သံုးလသာခံေတာ့မယ္လို႔ သိခဲ့ေပမယ့္ ကင္ဆာဆဲလ္ လံုး၀ မရွိေတာ့တဲ့ အသည္းကင္ဆာရွင္ ဦးစိုးသန္း

မံုရြာၿမိဳ႕ေန ဦးစိုးသန္းသည္ အသက္ ၄၆ ႏွစ္အရြယ္ ၂၀၁၆ ႏို၀င္ဘာလတြင္ အသည္းကင္ဆာ ေ၀ဒနာကို စတင္ခံစားခဲ့ရရာ ဆရာ၀န္မ်ားက သံုးလသာ ခံေတာ့မည္ဟု ခန္႔မွန္းခဲ့ေသာ္လည္း ငါးလအတြင္း ကင္ဆာဆဲလ္ လံုး၀မေတြ႕ေတာ့ဘဲ သက္သာခဲ့သျဖင့္ သူ၏ ေဆးကုသမႈ အေတြ႕အႀကံဳ မ်ားကို အျခားကင္ဆာေ၀ဒနာရွင္မ်ား သိရွိသေဘာေပါက္နားလည္ ေစရန္ အနီးကပ္ျပဳစုေစာင့္ေရွာက္ေပးသူ ဦးစိုးသန္း၏ ဇနီးမမိုးျမင့္အား ေမးျမန္းျဖစ္ခဲ့ပါသည္။

”အစကေတာ့ အမ်ဳိးသားက ခ်ဳိင္းနံ႐ိုးေအာက္ ကေအာင့္တယ္၊ ေအာင့္တယ္နဲ႔ေျပာပါတယ္။ ကြၽန္မတို႔ကလည္း သတိမမူမိခဲ့ၾကပါဘူး။ ႐ိုး႐ိုး ေလထိုး ေလေအာင့္ေလာက္ပဲ ထင္ထားခဲ့ၾကလို႔ ေဆးၿမီးတိုေတြနဲ႔ ကုသခဲ့ၾကပါတယ္။

ႏွစ္လေလာက္ၾကာတဲ့အခါမွာ အမ်ဳိးသားက ညဘက္ေတြပါအိပ္မရေအာင္ ေအာင့္လာခဲ့ပါတယ္။ ဒါနဲ႔ ကြၽန္မတို႔လည္း ညတြင္းခ်င္း မႏၲေလးကိုဆင္းခဲ့ ၾကပါတယ္။ မႏၲေလးေရာက္ေတာ့ ၿမိဳ႕ေတာ္ ေဆး႐ံု မွာ MRI ႐ိုက္ၾကည့္ခဲ့ပါ တယ္။ ရက္စြဲက ၂၇ ရက္ ၁၁လ ၂၀၁၆ ပါရွင့္။ အေျဖထြက္လာတဲ့အခါမွာ ကြၽန္မအမ်ဳိးသားရဲ႕ ေရာဂါဟာ အသည္းကင္ဆာလို ပံုစံမ်ဳိးနဲ႔ အသည္း တစ္ျခမ္းေလာက္ အနာေတြျဖစ္ေနခဲ့ပါတယ္။ ကင္ဆာဆဲလ္ကလည္း ၁၅၇၀၀ ေက်ာ္ပါရွင့္။ ဆရာ၀န္ကေတာ့ သံုးလပဲခံမယ္လို႔ ကြၽန္မကို ေျပာျပခဲ့ၿပီး ခ်က္ခ်င္းေဆး႐ံုတက္ခိုင္းပါတယ္။ ေဆး႐ံုတက္ဖို႔ေဆး လက္မွတ္ေတြကအစ ထုတ္ေပးခဲ့ပါတယ္။ ကြၽန္မတို႔လည္း အစကေတာ့ ေတြေ၀ေနခဲ့ ၾကပါတယ္။ ဘာလုပ္လို႔လုပ္ရမွန္းမသိခဲ့ပါဘူး။

ေနာက္ရက္မွာ ကြၽန္မတို႔ ေဆြမ်ဳိးနီးစပ္အသိ မိတ္ေဆြတစ္ေယာက္ရဲ႕ လမ္းၫႊန္ခ်က္အရ ဘန္ေကာက္ကို သြားခဲ့ပါတယ္”ဟု မမိုးျမင့္က ဦးစိုးသန္း ၏ အသည္းကင္ဆာခရီးလမ္းအစကို ျပန္လည္ေျပာျပခဲ့သည္။

၁-၁၂-၂၀၁၆ ရက္ေန႔တြင္ ဘန္ေကာက္၊ Bumrungard ေဆး႐ံု၌ ပထမဆံုးရက္ခ်ိန္းနဲ႔ျပခဲ့ရာ အေျဖမွာ မႏၲေလးတြင္ စစ္ေဆးခဲ့သည့္ အေျဖအ တိုင္းပင္ထြက္ေၾကာင္း၊ ဘီပိုးေၾကာင့္ အသည္းတစ္ ျခမ္းအနာျဖစ္ၿပီး ကင္ဆာျဖစ္ေနသျဖင့္ ဆရာ၀န္က ကုသႏိုင္မည့္ နည္းလမ္းမ်ားကို ရွင္းျပခဲ့ေၾကာင္း သိရသည္။

”အသည္းအစားထိုးနည္း၊ ေဆးျဖန္းနည္း၊ မီး ႐ႈိ႕ကုနည္း စသျဖင့္ အမ်ဳိးမ်ဳိးရွိေပမယ့္ အသည္းကင္ဆာရွိတဲ့အပိုင္းကို ခြဲထုတ္ဖို႔ဆိုလည္း အသည္းရဲ႕ သံုးပံုႏွစ္ပံုေလာက္က အနာေတြနဲ႔ျဖစ္ေနပါၿပီ။ ဆရာ ၀န္ေတြကေတာ့ ကြၽန္မကို သံုးလ- ကံေကာင္းရင္ တစ္ႏွစ္ပဲခံမယ္လို႔ ေျပာျပထားပါတယ္။ အမ်ဳိးသား ကေတာ့ မသိပါဘူး။ ကြၽန္မတို႔လည္း ဆရာ၀န္နဲ႔ အေကာင္းဆံုးတိုင္ပင္ၿပီး အဲဒီေန႔မွာပဲ အသည္းတစ္ခု လံုးကို ေဆးျဖန္းလိုက္ပါတယ္. . အဲဒါၿပီးေတာ့ လိုအပ္တဲ့ ေဆးေတြေပးၿပီး ႏွစ္လျပန္ခ်ိန္းလိုက္ပါတယ္။ ေဆးျဖန္းၿပီးေတာ့ သူ ခံစားေနရတဲ့ နာတာ၊ ေအာင့္တာေတြက လံုး၀ ေပ်ာက္သြားလို႔ သူက ၀မ္းသာအားရ ျဖစ္ေနခဲ့တယ္”ဟု မမိုးျမင့္က ဆိုသည္။

ျမန္မာျပည္ျပန္ေရာက္သည့္အခါ ေဆြမ်ဳိးသားခ်င္းမ်ားႏွင့္ အသိမိတ္ေဆြမ်ားက ေဆးၿမီးတိုမ်ားကို ၫႊန္ေသာ္လည္း ဦးစိုးသန္းသည္ ဆရာ၀န္ေပးလိုက္ေသာ ေဆး၀ါးမ်ားကို မွီ၀ဲၿပီး မနက္ပိုင္းတြင္ ကၫြတ္ ေဖ်ာ္ရည္ေသာက္ျခင္း၊ ေန႔လယ္ထမင္းစားၿပီး မုန္လာဥအနီ (ခါၾကက္ဥအနီ)ႏွင့္ ပန္းသီးစိမ္းေရာႀကိတ္၍ေသာက္ျခင္း၊ ညေနစာစားၿပီးခ်ိန္တြင္ သေဘၤာရြက္အဖိုကို အရည္ႀကိတ္ေသာက္ျခင္း တို႔ကိုသာ ပံုမွန္မွီ၀ဲခဲ့ေၾကာင္း သိရသည္။

”ေဆး႐ံုက ေပးတဲ့ေဆးေတြကိုလည္း ပံုမွန္ စားပါတယ္။ ၿပီးေတာ့ မနက္ဘုရားမရွိခိုးခင္ ကၫြတ္ အစိမ္းလိုက္ အရည္ထြက္ေအာင္ ႀကိတ္စက္နဲ႔ႀကိတ္ၿပီး အရည္ေသာက္တယ္။ မံုရြာက ထြက္တဲ့ ကၫြတ္ က်ေတာ့ေသးတဲ့အတြက္ မ်ားမ်ားထည့္ရတယ္။ ၿမိဳ႕ႀကီးေတြမွာရွိတဲ့ ကၫြတ္က်ေတာ့ ႀကီးတယ္။ ၁၀ ေခ်ာင္း – ၁၅ေခ်ာင္းေလာက္ကို ေရနဲ႔စင္ေအာင္ေဆး တယ္။ ၿပီးရင္ အဖ်ားကို ႀကိတ္တယ္။ အရင္းက အ မာေလးကို ႀကိတ္ရင္ ေရစစ္သန္႔သန္႔ေလးနဲ႔ စစ္ ထုတ္လိုက္ပါတယ္။ ရလာတဲ့ မတ္ခြက္တစ္ခြက္ကို ဘုရားကို အရင္လွဴၿပီးမွ၊ ဘုရား၀တ္ျပဳၿပီးမွ ေသာက္ပါတယ္။

ေန႔လယ္ထမင္းစားၿပီးခ်ိန္မွာက်ေတာ့ မုန္လာဥနီ(ခါၾကက္ဥအနီ)နဲ႔ ပန္းသီးစိမ္းကိုေရာႀကိတ္ၿပီး ရလာတဲ့အရည္ကို တိုက္ပါတယ္။ မုန္လာဥနီကိုငယ္ ရင္ ႏွစ္ဥ၊ ႀကီးရင္ တစ္ဥထည့္ၿပီး ပန္းသီးစိမ္းတစ္ လံုးနဲ႔ ေရာႀကိတ္လိုက္ပါတယ္။ တစ္ခါတေလ အာ လူးအငယ္စား တစ္လံုးေလာက္ ထည့္တိုက္ပါတယ္။ တစ္ခါတေလ မလြယ္ရင္ မုန္လာဥနီကိုပဲ ႀကိတ္ၿပီး၊ သံပရာသီးတစ္လံုး ညႇစ္ထည့္ၿပီး တိုက္လိုက္တယ္။

ညေနစာစားၿပီး ၅ နာရီေလာက္မွာလည္း အသီး မသီးတဲ့ သေဘၤာပင္ သေဘၤာရြက္အဖိုတစ္ရြက္ကို ေရေျပာင္ေအာင္ေဆးၿပီး ကတ္ေၾကးနဲ႔ ညႇပ္တယ္။ ၿပီးရင္ အရည္ႀကိတ္ၿပီး တိုက္ပါတယ္။ ဒါေတြကို အေနေတာ္ ႐ိုး႐ိုးဖန္ခြက္နဲ႔ တစ္ခြက္စာေလာက္ ေန႔စဥ္အခ်ိန္နဲ႔ ေသာက္ခိုင္းပါတယ္ ရွင့္”ဟု မမိုးျမင့္က သူ၏လက္ေတြ႕ျပဳစုတိုက္ေကြၽးနည္းကိုေျပာျပခဲ့သည္။

၆-၂-၂၀၁၇ ရက္ေန႔တြင္ ဦးစိုးသန္းသည္ ဒုတိယအႀကိမ္ Bumrungarad ေဆး႐ံုသို႔ သြားျပခဲ့ရာ ကင္ဆာဆဲလ္မွာ ၃၀၀၀ ေက်ာ္ပဲက်န္ေတာ့ ေၾကာင္း၊ ကင္ဆာဆဲလ္ ၈၀ ရာခိုင္ႏႈန္းခန္႔ ေလ်ာ့ သြားသျဖင့္ ဆရာ၀န္ေတာင္မွ အံၾသသြားခဲ့ေၾကာင္း သိရသည္။ ဘန္ေကာက္သို႔ သြားရာတြင္ ပံုမွန္တိုက္ေကြၽး ေနက်အသီးအႏွံမ်ား၊ သေဘၤာရြက္၊ ႀကိတ္စက္ စသည့္လိုအပ္ေသာ ပစၥည္းမ်ားကို မမိုးျမင့္က သယ္ေဆာင္သြားၿပီး အခ်ိန္မွန္ မျပတ္ တိုက္ေကြၽးေၾကာင္း မမိုးျမင့္က ေျပာျပခဲ့သည္။

တတိအႀကိမ္ ၁၇-၄- ၂၀၁၇ ရက္ခ်ိန္းအ တိုင္း ေဆးသြားစစ္ရာ ကင္ဆာဆဲလ္ လံုး၀ မရွိေတာ့ ေၾကာင္း မမိုးျမင့္က ဆိုသည္။

”ဒါေပမဲ့ Bumrungard ေဆး႐ံုကေတာ့ အစာအိမ္ ေသြးေၾကာေလးေတြ ေဖာင္းတာ ဘာညာ ျဖစ္တတ္တဲ့အတြက္ ေနာက္သံုးလမွာ လာျပဦးလို႔ မွာထားပါတယ္။ အခုလည္း ေဆးေတြကို ဆက္တုိက္ေနဆဲပါပဲ”ဟု မမိုးျမင့္က ဆိုသည္။ယခုအခါ သားသမီးႏွစ္ဦးရွိေသာ ဦးစိုးသန္းသည္ ဇနီးသည္ႏွင့္အတူ က်န္းက်န္းမာမာျဖင့္ပင္ ကုန္သည္အလုပ္ကို လုပ္ကိုင္လ်က္ရွိေၾကာင္း သိရသည္။

”ဆရာ၀န္က သံုးလပဲ ခံမယ္လို႔ ေျပာေပမယ့္ ဒါကို အမ်ဳိးသားကို မသိေစခဲ့ဘူး။ ကြၽန္မ တစ္ေယာက္တည္းပဲ က်ိတ္ၿပီး စိတ္ပူပင္ခဲ့ရတာ . . စိတ္ပင္ပန္းရတယ္ေလ . . က်န္းမာေရးအတြက္ ကြၽန္မလို စိတ္မပူပင္ေစခ်င္ဘူး။ ဒါေၾကာင့္ တျခားနီးစပ္ရာေတြကိုလည္း ဘယ္လိုတိုက္၊ ဘယ္လိုျပဳစုဆိုၿပီး ေသခ်ာ မွ်ေ၀ေပးပါတယ္။ အခုဆိုရင္ မိသားစု အေပါင္းအသင္း၊ေဆြမ်ဳိးသားခ်င္းေတြရဲ႕ ေႏြးေထြးဂ႐ုစိုက္မႈနဲ႔ အတူ က်န္းက်န္းမာမာနဲ႔ ဘ၀ကို ေရွ႕ဆက္ႏိုင္ခဲ့ပါ ၿပီ”ဟု မမိုးျမင့္က ေျပာျပခဲ့ပါသည္။

HealthyLifeJournal

ဇြန္ခိုင္ဦး (ေဆး၀ါးတကၠသိုလ္)

(မွတ္ခ်က္။ ။ ဓာတ္ပံုမ်ားကို ဦးစိုးသန္းႏွင့္ မမိုး ျမင့္၏ခြင့္ျပဳခ်က္ျဖင့္ ေဖာ္ျပျခင္းျဖစ္ပါသည္။ အယ္ဒီ တာ)

(Healthy Life ဂ်ာနယ္ အမွတ္(၇၉) တြင္ ပါရွိသည့္ က်န္းမာေရး ေဆာင္းပါး ကို အမ်ားျပည္သူအက်ဳိးရွိေစရန္ ျပန္လည္ေဖာ္ျပလိုက္ရပါတယ္)

(Unicode Version)

သုံးလသာခံတော့မယ်လို့ သိခဲ့ပေမယ့် ကင်ဆာဆဲလ် လုံးဝ မရှိတော့တဲ့ အသည်းကင်ဆာရှင် ဦးစိုးသန်း

မုံရွာမြို့နေ ဦးစိုးသန်းသည် အသက် ၄၆ နှစ်အရွယ် ၂၀၁၆ နိုဝင်ဘာလတွင် အသည်းကင်ဆာ ဝေဒနာကို စတင်ခံစားခဲ့ရရာ ဆရာဝန်များက သုံးလသာ ခံတော့မည်ဟု ခန့်မှန်းခဲ့သော်လည်း ငါးလအတွင်း ကင်ဆာဆဲလ် လုံးဝမတွေ့တော့ဘဲ သက်သာခဲ့သဖြင့် သူ၏ ဆေးကုသမှု အတွေ့အကြုံ များကို အခြားကင်ဆာဝေဒနာရှင်များ သိရှိသဘောပေါက်နားလည် စေရန် အနီးကပ်ပြုစုစောင့်ရှောက်ပေးသူ ဦးစိုးသန်း၏ ဇနီးမမိုးမြင့်အား မေးမြန်းဖြစ်ခဲ့ပါသည်။

”အစကတော့ အမျိုးသားက ချိုင်းနံရိုးအောက် ကအောင့်တယ်၊ အောင့်တယ်နဲ့ပြောပါတယ်။ ကျွန်မတို့ကလည်း သတိမမူမိခဲ့ကြပါဘူး။ ရိုးရိုး လေထိုး လေအောင့်လောက်ပဲ ထင်ထားခဲ့ကြလို့ ဆေးမြီးတိုတွေနဲ့ ကုသခဲ့ကြပါတယ်။

နှစ်လလောက်ကြာတဲ့အခါမှာ အမျိုးသားက ညဘက်တွေပါအိပ်မရအောင် အောင့်လာခဲ့ပါတယ်။ ဒါနဲ့ ကျွန်မတို့လည်း ညတွင်းချင်း မန္တလေးကိုဆင်းခဲ့ ကြပါတယ်။ မန္တလေးရောက်တော့ မြို့တော် ဆေးရုံ မှာ MRI ရိုက်ကြည့်ခဲ့ပါ တယ်။ ရက်စွဲက ၂၇ ရက် ၁၁လ ၂၀၁၆ ပါရှင့်။ အဖြေထွက်လာတဲ့အခါမှာ ကျွန်မအမျိုးသားရဲ့ ရောဂါဟာ အသည်းကင်ဆာလို ပုံစံမျိုးနဲ့ အသည်း တစ်ခြမ်းလောက် အနာတွေဖြစ်နေခဲ့ပါတယ်။ ကင်ဆာဆဲလ်ကလည်း ၁၅၇၀၀ ကျော်ပါရှင့်။ ဆရာဝန်ကတော့ သုံးလပဲခံမယ်လို့ ကျွန်မကို ပြောပြခဲ့ပြီး ချက်ချင်းဆေးရုံတက်ခိုင်းပါတယ်။ ဆေးရုံတက်ဖို့ဆေး လက်မှတ်တွေကအစ ထုတ်ပေးခဲ့ပါတယ်။ ကျွန်မတို့လည်း အစကတော့ တွေဝေနေခဲ့ ကြပါတယ်။ ဘာလုပ်လို့လုပ်ရမှန်းမသိခဲ့ပါဘူး။

နောက်ရက်မှာ ကျွန်မတို့ ဆွေမျိုးနီးစပ်အသိ မိတ်ဆွေတစ်ယောက်ရဲ့ လမ်းညွှန်ချက်အရ ဘန်ကောက်ကို သွားခဲ့ပါတယ်”ဟု မမိုးမြင့်က ဦးစိုးသန်း ၏ အသည်းကင်ဆာခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

၁-၁၂-၂၀၁၆ ရက်နေ့တွင် ဘန်ကောက်၊ Bumrungard ဆေးရုံ၌ ပထမဆုံးရက်ချိန်းနဲ့ပြခဲ့ရာ အဖြေမှာ မန္တလေးတွင် စစ်ဆေးခဲ့သည့် အဖြေအ တိုင်းပင်ထွက်ကြောင်း၊ ဘီပိုးကြောင့် အသည်းတစ် ခြမ်းအနာဖြစ်ပြီး ကင်ဆာဖြစ်နေသဖြင့် ဆရာဝန်က ကုသနိုင်မည့် နည်းလမ်းများကို ရှင်းပြခဲ့ကြောင်း သိရသည်။

”အသည်းအစားထိုးနည်း၊ ဆေးဖြန်းနည်း၊ မီး ရှို့ကုနည်း စသဖြင့် အမျိုးမျိုးရှိပေမယ့် အသည်းကင်ဆာရှိတဲ့အပိုင်းကို ခွဲထုတ်ဖို့ဆိုလည်း အသည်းရဲ့ သုံးပုံနှစ်ပုံလောက်က အနာတွေနဲ့ဖြစ်နေပါပြီ။ ဆရာ ၀န်တွေကတော့ ကျွန်မကို သုံးလ- ကံကောင်းရင် တစ်နှစ်ပဲခံမယ်လို့ ပြောပြထားပါတယ်။ အမျိုးသား ကတော့ မသိပါဘူး။ ကျွန်မတို့လည်း ဆရာဝန်နဲ့ အကောင်းဆုံးတိုင်ပင်ပြီး အဲဒီနေ့မှာပဲ အသည်းတစ်ခု လုံးကို ဆေးဖြန်းလိုက်ပါတယ်. . အဲဒါပြီးတော့ လိုအပ်တဲ့ ဆေးတွေပေးပြီး နှစ်လပြန်ချိန်းလိုက်ပါတယ်။ ဆေးဖြန်းပြီးတော့ သူ ခံစားနေရတဲ့ နာတာ၊ အောင့်တာတွေက လုံးဝ ပျောက်သွားလို့ သူက ၀မ်းသာအားရ ဖြစ်နေခဲ့တယ်”ဟု မမိုးမြင့်က ဆိုသည်။

မြန်မာပြည်ပြန်ရောက်သည့်အခါ ဆွေမျိုးသားချင်းများနှင့် အသိမိတ်ဆွေများက ဆေးမြီးတိုများကို ညွှန်သော်လည်း ဦးစိုးသန်းသည် ဆရာဝန်ပေးလိုက်သော ဆေးဝါးများကို မှီဝဲပြီး မနက်ပိုင်းတွင် ကညွတ် ဖျော်ရည်သောက်ခြင်း၊ နေ့လယ်ထမင်းစားပြီး မုန်လာဥအနီ (ခါကြက်ဥအနီ)နှင့် ပန်းသီးစိမ်းရောကြိတ်၍သောက်ခြင်း၊ ညနေစာစားပြီးချိန်တွင် သင်္ဘောရွက်အဖိုကို အရည်ကြိတ်သောက်ခြင်း တို့ကိုသာ ပုံမှန်မှီဝဲခဲ့ကြောင်း သိရသည်။

”ဆေးရုံက ပေးတဲ့ဆေးတွေကိုလည်း ပုံမှန် စားပါတယ်။ ပြီးတော့ မနက်ဘုရားမရှိခိုးခင် ကညွတ် အစိမ်းလိုက် အရည်ထွက်အောင် ကြိတ်စက်နဲ့ကြိတ်ပြီး အရည်သောက်တယ်။ မုံရွာက ထွက်တဲ့ ကညွတ် ကျတော့သေးတဲ့အတွက် များများထည့်ရတယ်။ မြို့ကြီးတွေမှာရှိတဲ့ ကညွတ်ကျတော့ ကြီးတယ်။ ၁၀ ချောင်း – ၁၅ချောင်းလောက်ကို ရေနဲ့စင်အောင်ဆေး တယ်။ ပြီးရင် အဖျားကို ကြိတ်တယ်။ အရင်းက အ မာလေးကို ကြိတ်ရင် ရေစစ်သန့်သန့်လေးနဲ့ စစ် ထုတ်လိုက်ပါတယ်။ ရလာတဲ့ မတ်ခွက်တစ်ခွက်ကို ဘုရားကို အရင်လှူပြီးမှ၊ ဘုရားဝတ်ပြုပြီးမှ သောက်ပါတယ်။

နေ့လယ်ထမင်းစားပြီးချိန်မှာကျတော့ မုန်လာဥနီ(ခါကြက်ဥအနီ)နဲ့ ပန်းသီးစိမ်းကိုရောကြိတ်ပြီး ရလာတဲ့အရည်ကို တိုက်ပါတယ်။ မုန်လာဥနီကိုငယ် ရင် နှစ်ဥ၊ ကြီးရင် တစ်ဥထည့်ပြီး ပန်းသီးစိမ်းတစ် လုံးနဲ့ ရောကြိတ်လိုက်ပါတယ်။ တစ်ခါတလေ အာ လူးအငယ်စား တစ်လုံးလောက် ထည့်တိုက်ပါတယ်။ တစ်ခါတလေ မလွယ်ရင် မုန်လာဥနီကိုပဲ ကြိတ်ပြီး၊ သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး တိုက်လိုက်တယ်။

ညနေစာစားပြီး ၅ နာရီလောက်မှာလည်း အသီး မသီးတဲ့ သင်္ဘောပင် သင်္ဘောရွက်အဖိုတစ်ရွက်ကို ရေပြောင်အောင်ဆေးပြီး ကတ်ကြေးနဲ့ ညှပ်တယ်။ ပြီးရင် အရည်ကြိတ်ပြီး တိုက်ပါတယ်။ ဒါတွေကို အနေတော် ရိုးရိုးဖန်ခွက်နဲ့ တစ်ခွက်စာလောက် နေ့စဉ်အချိန်နဲ့ သောက်ခိုင်းပါတယ် ရှင့်”ဟု မမိုးမြင့်က သူ၏လက်တွေ့ပြုစုတိုက်ကျွေးနည်းကိုပြောပြခဲ့သည်။

၆-၂-၂၀၁၇ ရက်နေ့တွင် ဦးစိုးသန်းသည် ဒုတိယအကြိမ် Bumrungarad ဆေးရုံသို့ သွားပြခဲ့ရာ ကင်ဆာဆဲလ်မှာ ၃၀၀၀ ကျော်ပဲကျန်တော့ ကြောင်း၊ ကင်ဆာဆဲလ် ၈၀ ရာခိုင်နှုန်းခန့် လျော့ သွားသဖြင့် ဆရာဝန်တောင်မှ အံသြသွားခဲ့ကြောင်း သိရသည်။ ဘန်ကောက်သို့ သွားရာတွင် ပုံမှန်တိုက်ကျွေး နေကျအသီးအနှံများ၊ သင်္ဘောရွက်၊ ကြိတ်စက် စသည့်လိုအပ်သော ပစ္စည်းများကို မမိုးမြင့်က သယ်ဆောင်သွားပြီး အချိန်မှန် မပြတ် တိုက်ကျွေးကြောင်း မမိုးမြင့်က ပြောပြခဲ့သည်။

တတိအကြိမ် ၁၇-၄- ၂၀၁၇ ရက်ချိန်းအ တိုင်း ဆေးသွားစစ်ရာ ကင်ဆာဆဲလ် လုံးဝ မရှိတော့ ကြောင်း မမိုးမြင့်က ဆိုသည်။

”ဒါပေမဲ့ Bumrungard ဆေးရုံကတော့ အစာအိမ် သွေးကြောလေးတွေ ဖောင်းတာ ဘာညာ ဖြစ်တတ်တဲ့အတွက် နောက်သုံးလမှာ လာပြဦးလို့ မှာထားပါတယ်။ အခုလည်း ဆေးတွေကို ဆက်တိုက်နေဆဲပါပဲ”ဟု မမိုးမြင့်က ဆိုသည်။ယခုအခါ သားသမီးနှစ်ဦးရှိသော ဦးစိုးသန်းသည် ဇနီးသည်နှင့်အတူ ကျန်းကျန်းမာမာဖြင့်ပင် ကုန်သည်အလုပ်ကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

”ဆရာဝန်က သုံးလပဲ ခံမယ်လို့ ပြောပေမယ့် ဒါကို အမျိုးသားကို မသိစေခဲ့ဘူး။ ကျွန်မ တစ်ယောက်တည်းပဲ ကျိတ်ပြီး စိတ်ပူပင်ခဲ့ရတာ . . စိတ်ပင်ပန်းရတယ်လေ . . ကျန်းမာရေးအတွက် ကျွန်မလို စိတ်မပူပင်စေချင်ဘူး။ ဒါကြောင့် တခြားနီးစပ်ရာတွေကိုလည်း ဘယ်လိုတိုက်၊ ဘယ်လိုပြုစုဆိုပြီး သေချာ မျှဝေပေးပါတယ်။ အခုဆိုရင် မိသားစု အပေါင်းအသင်း၊ဆွေမျိုးသားချင်းတွေရဲ့ နွေးထွေးဂရုစိုက်မှုနဲ့ အတူ ကျန်းကျန်းမာမာနဲ့ ဘဝကို ရှေ့ဆက်နိုင်ခဲ့ပါ ပြီ”ဟု မမိုးမြင့်က ပြောပြခဲ့ပါသည်။

HealthyLifeJournal

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဦးစိုးသန်းနှင့် မမိုး မြင့်၏ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီ တာ)

(Healthy Life ဂျာနယ် အမှတ်(၇၉) တွင် ပါရှိသည့် ကျန်းမာရေး ဆောင်းပါး ကို အများပြည်သူအကျိုးရှိစေရန် ပြန်လည်ဖော်ပြလိုက်ရပါတယ်)