အေလာင္းျပန္ေဖာ္ စစ္ေဆးေနသည့္ ျမန္မာအိမ္ေဖာ္ေသဆံုးမႈ သံသယျဖစ္ဖြယ္ ထပ္မံေတြ႔ရွိ

ထိုင္းႏိုင္ငံ ရာ့ခ်္ပူရီခ႐ိုင္ ဘန္႔ပုန္ၿမိဳ႕နယ္မွာ လြန္ခဲ့တဲ့ ၃ လေက်ာ္က ၁၇ ႏွစ္ရြယ္ ျမန္မာအိမ္ေဖာ္မိန္းကေလးတဦး ေသနတ္ဒဏ္ရာနဲ႔ ေသဆံုးခဲ့တဲ့အေပၚ ျဖစ္ရပ္မွန္ ေပၚေပါက္ေရးအတြက္ အုတ္ဂူဖ်က္၊ အေလာင္းျပန္ေဖာ္စစ္ေဆးရာမွာ သံသယျဖစ္ဖြယ္ရာ ထပ္မံေတြ႔ရွိခဲ့တယ္လုိ႔ သိရပါတယ္။

မႈခင္းေဆးဆရာ၀န္ဘက္က လိုအပ္တဲ့ စစ္ေဆးမႈေတြ ေဆာင္ရြက္ေနသလို တဘက္ကလည္း အခင္းျဖစ္ပြားခဲ့တဲ့ ေနအိမ္ကို ျပန္လည္သြားေရာက္ စစ္ေဆးခဲ့ၾကပါတယ္။

ထိုင္းအထူးမႈခင္းစံုစမ္းစစ္ေဆးေရး ရဲတပ္ဖြဲ႔၊ ျမန္မာအလုပ္သမားကူညီေစာင့္ေရွာက္ေရး မဟာမိတ္အဖြဲ႔ (ေအေအစီ) တို႔ဟာ ေသဆံုးသူ မညိဳညိဳေအးဘက္က ထိုင္းေရွ႕ေန၊ မိခင္နဲ႔ အစ္မျဖစ္သူေတြနဲ႔အတူ ဒီကေန႔မနက္ ၁၀ နာရီေက်ာ္က အခင္းျဖစ္ပြားခဲ့ရာ ဘန္႔ပုန္ၿမိဳ႕ ပါတ္လက္လမ္းရွိ အလုပ္ရွင္ရဲ႕ ေနအိမ္ကို ေနာက္ထပ္တဖန္ သြားေရာက္စစ္ေဆးခဲ့ၾကပါတယ္။

အဲဒီလို သြားေရာက္စစ္ေဆးရာမွာ ေသဆံုးသူ မညိဳညိဳေအးမွ သူ႔ကိုယ္သူ ေသနတ္နဲ႔ ျပန္ပစ္ၿပီး ေသေၾကာင္းႀကံတဲ့ သ႐ုပ္ျပကြက္ေတြပါ ပါ၀င္ၿပီး ယုတၱိမတန္ မသကၤာစရာအခ်က္ေတြ ထပ္မံေတြ႔ရွိရတဲ့အတြက္ ထိုင္းရဲကိုယ္တိုင္က ေသေၾကာင္းၾကံတယ္ဆိုတဲ့ အခ်က္ကို ထပ္မေျပာႏိုင္ေလာက္ေအာင္ျဖစ္သြားတယ္လို႔ အမႈမွန္ေပၚေပါက္ေရး လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေအေအစီအဖြဲ႔ တာ၀န္ခံ ကိုရဲမင္းက ဒီဗြီဘီကို ေျပာပါတယ္။

“အဲဒီသူေဌးအိမ္ကို ျပန္သြားစစ္ေတာ့ ပိုၿပီးေတာ့ မသကၤာစရာေတြ ေတြ႔လာပါတယ္ခင္ဗ်၊။ နံရံက အၾကည္ခန္းျဖစ္ေနတာရယ္၊ ကိုယ့္ကိုယ္ကိုယ္ သတ္ေသမယ့္သူဟာ သူေဌးရဲ႕ အခန္းထဲမွာပဲ သတ္ေသမွာေပါ့ေနာ္. သူေဌးအခန္းက အက်ယ္ႀကီး လံုလည္းလံုတယ္၊ အေပၚထပ္ကို သီးသန္႔ႀကီး ေလွခါးႏွစ္ဆင့္သံုးဆင့္တက္ၿပီး သြားယူတယ္၊ ၿပီးေတာ့ ဒီေအာက္ထပ္မွာ လာပစ္တယ္ဆိုတာ လံုး၀ မျဖစ္ႏိုင္ဘူးလို႔ သံုးသပ္တယ္။ ေနာက္ၿပီးေတာ့ က်ည္ဆန္ထြက္တဲ့ လမ္းေၾကာင္းက အရပ္ျမင့္ျမင့္ ေယာက်္ားတေယာက္က ေသနတ္ကိုင္ၿပီး ပစ္လိုက္တဲ့လမ္းေၾကာင္းျဖစ္ေနတယ္။

အစတုန္းက ထိုင္းရဲေတြက မိန္းကေလး ထိုင္ၿပီးေတာ့ သူ႔ကိုယ္သူပစ္သတ္တယ္ ေျပာထားတယ္။ အခုေတာ့ ထိုင္းရဲက စကားေျပာင္းသြားၿပီ။ ကိုယ့္ကိုယ္ကုိယ္သတ္ေသတယ္လို႔ မေျပာေတာ့ဘူး၊ က်ေနာ္ကိုယ္တိုင္ ဒီအမႈကိုျပန္ကိုင္တဲ့ ရဲအရာရွိကို ေမးတယ္။ ဒီအမႈကို ကိုယ့္ကိုယ္ကိုယ္ သတ္ေသတဲ့အမႈလို႔ ေျပာလို႔ရလားဆိုေတာ့ သူက ဟာ အဲလိုေျပာလို႔မရေတာ့ဘူး၊ ပံုစံေျပာင္းသြားၿပီလို႔ ေျပာတယ္။”

ဒါ့အျပင္ မိန္းကေလးက သူ႔ကိုယ္သူ ပစ္သတ္တယ္လို႔ ေျပာထားတဲ့ ပစၥတိုေသနတ္မွာ အႏၱရာယ္မရွိေအာင္ ထိန္းသိမ္းတဲ့ စက္ခလုတ္ေတြပါ ပါရွိေၾကာင္း၊ ေမာင္းတင္ရာမွာလည္း အေပၚကိုပင့္ၿပီး ကန္အားနဲ႔ေမာင္းတင္ရတာေၾကာင့္ ေယာက်္ားေတြေတာင္ အေတာ္ဆြဲရတဲ့ ေသနတ္မ်ိဳးျဖစ္ေၾကာင္း၊ ေဆး႐ုံက အေလာင္းရဲ႕ ဦးေခါင္းကို သိပၸံနည္းက် ခြဲစိတ္စစ္ေဆး ရာမွာလည္း က်ည္ဆန္က ခပ္လွမ္းလွမ္းကေန ပစ္လိုက္တဲ့ အေနအထားလို႔ သံုးသပ္ရၿပီး က်ည္ဆန္၀င္သြားတဲ့ ေနရာမွာလည္း အစက ညာဘက္ကေန ၀င္တယ္လို႔ ေျပာထားရာက ဘယ္ဘက္ကေန၀င္တယ္လို႔ ရဲေဆး႐ုံက ဆံုးျဖတ္ခ်က္ခ်လိုက္တယ္လို႔ သူကဆက္ေျပာပါတယ္။

ဒီအမႈတြဲေပၚမွာ ထိုင္းရဲက မွန္ကန္စြာ ျပန္လည္ေဆာင္ရြက္ေပးမယ္လို႔ ၅၀ ရာခိုင္ႏႈန္း ေမွ်ာ္လင့္ခ်က္ထားရွိၿပီး ခုေလာေလာဆယ္ ထိုင္း-ျမန္မာသံ႐ုံးက ျမန္မာသံအမတ္ႀကီးကို သြားေရာက္ အေၾကာင္းၾကားဖို႔ အဲဒီကို သြားေရာက္ေနတယ္လို႔ ဆိုပါတယ္။

တနသၤာရီတိုင္း ပုေလာၿမိဳ႕နယ္က ကရင္တိုင္းရင္းသူ မညိဳညိဳေအး (ေသဆံုးသူ) နဲ႔ အစ္မျဖစ္သူ မျဖဴျဖဴေအးတို႔ဟာ ရာ့ခ်္ပူရီခ႐ုိင္ ဘန္႔ပုန္ျမိဳ႔ ဘန္႔ပုန္ရပ္ကြက္ ပါတ္လက္လမ္းရွိ ႏိုင္းကရိန္းဆဒ္ဒီ ဆီရီ၀ပ္ထနပရဆစ္ ရဲ႕ ေနအိမ္မွာ ၂ ႏွစ္ေက်ာ္ အိမ္ေဖာ္လုပ္ခဲ့ၿပီး ျပီးခဲ့တဲ့ ၾသ ဂုတ္လက အမျဖစ္သူက အဲဒီအိမ္က အလုပ္ထြက္ခဲ့ၿပီးေနာက္ က်န္ခဲ့သူ ညီမက ဦးေခါင္းမွာ ေသနတ္ဒဏ္ရာ ၂ ခ်က္နဲ႔ ေသဆံုးခဲ့တာ ျဖစ္ပါတယ္။

မညိဳညိဳေအးေသဆံုးတဲ့အေပၚ သူ႔အလုပ္ရွင္က အိမ္ေဖာ္ျဖစ္သူ သူ႔ကိုယ္သူသတ္ေသေၾကာင္း ရဲကိုအေၾကာင္းၾကားၿပီး ရဲကလည္း စစ္ေဆးအတည္ျပဳကာ အမႈကို ပိတ္သိမ္းလိုက္ပါတယ္။

ဒါေပမယ့္ က်န္ရစ္သူမိဘေဆြမ်ိဳးေတြက သူမေသဆံုးမႈေပၚ သံသယရွိေၾကာင္း၊ ျဖစ္ရပ္မွန္ကို သိလိုေၾကာင္း ေအေအစီအဖြဲ႔ကို တိုင္ၾကားခဲ့သလို ေအေအစီအဖြဲ႔ကလည္း ထိုင္း ႏိုင္ငံမွာ ျမန္မာအိမ္ေဖာ္ေတြ၊ အလုပ္သမားေတြ မတရားအႏိုင္က်င့္ခံရေတြ၊ အမႈဖံုးကြယ္ေဖ်ာက္ဖ်က္တာေတြ ေနာက္ေနာင္မျဖစ္ပြားေစဖို႔အတြက္ အမႈျပန္လည္စစ္ေဆးေပးဖို႔ ထိုင္းႏိုင္ငံ လာဘ္စားမႈနဲ႔ အက်င့္ပ်က္၀န္ထမ္းတိုက္ဖ်က္ေရး ရဲတပ္ဖြဲကို ျပန္လည္ေလွ်ာက္ထားခဲ့ကာ ဂူသြင္းသၿဂႋဳဟ္ၿပီးတဲ့ အေလာင္းကို ျပန္လည္တူးေဖာ္စစ္ေဆးေနတာ ျဖစ္ပါတယ္။

Source : DVB

(Unicode Version)

အလောင်းပြန်ဖော် စစ်ဆေးနေသည့် မြန်မာအိမ်ဖော်သေဆုံးမှု သံသယဖြစ်ဖွယ် ထပ်မံတွေ့ရှိ

ထိုင်းနိုင်ငံ ရာ့ချ်ပူရီခရိုင် ဘန့်ပုန်မြို့နယ်မှာ လွန်ခဲ့တဲ့ ၃ လကျော်က ၁၇ နှစ်ရွယ် မြန်မာအိမ်ဖော်မိန်းကလေးတဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့အပေါ် ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် အုတ်ဂူဖျက်၊ အလောင်းပြန်ဖော်စစ်ဆေးရာမှာ သံသယဖြစ်ဖွယ်ရာ ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မှုခင်းဆေးဆရာဝန်ဘက်က လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်နေသလို တဘက်ကလည်း အခင်းဖြစ်ပွားခဲ့တဲ့ နေအိမ်ကို ပြန်လည်သွားရောက် စစ်ဆေးခဲ့ကြပါတယ်။

ထိုင်းအထူးမှုခင်းစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့၊ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (အေအေစီ) တို့ဟာ သေဆုံးသူ မညိုညိုအေးဘက်က ထိုင်းရှေ့နေ၊ မိခင်နဲ့ အစ်မဖြစ်သူတွေနဲ့အတူ ဒီကနေ့မနက် ၁၀ နာရီကျော်က အခင်းဖြစ်ပွားခဲ့ရာ ဘန့်ပုန်မြို့ ပါတ်လက်လမ်းရှိ အလုပ်ရှင်ရဲ့ နေအိမ်ကို နောက်ထပ်တဖန် သွားရောက်စစ်ဆေးခဲ့ကြပါတယ်။

အဲဒီလို သွားရောက်စစ်ဆေးရာမှာ သေဆုံးသူ မညိုညိုအေးမှ သူ့ကိုယ်သူ သေနတ်နဲ့ ပြန်ပစ်ပြီး သေကြောင်းကြံတဲ့ သရုပ်ပြကွက်တွေပါ ပါ၀င်ပြီး ယုတ္တိမတန် မသင်္ကာစရာအချက်တွေ ထပ်မံတွေ့ရှိရတဲ့အတွက် ထိုင်းရဲကိုယ်တိုင်က သေကြောင်းကြံတယ်ဆိုတဲ့ အချက်ကို ထပ်မပြောနိုင်လောက်အောင်ဖြစ်သွားတယ်လို့ အမှုမှန်ပေါ်ပေါက်ရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ အေအေစီအဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီသူဌေးအိမ်ကို ပြန်သွားစစ်တော့ ပိုပြီးတော့ မသင်္ကာစရာတွေ တွေ့လာပါတယ်ခင်ဗျ၊။ နံရံက အကြည်ခန်းဖြစ်နေတာရယ်၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်သူဟာ သူဌေးရဲ့ အခန်းထဲမှာပဲ သတ်သေမှာပေါ့နော်. သူဌေးအခန်းက အကျယ်ကြီး လုံလည်းလုံတယ်၊ အပေါ်ထပ်ကို သီးသန့်ကြီး လှေခါးနှစ်ဆင့်သုံးဆင့်တက်ပြီး သွားယူတယ်၊ ပြီးတော့ ဒီအောက်ထပ်မှာ လာပစ်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ သုံးသပ်တယ်။ နောက်ပြီးတော့ ကျည်ဆန်ထွက်တဲ့ လမ်းကြောင်းက အရပ်မြင့်မြင့် ယောကျ်ားတယောက်က သေနတ်ကိုင်ပြီး ပစ်လိုက်တဲ့လမ်းကြောင်းဖြစ်နေတယ်။

အစတုန်းက ထိုင်းရဲတွေက မိန်းကလေး ထိုင်ပြီးတော့ သူ့ကိုယ်သူပစ်သတ်တယ် ပြောထားတယ်။ အခုတော့ ထိုင်းရဲက စကားပြောင်းသွားပြီ။ ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်လို့ မပြောတော့ဘူး၊ ကျနော်ကိုယ်တိုင် ဒီအမှုကိုပြန်ကိုင်တဲ့ ရဲအရာရှိကို မေးတယ်။ ဒီအမှုကို ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အမှုလို့ ပြောလို့ရလားဆိုတော့ သူက ဟာ အဲလိုပြောလို့မရတော့ဘူး၊ ပုံစံပြောင်းသွားပြီလို့ ပြောတယ်။”

ဒါ့အပြင် မိန်းကလေးက သူ့ကိုယ်သူ ပစ်သတ်တယ်လို့ ပြောထားတဲ့ ပစ္စတိုသေနတ်မှာ အန္တရာယ်မရှိအောင် ထိန်းသိမ်းတဲ့ စက်ခလုတ်တွေပါ ပါရှိကြောင်း၊ မောင်းတင်ရာမှာလည်း အပေါ်ကိုပင့်ပြီး ကန်အားနဲ့မောင်းတင်ရတာကြောင့် ယောကျ်ားတွေတောင် အတော်ဆွဲရတဲ့ သေနတ်မျိုးဖြစ်ကြောင်း၊ ဆေးရုံက အလောင်းရဲ့ ဦးခေါင်းကို သိပ္ပံနည်းကျ ခွဲစိတ်စစ်ဆေး ရာမှာလည်း ကျည်ဆန်က ခပ်လှမ်းလှမ်းကနေ ပစ်လိုက်တဲ့ အနေအထားလို့ သုံးသပ်ရပြီး ကျည်ဆန်ဝင်သွားတဲ့ နေရာမှာလည်း အစက ညာဘက်ကနေ ၀င်တယ်လို့ ပြောထားရာက ဘယ်ဘက်ကနေဝင်တယ်လို့ ရဲဆေးရုံက ဆုံးဖြတ်ချက်ချလိုက်တယ်လို့ သူကဆက်ပြောပါတယ်။

ဒီအမှုတွဲပေါ်မှာ ထိုင်းရဲက မှန်ကန်စွာ ပြန်လည်ဆောင်ရွက်ပေးမယ်လို့ ၅၀ ရာခိုင်နှုန်း မျှော်လင့်ချက်ထားရှိပြီး ခုလောလောဆယ် ထိုင်း-မြန်မာသံရုံးက မြန်မာသံအမတ်ကြီးကို သွားရောက် အကြောင်းကြားဖို့ အဲဒီကို သွားရောက်နေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ်က ကရင်တိုင်းရင်းသူ မညိုညိုအေး (သေဆုံးသူ) နဲ့ အစ်မဖြစ်သူ မဖြူဖြူအေးတို့ဟာ ရာ့ချ်ပူရီခရိုင် ဘန့်ပုန်မြို့ ဘန့်ပုန်ရပ်ကွက် ပါတ်လက်လမ်းရှိ နိုင်းကရိန်းဆဒ်ဒီ ဆီရီဝပ်ထနပရဆစ် ရဲ့ နေအိမ်မှာ ၂ နှစ်ကျော် အိမ်ဖော်လုပ်ခဲ့ပြီး ပြီးခဲ့တဲ့ သြ ဂုတ်လက အမဖြစ်သူက အဲဒီအိမ်က အလုပ်ထွက်ခဲ့ပြီးနောက် ကျန်ခဲ့သူ ညီမက ဦးခေါင်းမှာ သေနတ်ဒဏ်ရာ ၂ ချက်နဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မညိုညိုအေးသေဆုံးတဲ့အပေါ် သူ့အလုပ်ရှင်က အိမ်ဖော်ဖြစ်သူ သူ့ကိုယ်သူသတ်သေကြောင်း ရဲကိုအကြောင်းကြားပြီး ရဲကလည်း စစ်ဆေးအတည်ပြုကာ အမှုကို ပိတ်သိမ်းလိုက်ပါတယ်။

ဒါပေမယ့် ကျန်ရစ်သူမိဘဆွေမျိုးတွေက သူမသေဆုံးမှုပေါ် သံသယရှိကြောင်း၊ ဖြစ်ရပ်မှန်ကို သိလိုကြောင်း အေအေစီအဖွဲ့ကို တိုင်ကြားခဲ့သလို အေအေစီအဖွဲ့ကလည်း ထိုင်း နိုင်ငံမှာ မြန်မာအိမ်ဖော်တွေ၊ အလုပ်သမားတွေ မတရားအနိုင်ကျင့်ခံရတွေ၊ အမှုဖုံးကွယ်ဖျောက်ဖျက်တာတွေ နောက်နောင်မဖြစ်ပွားစေဖို့အတွက် အမှုပြန်လည်စစ်ဆေးပေးဖို့ ထိုင်းနိုင်ငံ လာဘ်စားမှုနဲ့ အကျင့်ပျက်ဝန်ထမ်းတိုက်ဖျက်ရေး ရဲတပ်ဖွဲကို ပြန်လည်လျှောက်ထားခဲ့ကာ ဂူသွင်းသင်္ဂြိုဟ်ပြီးတဲ့ အလောင်းကို ပြန်လည်တူးဖော်စစ်ဆေးနေတာ ဖြစ်ပါတယ်။

Source : DVB

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္