၂၀၁၇ ခုႏွစ္၊ ႏို၀င္ဘာလ (၉) ရက္ေန႔ အတြက္ မိုးေလ၀သခန္႔မွန္းခ်က္

ထိုင္းပင္လယ္ေကြ႕အတြင္းျဖစ္ေပၚေနေသာမုန္တိုင္းငယ္အေျခအေန။

(၈-၁၁-၂၀၁၇) ရက္ေန႔ နံနက္(၁၀း၁၀) နာရီ အခ်ိန္ တိုင္းတာခ်က္မ်ား အရ ထိုင္းပင္လယ္ေကြ႕အတြင္းျဖစ္ေပၚေနေသာ မုန္တိုင္းငယ္ (TD – 29) ဟာ ေကာ့ေသာင္းၿမိဳ႕ အနီးက ျဖတ္ေက်ာ္ၿပီး၊ကပၸလီပင္လယ္ျပင္ အတြင္းကို ေရြ႕လွ်ားေနပါတယ္။ ေလာေလာဆယ္ မွာ ေတာ့ ေလဖိအားနည္းရပ္၀န္း အျဖစ္ အားအနည္းငယ္ ေလ်ာ့က်သြားခဲ့ေပမယ့္၊ ကပၸလီပင္လယ္ျပင္ အေပၚေရာက္တဲ့အခါ ျပန္လည္ အားပ်ိဳးလာကာ မုန္တိုင္းျဖစ္လာျပီး၊ အေနာက္ေျမာက္ယြန္းယြန္းကိုပဲ ေရြ႕လွ်ားသြားမယ္လို႔ခန္႔မွန္းရပါတယ္။

ဘဂၤလားပင္လယ္ေအာ္နဲ႔ ေတာင္တရုတ္ပင္လယ္ျပင္ အေျခအေန။

(၈-၁၁-၂၀၁၇)ရက္ နံနက္ (၀၉း၀၀) နာရီအခ်ိန္ KALPANA_1 ျဂိဳဟ္တုမွတိုင္းတာေပးခ်က္အရ၊ဘဂၤလားပင္လယ္ေအာ္ ေျမာက္ ပိုင္း မွာ တိမ္အနည္းငယ္ မွ တိမ္အသင့္အတင့္ ျဖစ္ထြန္း ေနၿပီး၊ ကပၸလီပင္လယ္ျပင္ ႏွင့္ က်န္ဘဂၤလား ပင္လယ္ေအာ္ မွာ တိမ္အသင့္အတင့္ မွ တိမ္ထူထပ္ ေနပါတယ္။ ျမန္မာႏိုင္ငံ ေတာင္ပိုင္း ေဒသေတြမွာ တိမ္အသင့္အတင့္ မွ တိမ္ထူထပ္ေနၿပီး၊ က်န္ေဒသေတြမွာ တိမ္အနည္းငယ္ မွ တိမ္ အသင့္အတင့္ ျဖစ္ထြန္း ေနပါတယ္။

ျမန္မာ့ပင္လယ္ျပင္အေျခအေန။

ျမန္မာ႔ကမ္းရိုးတန္း ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ ေတြမွာ လိႈင္းအသင့္ အတင့္ မွ လိႈင္းႀကီးႏိုင္ပါတယ္။ ျမန္မာ့ကမ္းရိုးတန္း ႏွင့္ ကမ္းလြန္ပင္လယ္ ျပင္ ေတြမွာ လိႈင္းအျမင့္ (၂)ေပခန္႔ မွ (၆)ေပ ခန္႔ ရွိႏိုင္ပါတယ္။

ညအပူခ်ိန္မ်ားအေျခအေန။

ညအပူခ်ိန္မ်ား ဟာ ကခ်င္ျပည္နယ္၊ခ်င္းျပည္နယ္ ႏွင့္ ရွမ္းျပည္နယ္ တို႔မွာ 10°C–15°Cခန္႔၊ က်န္ေဒသေတြမွာ 16°C–23°C ရွိႏိုင္ ပါတယ္။

ခရမ္းလြန္ေရာင္ျခည္အညႊန္းကိန္းမ်ားအေျခအေန။

တနသၤာရီတိုင္းေဒသႀကီး မွာ ခရမ္းလြန္ေရာင္ျခည္ အညႊန္းကိန္း ျမင့္မားအဆင့္တြင္ရွိနိုင္ၿပီး၊က်န္ေဒသေတြမွာ အလြန္ျမင့္မားအဆင့္ တြင္ရွိႏိုင္ပါတယ္။

မိုးရြာသြန္းမႈအေျခအေနခန္႔မွန္းခ်က္။

ကခ်င္ျပည္နယ္၊ခ်င္းျပည္နယ္၊စစ္ကိုင္းတိုင္းေဒသႀကီး၊မႏၱေလး တိုင္းေဒသႀကီး ႏွင့္ မေကြးတိုင္းေဒသႀကီး တို႔မွာ တိမ္အသင့္အတင့္ ျဖစ္ထြန္းႏုိင္္ၿပီး၊ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ႏွင့္ ရခိုင္ျပည္နယ္ တို႔တြင္ ေနရာကြက္က်ား၊က်န္ေဒသေတြမွာ ေနရာက်ဲက်ဲ မိုးထစ္ ခ်ဳန္းရြာ ႏိုင္ပါတယ္။

ေနာက္ႏွစ္ရက္အတြက္ခန္႔မွန္းခ်က္။

ျမန္မာႏိုင္ငံ အေရွ႕ပိုင္း၊ေတာင္ပိုင္း ႏွင့္ ျမစ္၀ကြ်န္းေပၚ ေဒသေတြမွာ မိုးဆက္လက္ထစ္ခ်ဳန္းရြာ ႏိုင္ပါတယ္။

Source : ေဒါက္တာထြန္းလြင္

(Unicode Version)

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်

ထိုင်းပင်လယ်ကွေ့အတွင်းဖြစ်ပေါ်နေသောမုန်တိုင်းငယ်အခြေအနေ။

(၈-၁၁-၂၀၁၇) ရက်နေ့ နံနက်(၁၀း၁၀) နာရီ အချိန် တိုင်းတာချက်များ အရ ထိုင်းပင်လယ်ကွေ့အတွင်းဖြစ်ပေါ်နေသော မုန်တိုင်းငယ် (TD – 29) ဟာ ကော့သောင်းမြို့ အနီးက ဖြတ်ကျော်ပြီး၊ကပ္ပလီပင်လယ်ပြင် အတွင်းကို ရွေ့လျှားနေပါတယ်။ လောလောဆယ် မှာ တော့ လေဖိအားနည်းရပ်ဝန်း အဖြစ် အားအနည်းငယ် လျော့ကျသွားခဲ့ပေမယ့်၊ ကပ္ပလီပင်လယ်ပြင် အပေါ်ရောက်တဲ့အခါ ပြန်လည် အားပျိုးလာကာ မုန်တိုင်းဖြစ်လာပြီး၊ အနောက်မြောက်ယွန်းယွန်းကိုပဲ ရွေ့လျှားသွားမယ်လို့ခန့်မှန်းရပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်ပြင် အခြေအနေ။

(၈-၁၁-၂၀၁၇)ရက် နံနက် (၀၉းဝဝ) နာရီအချိန် KALPANA_1 ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ဘင်္ဂလားပင်လယ်အော် မြောက် ပိုင်း မှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလား ပင်လယ်အော် မှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေမှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အနည်းငယ် မှ တိမ် အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။

မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအသင့် အတင့် မှ လှိုင်းကြီးနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ် ပြင် တွေမှာ လှိုင်းအမြင့် (၂)ပေခန့် မှ (၆)ပေ ခန့် ရှိနိုင်ပါတယ်။

ညအပူချိန်များအခြေအနေ။

ညအပူချိန်များ ဟာ ကချင်ပြည်နယ်၊ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် တို့မှာ 10°C–15°Cခန့်၊ ကျန်ဒေသတွေမှာ 16°C–23°C ရှိနိုင် ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။

တနင်္သာရီတိုင်းဒေသကြီး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားအဆင့်တွင်ရှိနိုင်ပြီး၊ကျန်ဒေသတွေမှာ အလွန်မြင့်မားအဆင့် တွင်ရှိနိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။

ကချင်ပြည်နယ်၊ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေး တိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင််ပြီး၊ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်ကျား၊ကျန်ဒေသတွေမှာ နေရာကျဲကျဲ မိုးထစ် ချုန်းရွာ နိုင်ပါတယ်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။

မြန်မာနိုင်ငံ အရှေ့ပိုင်း၊တောင်ပိုင်း နှင့် မြစ်ဝကျွန်းပေါ် ဒေသတွေမှာ မိုးဆက်လက်ထစ်ချုန်းရွာ နိုင်ပါတယ်။

Source : ဒေါက်တာထွန်းလွင်