ငွေကြေးအခက်အခဲ၊ လူမူရေး အခက်အခဲ ကြုံနေသူများအတွက် မကောင်းသည့် အပိတ်အဆို့ အခိုက်အညံများ လွင့်ပျောက်သွားစေမယ့် အစီအရင်

ငွေကြေးအခက်အခဲ၊ လူမူရေး အခက်အခဲ ကြုံနေသူများအတွက် မကောင်းသည့် အပိတ်အဆို့ အခိုက်အညံများ လွင့်ပျောက်သွားစေမယ့် အစီအရင်



စီရင်နည်း



တနင်္ဂနွေ နေ့တွင် ည ၇ နာရီခွဲမှ ၉ နာရီ
သောကြာနေ့တွင် နံနက် ၆ နာရီမှ ၇ နာရီခွဲ
စနေနေ့တွင် ညနေ ၄ နာရီခွဲမှ ၇ နာရီခွဲ ယုံယုံကြည်ကြည်လုပ်ပါ။



Unicode Version
ငွေကြေးအခက်အခဲ/ လူမူရေး အခက်အခဲ ကြုံနေသူများအတွက်ပါ။ ငွေကြေးချေးထားသူက ပြန်လည် မပေးခြင်း ၊ဝင်သမျှငွေ မမြဲခြင်း၊ အိမ်တွင်းရေး မသာယာခြင်း၊ လာဘ်ပိတ်၍ ဝင်သင့်သည့်ငွေ မဝင်နိုင်ခြင်းများအတွက် ပြုလုပ်နိုင်ပါသည်။

မီးဓာတ်နှင့်လေ မြေနှင့်ရေ မိတ်ဆွေတော်ကြသဟာယဟူသော ဓာတ်သဘောအရ လျင်မြန်စေသော စရေဓာတ်ပေါ်ချိန်သောကြာ အခါတွင် မီးဓာတ်နှင့်လေဓာတ် ပေါင်းဆုံစီရင်ရခြင်း ဖြစ်ပါသည်။ မိမိတွင်ရှိသော မကောင်းသည့် အပိတ်အဆို့ အခိုက်အညံများ လွင့်ပျောက်စေပါသည်။ အလုပ်မရနိုင်သူများ နိုင်ငံခြားသွားရန် အဆင်မပြေသူများ အမူရင်ဆိုင်နေရသူများလည်း ပြုလုပ်နိုင်ပါသည်။

စီရင်နည်း
နေ့တစ်နေ့၏ သောကြာအခါအတွင်းတွင် (သောကြာအခါများကို အောက်တွင်ဖော်ပြထားသည်) ဖယောင်းတိုင် (၃) တိုင်ကို မြတ်စွာ ဘုရားရှင်အား ပူဇော်ပါ မြတ်စွာဘုရားအား (၉၉) ကြိမ် ယပ်တော်ဆက်ပါ။

ယပ်တောင်သည် အသစ်ဖြစ်ရမည်။ မြတ်စွာဘုရားအား ပူဇော်ရန် သီးသန့် အသစ်ထားပါ။ ယပ်တော်ဆက်ရင်း စိတ်အတွင်းမှ မိမိဖြစ်လိုသည်ကို ဆုတောင်းပါ။ ယပ်တော်ကို ငြင်သာစွာခပ်ပါ တစ်ချက်ချင်း ခပ်၍ ပူဇော်ပါ ထို့နောက် မိမိရွတ်ဖတ်နေကျ ဘုရားစာများ ရွတ်ဖတ်နိုင်ပါတယ်။

ဂုဏ်တော် (၉) ပါးကို ရွတ်ဖတ်ပူဇော်လျင် ပိုကောင်းပါတယ် (သောကြာ အခါများကို ဖော်ပြထားပါတယ်)

နှစ်ခုအတွင်းမှ အချိန်များမှာ သောကြာအခါများ ဖြစ်ပါတယ်။
တနင်္ဂနွေ နေ့တွင် ည ရ နာရီခွဲမှ ၉ နာရီ
တနင်္လာ နေ့တွင် မွန်းလွဲ ၁ နာရီခွဲမှ ၃ နာရီခွဲ
အင်္ဂါနေ့တွင် နံနက် ၉ နာရီမှ ၁၀ နာရီခွဲ
ဗုဒ္ဓဟူးနေ့တွင် ညနေ ၃ နာရီမှ ၄ နာရီခွဲ
ကြာသာပတေးနေ့တွင် နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီကြား
သောကြာနေ့တွင် နံနက် ၆ နာရီမှ ရ နာရီခွဲ
စနေနေ့တွင် ညနေ ၄ နာရီခွဲမှ ရ နာရီခွဲ ယုံယုံကြည်ကြည်လုပ်ပါ။

စမ်းသပ်သလိုစိတ်မပါ လက်မပါ မလုပ်ရပါ။ တစ်ပတ်လုံး သောကြာအခါများတွင် ပြုလုပ်ပါ။
ခုနှစ်ရက် တစ်ပတ်လုံး ပြည့်အောင် လုပ်ပါ။ မည်သည့်နေ့မှမဆို စတင်နိုင်ပါသည်။

Source : ေ​ဗဒင်​​မေးကြမယ်​ Page

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်