စြမ္းထက္သံုးဝင္ ေတာင္လံုးေက်ာ္ပင္

ေရွးဘုိးဘြားျမန္မာႀကီးမ်ားသည္ ေဆးနည္းေဆးစြမ္းေကာင္းမ်ားကို လူတိုင္းလူတိုင္းစိတ္ဝင္စားၿပီး ႏႈတ္ငံုေဆာင္ႏုိင္ၾကေစရန္ဟူေသာ ေစတနာေမတၱာျဖင့္ ေတးထပ္၊ ဒံုးခ်င္း စသည့္ကဗ်ာ လကၤာမ်ား ေရးဖြဲ႕ကာလူထုေရွ႕ေမွာက္သုိ႔ ေရာက္ေအာင္စြမ္းေဆာင္ခဲ့ၾကသည္။ တစ္နည္းအားျဖင့္ ေဆးနည္းေဆးစြမ္းေကာင္းမ်ားကို ကဗ်ာ လကၤာေရးဖြဲ႕၍ မွတ္တမ္းျပဳ ခဲ့ၾကသည္။ အခ်ဳိ႕မွာမူ သားစဥ္ေျမးဆက္လက္ဆင့္ကမ္းပညာေပးရာတြင္သစၥာဆုိကာေပးခဲ့ေသာေၾကာင့္ ေနာင္လာေနာက္သားမ်ား မသိရွိႏုိင္ဘဲ ေသရြာသို႔ ယူေဆာင္ သြားၾက သည္မ်ား လည္း ရွိသည္။

စာေရးသူအေနျဖင့္ ကိုယ္ေတြ႕လက္ေတြ႕တုိ႔ကို အတုယူအားက်ကာ မိမိတုိ႔၏ကိုယ္ေတြ႕လက္ေတြ႕ အသံုးျပဳၿပီးေသာ ျမန္မာေဆးၿမီးတို၊ ေဆးနည္း၊ ေဆးစြမ္း ေကာင္းမ်ားရင္းႏွီးေသာ မိတ္ေဆြ မ်ား၏ ကုိယ္ေတြ႕ေျပာျပခ်က္မ်ား စာအုပ္စာေပစာတမ္းမ်ား၌ ဖတ္ရေသာ ေဆးနည္းမ်ားႏွင့္ ေဆးစြမ္းေကာင္းမ်ားကို ဖတ္႐ႈမွတ္သား ခဲ့ရသည္။မိမိ၏ကုိယ္ေတြ႕ႏွင့္ စာဖတ္သူတို႔၏ အက်ဳိး မ်ားေစ ရန္ ေရးသားမွ်ေဝခ်င္စိတ္မ်ား ျဖစ္ေပၚမိသည္။

ေဆးပင္တုိ႔ကား စာေရးသူတို႔ေနထိုင္ေသာ ကမၻာေျမႀကီးေပၚတြင္ မ်ားျပားလွသည္။ သူ႔အစြမ္း၊ သူ႔သတၱိႏွင့္ ဂုဏ္ရည္တို႔ရွိၾကသည္။ လူသားတို႔ကို အက်ဳိးျပဳၾကသည္။ ”အနာႏွင့္ေဆး တည့္ေအာင္ေပးေပ်ာက္ေရးမခက္ေပ” ဆုိသည့္အတိုင္းေဆးပင္တစ္ပင္ကုိ ေရာဂါအမ်ဳိးအစားအလုိက္အသံုးျပဳပံုကုိ ေလ့လာမွတ္သားရသည္။ေရာဂါႏွင့္ေဆးပင္ကုိတြဲ၍ သိဖို႔ရန္လုိအပ္ သည္။” တန္ေဆး လြန္ေဘး” ဆုိသကဲ့သုိ႔ ေဆးကိုမလြန္ေအာင္ ခ်င့္ခ်ိန္သံုးတတ္ဖုိ႔လုိသည္။

သို႔မွသာ လူသားတို႔အတြက္ အက်ဳိးျဖစ္ထြန္းမည္ျဖစ္သည္။”ကတိသစၥာတည္ေသာခါဝယ္ ၾသဇာေလးနက္ ေပၚဆီတက္၍ ႏြယ္ျမက္သစ္ပင္ ေဆးဖက္ဝင္၏” ဆိုသည့္ စကားမွာ မွန္ကန္ေသာ သစၥာစကားျဖစ္သည္။ ထုိ႔ေၾကာင့္တန္ဖိုးထားရန္ လိုအပ္သည္။ ယံုမွၾကည္မွာျဖစ္ျခင္းေၾကာင့္ ယံုၾကည္မႈရွိဖို႔လုိအပ္သည္။

ႏြယ္ျမက္သစ္ပင္တို႔သည္ လူတို႔အား အက်ဳိးျပဳၾက၏။ဤေဆာင္းပါးတြင္ ထူးျခားေသာ ေဆးပင္တစ္ပင္၏အေၾကာင္းကို ကိုယ္ေတြ႕ေပ်ာက္ ကင္းခ်မ္းသာမွရ သည့္ အတြက္ ခုနစ္ရက္သား သမီး မ်ား က်န္းမာခ်မ္းသာေစရန္ေရးသားမွ်ေဝေပးျခင္းျဖစ္သည္။

ေဆးပင္အမည္မွာ ”ေတာင္လံုးေက်ာ္”ဟုသိရသည္။ အခ်ဳိ႕အမည္အရင္းကုိမသိကင္ဆာေရာဂါကို လက္ေတြ႕ေပ်ာက္ကင္းခဲ့ေသာေၾကာင့္ ကင္ဆာေဆးပင္ဟုေခၚၾကသည္။ အခ်ဳိ႕အရပ္ေဒသ အေခၚ အက်ိတ္ေၾကပင္ဟုေခၚၾကသည္။ စာေရးသူေလ့လာစူးစမ္း၍ သိရသေလာက္ရင္သားအက်ိတ္မ်ားကို ႏုလွ်င္ မခြဲစိတ္ရဘဲ ႀကိတ္ ေထာင္း၍အံုေပးရျခင္း၊ အနည္းငယ္ေထာင္း၍ တိုက္ေကြၽးေပးျခင္းမ်ားျပဳလုပ္ေပးလွ်င္ အတြင္းအက်ိတ္နာမ်ား သိသိသာသာေလ်ာ့က်ေပ်ာက္ကင္းျခင္းမ်ားကို သံုးစြဲသူ ကုိယ္တိုင္ေျပာၾကား၍ သိခဲ့သည္။ ထုိ႔ျပင္အဆိပ္ရွိေသာအေကာင္ကုိက္၍ ပြတ္ေျခၿပီး အံုေပးရာအဆိပ္က်ဆင္းေၾကာင္းကုိလည္း ႀကံဳေတြ႕ရဖူးသည္။ ထုိ႔ေၾကာင့္ အမ်ား အားျဖင့္အဆိပ္ေျပပင္ဟုလည္း ေခၚေဝၚသံုးစြဲၾကသည္။

ေဆးပင္၏ပံုသဏၭာန္မွာ ႐ိုးတံမာ၍အေၾကာမ်ားျဖင့္ တည္ေဆာက္ထားေသာပင္ေပ်ာ့မ်ဳိးျဖစ္၏။ အပင္၏အျမင့္မွာ အမ်ားအားျဖင့္ ငါးေပခြဲ ေျခာက္ေပခန္႔ အထိျမင့္ တက္ၿပီးႏြဲ႕ေႏွာင္းကုိင္းၫြ တ္ေသာ အပင္ျဖစ္သည္။အရြက္မွာ အစိမ္းရင့္ေရာင္ျဖစ္ၿပီးအနည္းငယ္ဝုိင္း၍ ထိပ္ပိုင္းတြင္ခြၽန္သည္။

အနားသတ္အထစ္ထစ္အတြန္႔ကေလးမ်ားပါရွိ၍ ေခါင္ရန္းပင္အေသးစားအရြက္ႏွင့္ဆင္တူသည္။ ေရသံုးေသာ ေနရာမ်ားတြင္တစ္ေတာင္ခန္႔အ႐ိုးရင့္ရင့္ကို ထုိးစိုက္႐ံု မွ်ျဖင့္ရွင္သန္ႏုိင္ေသာ အပင္ျဖစ္သည္။ အရြက္မွာအလြန္ေၾကြခဲ၍ စိမ္းေရႊေရႊႏွင့္အနံ႔ျပင္းျပေသာအပင္ျဖစ္သည္။ အရြက္မွာ ရြက္ဆိုင္ထြက္သည္။ အပြင့္မွာပြင့္ခဲလွသည္။ ပြင့္လွ်င္အျဖဴေရာင္အဆုပ္ေလးမ်ားပြင့္ၿပီး အသီးမွာ စာေရးသူတို႔ ငယ္စဥ္က ဝါးျပြတ္တန္ ကေလးထဲထည့္၍ ေဖာက္ကစားေသာေဘာင္ေဘာင္သီးႏွင့္ဆင္တူ၏။

ေဆးပင္၏ ဂုဏ္သတၱိကိုၾကည့္လွ်င္စပ္ဖ်ဥ္းဖ်ဥ္းရွိ၏။လက္ႏွင့္ပြတ္ေျခလွ်င္ ေစးခြၽဲ၏။ သလိပ္ႏွင့္ေလကိုႏုိင္၏။ ေၾကညက္လြယ္၏။ အပူနာမ်ားကို ႏိုင္နင္း၏။ ဆီးေအာင့္ နာ၊ သည္းေျခနာ၊ ဝမ္းတြင္းကလီစာႏွင့္သက္ဆုိင္ေသာ အနာမ်ားကို အက်ဳိးျပဳ၏။ ခႏၶာကိုယ္တြင္းအက်ိတ္အခဲမ်ားကိုေရအနည္းငယ္ႏွင့္ ႀကိတ္ေထာင္း၍ စတီးဇြန္း ႏွစ္ဇြန္း ခန္႔ တိုက္ေကြၽး၍ ဆီးႏွင့္သက္ ဆုိင္ေသာ အေဖာအေရာင္ေရာဂါမ်ားကိုလက္တြင္းတစ္ဆုပ္ခန္႔ သံုးခြက္တစ္ခြက္တင္က်ဳိတုိက္ျခင္းျဖင့္ ဆီးေပါေပါသြား၍ အေဖာအေရာင္ေလ်ာ့က်ေစသည္။

စာေရးသူ၏ကုိယ္ေတြ႕ကိုတင္ျပရလွ်င္လြန္ခဲ့ေသာ ဆယ့္ငါးႏွစ္ခန္႔က စာေရးသူတို႔တာဝန္က်ရာ ကြမ္းၿခံကုန္းၿမိဳ႕ေလးသို႔မိသားစုေျပာင္းေရႊ႕ခဲ့ရသည္။ ထုိအခ်ိန္တြင္ သမီးငယ္ မွာ ကိုး တန္းေက်ာင္းသူမွ်သာရွိေသးေသာ္လည္း အခ်ိန္ရွိသေရြ႕ က်န္းမာေရးမေကာင္းေပ။ မိန္းကေလးတို႔ သဘာဝလစဥ္ပံုမွန္ရွိရမည့္အစား လာလုိက္ ေပ်ာက္လိုက္ႏွစ္လခန္႔ေက်ာ္သြားလုိက္ျဖင့္ ပံုမွန္ က်န္း မာေရးကိုမရရွိပါ။ စာေရးသူလည္း သမီးငယ္ေသး၍မမွန္ေသးတာျဖစ္မည္။ ျဖစ္တတ္ သည့္သဘာဝ ရွိျခင္း ေၾကာင့္ ဟု ဆိုကာသာမန္တိုင္းရင္းေသြးညႇိေဆးႏွင့္ ရွားေစာင္း လက္ ပပ္ေဆး တုိ႔ ကိုသာ တိုက္ေကြၽးခဲ့သည္။
သုိ႔ေသာ္အေျခအေနမွာ မထူးျခားလာပါ။ေနာက္ပိုင္းတြင္ ဓမၼတာထိန္က်န္ျခင္းမ်ားမရွိေတာ့ဘဲ မ်ားမ်ားလာ၍ ေတာ္႐ံုျဖင့္မၿပီးတတ္ေတာ့ေပ။ တစ္လႏွင့္ တစ္လရာ သီေသြးမွာ တရစပ္ျဖစ္ၿပီး ရက္ျခားလွ်င္ သံုးရက္ခန္႔သာရွိသည္။

ထုိ႔ေၾကာင့္ သမီးကုိေကာင္းႏုိးရာရာအမည္ရတိုင္းရင္းဆရာမ်ားႏွင့္ ကုၾကည့္သည္။ဓာတ္စာမ်ားလည္းေကြၽးသည္။လစဥ္တိုင္းပင္လုိအပ္လွ်င္ လိုသလုိ နီးစပ္ရာေဆး႐ံုေဆးခန္းတြင္ အေၾကာေဆး သြင္းျခင္း၊ေသာက္ေဆး၊ ထုိးေဆးမ်ားျဖင့္ ကုသမႈခံယူျခင္းမ်ားျပဳလုပ္ေသာ္လည္း သမီးဆယ္တန္းႏွစ္ေရာက္သည့္အထိ သက္သာေပ်ာက္ ကင္းျခင္း အလ်င္မရွိေပ။ ေက်ာင္းမွာလည္း ပ်က္ရက္ မ်ားေသာေၾကာင့္ ေက်ာင္းေခၚခ်ိန္မျပည့္မီပါ။သက္သာသလုိရွိေသာေန႔မ်ား၌ ေက်ာင္းသြားတက္ျပန္ရင္လည္း လႈပ္ရွား လုိက္သည္ႏွင့္ေရသြန္သကဲ့သို႔ ထြက္က်ျပန္ သည္။

ထုိအခါက်န္းမာေရးဗဟုသုတႏွင့္ မျပည့္စံုေသာဆရာမမ်ားၾကားတြင္ ဘာလုိလိုေဝဖန္ခံခဲ့ရေသးသည္။ ရန္ကုန္ၿမိဳ႕သုိ႔ေခၚလာ၍မီးယပ္အထူးကုႏွင့္ျပသေသာအခါ (အာထရာေဆာင္း) ႐ိုက္ၾကည့္ရာမွ သားအိမ္တြင္ေရအိတ္ႏွင့္ အက်ိတ္ရွိေနေၾကာင္းသိလုိက္ရသည္။ ဆရာဝန္ႀကီးအား ဆယ္တန္းစာေမးပြဲမေျဖခင္ ခြဲ၍ရလွ်င္ခြဲ ထုတ္ေပးပါရန္ ေဆြးေႏြးၾကည့္ေသာ အခါ ယခုလိုေသးေၾကာင္းလုိအပ္လွ်င္ ခြဲေပးမည္ျဖစ္ေၾကာင္း ယခုေပးသည့္ ေသြးအားျဖည့္ေဆးေခၚ ( ေတာ့ဟီးမား) ကုိသာ တစ္ေန႔တစ္ပု လင္းတိုက္ရမည့္ အေၾကာင္းေျပာၿပီး ၁၅ ရက္ တစ္ ခါျပန္ျပရန္ေျပာသည္။ ထုိအခါ သမီးငယ္မွာဆင္းသမွ်ေသြးကို အားထပ္ျဖည့္႐ံုမွလြဲ၍ အိပ္ရာထဲတြင္ တစ္ခ်ိန္လံုး ေနေနရသည္။ ထုိသုိ႔ေနရင္းႏွင့္ပင္ သမီးမွာ ဆယ္တန္း စာေမးပြဲႀကီး တစ္ႏွစ္ လက္လြတ္ဆံုး႐ံႈးခံလုိက္ရသည္။

တစ္ေန႔တြင္ စာေရးသူတို႔ေနထုိင္ေသာကြမ္းၿခံကုန္းၿမိဳ႕နယ္ မိခင္ႏွင့္ကေလးဥကၠ႒ ဆရာမေဒၚေသာင္းရီမွ အဖြဲ႕၏႐ံုးခန္းေနာက္တြင္စုိက္ပ်ဳိးထားေသာ ေတာင္လံုး ေက်ာ္ ပင္မွ အရြက္ ကိုေထာင္း ၍ တုိက္ရန္ အႀကံျပဳလာသည္။ ၎႐ံုးေရွ႕ရွိ ကြမ္းယာဆုိင္မွ ညီမ တစ္ဦးသည္လည္း ထုိကဲ့သုိ႔ သားအိမ္ အလံုးျဖစ္ရာ ဆရာဝန္မွာ တစ္လ အနားယူ အားေမြးပါ။ တစ္လျပည့္လွ်င္ ျပန္ျပ။ လို အပ္ေသာ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ခြဲရမည္ဟုေျပာလုိက္သည္။

ထုိညီမငယ္မွာ ေငြေရးေၾကးေရးကလည္း အခက္အခဲရွိေနျပန္ ဆုိင္ပိတ္ထားရလွ်င္လည္း စားဝတ္ေနေရး အဆင္မေျပလွေသာေၾကာင့္ အင္မတန္စိတ္ညစ္ရသည့္အခ်ိန္ ျဖစ္ခ်င္ရာျဖစ္ စမ္းေသာက္ၾကည့္ မည္ဟုဆုိသည္။

တစ္ေန႔ႏွစ္ႀကိမ္ ေရေႏြးေသာက္ပန္းကန္လံုးႏွင့္ တစ္ဝက္နီးပါး က်ဲက်ဲေလးေထာင္း၍ ေသာက္ၾကည့္ရာ ၁၅ ရက္ခန္႔ ေသာက္ၿပီးေနရထုိင္ရသည္မွာ ေပါ့ပါး၍ တစ္လျပည့္ျပန္ျပေသာအခါ အလံုး မွာေသးေသးမွ်သာ ရွိေသာေၾကာင့္ ဆရာဝန္မ်ားမ်က္စိလည္ခဲ့ရသည္။

ဆရာဝန္က”ဘာေဆးေတြ သံုးေသးလဲ”ဟုေမးရာ လူနာမွအမွန္အတိုင္းေျပာျပလုိက္ေသာေၾကာင့္ ခြဲစိတ္ရန္မလိုအပ္ေတာ့ေၾကာင္း ၎အတိုင္း ဆက္လက္သံုးေစၿပီး ရက္ခ်ိန္းမွန္မွန္သာ လာျပ ရန္ေျပာခဲ့သည္။ ေနာက္ပိုင္း၎ ကြမ္းယာေရာင္းေသာညီမေလးမွာလံုးဝေပ်ာက္ကင္းေနေၾကာင္း သိရသည္။

စာေရးသူမွာလည္း ေရွ႕မွာလက္ေတြ႕သာဓကရွိထားေသာေၾကာင့္ သမီးကိုယံုယံုၾကည္ၾကည္ျဖင့္ ေဆးရြက္ကို လက္တစ္ဆုပ္ခူးေရစင္ေအာင္ေဆးေၾကာ၍ ေထာင္းကာမနက္ကို လက္ဖက္ရည္ အၾကမ္း ပန္းကန္ႏွင့္တစ္ဝက္နီးနီး ညကိုလည္း ထုိနည္း အတုိင္းပင္ေထာင္း၍ အျမန္ေပ်ာက္ေစခ်င္ေသာ ဆႏၵျဖင့္ သရဏဂံုရြတ္ျခင္း၊ သစၥာျပဳျခင္း မ်ားျပဳလုပ္ ၍တိုက္ေကြၽး သည္။

၎ေဆးရြက္ကို ေထာင္းရာတြင္ေရအနည္းငယ္ဆြတ္၍ ေထာင္းမွသာအရည္ရႏိုင္သည္။ ၎၏ထူးျခားခ်က္မွာ ထုေထာင္းၿပီး၍ ပန္းကန္လံုးထဲသို႔ ညႇစ္ခ်ရာတြင္ခြၽဲ၍ အျပင္ေလႏွင့္ထိေတြ႔ၿပီး ခဲသြားတတ္သည္။ ဝမ္းထဲသို႔မ်ဳိခ်ရာတြင္ အပူအားမ်ားေနေသာသူမ်ားအဖို႔ လည္ေခ်ာင္းထဲ၌စပ္ရွားရွားျဖစ္ၿပီး ေခတၱရင္ပူသည့္အေတြ႕ကို ခံစားရသည္။ ထုိသုိ႔ ရက္ဆက္ေသာက္သြားလွ်င္ ဝမ္း တြင္း အပူၿငိမ္း၍ ေနာက္ပိုင္းေသာက္လိုက္သည္ႏွင့္ ရင္ထဲတြင္ေအးၿငိမ္းသြားေသာ အသိကိုခံစားရသည္။

ထုိသု႔ိ ရက္ ၂ဝ နီးပါးခန္႔ သမီးအားတိုက္ေကြၽးၿပီး ဆရာဝန္ထံသုိ႔ ရက္ခ်ိန္းျပန္ျပရာ အက်ိတ္ႏွင့္အတူ သားအိမ္ေရအိတ္မွာ က်ဳ၍ံ အလြန္ေသးငယ္သြားေၾကာင္း သိရသည္။ ထိုမွအားေဆးႏွင့္ အခ်ိန္ျခား၍ ဆက္လက္ တုိက္ေပးရာ ယခုအခ်ိန္တြင္ ပံုမွန္ က်န္းမာေရးရရွိၿပီး ေပ်ာက္ကင္းခ်မ္းသာေနၿပီျဖစ္သည္။

ထုိ႔အတူ စာေရးသူမွာလည္း အသည္းႀကီးေရာဂါ ခံစားလာရေသာေၾကာင့္ ထုိကဲ့သို႔ပင္ ေသာက္သံုးရာမွ သိသိ သာသာ ေပ်ာက္ကင္းခဲ့ေၾကာင္း ေမတၱာေလာင္း၍ တင္ျပ လိုက္ရပါသည္။ ။

စိန္ေမရီ လြင္မုိး

Source : Myawady Health

(Unicode Version)

စွမ်းထက်သုံးဝင် တောင်လုံးကျော်ပင်

ရှေးဘိုးဘွားမြန်မာကြီးများသည် ဆေးနည်းဆေးစွမ်းကောင်းများကို လူတိုင်းလူတိုင်းစိတ်ဝင်စားပြီး နှုတ်ငုံဆောင်နိုင်ကြစေရန်ဟူသော စေတနာမေတ္တာဖြင့် တေးထပ်၊ ဒုံးချင်း စသည့်ကဗျာ လင်္ကာများ ရေးဖွဲ့ကာလူထုရှေ့မှောက်သို့ ရောက်အောင်စွမ်းဆောင်ခဲ့ကြသည်။ တစ်နည်းအားဖြင့် ဆေးနည်းဆေးစွမ်းကောင်းများကို ကဗျာ လင်္ကာရေးဖွဲ့၍ မှတ်တမ်းပြု ခဲ့ကြသည်။ အချို့မှာမူ သားစဉ်မြေးဆက်လက်ဆင့်ကမ်းပညာပေးရာတွင်သစ္စာဆိုကာပေးခဲ့သောကြောင့် နောင်လာနောက်သားများ မသိရှိနိုင်ဘဲ သေရွာသို့ ယူဆောင် သွားကြ သည်များ လည်း ရှိသည်။

စာရေးသူအနေဖြင့် ကိုယ်တွေ့လက်တွေ့တို့ကို အတုယူအားကျကာ မိမိတို့၏ကိုယ်တွေ့လက်တွေ့ အသုံးပြုပြီးသော မြန်မာဆေးမြီးတို၊ ဆေးနည်း၊ ဆေးစွမ်း ကောင်းများရင်းနှီးသော မိတ်ဆွေ များ၏ ကိုယ်တွေ့ပြောပြချက်များ စာအုပ်စာပေစာတမ်းများ၌ ဖတ်ရသော ဆေးနည်းများနှင့် ဆေးစွမ်းကောင်းများကို ဖတ်ရှုမှတ်သား ခဲ့ရသည်။မိမိ၏ကိုယ်တွေ့နှင့် စာဖတ်သူတို့၏ အကျိုး များစေ ရန် ရေးသားမျှဝေချင်စိတ်များ ဖြစ်ပေါ်မိသည်။

ဆေးပင်တို့ကား စာရေးသူတို့နေထိုင်သော ကမ္ဘာမြေကြီးပေါ်တွင် များပြားလှသည်။ သူ့အစွမ်း၊ သူ့သတ္တိနှင့် ဂုဏ်ရည်တို့ရှိကြသည်။ လူသားတို့ကို အကျိုးပြုကြသည်။ ”အနာနှင့်ဆေး တည့်အောင်ပေးပျောက်ရေးမခက်ပေ” ဆိုသည့်အတိုင်းဆေးပင်တစ်ပင်ကို ရောဂါအမျိုးအစားအလိုက်အသုံးပြုပုံကို လေ့လာမှတ်သားရသည်။ရောဂါနှင့်ဆေးပင်ကိုတွဲ၍ သိဖို့ရန်လိုအပ် သည်။” တန်ဆေး လွန်ဘေး” ဆိုသကဲ့သို့ ဆေးကိုမလွန်အောင် ချင့်ချိန်သုံးတတ်ဖို့လိုသည်။

သို့မှသာ လူသားတို့အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။”ကတိသစ္စာတည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” ဆိုသည့် စကားမှာ မှန်ကန်သော သစ္စာစကားဖြစ်သည်။ ထို့ကြောင့်တန်ဖိုးထားရန် လိုအပ်သည်။ ယုံမှကြည်မှာဖြစ်ခြင်းကြောင့် ယုံကြည်မှုရှိဖို့လိုအပ်သည်။

နွယ်မြက်သစ်ပင်တို့သည် လူတို့အား အကျိုးပြုကြ၏။ဤဆောင်းပါးတွင် ထူးခြားသော ဆေးပင်တစ်ပင်၏အကြောင်းကို ကိုယ်တွေ့ပျောက် ကင်းချမ်းသာမှရ သည့် အတွက် ခုနစ်ရက်သား သမီး များ ကျန်းမာချမ်းသာစေရန်ရေးသားမျှဝေပေးခြင်းဖြစ်သည်။

ဆေးပင်အမည်မှာ ”တောင်လုံးကျော်”ဟုသိရသည်။ အချို့အမည်အရင်းကိုမသိကင်ဆာရောဂါကို လက်တွေ့ပျောက်ကင်းခဲ့သောကြောင့် ကင်ဆာဆေးပင်ဟုခေါ်ကြသည်။ အချို့အရပ်ဒေသ အခေါ် အကျိတ်ကြေပင်ဟုခေါ်ကြသည်။ စာရေးသူလေ့လာစူးစမ်း၍ သိရသလောက်ရင်သားအကျိတ်များကို နုလျှင် မခွဲစိတ်ရဘဲ ကြိတ် ထောင်း၍အုံပေးရခြင်း၊ အနည်းငယ်ထောင်း၍ တိုက်ကျွေးပေးခြင်းများပြုလုပ်ပေးလျှင် အတွင်းအကျိတ်နာများ သိသိသာသာလျော့ကျပျောက်ကင်းခြင်းများကို သုံးစွဲသူ ကိုယ်တိုင်ပြောကြား၍ သိခဲ့သည်။ ထို့ပြင်အဆိပ်ရှိသောအကောင်ကိုက်၍ ပွတ်ခြေပြီး အုံပေးရာအဆိပ်ကျဆင်းကြောင်းကိုလည်း ကြုံတွေ့ရဖူးသည်။ ထို့ကြောင့် အများ အားဖြင့်အဆိပ်ပြေပင်ဟုလည်း ခေါ်ဝေါ်သုံးစွဲကြသည်။

ဆေးပင်၏ပုံသဏ္ဌာန်မှာ ရိုးတံမာ၍အကြောများဖြင့် တည်ဆောက်ထားသောပင်ပျော့မျိုးဖြစ်၏။ အပင်၏အမြင့်မှာ အများအားဖြင့် ငါးပေခွဲ ခြောက်ပေခန့် အထိမြင့် တက်ပြီးနွဲ့နှောင်းကိုင်းညွ တ်သော အပင်ဖြစ်သည်။အရွက်မှာ အစိမ်းရင့်ရောင်ဖြစ်ပြီးအနည်းငယ်ဝိုင်း၍ ထိပ်ပိုင်းတွင်ချွန်သည်။

အနားသတ်အထစ်ထစ်အတွန့်ကလေးများပါရှိ၍ ခေါင်ရန်းပင်အသေးစားအရွက်နှင့်ဆင်တူသည်။ ရေသုံးသော နေရာများတွင်တစ်တောင်ခန့်အရိုးရင့်ရင့်ကို ထိုးစိုက်ရုံ မျှဖြင့်ရှင်သန်နိုင်သော အပင်ဖြစ်သည်။ အရွက်မှာအလွန်ကြွေခဲ၍ စိမ်းရွှေရွှေနှင့်အနံ့ပြင်းပြသောအပင်ဖြစ်သည်။ အရွက်မှာ ရွက်ဆိုင်ထွက်သည်။ အပွင့်မှာပွင့်ခဲလှသည်။ ပွင့်လျှင်အဖြူရောင်အဆုပ်လေးများပွင့်ပြီး အသီးမှာ စာရေးသူတို့ ငယ်စဉ်က ဝါးပြွတ်တန် ကလေးထဲထည့်၍ ဖောက်ကစားသောဘောင်ဘောင်သီးနှင့်ဆင်တူ၏။

ဆေးပင်၏ ဂုဏ်သတ္တိကိုကြည့်လျှင်စပ်ဖျဉ်းဖျဉ်းရှိ၏။လက်နှင့်ပွတ်ခြေလျှင် စေးချွဲ၏။ သလိပ်နှင့်လေကိုနိုင်၏။ ကြေညက်လွယ်၏။ အပူနာများကို နိုင်နင်း၏။ ဆီးအောင့် နာ၊ သည်းခြေနာ၊ ဝမ်းတွင်းကလီစာနှင့်သက်ဆိုင်သော အနာများကို အကျိုးပြု၏။ ခန္ဓာကိုယ်တွင်းအကျိတ်အခဲများကိုရေအနည်းငယ်နှင့် ကြိတ်ထောင်း၍ စတီးဇွန်း နှစ်ဇွန်း ခန့် တိုက်ကျွေး၍ ဆီးနှင့်သက် ဆိုင်သော အဖောအရောင်ရောဂါများကိုလက်တွင်းတစ်ဆုပ်ခန့် သုံးခွက်တစ်ခွက်တင်ကျိုတိုက်ခြင်းဖြင့် ဆီးပေါပေါသွား၍ အဖောအရောင်လျော့ကျစေသည်။

စာရေးသူ၏ကိုယ်တွေ့ကိုတင်ပြရလျှင်လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က စာရေးသူတို့တာဝန်ကျရာ ကွမ်းခြံကုန်းမြို့လေးသို့မိသားစုပြောင်းရွှေ့ခဲ့ရသည်။ ထိုအချိန်တွင် သမီးငယ် မှာ ကိုး တန်းကျောင်းသူမျှသာရှိသေးသော်လည်း အချိန်ရှိသရွေ့ ကျန်းမာရေးမကောင်းပေ။ မိန်းကလေးတို့ သဘာဝလစဉ်ပုံမှန်ရှိရမည့်အစား လာလိုက် ပျောက်လိုက်နှစ်လခန့်ကျော်သွားလိုက်ဖြင့် ပုံမှန် ကျန်း မာရေးကိုမရရှိပါ။ စာရေးသူလည်း သမီးငယ်သေး၍မမှန်သေးတာဖြစ်မည်။ ဖြစ်တတ် သည့်သဘာဝ ရှိခြင်း ကြောင့် ဟု ဆိုကာသာမန်တိုင်းရင်းသွေးညှိဆေးနှင့် ရှားစောင်း လက် ပပ်ဆေး တို့ ကိုသာ တိုက်ကျွေးခဲ့သည်။
သို့သော်အခြေအနေမှာ မထူးခြားလာပါ။နောက်ပိုင်းတွင် ဓမ္မတာထိန်ကျန်ခြင်းများမရှိတော့ဘဲ များများလာ၍ တော်ရုံဖြင့်မပြီးတတ်တော့ပေ။ တစ်လနှင့် တစ်လရာ သီသွေးမှာ တရစပ်ဖြစ်ပြီး ရက်ခြားလျှင် သုံးရက်ခန့်သာရှိသည်။

ထို့ကြောင့် သမီးကိုကောင်းနိုးရာရာအမည်ရတိုင်းရင်းဆရာများနှင့် ကုကြည့်သည်။ဓာတ်စာများလည်းကျွေးသည်။လစဉ်တိုင်းပင်လိုအပ်လျှင် လိုသလို နီးစပ်ရာဆေးရုံဆေးခန်းတွင် အကြောဆေး သွင်းခြင်း၊သောက်ဆေး၊ ထိုးဆေးများဖြင့် ကုသမှုခံယူခြင်းများပြုလုပ်သော်လည်း သမီးဆယ်တန်းနှစ်ရောက်သည့်အထိ သက်သာပျောက် ကင်းခြင်း အလျင်မရှိပေ။ ကျောင်းမှာလည်း ပျက်ရက် များသောကြောင့် ကျောင်းခေါ်ချိန်မပြည့်မီပါ။သက်သာသလိုရှိသောနေ့များ၌ ကျောင်းသွားတက်ပြန်ရင်လည်း လှုပ်ရှား လိုက်သည်နှင့်ရေသွန်သကဲ့သို့ ထွက်ကျပြန် သည်။

ထိုအခါကျန်းမာရေးဗဟုသုတနှင့် မပြည့်စုံသောဆရာမများကြားတွင် ဘာလိုလိုဝေဖန်ခံခဲ့ရသေးသည်။ ရန်ကုန်မြို့သို့ခေါ်လာ၍မီးယပ်အထူးကုနှင့်ပြသသောအခါ (အာထရာဆောင်း) ရိုက်ကြည့်ရာမှ သားအိမ်တွင်ရေအိတ်နှင့် အကျိတ်ရှိနေကြောင်းသိလိုက်ရသည်။ ဆရာဝန်ကြီးအား ဆယ်တန်းစာမေးပွဲမဖြေခင် ခွဲ၍ရလျှင်ခွဲ ထုတ်ပေးပါရန် ဆွေးနွေးကြည့်သော အခါ ယခုလိုသေးကြောင်းလိုအပ်လျှင် ခွဲပေးမည်ဖြစ်ကြောင်း ယခုပေးသည့် သွေးအားဖြည့်ဆေးခေါ် ( တော့ဟီးမား) ကိုသာ တစ်နေ့တစ်ပု လင်းတိုက်ရမည့် အကြောင်းပြောပြီး ၁၅ ရက် တစ် ခါပြန်ပြရန်ပြောသည်။ ထိုအခါ သမီးငယ်မှာဆင်းသမျှသွေးကို အားထပ်ဖြည့်ရုံမှလွဲ၍ အိပ်ရာထဲတွင် တစ်ချိန်လုံး နေနေရသည်။ ထိုသို့နေရင်းနှင့်ပင် သမီးမှာ ဆယ်တန်း စာမေးပွဲကြီး တစ်နှစ် လက်လွတ်ဆုံးရှုံးခံလိုက်ရသည်။

တစ်နေ့တွင် စာရေးသူတို့နေထိုင်သောကွမ်းခြံကုန်းမြို့နယ် မိခင်နှင့်ကလေးဥက္ကဋ္ဌ ဆရာမဒေါ်သောင်းရီမှ အဖွဲ့၏ရုံးခန်းနောက်တွင်စိုက်ပျိုးထားသော တောင်လုံး ကျော် ပင်မှ အရွက် ကိုထောင်း ၍ တိုက်ရန် အကြံပြုလာသည်။ ၎င်းရုံးရှေ့ရှိ ကွမ်းယာဆိုင်မှ ညီမ တစ်ဦးသည်လည်း ထိုကဲ့သို့ သားအိမ် အလုံးဖြစ်ရာ ဆရာဝန်မှာ တစ်လ အနားယူ အားမွေးပါ။ တစ်လပြည့်လျှင် ပြန်ပြ။ လို အပ်သော စစ်ဆေးမှုများပြုလုပ်ပြီး ခွဲရမည်ဟုပြောလိုက်သည်။

ထိုညီမငယ်မှာ ငွေရေးကြေးရေးကလည်း အခက်အခဲရှိနေပြန် ဆိုင်ပိတ်ထားရလျှင်လည်း စားဝတ်နေရေး အဆင်မပြေလှသောကြောင့် အင်မတန်စိတ်ညစ်ရသည့်အချိန် ဖြစ်ချင်ရာဖြစ် စမ်းသောက်ကြည့် မည်ဟုဆိုသည်။

တစ်နေ့နှစ်ကြိမ် ရေနွေးသောက်ပန်းကန်လုံးနှင့် တစ်ဝက်နီးပါး ကျဲကျဲလေးထောင်း၍ သောက်ကြည့်ရာ ၁၅ ရက်ခန့် သောက်ပြီးနေရထိုင်ရသည်မှာ ပေါ့ပါး၍ တစ်လပြည့်ပြန်ပြသောအခါ အလုံး မှာသေးသေးမျှသာ ရှိသောကြောင့် ဆရာဝန်များမျက်စိလည်ခဲ့ရသည်။

ဆရာဝန်က”ဘာဆေးတွေ သုံးသေးလဲ”ဟုမေးရာ လူနာမှအမှန်အတိုင်းပြောပြလိုက်သောကြောင့် ခွဲစိတ်ရန်မလိုအပ်တော့ကြောင်း ၎င်းအတိုင်း ဆက်လက်သုံးစေပြီး ရက်ချိန်းမှန်မှန်သာ လာပြ ရန်ပြောခဲ့သည်။ နောက်ပိုင်း၎င်း ကွမ်းယာရောင်းသောညီမလေးမှာလုံးဝပျောက်ကင်းနေကြောင်း သိရသည်။

စာရေးသူမှာလည်း ရှေ့မှာလက်တွေ့သာဓကရှိထားသောကြောင့် သမီးကိုယုံယုံကြည်ကြည်ဖြင့် ဆေးရွက်ကို လက်တစ်ဆုပ်ခူးရေစင်အောင်ဆေးကြော၍ ထောင်းကာမနက်ကို လက်ဖက်ရည် အကြမ်း ပန်းကန်နှင့်တစ်ဝက်နီးနီး ညကိုလည်း ထိုနည်း အတိုင်းပင်ထောင်း၍ အမြန်ပျောက်စေချင်သော ဆန္ဒဖြင့် သရဏဂုံရွတ်ခြင်း၊ သစ္စာပြုခြင်း များပြုလုပ် ၍တိုက်ကျွေး သည်။

၎င်းဆေးရွက်ကို ထောင်းရာတွင်ရေအနည်းငယ်ဆွတ်၍ ထောင်းမှသာအရည်ရနိုင်သည်။ ၎င်း၏ထူးခြားချက်မှာ ထုထောင်းပြီး၍ ပန်းကန်လုံးထဲသို့ ညှစ်ချရာတွင်ချွဲ၍ အပြင်လေနှင့်ထိတွေ့ပြီး ခဲသွားတတ်သည်။ ဝမ်းထဲသို့မျိုချရာတွင် အပူအားများနေသောသူများအဖို့ လည်ချောင်းထဲ၌စပ်ရှားရှားဖြစ်ပြီး ခေတ္တရင်ပူသည့်အတွေ့ကို ခံစားရသည်။ ထိုသို့ ရက်ဆက်သောက်သွားလျှင် ဝမ်း တွင်း အပူငြိမ်း၍ နောက်ပိုင်းသောက်လိုက်သည်နှင့် ရင်ထဲတွင်အေးငြိမ်းသွားသော အသိကိုခံစားရသည်။

ထိုသို့ ရက် ၂ဝ နီးပါးခန့် သမီးအားတိုက်ကျွေးပြီး ဆရာဝန်ထံသို့ ရက်ချိန်းပြန်ပြရာ အကျိတ်နှင့်အတူ သားအိမ်ရေအိတ်မှာ ကျု၍ံ အလွန်သေးငယ်သွားကြောင်း သိရသည်။ ထိုမှအားဆေးနှင့် အချိန်ခြား၍ ဆက်လက် တိုက်ပေးရာ ယခုအချိန်တွင် ပုံမှန် ကျန်းမာရေးရရှိပြီး ပျောက်ကင်းချမ်းသာနေပြီဖြစ်သည်။

ထို့အတူ စာရေးသူမှာလည်း အသည်းကြီးရောဂါ ခံစားလာရသောကြောင့် ထိုကဲ့သို့ပင် သောက်သုံးရာမှ သိသိ သာသာ ပျောက်ကင်းခဲ့ကြောင်း မေတ္တာလောင်း၍ တင်ပြ လိုက်ရပါသည်။ ။

စိန်မေရီ လွင်မိုး

Source : Myawady Health