ေရသူမကေလးအျဖစ္ ေမြးဖြားလာခဲ့တဲ့ အေမရိကန္ျပည္ေထာင္စုက ကေလးငယ္

ေရသူမကေလး ေမြးဖြားလာတယ္လုိ႔ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ပဲ အေမရိကန္ျပည္ ေထာင္စု ကေလးငယ္ေလးတစ္ေယာက္မွာ ထူးျခားတဲ့ ပံုပန္းသ႑ာန္နဲ႔ ေမြးဖြားလာခဲ့ တယ္လုိ႔ သိရပါတယ္။ တစ္ဖ္ဖနီ ေရာ့လုိ႔ အမည္ရွိတ့ဲ ကေလးငယ္ေလးဟာဆုိရင္ ကေလးငယ္ တစ္သိန္းမွာ တစ္ဦးႏႈန္းသာ ျဖစ္ခဲတဲ့ ရွားပါးေရာဂါလကၡဏာနဲ႔ ေမြးဖြားလာတာမုိ႔လုိ႔ ကုိယ္လက္ အဂၤါေတြဟာဆုိရင္ ေရသူမပံုစံျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။

Mermaid Sydrome လုိ႔ အမည္ေပးထားၿပီး Sirenomelia လုိ႔လည္း ေခၚၾကတဲ့ ဒီ ရွားပါးေရာဂါ လကၡဏာဟာဆုိရင္ ခႏၶာကုိယ္အေပၚ ပုိင္းမွာ သာမန္လူတစ္ေယာက္ကဲ့သုိ႔ ရွိေနကာ ေအာက္ဘက္ ေျခေထာက္ႏွစ္ေခ်ာင္းမွာေတာ့ ပူးလွ်က္သား ေရသူမအၿမွီးပံုစံလုိ ရွိေန တာျဖစ္တယ္လုိ႔ သိရပါတယ္။မိခင္ကုိယ္ဝန္ေဆာင္ျခင္း ပံုမွန္မဟုတ္လုိ႔ သေႏၶသားကေလးငယ္မွာ ဒီလုိေရာဂါလကၡဏာမ်ိဳးပါဝင္ လာခဲ့ကာ အသက္ေသဆံုးျခင္း မရွိခဲ့ပဲ ေအာင္ျမင္စြာ ေမြးဖြားလာႏုိင္ခဲ့တဲ့ ေရသူမေရာဂါလကၡဏာခံစား ေနရတဲ့ ကေလးငယ္ဟာဆုိရင္ အေမရိကန္ျပည္ေထာင္စုမွာ ကေလးငယ္ ႏွစ္ဦးနဲ႔ ပီရူးႏုိင္ငံက ကေလးငယ္တစ္ဦးတုိ႔ ရွိေနၾကတယ္လုိ႔ သိရပါတယ္။

အေမရိကန္က သမီးငယ္ကေလး တစ္ဖ္ဖနီအျပင္ ရွိလုိ႔စ္လုိ႔ ေခၚတဲ့ ကေလးငယ္မွာလည္း ဒီလုိ ေအာက္ပုိင္းပူးရက္တြဲပါ လာတဲ့ ကုိယ္ခႏၶာတည္ေဆာက္ပံုနဲ႔ ေမြးဖြားလာတယ္လုိ႔သိရကာ တစ္ဖ္ဖနီ ထက္မ်ားျပားတဲ့ ခြဲစိပ္ကုသမႈမ်ားစြာကုိ လုပ္ေဆာင္ခဲ့ရၿပီးေတာ့ အသက္ ၁၀ ႏွစ္အရြယ္မွာပဲ ေသဆံုးခဲ့ တယ္လုိ႔ သိရပါတယ္။ ဒီလုိ ေရသူမလကၡဏာနဲ႔ ခႏၶာကုိယ္တည္ေဆာက္မႈရွိလာတဲ့ တစ္ဖ္ဖနီကုိ ေအာက္ပုိင္းကပူးတြဲ ေျခေထာက္ေတြ တစ္ခုစီခြဲစိပ္ကုသဖုိ႔နဲ႔ ေမြးရာပါ ပါမလာခဲ့တဲ့ ကုိယ္တြင္းကလီ စာေတြလုိအပ္ခ်က္ အစိတ္ အပုိင္းေတြအတြက္ ခြဲစိပ္ကုသမႈမ်ားစြာကုိ ျပဳလုပ္ေပးခဲ့ရတယ္လုိ႔ သိရပါတယ္။

ေမြးရာပါ ေျခေထာက္ႏွစ္ေခ်ာင္းပူးရက္ ျဖစ္လာခဲ့လုိ႔ တစ္ဖ္ဖနီေလးမွာ သြားလာေဆာ့ကစားမႈေတြမွာ အခက္အခဲမ်ားစြာရွိခဲ့ၿပီးေနာက္ သူမကုိ ခြဲစိပ္ကုသမႈ ၂၅ ႀကိမ္ျပဳလုပ္ၿပီးတဲ့အခါမွာေတာ့ သူမရဲ႕ တစ္ေခ်ာင္းခ်င္းစီ ခြဲၿပီးသြားခဲ့တဲ့ ေျခေခ်ာင္းေတြနဲ႔ အခုဆုိရင္ ေကာင္းမြန္စြာထုိင္ႏုိင္ျခင္း၊ ေရကူးခတ္ ႏုိင္ျခင္း၊ ေဆာ့ကစားႏုိင္ျခင္းေတြကုိ ျပဳလုပ္ေနႏုိင္ၿပီလုိ႔ သိရပါတယ္။

Credit : Zeno Oo

(Unicode Version)

ရေသူမကလေးအဖြစ် မွေးဖွားလာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကကလေးငယ်

ရေသူမကလေး မွေးဖွားလာတယ်လို့ အံ့အားသင့်စရာကောင်းလောက်အောင်ပဲ အမေရိကန်ပြည် ထောင်စု ကလေးငယ်လေးတစ်ယောက်မှာ ထူးခြားတဲ့ ပုံပန်းသဏ္ဍာန်နဲ့ မွေးဖွားလာခဲ့ တယ်လို့ သိရပါတယ်။ တစ်ဖ်ဖနီ ရော့လို့ အမည်ရှိတဲ့ ကလေးငယ်လေးဟာဆိုရင် ကလေးငယ် တစ်သိန်းမှာ တစ်ဦးနှုန်းသာ ဖြစ်ခဲတဲ့ ရှားပါးရောဂါလက္ခဏာနဲ့ မွေးဖွားလာတာမို့လို့ ကိုယ်လက် အင်္ဂါတွေဟာဆိုရင် ရေသူမပုံစံဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

Mermaid Sydrome လို့ အမည်ပေးထားပြီး Sirenomelia လို့လည်း ခေါ်ကြတဲ့ ဒီ ရှားပါးရောဂါ လက္ခဏာဟာဆိုရင် ခန္ဓာကိုယ်အပေါ် ပိုင်းမှာ သာမန်လူတစ်ယောက်ကဲ့သို့ ရှိနေကာ အောက်ဘက် ခြေထောက်နှစ်ချောင်းမှာတော့ ပူးလျှက်သား ရေသူမအမြှီးပုံစံလို ရှိနေ တာဖြစ်တယ်လို့ သိရပါတယ်။မိခင်ကိုယ်ဝန်ဆောင်ခြင်း ပုံမှန်မဟုတ်လို့ သန္ဓေသားကလေးငယ်မှာ ဒီလိုရောဂါလက္ခဏာမျိုးပါဝင် လာခဲ့ကာ အသက်သေဆုံးခြင်း မရှိခဲ့ပဲ အောင်မြင်စွာ မွေးဖွားလာနိုင်ခဲ့တဲ့ ရေသူမရောဂါလက္ခဏာခံစား နေရတဲ့ ကလေးငယ်ဟာဆိုရင် အမေရိကန်ပြည်ထောင်စုမှာ ကလေးငယ် နှစ်ဦးနဲ့ ပီရူးနိုင်ငံက ကလေးငယ်တစ်ဦးတို့ ရှိနေကြတယ်လို့ သိရပါတယ်။

အမေရိကန်က သမီးငယ်ကလေး တစ်ဖ်ဖနီအပြင် ရှိလို့စ်လို့ ခေါ်တဲ့ ကလေးငယ်မှာလည်း ဒီလို အောက်ပိုင်းပူးရက်တွဲပါ လာတဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံနဲ့ မွေးဖွားလာတယ်လို့သိရကာ တစ်ဖ်ဖနီ ထက်များပြားတဲ့ ခွဲစိပ်ကုသမှုများစွာကို လုပ်ဆောင်ခဲ့ရပြီးတော့ အသက် ၁၀ နှစ်အရွယ်မှာပဲ သေဆုံးခဲ့ တယ်လို့ သိရပါတယ်။ ဒီလို ရေသူမလက္ခဏာနဲ့ ခန္ဓာကိုယ်တည်ဆောက်မှုရှိလာတဲ့ တစ်ဖ်ဖနီကို အောက်ပိုင်းကပူးတွဲ ခြေထောက်တွေ တစ်ခုစီခွဲစိပ်ကုသဖို့နဲ့ မွေးရာပါ ပါမလာခဲ့တဲ့ ကိုယ်တွင်းကလီ စာတွေလိုအပ်ချက် အစိတ် အပိုင်းတွေအတွက် ခွဲစိပ်ကုသမှုများစွာကို ပြုလုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

မွေးရာပါ ခြေထောက်နှစ်ချောင်းပူးရက် ဖြစ်လာခဲ့လို့ တစ်ဖ်ဖနီလေးမှာ သွားလာဆော့ကစားမှုတွေမှာ အခက်အခဲများစွာရှိခဲ့ပြီးနောက် သူမကို ခွဲစိပ်ကုသမှု ၂၅ ကြိမ်ပြုလုပ်ပြီးတဲ့အခါမှာတော့ သူမရဲ့ တစ်ချောင်းချင်းစီ ခွဲပြီးသွားခဲ့တဲ့ ခြေချောင်းတွေနဲ့ အခုဆိုရင် ကောင်းမွန်စွာထိုင်နိုင်ခြင်း၊ ရေကူးခတ် နိုင်ခြင်း၊ ဆော့ကစားနိုင်ခြင်းတွေကို ပြုလုပ်နေနိုင်ပြီလို့ သိရပါတယ်။

Credit : Zeno Oo