လာနီညာ ရာသီဥတုနဲ႔ အာရွႏိုင္ငံမ်ား အေျခအေန

လာနီညာ ရာသီဥတုနဲ႔ အာရွႏိုင္ငံမ်ား အေျခအေန

၁၀-၁၁-၂၀၁၇ / ည(၇း၄၇)နာရီ။

အေမရိကန္ျပည္ေထာင္စုရွိ ေလထုနဲ႕အဏၰ၀ါအုပ္ခ်ဳပ္ေရးအဖြဲ႕(NOAA) မွ ၂၀၁၇ ခုႏွစ္ေဆာင္းဦးကာလျဖစ္ေသာ (၉-၁၁-၂၀၁၇)ရက္ေန႕တြင္ အားအနည္းငယ္ရွိေသာလာနီညာျဖစ္စဥ္တရား၀င္က်ေရာက္ျပီဟု ထုတ္ျပန္ေႀကျငာခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ေဆာင္းရာသီကာလအထိ လာနီညာျဖစ္စဥ္ဆက္လက္ျဖစ္ေပၚရန္ ေသခ်ာမႈ ၇၅% အထိရွိေနပါတယ္။

လာနီညာအင္အားမေကာင္းသည္႕အတြက္ ပစိဖိတ္သမုဒၵရာအေရွ႕ဖက္မွ ေရေအးမ်ားတိုး၀င္မႈဟာ အာရွတိုက္ေရပိုင္နက္အထိ မေရာက္ရွိႏိုင္ပဲ၊ အေနာက္ဖက္ 170W longitude ခန္႕အထိသာေရာက္ရွိႏိုင္တာကိုေတြ႕ရပါတယ္။ အဲဒါေႀကာင့္ လာနီညာရာသီဥတု(ေအးျပီးစြတ္စိုေသာရာသီဥတု) ဟာ အာရွတိုက္ႏိုင္ငံမ်ားအထိမေရာက္ရွိႏိုင္ပဲ၊ ေတာင္တရုတ္ပင္လယ္ခန္႕အထိသာေရာက္ရွိႏိုင္တာကိုေတြ႕ရပါတယ္။ အဲဒါေႀကာင့့္ ၂၀၁၇-၁၈ ေဆာင္းရာသီကာလအတြင္း အာရွတိုက္ႏိုင္ငံမ်ားအေနျဖင့္ လာနီညာရာသီဥတုအက်ိဳးသက္ေရာက္မႈ ေလ်ာ့နည္းႏိုင္တယ္လို႕ ခန္႕မွန္းရပါတယ္။

IRI ရက္ရွည္ခန္႕မွန္းေရးဗဟိုဌာနရဲ႕ ၂၀၁၇-၁၈ ေဆာင္းရာသီကာလမ်ားျဖစ္တဲ့ (ႏို၀င္ဘာလ၊ ၂၀၁၇+ဒီဇင္ဘာလ၊ ၂၀၁၇ နဲ႕ ဇန္န၀ါရီလ၊ ၂၀၁၈) ကာလ အတြင္း ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသမ်ားျဖစ္ႀကတဲ့ (ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ မႏၱေလးတိုင္း၊ ခ်င္းျပည္နယ္)တို႕ဟာ ေျခာက္ေသြ႕ျပီးအေအးေပါ့တဲ့ေဆာင္းရာသီႀကံဳေတြ႕ရဖြယ္ရွိေႀကာင္းခန္႕မ်န္းထားပါတယ္။

Source : ေဒါက္တာထြန္းလြင္

(Unicode Version)

လာနီညာ ရာသီဥတုနဲ့ အာရှနိုင်ငံများ အခြေအနေ

၁၀-၁၁-၂၀၁၇ / ည(၇း၄၇)နာရီ။

အမေရိကန်ပြည်ထောင်စုရှိ လေထုနဲ့အဏ္ဏဝါအုပ်ချုပ်ရေးအဖွဲ့(NOAA) မှ ၂၀၁၇ ခုနှစ်ဆောင်းဦးကာလဖြစ်သော (၉-၁၁-၂၀၁၇)ရက်နေ့တွင် အားအနည်းငယ်ရှိသောလာနီညာဖြစ်စဉ်တရားဝင်ကျရောက်ပြီဟု ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ဆောင်းရာသီကာလအထိ လာနီညာဖြစ်စဉ်ဆက်လက်ဖြစ်ပေါ်ရန် သေချာမှု ရ၅% အထိရှိနေပါတယ်။

လာနီညာအင်အားမကောင်းသည့်အတွက် ပစိဖိတ်သမုဒ္ဒရာအရှေ့ဖက်မှ ရေအေးများတိုးဝင်မှုဟာ အာရှတိုက်ရေပိုင်နက်အထိ မရောက်ရှိနိုင်ပဲ၊ အနောက်ဖက် 170W longitude ခန့်အထိသာရောက်ရှိနိုင်တာကိုတွေ့ရပါတယ်။ အဲဒါကြောင့် လာနီညာရာသီဥတု(အေးပြီးစွတ်စိုသောရာသီဥတု) ဟာ အာရှတိုက်နိုင်ငံများအထိမရောက်ရှိနိုင်ပဲ၊ တောင်တရုတ်ပင်လယ်ခန့်အထိသာရောက်ရှိနိုင်တာကိုတွေ့ရပါတယ်။ အဲဒါကြောင့့် ၂၀၁၇-၁၈ ဆောင်းရာသီကာလအတွင်း အာရှတိုက်နိုင်ငံများအနေဖြင့် လာနီညာရာသီဥတုအကျိုးသက်ရောက်မှု လျော့နည်းနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

IRI ရက်ရှည်ခန့်မှန်းရေးဗဟိုဌာနရဲ့ ၂၀၁၇-၁၈ ဆောင်းရာသီကာလများဖြစ်တဲ့ (နိုဝင်ဘာလ၊ ၂၀၁၇+ဒီဇင်ဘာလ၊ ၂၀၁၇ နဲ့ ဇန်နဝါရီလ၊ ၂၀၁၈) ကာလ အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများဖြစ်ကြတဲ့ (ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်)တို့ဟာ ခြောက်သွေ့ပြီးအအေးပေါ့တဲ့ဆောင်းရာသီကြုံတွေ့ရဖွယ်ရှိကြောင်းခန့်မျန်းထားပါတယ်။

Source : ဒေါက်တာထွန်းလွင်