လာနီညာ ရာသီဥတုျဖစ္ဖို႔ ေသခ်ာမႈ႐ွိေနတဲ့ ဒီႏွစ္ေဆာင္းရာသီအတြက္ ခန္႕မွန္းခ်က္

လာနီညာ ရာသီဥတုျဖစ္ဖို႔ ေသခ်ာမႈ႐ွိေနတဲ့ ဒီႏွစ္ေဆာင္းရာသီအတြက္ ခန္႕မွန္းခ်က္

၆-၁၁-၂၀၁၇ / နံနက္(၉း၃၈)နာရီ

၂၀၁၇-၁၈ ေဆာင္းရာသီကာလဟာ လာနီညာရာသီဥတုျဖစ္ဖို႕ ၅၅% မွ ၆၅% အထိ ေသခ်ာမႈရွိေနပါတယ္လို႕ ဆိုေပမယ့္ (၃၀-၁၀-၂၀၁၇)ရက္ေန႕အထိေတာ့ လာနီညာလို႕မေႀကျငာႏိုင္ေသးပါဘူး။

ကမၻာ့မိုးေလ၀သအဖြဲ႕ခ်ဳပ္ရဲကခန္႕မွန္းခ်က္အရ ဒီႏွစ္ေဆာင္းမွာ လာနီညာျဖစ္လာခဲ့သည္႕တိုင္ေအာင္ အားေကာင္းတဲ့လာနီညာျဖစ္မလာနိုင္ပဲ အားအနည္းငယ္မွ အားအသငိ့အတင့္သာရွိတဲ့ လာနီညာျဖစ္လာလိမ့္မယ္လို႕ခန္႕မွန္းထားပါတယ္။ ေနာက္ျပီး လာနီညာရာသီဥတုကာလဟာလည္း အခ်ိန္မႀကာလွပဲ ေနာက္ ႏွစ္ေဆာင္းရာသီမကုန္မီမွာ အားေလ်ာ့သြားလိမ့္မယ္လို႕ခန္႕မွန္းထားပါတယ္။

ဒီလိုအေျခအေနမ်ားအေပၚအေျခံျပီး ကမၻာေက်ာ္ ရာသီအလိုက္ခန္႕မ်န္းခ်က္မ်ားထုတ္ျပန္ေပးေနတဲ့ အေမရိကန္ျပည္ေထာင္စုရွိ IRI (International Research Institute) က ၂၀၁၇ -၁၈ ခုႏွစ္ ႏို၀င္ဘာလ၊ ဒီဇင္ဘာလ နဲ႕ ဇန္န၀ါရီလမ်ားအတြက္ မိုးရြာသြန္မႈႏိုင္မႈ နဲ႕ အပူခ်ိန္ျဖစ္ေပၚႏို္င္မႈမ်ားကိုခန္႕ မွန္းရာမွာ

ျမန္မာႏိုင္ငံေျမာက္ပိုင္းနဲ႕အလယ္ပိုင္းေဒသ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ ခ်င္းျပည္နယ္၊ မႏၱေလးတိုင္းေျမာက္ပိုင္း နဲ႕ မေကြးတိုင္းေျမာက္ပိုင္း နဲ႕ ေတာင္ပိုင္းေဒသျဖစ္ေသာ တနသၤာရိတိုင္းတို႕မွာ မိုးရြာသြန္းမႈေလ်ာ့နည္းနိုင္ျပီး၊ အေအးေပါ့ႏိုင္ေႀကာင္း ခန္႕မွန္းထားပါတယ္။ က်န္ေဒသေတြမွာေတာ့ ပံုမွန္အတိုင္းရွိႏိုင္တယ္လို႕ခန္႕မ်န္းထားပါတယ္။

Source : ေဒါက္တာထြန္းလြင္

(Unicode Version)

လာနီညာ ရာသီဥတုဖြစ်ဖို့ သေချာမှုရှိနေတဲ့ ဒီနှစ်ဆောင်းရာသီအတွက် ခန့်မှန်းချက်

၆-၁၁-၂၀၁၇ / နံနက်(၉း၃၈)နာရီ

၂၀၁၇-၁၈ ဆောင်းရာသီကာလဟာ လာနီညာရာသီဥတုဖြစ်ဖို့ ၅၅% မှ ၆၅% အထိ သေချာမှုရှိနေပါတယ်လို့ ဆိုပေမယ့် (၃၀-၁၀-၂၀၁၇)ရက်နေ့အထိတော့ လာနီညာလို့မကြေငြာနိုင်သေးပါဘူး။

ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ရဲကခန့်မှန်းချက်အရ ဒီနှစ်ဆောင်းမှာ လာနီညာဖြစ်လာခဲ့သည့်တိုင်အောင် အားကောင်းတဲ့လာနီညာဖြစ်မလာနိုင်ပဲ အားအနည်းငယ်မှ အားအသငိ့အတင့်သာရှိတဲ့ လာနီညာဖြစ်လာလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ နောက်ပြီး လာနီညာရာသီဥတုကာလဟာလည်း အချိန်မကြာလှပဲ နောက် နှစ်ဆောင်းရာသီမကုန်မီမှာ အားလျော့သွားလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။

ဒီလိုအခြေအနေများအပေါ်အခြေံပြီး ကမ္ဘာကျော် ရာသီအလိုက်ခန့်မျန်းချက်များထုတ်ပြန်ပေးနေတဲ့ အမေရိကန်ပြည်ထောင်စုရှိ IRI (International Research Institute) က ၂၀၁၇ -၁၈ ခုနှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလ နဲ့ ဇန်နဝါရီလများအတွက် မိုးရွာသွန်မှုနိုင်မှု နဲ့ အပူချိန်ဖြစ်ပေါ်နို်င်မှုများကိုခန့် မှန်းရာမှာ

မြန်မာနိုင်ငံမြောက်ပိုင်းနဲ့အလယ်ပိုင်းဒေသ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းမြောက်ပိုင်း နဲ့ မကွေးတိုင်းမြောက်ပိုင်း နဲ့ တောင်ပိုင်းဒေသဖြစ်သော တနင်္သာရိတိုင်းတို့မှာ မိုးရွာသွန်းမှုလျော့နည်းနိုင်ပြီး၊ အအေးပေါ့နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ကျန်ဒေသတွေမှာတော့ ပုံမှန်အတိုင်းရှိနိုင်တယ်လို့ခန့်မျန်းထားပါတယ်။

Source : ဒေါက်တာထွန်းလွင်