတပ်ဖွဲ့ အုတ်ဂူဖွင့်၍ ရုပ်အလောင်းအား ပြန်လည် စစ်ဆေးရန် ဆောင်ရွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

AAC အဖွဲ့၏ အထွေထွေတာဝန်ခံနှင့် သတင်းပြန်ကြားရေး ဦးရဲမင်း က “သေနတ်ဒဏ်ရာနဲ့ သေတာကို အလုပ်ရှင်နဲ့ ထိုင်း ရဲတွေက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ် ဆိုပြီးတော့ လုပ်ထားတယ်။ အဲဒီအမှုကို မကျေနပ်လို့ မြန်မာသံရုံးနဲ့ ကျနော်တို့နဲ့ ထိုင်း အထူးရဲတပ်ဖွဲ့တခုနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ ကြိုးစားနေတာ” ဟု ဧရာဝတီသို့ ပြောသည်။

မညိုညိုအေး၏ ရုပ်အလောင်းကို ဥပဒေအရ တူးဖော် ပြန်လည်စစ်ဆေးရန် အတွက် ခွင့်ပြုချက်ရရှိထားပြီးဖြစ်၍ ထိုင်းအထူး ရဲတပ်ဖွဲ့ နှင့် အတူ မြန်မာသံရုံး အလုပ်သမား သံအရာရှိများ၊ AAC တာဝန်ရှိသူများက အုတ်ဂူကို နိုဝင်ဘာ ၁ ရက်နေ့က သွားရောက် စစ်ဆေးခဲ့ပြီး ယခုရက်ပိုင်း အတွင်း ဂူဖွင့်၍ ရုပ်အလောင်းအား စစ်ဆေးမှုများ ဆက်လက် ပြုလုပ် တော့မည် ဖြစ်သည်ဟု သိရသည်။

မညိုညိုအေး သေဆုံးမှုသည် ကိုယ့်ကိုယ်ကိုယ် လုပ်ကြံသေဆုံးကြောင်း ရဲက ထွက်ဆိုထားသော်လည်း ညာဘက် နားရင်း မှ ပစ်သွင်းခံရသော သေနတ်ဒဏ်ရာနှင့် ကျည်ဆန်ခွံ ၂ ခုအပါအဝင် သံသယဖြစ်စရာ အခြေအနေများ ရှိနေခြင်းကြောင့် ထိုအမှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိရေး အတွက် မညိုညိုအေး၏ အစ်မ ဖြစ်သူက ဘန်ပုံနယ်မြေ ရဲစခန်းတွင် အမှုဖွင့် ထားသည်ဟု ဆိုသည်။

ဦးရဲမင်း က “သေနတ်ဒဏ်ရာက ညာဘက်ကနေ ဖောက်ထွက်သွားတယ်။ ကောင်မလေးက ဘယ်သန်၊ သေနတ် ဒဏ်ရာ က ညာသန်ပစ်သလို ဖြစ်နေတယ်။ နောက်ပြီး သေနတ်ဒဏ်ရာ တချက်တည်း ပေမယ့် ကျည်ခွံက ၂ ခုတွေ့နေရတယ်။ နောက် အလောင်းကိုလည်း ဘယ်မှမတင်ဘဲနဲ့ ထိုင်း-မြန်မာ နယ်စပ်က အမျိုးတွေရှိတဲ့ ကရင်ရွာကို သွားပို့တယ်” ဟု ပြော သည်။

အမှုနှင့်ပတ်သက်၍ ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးမှ အလုပ်သမား သံအရာရှိတချို့ထံ ဧရာဝတီ က ဆက်သွယ်ခဲ့သော် လည်း မရခဲ့ပါ။

မညိုညိုအေးသည် ပုလောအလောက်မြို့နယ် ဇာတိဖြစ်ပြီး ထိုင်းအလုပ်ရှင်အိမ်တွင် အစ်မဖြစ်သူနှင့်အတူ အိမ်အကူ အလုပ် ကို လုပ်ကိုင်နေသည်မှာ ၃ နှစ် ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း၊ ၎င်းသေဆုံးချိန်တွင် အစ်မ ဖြစ်သူသည် တခြားနေရာသို့ ရောက် ရှိ နေကြောင်း၊ အိမ်ပိုင်ရှင်က မညိုညိုအေးနှင့်အတူ အလုပ်လုပ်ခဲ့သည့် မြန်မာ မိန်းကလေး တဦးထံ ဆက်သွယ်၍ အဆုံး စီရင် ၍ သေသွားကြောင်း အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

မညိုညိုအေး သေဆုံးမှုနှင့်ပတ်သက်ပြီး ထိုင်း သတင်းမီဒီယာများကလည်း တစိုက်မတ်မတ် မေးခွန်းထုတ်လျက်ရှိပြီး ရုပ် အလောင်း စတွေ့စဉ်ကတည်းက အဓမ္မပြုကျင့်ထားမှု ရှိမရှိအပါအဝင် အမှုအား စနစ်တကျ စစ်ဆေးမှု မရှိဟု ဆိုကာ ထိုင်း ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုများ ရှိနေသည်။

ကျော်ခ Senior Reporter

Source : The Irrawaddy