ေရာဂါစံုသမွ်ကို ေပ်ာက္ကင္းႏိုင္တဲ့ ေဆးစြမ္းထက္တဲ့ ဒန္႔သလြန္႐ြက္

ဒန္႔သလြန္ရြက္ကို ဘယ္ေစ်းတြင္ရွာရွာ ေတြ႔ရွိႏိုင္ပါတယ္။ ဒန္႔သလြန္ပင္ဟာ ၁၂-ရာသီလံုး စားသံုးႏိုင္ေသာ ယင္းရြက္ပင္တမ်ိဳး ျဖစ္ပါတယ္။ အထူးသျဖင့္ ဒန္႔သလြန္ရြက္ဟာ လူႀကီး လူလတ္ လူငယ္မ်ားႏွင့္တည့္သလို ေသြးတိုးေဝဒနာမ်ား၊ ဆီးခ်ိဳ, ေသြးခ်ိဳေဝဒနာရွင္မ်ား၊ ေလငန္းေရာ၈ါေဝဒနာရွင္မ်ား၊ ဒူလာ၊ မီးယပ္ေဝဒနာရွင္မ်ားႏွင့္ အဆင္သင့္တဲ့ ေဆးဖက္ဝင္ ဟင္းရြက္တမ်ိဳး ျဖစ္ပါတယ္။

ဒန္႔သလြတ္ပင္လံုးဟာ ေဆးဖက္ဝင္လွပါတယ္။ ဒန္႔သလြန္ရြက္၊ အပြင့္၊ အသီး၊ အေခါက္ႏွင့္ အျမစ္တို႔ဟာ တိုင္းရင္းျမန္မာေဆးပညာမွာ သူ႔ေနရာႏွင့္သူ အသံုးဝင္လွပါသည္။ အထူးသျဖင့္ ဒန္႔သလြန္ရြက္ကို ေန႔စဥ္မွန္မွန္ စားေပးျခင္းေၾကာင့္ လူ႔ခႏၶာကိုယ္ရွိ ပ်စ္ေနေသာေသြးကို က်ဲေစတယ္။ တက္ေနေသာေသြးကို က်ေစတယ္။ ဆီးႏွင့္ဝမ္းကို ရႊင္ေစပါတယ္။ အဲဒီလို ဂုဏ္ထူးဝိေသသအေပါင္းျပည့္ေသာ ဒန္႔သလြန္ရြက္ပါ။

ဒါ့အျပင္ ဒန္႔သလြန္ရြက္ကို မည္သည့္ေဝဒနာရွင္ကိုမဆို ျမိန္ေစတယ္။ အစာကို ေၾကညက္ေစတယ္။ ႏႈတ္ကို ျမိန္ေစတယ္။ မ်က္စိကို အက်ိဳးျပဳတယ္။ဟေဒါသသံုးပါးလံုးကို ႏိုင္တယ္လို႔ ေဆးက်မ္းေတြမွာ ဖြင့္ဆိုထားပါတယ္။

ဒန္႕သလြန္၏ စြမ္းပကား

(၁) ဒန္႔သလြန္ရြက္ ဟင္းခါးကို ၾကက္သြန္ျဖဴခတ္၍ ေန႔, ည ေသာက္ေပးပါက မိုးဥတုတြင္ ျဖစ္ေပၚတတ္သည့္ ႏွာေစးျခင္း၊ ႏွာမႊန္ျခင္း၊ အေအးပတ္ဖြဲ႔ဖ်ားျခင္းတို႔ကို သက္သာေပ်ာက္ကင္း ေစပါတယ္။

(၂) ေန႔စဥ္ ဒန္႔သလြန္ရြက္ကို ဟင္းခါး (ငရုတ္ေကာင္းႏွင့္ၾကက္သြန္ျဖဴပါသည္) ခ်က္ေသာက္ေပးပါက ေသြးတိုးႏွင့္ ေသြးတက္ေရာဂါေဝဒနာရွင္မ်ား သက္သာေပ်ာက္ကင္းပါသည္။

(၃) သန္ရွိျပီး ဗိုက္ပူနံကားျဖစ္ေနေသာ ကေလးမ်ားအား ဒန္႔သလြန္သီးကို ရက္ဆက္ ခ်က္ေကၽြးေပးပါ။ ဒန္႔သလြန္သီးရဲ႔ စြမ္းပကားေၾကာင့္ ကေလးငယ္မ်ား ဝမ္းတြင္းရွိ သန္ေကာင္၊ တုတ္ေကာင္မ်ား ေသေၾကကုန္ၾကပါတယ္။ ဒီနည္းဟာ ကေလးငယ္မ်ားအတြက္ အႏၲရာယ္ကင္းေသာ ရိုးရာနည္းျဖစ္ပါတယ္။

(၄) ဒန္႔သလြန္သီးေျခာက္ အတြင္းသား (အေစ့ပါ) ကို အမႈန္႔ျပဳျပီး ေန႔စဥ္ သၾကားႏွင့္ ေရာေသာက္ေပးပါက ဆီးမ်ားျခင္းကို သက္သာေပ်ာက္ကင္းပါတယ္။

(၅) အေစ့မႈန္႔ကို နားနာ၊ နားကိုက္၊ နားျပည္ယိုေရာဂါမ်ားအတြက္ အုန္းဆီႏွင့္ေရာစပ္ျပီး ၾကက္ေတာင္သန္႔သန္႔ျဖင့္ နားက်ပ္ေပးပါက အထက္ပါေရာဂါမ်ားကို ေပ်ာက္ကင္းသက္သာေစပါတယ္။

(၆) ပါးစပ္မွ အနံ႔ဆိုးမ်ား နံျခင္း၊ သြားဖံုးမ်ားမွ ေသြးယိုျခင္းမ်ားအတြက္ ဒန္႔သလြန္ပင္စည္ကို ဓားျဖင့္ထစ္၍ ထြက္လာေသာအေစးကို ေရေႏြးျဖင့္ေရာစပ္ကာ ပါးလုတ္က်င္းေပးရပါတယ္။ ဒီလို မၾကာခဏ ျပဳလုပ္ေပးပါက ပါးစပ္နံျခင္း၊ သြားဖံုးေသြးယိုျခင္းမွ သက္သာေပ်ာက္ကင္းေစပါတယ္။

(၇) ဒန္႔သလြန္အပင္မွ အေခါက္ကိုခြါျပီး အဝတ္သန္႔သန္႔ျဖင့္ထုပ္ကာ ထုေျချပီး နာနာရွဴေပးပါက ေခါင္းအံု၊ ဇက္ေလးေရာဂါမ်ား ေပ်ာက္ကင္းေစတယ္။

(၈) မီးေနသည္ အမ်ိဳးသမီးမ်ားအတြက္ ဒန္႔သလြန္ရြက္ ဟင္းခါးခ်က္ေသာက္ေပးျခင္း (သို႔မဟုတ္) ဒန္႔သလြန္သီးကို ငါးကင္ျဖင့္ ခ်က္ေကၽြးပါက မထြက္ေသာႏို႔မွ ႏို႔ရည္မ်ား ျဖိဳင္ျဖိဳင္ထြက္လာပါတယ္။

(၉) ဒန္႔သလြန္သီး မႏုမရင့္ကို ငါးၾကင္းသားႏွင့္ခ်က္ျပီး မၾကာခဏစားေပးပါက ပန္းေသ၊ ပန္းညႇိဳးျခင္းမွ သက္သာေပ်ာက္ကင္းေစပါတယ္။

Credit : ေဝေဝႏြယ္(တိုင္းရင္းေဆး)

(Unicode Version)

ရောဂါစုံသမျှကို ပျောက်ကင်းနိုင်တဲ့ ဆေးစွမ်းထက်တဲ့ ဒန့်သလွန်ရွက်

ဒန့်သလွန်ရွက်ကို ဘယ်စျေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။

ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်ကို နေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေတယ်။ တက်နေသောသွေးကို ကျစေတယ်။ ဆီးနှင့်ဝမ်းကို ရွှင်စေပါတယ်။ အဲဒီလို ဂုဏ်ထူးဝိသေသအပေါင်းပြည့်သော ဒန့်သလွန်ရွက်ပါ။

ဒါ့အပြင် ဒန့်သလွန်ရွက်ကို မည်သည့်ဝေဒနာရှင်ကိုမဆို မြိန်စေတယ်။ အစာကို ကြေညက်စေတယ်။ နှုတ်ကို မြိန်စေတယ်။ မျက်စိကို အကျိုးပြုတယ်။ဟဒေါသသုံးပါးလုံးကို နိုင်တယ်လို့ ဆေးကျမ်းတွေမှာ ဖွင့်ဆိုထားပါတယ်။

ဒန့်သလွန်၏ စွမ်းပကား

(၁) ဒန့်သလွန်ရွက် ဟင်းခါးကို ကြက်သွန်ဖြူခတ်၍ နေ့, ည သောက်ပေးပါက မိုးဥတုတွင် ဖြစ်ပေါ်တတ်သည့် နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ်ဖွဲ့ဖျားခြင်းတို့ကို သက်သာပျောက်ကင်း စေပါတယ်။

(၂) နေ့စဉ် ဒန့်သလွန်ရွက်ကို ဟင်းခါး (ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူပါသည်) ချက်သောက်ပေးပါက သွေးတိုးနှင့် သွေးတက်ရောဂါဝေဒနာရှင်များ သက်သာပျောက်ကင်းပါသည်။

(၃) သန်ရှိပြီး ဗိုက်ပူနံကားဖြစ်နေသော ကလေးများအား ဒန့်သလွန်သီးကို ရက်ဆက် ချက်ကျွေးပေးပါ။ ဒန့်သလွန်သီးရဲ့ စွမ်းပကားကြောင့် ကလေးငယ်များ ဝမ်းတွင်းရှိ သန်ကောင်၊ တုတ်ကောင်များ သေကြေကုန်ကြပါတယ်။ ဒီနည်းဟာ ကလေးငယ်များအတွက် အန္တရာယ်ကင်းသော ရိုးရာနည်းဖြစ်ပါတယ်။

(၄) ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ) ကို အမှုန့်ပြုပြီး နေ့စဉ် သကြားနှင့် ရောသောက်ပေးပါက ဆီးများခြင်းကို သက်သာပျောက်ကင်းပါတယ်။

(၅) အစေ့မှုန့်ကို နားနာ၊ နားကိုက်၊ နားပြည်ယိုရောဂါများအတွက် အုန်းဆီနှင့်ရောစပ်ပြီး ကြက်တောင်သန့်သန့်ဖြင့် နားကျပ်ပေးပါက အထက်ပါရောဂါများကို ပျောက်ကင်းသက်သာစေပါတယ်။

(၆) ပါးစပ်မှ အနံ့ဆိုးများ နံခြင်း၊ သွားဖုံးများမှ သွေးယိုခြင်းများအတွက် ဒန့်သလွန်ပင်စည်ကို ဓားဖြင့်ထစ်၍ ထွက်လာသောအစေးကို ရေနွေးဖြင့်ရောစပ်ကာ ပါးလုတ်ကျင်းပေးရပါတယ်။ ဒီလို မကြာခဏ ပြုလုပ်ပေးပါက ပါးစပ်နံခြင်း၊ သွားဖုံးသွေးယိုခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။

(၇) ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့်ထုပ်ကာ ထုခြေပြီး နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေးရောဂါများ ပျောက်ကင်းစေတယ်။

(၈) မီးနေသည် အမျိုးသမီးများအတွက် ဒန့်သလွန်ရွက် ဟင်းခါးချက်သောက်ပေးခြင်း (သို့မဟုတ်) ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးပါက မထွက်သောနို့မှ နို့ရည်များ ဖြိုင်ဖြိုင်ထွက်လာပါတယ်။

(၉) ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့်ချက်ပြီး မကြာခဏစားပေးပါက ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။

Credit : ဝေဝေနွယ်(တိုင်းရင်းဆေး)