ျမန္မာျပည္မွာ လူေတာ္ေတာ္မ်ားမ်ား အလိမ္ခံေနရတဲ့ လိမ္နည္းတစ္မ်ိဳး

ဒီလိမ္နည္းဟာ internet facebook မွာ အမည္မသိ ႏုိင္ငံျခားသား/သူ တစ္ေယာက္က မိမိထံလာေရာက္ Addထ ားၿပီး မိမိလက္ခံလုိက္ပါက သူတုိ႔ဟာ Messenger မွတဆင့္ (ေဒၚလာ) အမ်ားအျပား ထည့္ထားတဲ့ ပုံႏွင့္အတူ ယုံႏုိင္ဖြယ္ေကာင္းေသာ အားက်ဖြယ္ေကာင္းေသာ ဝမ္းေျမာက္ဖြယ္ေကာင္းေသာ စကားမ်ားျဖင့္ မက္လုံးေပးေျပာဆုိၿပီး ဒီ ေဒၚလာ ေငြမ်ားဟာ သူ႔ေယာက်ာ္း သူ႔ဇနီးမယားထားရစ္ခဲ့တဲ့ ေငြးမ်ားျဖစ္၍ ဒီ ေဒၚလာေငြမ်ားကုိ သူ႔ကုိယ္စား ျမန္မာျပည္အတြင္း၌ အျခားေသာ ပရဟိတ လုပ္ငန္းမ်ားတြက္ အသုံးျပဳေပးေစလုိေၾကာင္း အဂၤလိပ္ဘာသာရပ္နဲ႔ ေရးသားေပးပုိ႔လာပါလိမ့္မယ္။

သူ႔တုိ႔ေျပာဆုိ ဆက္သြယ္ေနမႈမ်ားကုိ မိမိက ေလာဘတက္ ယုံလြယ္ၿပီး လက္ခံလုိက္ပါက မိမိထံမွ အမည္နာမႏွင့္တကြ ဆက္သြယ္ရန္ဖုံးနံပါတ္ ေနရပ္လိပ္စာမ်ားကုိ သူတုိ႔က ေတာင္ဆုိလာပါလိမ့္မယ္။

ဤသုိ႔ ေတာင္းဆုိၿပီးပါက မ်ားမၾကာမွီရက္ပုိင္းအတြင္း ပုံမွာေဖာ္ျပထားတဲ့ ပစၥည္းပုိ႔ ေျပစာ ျဖတ္ပုိင္းႏွင့္အတူ မိမိထံသုိ႔ ဘယ္ေန႔ ဘယ္ရက္မွာ ေရာက္႐ွိမည္ျဖစ္ပါေၾကာင္း ေရာက္႐ွိပါက ေလဆိပ္အေကာက္ခြန္႒ာနက မိမိထံဖုန္းဆက္အေၾကာင္း ၾကားလာလိမ့္မည္ျဖစ္ပါေၾကာင္း

ထုိသုိ႔ေျပာၾကားၿပီး ရက္အနည္းငယ္အတြင္းမွာ အေကာက္ခြန္႒ာနက ပစၥည္းေရာက္ေၾကာင္း မိမိထံ ဖုန္းဆက္လာေသာအခါ၌ ဒီပါဆယ္ထုတ္ဟာ အေမရိကန္ ေဒၚလာ သန္းခ်ီ၍ ထည့္ဝင္ထုတ္ပုိးထားေသာ အထုတ္ျဖစ္ေသာေၾကာင့္ ဥပေဒႏွင့္ညႇိစြန္းသျဖင့္ မိမိက အေကာက္အခြန္႒ာနကုိ ျမန္မာေငြ သိန္းေပါင္း (၄၀) ႏွင့္အထက္ ေပးေဆာင္ရမည္ျဖစ္ပါေၾကာင္း ဖုန္းဆက္၍ ေျပာၾကားလာပါလိမ့္မယ္။

သူတုိ႔ေျပာစကားအရ မိမိက ယုံၾကည္မိ၍ ဒီ ျမန္မာက်ပ္ေငြ သိန္း (၄၀) ခန္႔ကုိ ဘယ္လုိ ေပးေခ်ရမလဲလုိ ေမးျမန္းေသာအခါ သူတုိ႔က ဘဏ္စနစ္ (Banking System) ျဖင့္ ေပးသြင္းရမွာျဖစ္ေၾကာင္း အဲဒီေနာက္ သူတုိ႔က မိမိကုိ သူတုိ႔ရဲ႕ CB Bank ဘဏ္အေကာင့္ (Bank Account) နံပါတ္ ေပးလာပါလိမ့္မယ္။ အဲဒီ ဘဏ္အေကာင့္ထဲသုိ႔ ဒီေငြမ်ားအား ထည့္သြင္းေပးရမည္ ျဖစ္ပါေၾကာင္း ျပန္လည္ ေျဖၾကားပါလိမ့္မယ္။

မိမိက ယုံလြယ္၍ ဒီေငြ သိန္းေပါင္းမ်ားစြာကုိ CB Bank မွတဆင့္ သူတုိ႔ထံ လြဲေပးလုိက္သည့္ေန႔ဟာ သင့္အတြက္ ကံအဆုိးဆုံးေန႔ ျဖစ္ပါေၾကာင္း ဒီေငြပမာနတြင္သာမက ေနာက္ထပ္ ေနာက္ထပ္ ေတြလည္း အေၾကာင္းအမ်ဳိးမ်ဳိးျပ၍ ထပ္ေလာင္း ေတာင္းဆုိလာလိမ့္မည္ ျဖစ္ပါေၾကာင္း..

မိမိကလည္း ေလာဘႀကီးၿပီး ယုံလြယ္၍ ဒီအထုတ္ကုိ မိမိလက္ဝယ္သုိ႔ မေရာက္မခ်င္း သူတုိ႔ေတညင္းေနသ၍ ေပးေနပါက မိမိဟာ အလိမ္ခံေနရၿပီး ဘဝပါ ပ်က္သြားႏုိင္ဖြယ္ ႐ွိပါေၾကာင္း ဒါ့ေၾကာင့္ ဒီ ေျပစာ ျဖတ္ပုိင္းႏွင့္အတူ ဒီအထုတ္ပုံေတြ မိမိထံေရာက္႐ွိေနပါက ဒီအထုတ္ဟာ ဘဝပ်က္မည့္ အလိမ္ထုတ္ႀကီးသာ ျဖစ္ပါေၾကာင္း သတိေပး ေရးသားေဖာ္ျပလုိက္ပါသည္၊

Credit : ဘဝခါးခါး

(Unicode Version)

မြန်မာပြည်မှာ လူတော်တော်များများ အလိမ်ခံနေရတဲ့ လိမ်နည်းတစ်မျိုး

ဒီလိမ်နည်းဟာ internet facebook မှာ အမည်မသိ နိုင်ငံခြားသား/သူ တစ်ယောက်က မိမိထံလာရောက် Addထ ားပြီး မိမိလက်ခံလိုက်ပါက သူတို့ဟာ Messenger မှတဆင့် (ဒေါ်လာ) အများအပြား ထည့်ထားတဲ့ ပုံနှင့်အတူ ယုံနိုင်ဖွယ်ကောင်းသော အားကျဖွယ်ကောင်းသော ဝမ်းမြောက်ဖွယ်ကောင်းသော စကားများဖြင့် မက်လုံးပေးပြောဆိုပြီး ဒီ ဒေါ်လာ ငွေများဟာ သူ့ယောကျာ်း သူ့ဇနီးမယားထားရစ်ခဲ့တဲ့ ငွေးများဖြစ်၍ ဒီ ဒေါ်လာငွေများကို သူ့ကိုယ်စား မြန်မာပြည်အတွင်း၌ အခြားသော ပရဟိတ လုပ်ငန်းများတွက် အသုံးပြုပေးစေလိုကြောင်း အင်္ဂလိပ်ဘာသာရပ်နဲ့ ရေးသားပေးပို့လာပါလိမ့်မယ်။

သူ့တို့ပြောဆို ဆက်သွယ်နေမှုများကို မိမိက လောဘတက် ယုံလွယ်ပြီး လက်ခံလိုက်ပါက မိမိထံမှ အမည်နာမနှင့်တကွ ဆက်သွယ်ရန်ဖုံးနံပါတ် နေရပ်လိပ်စာများကို သူတို့က တောင်ဆိုလာပါလိမ့်မယ်။

ဤသို့ တောင်းဆိုပြီးပါက များမကြာမှီရက်ပိုင်းအတွင်း ပုံမှာဖော်ပြထားတဲ့ ပစ္စည်းပို့ ပြေစာ ဖြတ်ပိုင်းနှင့်အတူ မိမိထံသို့ ဘယ်နေ့ ဘယ်ရက်မှာ ရောက်ရှိမည်ဖြစ်ပါကြောင်း ရောက်ရှိပါက လေဆိပ်အကောက်ခွန်ဋ္ဌာနက မိမိထံဖုန်းဆက်အကြောင်း ကြားလာလိမ့်မည်ဖြစ်ပါကြောင်း

ထိုသို့ပြောကြားပြီး ရက်အနည်းငယ်အတွင်းမှာ အကောက်ခွန်ဋ္ဌာနက ပစ္စည်းရောက်ကြောင်း မိမိထံ ဖုန်းဆက်လာသောအခါ၌ ဒီပါဆယ်ထုတ်ဟာ အမေရိကန် ဒေါ်လာ သန်းချီ၍ ထည့်ဝင်ထုတ်ပိုးထားသော အထုတ်ဖြစ်သောကြောင့် ဥပဒေနှင့်ညှိစွန်းသဖြင့် မိမိက အကောက်အခွန်ဋ္ဌာနကို မြန်မာငွေ သိန်းပေါင်း (၄၀) နှင့်အထက် ပေးဆောင်ရမည်ဖြစ်ပါကြောင်း ဖုန်းဆက်၍ ပြောကြားလာပါလိမ့်မယ်။

သူတို့ပြောစကားအရ မိမိက ယုံကြည်မိ၍ ဒီ မြန်မာကျပ်ငွေ သိန်း (၄၀) ခန့်ကို ဘယ်လို ပေးချေရမလဲလို မေးမြန်းသောအခါ သူတို့က ဘဏ်စနစ် (Banking System) ဖြင့် ပေးသွင်းရမှာဖြစ်ကြောင်း အဲဒီနောက် သူတို့က မိမိကို သူတို့ရဲ့ CB Bank ဘဏ်အကောင့် (Bank Account) နံပါတ် ပေးလာပါလိမ့်မယ်။ အဲဒီ ဘဏ်အကောင့်ထဲသို့ ဒီငွေများအား ထည့်သွင်းပေးရမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါလိမ့်မယ်။

မိမိက ယုံလွယ်၍ ဒီငွေ သိန်းပေါင်းများစွာကို CB Bank မှတဆင့် သူတို့ထံ လွဲပေးလိုက်သည့်နေ့ဟာ သင့်အတွက် ကံအဆိုးဆုံးနေ့ ဖြစ်ပါကြောင်း ဒီငွေပမာနတွင်သာမက နောက်ထပ် နောက်ထပ် တွေလည်း အကြောင်းအမျိုးမျိုးပြ၍ ထပ်လောင်း တောင်းဆိုလာလိမ့်မည် ဖြစ်ပါကြောင်း..

မိမိကလည်း လောဘကြီးပြီး ယုံလွယ်၍ ဒီအထုတ်ကို မိမိလက်ဝယ်သို့ မရောက်မချင်း သူတို့တေညင်းနေသ၍ ပေးနေပါက မိမိဟာ အလိမ်ခံနေရပြီး ဘဝပါ ပျက်သွားနိုင်ဖွယ် ရှိပါကြောင်း ဒါ့ကြောင့် ဒီ ပြေစာ ဖြတ်ပိုင်းနှင့်အတူ ဒီအထုတ်ပုံတွေ မိမိထံရောက်ရှိနေပါက ဒီအထုတ်ဟာ ဘဝပျက်မည့် အလိမ်ထုတ်ကြီးသာ ဖြစ်ပါကြောင်း သတိပေး ရေးသားဖော်ပြလိုက်ပါသည်၊

Credit : ဘဝခါးခါး

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္