ရခုိင္ ၇ ဦးကုိ ဘဂၤလီမ်ား အုပ္စုလုိက္ ဓါးျဖင့္လုိက္ခုတ္

ေမာင္ေတာၿမိဳ႕နယ္ သေရကုန္ေဘာင္ေက်းရြာမွ ရခုိင္တုိင္းရင္းသား ႏွစ္ဦးကုိ ႏုိဝင္ဘာလ ၂ ရက္ေန႔ ညေန ၃ နာရီအခ်ိန္တြင္ ေညာင္ပင္ႀကီးေက်းရြာေန ဘဂၤါလီမ်ားက အုပ္စုလုိက္ ဓါးျဖင့္လုိက္ခုတ္မႈ ျဖစ္ပြားခ့ဲေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ သေရကုန္ေဘာင္ေက်းရြာေန ဦးသူရထြန္း၊ ဦးလွသန္းေမာင္ႏွင့္ အတူ စုစုေပါင္း ရြာသား ၇ ဦးမွာ ငါးရွာေဖြ၍ ျပန္လာစဥ္ ေညာင္ပင္ႀကီးေက်းရြာမွ ဘဂၤလီမ်ားက အုပ္စုလုိက္ ဓါးျဖင့္ လုိက္ခုတ္ၾကေၾကာင္း သေရကုန္ေဘာင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

ဓါးအခုတ္ခံရ၍ ဦးလွသန္းေမာင္ (အသက္ ၅၃ ႏွစ္) မွာ ျပင္းထန္ဒဏ္ရာျဖင့္ ေမာင္ေတာေဆးရုံတြင္ ေဆးကုသေနေၾကာင္း ယင္းအုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

ယေန႔ နံနက္က ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ စစ္ေတြၿမိဳ႕သုိ႔ ေရာက္ရွိလာခ့ဲၿပီး ၉ နာရီ ၄၀ မိနစ္တြင္ ေမာင္ေတာသုိ႔ ထြက္ခြာသြားၿပီး ညေန ၃ နာရီဝန္းက်င္မွ စစ္ေတြၿမိဳ႕သုိ႔ ျပန္လည္ထြက္ခြာလာခ့ဲသည္။ စစ္ေတြေလဆိပ္တြင္ ရခုိင္ျပည္နယ္အစုိးရအဖြဲ႕ႏွင့္ နာရီဝက္ေက်ာ္ၾကာ ေတြ႕ဆုံၿပီး ရန္ကုန္သုိ႔ ျပန္လည္ထြက္ခြာသြားသည္။

သတင္း၊ ဓါတ္ပုံ – ခ်လူးေအာင္၊ DMG

Source : Development Media Group

(Unicode Version)

ရခိုင် ရ ဦးကို ဘင်္ဂလီများ အုပ်စုလိုက် ဓါးဖြင့်လိုက်ခုတ်

မောင်တောမြို့နယ် သရေကုန်ဘောင်ကျေးရွာမှ ရခိုင်တိုင်းရင်းသား နှစ်ဦးကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ညောင်ပင်ကြီးကျေးရွာနေ ဘင်္ဂါလီများက အုပ်စုလိုက် ဓါးဖြင့်လိုက်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖြစ်စဉ်မှာ သရေကုန်ဘောင်ကျေးရွာနေ ဦးသူရထွန်း၊ ဦးလှသန်းမောင်နှင့် အတူ စုစုပေါင်း ရွာသား ရ ဦးမှာ ငါးရှာဖွေ၍ ပြန်လာစဉ် ညောင်ပင်ကြီးကျေးရွာမှ ဘင်္ဂလီများက အုပ်စုလိုက် ဓါးဖြင့် လိုက်ခုတ်ကြကြောင်း သရေကုန်ဘောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ဓါးအခုတ်ခံရ၍ ဦးလှသန်းမောင် (အသက် ၅၃ နှစ်) မှာ ပြင်းထန်ဒဏ်ရာဖြင့် မောင်တောဆေးရုံတွင် ဆေးကုသနေကြောင်း ယင်းအုပ်ချုပ်ရေးမှူးက ပြောသည်။

ယနေ့ နံနက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ပြီး ၉ နာရီ ၄၀ မိနစ်တွင် မောင်တောသို့ ထွက်ခွာသွားပြီး ညနေ ၃ နာရီဝန်းကျင်မှ စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။ စစ်တွေလေဆိပ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နာရီဝက်ကျော်ကြာ တွေ့ဆုံပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာသွားသည်။

သတင်း၊ ဓါတ်ပုံ – ချလူးအောင်၊ DMG

Source : Development Media Group