WunYan

Menu
  • News
    • Local News
    • Crime News
    • Social Media
    • International News
    • Odd News
  • Entertainment
    • Local Celebrity
    • International Celebrity
  • Knowledge
  • Health
  • Lifestyle
Menu

ထိုင္းပင္လယ္ေကြ႕တြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္၏ အရွိန္ေၾကာင္႔ တုိင္းေဒသႀကီး ႏွင္႔ ျပည္နယ္အခ်ဳိ ႔တြင္ မိုးရြာသြန္းနိုင္

Posted on November 7, 2017 by whuk-46651

မိုးဇလ၏ မိုးေလဝသ ခန္႔မွန္းခ်က္ျပေျမပံုအားေတြ႔ရစဥ္ (ဓာတ္ပံု–မိုးဇလ)

ရန္ကုန္၊ နိုဝင္ဘာ ၇ ရက္ (ဆင္ဟြာ)

ထိုင္းပင္လယ္ ေကြ႕တြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္၏ အရွိန္ေၾကာင္႔  ရန္ကုန္တိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒ သႀကီး၊ ရွမ္းျပည္နယ္၊ ကယားျပည္ နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း၊ ႐ြာရန္ရာႏႈန္း (၆၀) ျဖစ္ေၾကာင္း မိုးေလဝသ ႏွင္႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန မွ ယေန႔ သတင္းထုတ္ျပန္သည္။

ထိုင္းပင္လယ္ ေကြ႕တြင္ ျဖစ္ေပၚေနေသာ အဆိုပါ မုန္တိုင္းငယ္သည္ ထိုင္းႏိုင္ငံ၊ ရေနာင္း (Ranong) ၿမိဳ႕၏ အေရွ႕-အေရွ႕ေတာင္ဘက္ မိုင္(၁၅၀)ခန္႔အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနေၾကာင္း သိရသည္။ ၎တိုင္းငယ္သည္ အေနာက္-အေနာက္ ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားလၽွက္ရွိၿပီး၊ ေနာက္(၁၈)နာရီအတြင္း ထိုင္းႏိုင္ငံကမ္းေျခကို ခ်န္ဖုန္း (Chumphon) ၿမိဳ႕အနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္ကာ ကပၸလီပင္လယ္ျပင္သို႔ ေရာက္ရွိမည္ဟု ခန္႔မွန္းရေၾကာင္း သိရသည္။

ျမန္မာ့ပင္လယ္ျပင္ တြင္ မြန္-တနသၤာရီကမ္း႐ိုးတန္းတေလၽွာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ အေရွ႕ဘက္မွ ေလျပင္းမ်ားတိုက္ခတ္ၿပီး၊ လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ေၾကာင္း၊ အေရွ႕ဘက္မွ ေလျပင္းမ်ား တိုက္ခတ္စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ မိုင္(၃၀)မွ (၃၅)မိုင္ အထိ တိုက္ခတ္ႏိုင္ေၾကာင္း၊ က်န္ျမန္မာ့ ပင္လယ္ျပင္တြင္ လႈိင္းအနည္း ငယ္မွ အသင့္အတင့္ရွိမည္ျဖစ္ေၾကာင္း၊ လႈိင္းအျမင့္မွာ မြန္-တနသၤာရီ ကမ္း႐ိုးတန္း တေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၆)ေပမွ (၉)ေပခန္႔ႏွင့္ က်န္ျမန္မာ့ပင္လယ္ျပင္တြင္ (၃)ေပမွ (၅)ေပခန္႔ ရွိႏိုင္ေၾကာင္း သတင္းထုတ္ျပန္ခ်က္ထဲတြင္ ပါရွိသည္။

Source : Xinhua Myanmar

(Unicode Version)

ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို ့တွင် မိုးရွာသွန်းနိုင်

မိုးဇလ၏ မိုးလေဝသ ခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ–မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ရ ရက် (ဆင်ဟွာ)

ထိုင်းပင်လယ် ကွေ့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့်  ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ သကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ ရွာရန်ရာနှုန်း (၆၀) ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ထိုင်းပင်လယ် ကွေ့တွင် ဖြစ်ပေါ်နေသော အဆိုပါ မုန်တိုင်းငယ်သည် ထိုင်းနိုင်ငံ၊ ရနောင်း (Ranong) မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၁၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။ ၎င်းတိုင်းငယ်သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားလျှက်ရှိပြီး၊ နောက်(၁၈)နာရီအတွင်း ထိုင်းနိုင်ငံကမ်းခြေကို ချန်ဖုန်း (Chumphon) မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ကာ ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင် တွင် မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင် အထိ တိုက်ခတ်နိုင်ကြောင်း၊ ကျန်မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းအနည်း ငယ်မှ အသင့်အတင့်ရှိမည်ဖြစ်ကြောင်း၊ လှိုင်းအမြင့်မှာ မွန်-တနင်္သာရီ ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့်နှင့် ကျန်မြန်မာ့ပင်လယ်ပြင်တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

Source : Xinhua Myanmar

TayeKabar

  • Recent

Flag Counter

©2019 WunYan | WordPress Theme by Superb Themes