၂၄ နာရီအတွင်း အမျိုးသမီး ၅၇ ဦးနဲ့ အတူအိပ်ပြီး ကမ္ဘာ့စံချိန်းချိုးခဲ့တဲ့ အမျိုးသား






(Unicode Version)

အမျိုးသမီး ၅၇ ဦးနဲ့ တစ်ရက်တည်း အတူအိပ်ပြီး ကမ္ဘာ့စံချိန်းချိုးခဲ့တဲ့ အမျိုးသား

စင်ကာပူက အမျိုးသားတစ်ဦးဟာ တစ်ရက်တည်းနဲ့ အမျိုးသမီး ၅၇ ဦးနဲ့ အတူအိပ်နိုင်ခဲ့တာကြောင့် ကမ္ဘာ့စံချိန်ကို ချိုးနိုင်သွားခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားတစ်ဦးတည်း အမျိုးသမီးပေါင်းများစွာနဲ့ အချိန်အကြာဆုံး အတူအိပ်နိုင်ခဲ့သူ ကမ္ဘာ့စံချိန်ဝင်ခဲ့တဲ့ ဆီးဇက်က အမျိုးသားကို ကျော်လွန်ပြီးတော့ ၂၄ နာရီအတွင်းမှာ အမျိုးသမီးပေါင်းများစွာနဲ့ အတူအိပ်စက်နိုင်ခဲ့တဲ့ စံချိန်ကို ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။

အမည်မဖော်ပြလိုသူ အသက် ၃၄ နှစ်တည်းသာရှိတဲ့ အဆိုပါ အမျိုးသားဟာ အမျိုးသမီးပေါင်းများစွာ နဲ့ အချိန်ကြာကြာအတူနေဖို့အတွက် လပေါင်းများစွာ ကြိုတင်ပြင်ဆင်မှု လေ့ကျင့်ရေးပေါင်းများစွာကို ဆင်းခဲ့ရပြီးတော့ ခံနိုင်ရည်ရှိတဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ်တုန်းက စံချိန်သစ်တစ်ခုတင်ထားခဲ့တဲ့ အမေရိကန် အပြာရုပ် ရှင်မင်းသားတစ်ဦးရဲ့ အမျိုးသမီး ၅၅ ဦးနဲ့ အိပ်နိုင်ခဲ့တဲ့ စံချိန်ကိုလည်း အဆိုပါ စင်ကာပူအမျိုးသား က ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မတူညီကွဲပြားတဲ့ ပုံစံတွေနဲ့ တစ်ဦးနဲ့တစ်ဦး အခြေအနေချင်းမတူတဲ့ အမျိုးသမီးတွေများစွာနဲ့ အတူနေ နိုင်ဖို့အတွက် စံချိန်ချိုးနိုင်ခဲ့တဲ့ အမျိုးသားမှာ ပြိုင်ပွဲမစတင်မီ အပြင်က လိင်ပိုင်းဆိုင်ရာဖျော်ဖြေရေး အငှားမယ်တွေနဲ့ ငှားရမ်းပြီး ကြိုတင်ပြင်ဆင် နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ တကယ့်ပြိုင် ပွဲမှာ စံချိန်ချိုးနိုင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်၊ ကိုယ်ခံအားနဲ့ အခြား သော ဆေးဝါးလိုအပ်တဲ့ ကုသထောက်ပံ့မှုတွေလည်း ယူခဲ့ရတယ်လို့ သိရပါတယ်။

အမျိုးသမီးများစွာနဲ့ အချိန်အကြာဆုံး အတူနေထိုင်မယ့် ပြိုင်ပွဲကျင်းပတဲ့အချိန်မှာတော့ ကမ္ဘာ့စံချိန်ချိုး နိုင်မယ့် တစ်ရက်တည်းနဲ့ အမျိုးသမီး ၅၇ ဦးမြောက်နဲ့ အတူနေပြီးမယ့် အချိန်မှာတော့ အမျိုးသားမှာ မောဟိုက်နွမ်းလျပြီး ခန္ဓာကိုယ်တောင့်မခံနိုင်တော့ပဲ လဲကျသွားခဲ့တာောကာင့် ဆေးရုံသို့ အလျင်အ မြန်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ တစ်ရက်တည်းနဲ့ အမျိုးသမီး ၅၀ ကျော်နဲ့ အတူနေထိုင်နိုင်ခဲ့တဲ့ သူက သူ့ရဲ့ အင်္ဂါတံနာကျင်ထိခိုက်သွားမှုကြောင့် ဆေးရုံတက်ကုသမှုခံနေခဲ့ရတာဖြစ်ပါတယ်။

Credit – သဒ္ဒါချို(ရွှေအင်းလေး)