ကင်ဆာရောဂါ ပျောက်စေသော ကြက်ဥပြုပ်
(Unicode Version)
ကင်ဆာ ပျောက်စေသော ကြက်ဥပြုပ်
ကင်ဆာဝေဒနာ ခံစားနေရသူ။ သင်္ဘောသီး။ သင်္ဘောရွက်ကို နေ့စဉ်သုံးစွဲပါ။ ဆေးမီးတိုဆိုပြီး အထင်မသေးပါနှင့်။ အစာဟောင်းအိမ် အူမကြီးမှာကင်ဆာ အလုံးတွေ့၍ ဖြတ်ထုတ်ရမည့် သူတစ်ဦး။ ငွေကြေးမတတ်နိုင်၍ ဆရာကြီးတစ်ဦး နည်းပေးသဖြင့် သင်္ဘောရွက်ပြုတ်အရည်သောက်ခြင်း။ အရွက်နုကို တို့စရာလုပ်စားခြင်းဖြင့် မခွဲရပဲ၊ ဝမ်းလည်းပြန်သွားနိုင်ကာ ၂နှစ်ကျော်ပြီ။ အသက်ရှင်နေပါသည်။ သင်္ဘောသီး ကြက်ဥပြုပ်သည် ရေမထည့်ပါ။ သင်္ဘောသီးထဲမှ အငွေ့အာနိသင်ဝင်ပြီး ကြက်ဥကျက်သွားခြင်း ဖြစ်ပါသည်။
သင်္ဘောသီးအငွေ့ကြောင့် ကြက်ဥသည် ကင်ဆာပိုးကို သတ်နိုင်ပါသည်။ ကြက်ဥမှ မြွေဆိပ်ဖြေဆေး ထုတ်နေသည်ကို ကြားဘူးကြပါလိမ့်မည်။ ကြက်ဥတစ်နေ့တစ်လုံး စားပေးသင့်သည်ဟု ယခုအခါ ကျန်းမာရေး ဆရာဝန်ကြီးများက ညွှန်ကြားလျှက် ရှိနေကြသည်။ သဘာဝ အိမ်ကြက်ဥများက ပို၍အာနိသင် ကောင်းပါသည်။ အိမ်ကြက်ဥက အလုံးသေးသဖြင့် စျေးကွက်မဝင်ပါ။
သင်္ဘောသီးအစိမ်းကို ထိပ်မှဖြတ်ပါ။ အတွင်းမှ အစေ့များကို ခြစ်ပါ။ အခေါင်းကျယ်စေဖို့ပါ။ အစေ့များကို ဖယ်မပစ်ပါနှင့်။ အခေါင်းတွင်းသို့ ကြက်ဥထည့်ပါ။ အလုံးကြီးလျှင် ကြက်ဥ ၂ လုံးအထိ ဆန့်ပါသည်။ အဖုံးကို ပြန်အုပ်ပြီး အစေးဖြင့် ဖိကပ်ပါ။ မသေချာလျှင် ရွှံ့ဖြင့်ဇော်မံပါ။ မီးဖို။ မီးကျီးဖြင့် နာရီဝက်ခန့် ဖုတ်ပါ။ ဖွင့်ကြည့်လျှင် သင်္ဘောသီး အတွင်းမှ အခိုးများ ထွက်လာပါလိမ့်မည်။ အတွင်းမှ ကြက်ဥကို အပြင်ထုတ်ပြီး အအေးခံထားပါ။
ကြက်ဥကို ရေမဆေးပါနှင့်။ ကြက်ဥ ၂ လုံးကို အခြားအစာနှင့် မရောပဲ ထမင်းလွတ်စားပါ။ နေ့စဉ် အနည်းဆုံး ၁၄ ရက်စားမှ အကျိုးထူးပါမည်။
( ကြောင်းကျိုးတိုက်ဆိုင်သူများ ပျောက်ကင်းကြပါစေ )
Credit : ကြည်လွင်မြင့် (မုဒြာ)
ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်