ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ စတုတၳေျမာက္သမီးေလး

၁၉၄၆.ခု စက္တင္ဘာလ၊ ၂၉ ရက္ေန႔ ျဖစ္ေလသည္။၊ ရန္ကုန္ျမဳိ႔ ့့့႕၏ ေကာင္းကင္သည္ မုိးရိပ္တိမ္လိပ္မ်ား ကင္းစင္လွ်က္ ၾကည္လင္ေတာက္ပေနေလသည္၊။ ဗဟန္းလမ္းအတုိင္း တိရစာၦန္ရုံေဘးမွ အလံျပဘုရားလမ္း အတုိင္း..တအားေျပးေနေသာ ဂ်စ္ကားတစ္စင္း၏ ေနာက္ပုိင္းတြင္ ကာကီစိမ္းေရာင္ စစ္ယူနီေဖါင္း ဖုိသီဖတ္သီ၀တ္လွ်က္၊ ေခါင္းတုံးဆံေတာက္ႏွင့္ လူရြယ္တေယာက္၊ေဘးတြင္ မ်က္လုံးမ်က္ဖန္ေကာင္းေကာင္းႏွင့္ လုံးၾကီးေပါက္လွ မိန္းမတေယာက္တုိ႔ကုိ ျမင္ရသည္။ ထုိစစ္ယူနီေဖါင္း၀တ္လူရြယ္သည္ တျခားသူေတာ့ မဟုတ္၊ ။ဖဆပလအဖြဲ႔ခ်ဳပ္ ဥကၠဌ၊ ျပည္သူ႔ရဲေဘာ္တပ္ဖြဲ႔ ေသနာပတိ ဗုိလ္ခ်ဳပ္ေအာင္ဆန္းျဖစ္ေပသည္ ။

ယမန္ေန႔ကပင္ ဘုရင္ခံ၏ အမႈေဆာင္၀န္ၾကီးအျဖစ္ ေရာက္ရွိသြားလွ်က္ ပူပူေႏြးေႏြး ကာကြယ္ေရး၀န္ၾကီးႏွင့္နဳိင္ငံျခားေရး၀န္ၾကီး ဦးေအာင္ဆန္းအျဖစ္ သူ၏ခ်စ္ဇနီး ေဒၚခင္ၾကည္ႏွင့္အတူ ျမဳိ႔႕ထဲဖက္သုိ႔ ထြက္လာ ျခင္းျဖစ္ေလသည္။ တလမ္းလုံး စကားတခြန္းမွ မေျပာဘဲ ၊ ေငးလာခဲ့ေသာ ဗုိလ္ခ်ဳပ္သည္ အလံျပဘုရားလမ္း (ေအာ္တုိကား) တုိက္ေရွ့သုိ႔ ေရာက္လာေသာအခါ ကၽြႏု္ပ္အား လွမ္း၍ အဂၤလိပ္လို ေျပာလုိက္ေလသည္။

( I am not happy in office ) ”အစုိးရထဲ၀င္ျပီး ရာထူးယူရတာ.. ငါေတာ့ မေပ်ာ္ဘူးကြာ။”

”ဘာျဖစ္လုိ႔လဲ ဗိုလ္ခ်ဳပ္ …”

ေဒၚခင္ၾကည္က ဘာမွ မေျပာ..။ က်ေနာ္က လွမ္းေမးလုိက္ျခင္း ျဖစ္ေလသည္၊။

”ဘာေၾကာင့္မွန္း မသိဘူး၊ ငါတုိ႔နဳိင္ငံေရး လုပ္လာတာ ျဗဳန္းကနဲ ..ဒီလုိအစုိးရအဖြဲ႔ထဲ ေရာက္လိမ့္မယ္လုိ႔ တခါမွ စိတ္မကူးခဲ့ဘူး။ ၊ခုေတာ့ မေမွ်ာ္လင့္ဘဲ အစုိးရအဖြဲ႔၀င္ ရာထူးယူလုိက္ ရေတာ့ ငါ့စိတ္ထဲမွာ ဘာေၾကာင့္မွန္းမသိရ ၊ ေပ်ာ္ကုိ မေပ်ာ္ပါဘူးကြာ”..

က်ေနာ္လည္း ဘာမွျပန္မေျပာေတာ့ပဲ ကားကုိသာ ဆက္ေမာင္းေနေတာ့သည္၊ အမွန္မွာ ဘာေၾကာင့္ မေပ်ာ္သလဲ …ဟူေသာ ေမးခြန္းကုိ ဗုိလ္ခ်ဳပ္ႏွင့္ သူ႔ေဘးတြင္ ထုိင္လွ်က္ရွိေသာ ေဒၚခင္ၾကည္သည္လည္း.. ၎အေျဖကုိ စိတ္တြင္းမွ လႈိက္လွဲစြာ သိၾကသည္။ ထုတ္ေဖၚ မေျပာၾက၍သာ။

၁၉၄၆ခုႏွစ္..စက္တင္ဘာလ၊ ၂၂ ရက္ေန႔ တနဂၤေႏြေန႔ကုိ အမွတ္၂၅ ၊ တာ၀ါလိန္းရွိ အိမ္သူအိမ္သားေတြ စိတ္ထဲမွာ ထာ၀စဥ္ သတိရေနၾကေပလိမ့္မည္၊။ ဖ.ဆ.ပ.လ.အဖြဲ႔ခ်ဳပ္ ဥကၠဌ ဗုိ္လ္ခ်ဳပ္ေအာင္္ဆန္း၏ ခ်စ္ဇနီး ေဒၚခင္ၾကည္တြင္ စတုတၱေျမာက္ ရင္ႏွစ္သည္းခ်ာ သမီးရတနာေလး တစ္ဦး မီးရႈးဖြားျမင္ေလေသာေၾကာင့္တည္း၊။

ဖ.ဆ.ပ.လ ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ၄င္း ေတာ္သလင္းလဆုပ္( ၁၂ ) ရက္ တနဂၤေႏြေန႔က သူ႔တြင္ သမီးရတနာတဦး တုိးျပန္ျပီ ဟူေသာ မဂၤလာသတင္းေကာင္းကုိ ၾကားရေသာအခါ မည္မွ် ၀မ္းေျမာက္ပီတိျဖစ္ရွာေလမည္နည္း။

သူ႔ ၏ အၾကီးဆုံး ကေလးႏွစ္ေယာက္မွာ ေယာက်ၤားေလးခ်ည္း ျဖစ္ၾကလွ်က္ ၊ တတိယကေလး မွာ မိန္းကေလးျဖစ္သည္။ ေျပးလႊားေဆာ့ကစားတတ္သည့္ အရြယ္ျဖစ္ေသာ သားႏွစ္ေယာက္ကုိ ၾကည့္ရင္း တခါတခါ မ်က္စိေနာက္ေသာဗုိလ္ခ်ဳပ္သည္ သူ၏ သမီးကေလးအေပၚ အခ်စ္ေတြ ပုိမိေလသည္။ ယခုတဖန္ သမီးရတနာတဦး ထြန္းကားျပန္ျပီ။ မ်ားမၾကာမွီသူက ရုံးကပင္ပန္းျပီး ျပန္လာတုိင္း ေလွခါးထိပ္ ေမာ္ေတာ္ကားဆုိက္ရာသုိ႔ ” ေဖေဖ ျပန္လာျပီ ” ဟုဆုိကာ ၊ ဘ၀င္ေအးစရာ အျပဳံးကေလးမ်ားျဖင့္ ဆီးၾကဳိတတ္ေသာ သမီးကေလးႏွင့္အတူ၊ အေဖၚရမည့္ သမီးေထြး ကေလးကုိ စိတ္ကူးယဥ္ၾကည့္ရင္း ၊ ဗုိလ္ခ်ဳပ္( ၀ါ )ေအာင္ဆန္းဦးတုိ႔အေဖ၊ေအာင္ဆန္းစုၾကည္တုိ႔အေဖ၊ ဦးေအာင္ဆန္း၏စိတ္တြင္ ႏွစ္သိမ့္ၾကည္ႏူးသြားေလသည္။

သုိ႔ေသာ္..ကံၾကမၼာက သူ၏ေမွ်ာ္လင့္ခ်က္ အေဆာက္အအုံကုိ တဟုန္ထုိး မုန္တုိင္းဆင္၍ ၊ ေခ်မႈန္းဖ်က္ဆီးပစ္လိုက္ေလသည္။ စက္တင္ဘာလ ၂၆ ရက္ေန႔( ဗုိလ္ခ်ဳပ္တုိ႔ ၀န္ၾကီးအျဖစ္ က်မ္းက်ိန္ေသာေန႔ ) တြင္ ဗုိလ္ခ်ဳပ္၏သမီးေထြးကေလးသည္ သူ႔ဖခင္၏ဂုဏ္ရွိန္သမၻာကုိ လူ႔ျပည္တြင္ ၅ ရက္မွ် ခံစားကာ အနိစၥေရာက္သြား ရွာေလေတာ့သတည္း။ ထုိ သတင္းကုိ ၾကားၾကားခ်င္း ဗုိလ္ခ်ဳပ္တေယာက္ တခ်က္မွ် ငုိင္သြားကာ ……

”အင္း …အိမ္ေထာင္က်တဲ့ ၅ ႏွစ္ရာသီအတြင္း ကေလးေလးေယာက္ရလုိ႔ မ်ားလွတယ္ဆုိျပီး စိတ္ေတာ့ ညစ္မိပါတယ္။ ဒါေပမယ့္ ရျပီးမွေတာ့.ကေလးကုိ မေသေစခ်င္ဘူး …သိပ္ႏွေျမာတာပဲဗ်ာ” ဟု ညည္းရွာေလသည္။ ႏုိင္ငံေရးကိစၥ အ၀၀ေတြေၾကာင့္ အလြန္အလုပ္မ်ားလွ်က္ ရွိေသာ သူ၏ခႏၶာကုိယ္အတြင္းရွိ ႏွလုံးသားထဲမွ ဖခင္တုိ႔၏ ခ်စ္ျခင္းေမတၱာအဟုန္လည္း ေပါက္ကြဲထြက္လာေလသည္။

ၾကည့္စမ္းပါဦး….. တနဂၤေႏြေန႔ကပဲ သမီးရတနာရခဲ့ျပီး ၾကာသပေတးေန႔က်ေသာအခါ အစုိးရအဖြဲ႔ထဲ၀င္ျပီး ၀န္ၾကီးအျဖစ္ က်မ္းက်ိန္ခဲ့သည္။ ၄င္းၾကာသပေတး ေန႔မွာပင္ ခ်စ္သမီးေလးဆုံးရျပန္သည့္ ကံၾကမၼာက သူ႔အား ေလွာင္ေျပာင္ကာ ပ်က္ရယ္ျပဳျခင္းပင္ မဟုတ္ပါေလာ။ အစုိးရအဖြဲ႔၀င္ ၀န္ၾကီးရာထူးက .. ဘယ္လုိပင္ ေမာ္ေတာ္ကား၊ေရဒီယုိ၊တယ္လီဖုန္းအစရွိသည္႔ အေဆာင္အေယာင္ေတြမ်ားမ်ား.. အဖုိးမျဖတ္နဳိင္သည့္ ရတနာ (သမီးေထြးကေလး )ဆုံးရႈံးရသည့္ ဗုိလ္ခ်ဳပ္ခမ်ာမွာ အဘယ္မွာလွ်င္ေပ်ာ္နဳိင္ရွာမည္နည္း။ ထုိ႔ေၾကာင့္ပင္ ” အစုိးရအဖြဲ႔ထဲ ၀င္ျပီး ရာထူးယူရတာ ဘာေၾကာင့္မွန္းမသိ၊ ငါေတာ့မေပ်ာ္ဘူးကြာ ” ဟုေျပာေသာ အေၾကာင္းသည္အထက္ ေဖၚျပပါ အေရးပါေသာအေၾကာင္းအခ်က္တခ်က္ျဖစ္ရမည္ဟု ကၽြႏု္ပ္တထစ္ခ်ထင္လုိက္မိသည္။

က်ေနာ္ တမ္းတ မိေသာ ဗုိလ္ခ်ဳပ္၏ အမွတ္တရမ်ား – ေမာင္လူေ၀း

Credit : သုတဇုန္

(Unicode Version)

ဗိုလ်ချုပ်အောင်ဆန်းနှင့် စတုတ္ထမြောက်သမီးလေး

၁၉၄၆.ခု စက်တင်ဘာလ၊ ၂၉ ရက်နေ့ ဖြစ်လေသည်။၊ ရန်ကုန်မြို့ ့့့့၏ ကောင်းကင်သည် မိုးရိပ်တိမ်လိပ်များ ကင်းစင်လျှက် ကြည်လင်တောက်ပနေလေသည်၊။ ဗဟန်းလမ်းအတိုင်း တိရစ္ဆာန်ရုံဘေးမှ အလံပြဘုရားလမ်း အတိုင်း..တအားပြေးနေသော ဂျစ်ကားတစ်စင်း၏ နောက်ပိုင်းတွင် ကာကီစိမ်းရောင် စစ်ယူနီဖေါင်း ဖိုသီဖတ်သီဝတ်လျှက်၊ ခေါင်းတုံးဆံတောက်နှင့် လူရွယ်တယောက်၊ဘေးတွင် မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် လုံးကြီးပေါက်လှ မိန်းမတယောက်တို့ကို မြင်ရသည်။ ထိုစစ်ယူနီဖေါင်းဝတ်လူရွယ်သည် တခြားသူတော့ မဟုတ်၊ ။ဖဆပလအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပေသည် ။

ယမန်နေ့ကပင် ဘုရင်ခံ၏ အမှုဆောင်ဝန်ကြီးအဖြစ် ရောက်ရှိသွားလျှက် ပူပူနွေးနွေး ကာကွယ်ရေးဝန်ကြီးနှင့်နိုင်ငံခြားရေးဝန်ကြီး ဦးအောင်ဆန်းအဖြစ် သူ၏ချစ်ဇနီး ဒေါ်ခင်ကြည်နှင့်အတူ မြို့့ထဲဖက်သို့ ထွက်လာ ခြင်းဖြစ်လေသည်။ တလမ်းလုံး စကားတခွန်းမှ မပြောဘဲ ၊ ငေးလာခဲ့သော ဗိုလ်ချုပ်သည် အလံပြဘုရားလမ်း (အော်တိုကား) တိုက်ရှေ့သို့ ရောက်လာသောအခါ ကျွနု်ပ်အား လှမ်း၍ အင်္ဂလိပ်လို ပြောလိုက်လေသည်။

( I am not happy in office ) ”အစိုးရထဲဝင်ပြီး ရာထူးယူရတာ.. ငါတော့ မပျော်ဘူးကွာ။”

”ဘာဖြစ်လို့လဲ ဗိုလ်ချုပ် …”

ဒေါ်ခင်ကြည်က ဘာမှ မပြော..။ ကျနော်က လှမ်းမေးလိုက်ခြင်း ဖြစ်လေသည်၊။

”ဘာကြောင့်မှန်း မသိဘူး၊ ငါတို့နိုင်ငံရေး လုပ်လာတာ ဗြုန်းကနဲ ..ဒီလိုအစိုးရအဖွဲ့ထဲ ရောက်လိမ့်မယ်လို့ တခါမှ စိတ်မကူးခဲ့ဘူး။ ၊ခုတော့ မမျှော်လင့်ဘဲ အစိုးရအဖွဲ့ဝင် ရာထူးယူလိုက် ရတော့ ငါ့စိတ်ထဲမှာ ဘာကြောင့်မှန်းမသိရ ၊ ပျော်ကို မပျော်ပါဘူးကွာ”..

ကျနော်လည်း ဘာမှပြန်မပြောတော့ပဲ ကားကိုသာ ဆက်မောင်းနေတော့သည်၊ အမှန်မှာ ဘာကြောင့် မပျော်သလဲ …ဟူသော မေးခွန်းကို ဗိုလ်ချုပ်နှင့် သူ့ဘေးတွင် ထိုင်လျှက်ရှိသော ဒေါ်ခင်ကြည်သည်လည်း.. ၎င်းအဖြေကို စိတ်တွင်းမှ လှိုက်လှဲစွာ သိကြသည်။ ထုတ်ဖေါ် မပြောကြ၍သာ။

၁၉၄၆ခုနှစ်..စက်တင်ဘာလ၊ ၂၂ ရက်နေ့ တနင်္ဂနွေနေ့ကို အမှတ်၂၅ ၊ တာဝါလိန်းရှိ အိမ်သူအိမ်သားတွေ စိတ်ထဲမှာ ထာဝစဉ် သတိရနေကြပေလိမ့်မည်၊။ ဖ.ဆ.ပ.လ.အဖွဲ့ချုပ် ဥက္ကဌ ဗို်လ်ချုပ်အောင််ဆန်း၏ ချစ်ဇနီး ဒေါ်ခင်ကြည်တွင် စတုတ္တမြောက် ရင်နှစ်သည်းချာ သမီးရတနာလေး တစ်ဦး မီးရှုးဖွားမြင်လေသောကြောင့်တည်း၊။

ဖ.ဆ.ပ.လ ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းသည် ၄င်း တော်သလင်းလဆုပ်( ၁၂ ) ရက် တနင်္ဂနွေနေ့က သူ့တွင် သမီးရတနာတဦး တိုးပြန်ပြီ ဟူသော မင်္ဂလာသတင်းကောင်းကို ကြားရသောအခါ မည်မျှ ၀မ်းမြောက်ပီတိဖြစ်ရှာလေမည်နည်း။

သူ့ ၏ အကြီးဆုံး ကလေးနှစ်ယောက်မှာ ယောကျင်္ားလေးချည်း ဖြစ်ကြလျှက် ၊ တတိယကလေး မှာ မိန်းကလေးဖြစ်သည်။ ပြေးလွှားဆော့ကစားတတ်သည့် အရွယ်ဖြစ်သော သားနှစ်ယောက်ကို ကြည့်ရင်း တခါတခါ မျက်စိနောက်သောဗိုလ်ချုပ်သည် သူ၏ သမီးကလေးအပေါ် အချစ်တွေ ပိုမိလေသည်။ ယခုတဖန် သမီးရတနာတဦး ထွန်းကားပြန်ပြီ။ များမကြာမှီသူက ရုံးကပင်ပန်းပြီး ပြန်လာတိုင်း လှေခါးထိပ် မော်တော်ကားဆိုက်ရာသို့ ” ဖေဖေ ပြန်လာပြီ ” ဟုဆိုကာ ၊ ဘဝင်အေးစရာ အပြုံးကလေးများဖြင့် ဆီးကြိုတတ်သော သမီးကလေးနှင့်အတူ၊ အဖေါ်ရမည့် သမီးထွေး ကလေးကို စိတ်ကူးယဉ်ကြည့်ရင်း ၊ ဗိုလ်ချုပ်( ၀ါ )အောင်ဆန်းဦးတို့အဖေ၊အောင်ဆန်းစုကြည်တို့အဖေ၊ ဦးအောင်ဆန်း၏စိတ်တွင် နှစ်သိမ့်ကြည်နူးသွားလေသည်။

သို့သော်..ကံကြမ္မာက သူ၏မျှော်လင့်ချက် အဆောက်အအုံကို တဟုန်ထိုး မုန်တိုင်းဆင်၍ ၊ ချေမှုန်းဖျက်ဆီးပစ်လိုက်လေသည်။ စက်တင်ဘာလ ၂၆ ရက်နေ့( ဗိုလ်ချုပ်တို့ ၀န်ကြီးအဖြစ် ကျမ်းကျိန်သောနေ့ ) တွင် ဗိုလ်ချုပ်၏သမီးထွေးကလေးသည် သူ့ဖခင်၏ဂုဏ်ရှိန်သမ္ဘာကို လူ့ပြည်တွင် ၅ ရက်မျှ ခံစားကာ အနိစ္စရောက်သွား ရှာလေတော့သတည်း။ ထို သတင်းကို ကြားကြားချင်း ဗိုလ်ချုပ်တယောက် တချက်မျှ ငိုင်သွားကာ ……

”အင်း …အိမ်ထောင်ကျတဲ့ ၅ နှစ်ရာသီအတွင်း ကလေးလေးယောက်ရလို့ များလှတယ်ဆိုပြီး စိတ်တော့ ညစ်မိပါတယ်။ ဒါပေမယ့် ရပြီးမှတော့.ကလေးကို မသေစေချင်ဘူး …သိပ်နှမြောတာပဲဗျာ” ဟု ညည်းရှာလေသည်။ နိုင်ငံရေးကိစ္စ အဝဝတွေကြောင့် အလွန်အလုပ်များလျှက် ရှိသော သူ၏ခန္ဓာကိုယ်အတွင်းရှိ နှလုံးသားထဲမှ ဖခင်တို့၏ ချစ်ခြင်းမေတ္တာအဟုန်လည်း ပေါက်ကွဲထွက်လာလေသည်။

ကြည့်စမ်းပါဦး….. တနင်္ဂနွေနေ့ကပဲ သမီးရတနာရခဲ့ပြီး ကြာသပတေးနေ့ကျသောအခါ အစိုးရအဖွဲ့ထဲဝင်ပြီး ၀န်ကြီးအဖြစ် ကျမ်းကျိန်ခဲ့သည်။ ၄င်းကြာသပတေး နေ့မှာပင် ချစ်သမီးလေးဆုံးရပြန်သည့် ကံကြမ္မာက သူ့အား လှောင်ပြောင်ကာ ပျက်ရယ်ပြုခြင်းပင် မဟုတ်ပါလော။ အစိုးရအဖွဲ့ဝင် ၀န်ကြီးရာထူးက .. ဘယ်လိုပင် မော်တော်ကား၊ရေဒီယို၊တယ်လီဖုန်းအစရှိသည့် အဆောင်အယောင်တွေများများ.. အဖိုးမဖြတ်နိုင်သည့် ရတနာ (သမီးထွေးကလေး )ဆုံးရှုံးရသည့် ဗိုလ်ချုပ်ခမျာမှာ အဘယ်မှာလျှင်ပျော်နိုင်ရှာမည်နည်း။ ထို့ကြောင့်ပင် ” အစိုးရအဖွဲ့ထဲ ၀င်ပြီး ရာထူးယူရတာ ဘာကြောင့်မှန်းမသိ၊ ငါတော့မပျော်ဘူးကွာ ” ဟုပြောသော အကြောင်းသည်အထက် ဖေါ်ပြပါ အရေးပါသောအကြောင်းအချက်တချက်ဖြစ်ရမည်ဟု ကျွနု်ပ်တထစ်ချထင်လိုက်မိသည်။

ကျနော် တမ်းတ မိသော ဗိုလ်ချုပ်၏ အမှတ်တရများ – မောင်လူဝေး

Credit : သုတဇုန်

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္