– အရိုးကျိုး တာအတွက် ဆေးကောင်းတစ်လက်ဖြစ်သလို မန်းအားကြီးတဲ့ သူများအတွက် ဓါတ်ဗူးထဲမှာ ရေနွေးစိမ်ပြီး လ္ဘက်ခြောက် နဲ့ ဖောက်သောက်သလိုမျိုး အမြဲတမ်းစိမ်ပြီး သောက်ပေးနိုင်ရင် အလွန်ကောင်းတဲ့ ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်ဗျား။
Credit : ဘဝခါးခါး
(Unicode Version)
အရိုးကျိုးရင် ဒီအမြစ်ကို ထုထောင်ပြီး ကြပ်ထုပ်စီးပေးထားရုံဖြင့် အရိုးပြန်ဆက် သွားပါလိမ့်မယ်
ဒါကတော့ အရိုးကျိုးရင် ဒီအမြစ်ကို ထုထောင်ပြီး ကြပ်ထုပ်စီးပေးထားရုံဖြင့် အရိုးပြန်ဆက်တယ်လို့ ပြောနေကြတဲ့ ဆေးဖက်ဝင် (ဝံအူမြစ်) ဖြစ်ပါတယ်။
ဆေးဖက်ဝင် ဝံအူမြစ်နဲ့ပတ်သက်ပြီး ဘယ်လောက်ကောင်းကြောင်းကို ကျွန်တော် မပြောလိုပါဘူး။ ကျွန်တော် ယခုဖော်ပြပေးထားသည့် စာများကတော့ ဝံအူမြစ်ကို လက်တွေ့အသုံးပြုခဲ့ဖူးပြီး လက်တွေ့ ပျောက်ကင်းပါတယ်လို့ ပြောလာတဲ့ လူအချိုို့ရဲ့ Comments များကို ပြန်လည် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ အောက်မှာ အစအဆုံး ဖတ်ရှုပါ။
– ကျွန်တော်ကတော့ လက်ကျိုးတာ ဘယ်ဆေးခန်းမှလည်း မသွားပါဘူး။ ဝံအူအနီမြစ်နဲ့ပဲ ကြပ်စီးတာ အခုတော့ ကောင်းပါပဲ စည်းတဲ့အချိန် နည်းနည်းပေါ့လိုက်လို ့ ဆက်တဲ့အချိန် အနိမ့်အမြင့်လေးတော့ ဖြစ်တာပေါ့။
– လက်တွေ့ပျောက်တာပါ။ ကျွန်တော်က ရွာကပါ ကောက်ရိုးလှည်းပေါ်က ၂ ပတ် ၃ ပတ် ဂျွန်းပြန်ကြပြီတော့ လှည်းဘိန်းအောက် လက်ခင်းကျပြီး နင်းသွားတာ ကျိုးတယ် တုတ်တယ် ကွဲတယ် သုံးမျိုးလုံးဟာ ဝန်အူမြစ်ပြုတ်ရေနဲ့ အမြစ်ပတ်တီးနဲ့ပဲ လုံးဝအကောင်း ဖြစ်သွားတာပါ။ အကျန်းဘလမ်း လုံးဝခန်ပါတယ်။ တကယ်ဆေးစွမ်းကောင်းဆိုတာ ကျနော်လက်တွေ့ပါဗျ အာမခံရဲတယ် ဖြစ်ချိန်ကတော့ ၁၄ နှစ်ကပါ အခုဆို ၃၄ ထဲရှိပါပြီ။ ဒီဆေးကို ဆေးဆရာကြီးများ သိစေချင်ပါတယ်။
– အရိုးကျ ု ိး တာအတွက် ဆေးကောင်းတစ်လက်ဖြစ်သလို မန်းအားကြီးတဲ့ သူများအတွက် ဓါတ်ဗူးထဲမှာ ရေနွေးစိမ်ပြီး လ႓က်ခြောက် နဲ့ ဖောက်သောက်သလိုမျိုး အမြဲတမ်းစိမ်ပြီး သောက်ပေးနိုင်ရင် အလွန်ကောင်းတဲ့ ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်ဗျား။
– ဝံအူမြစ်က အရိုးကျိုး အရိုးအက် ပြန်ဆက်တာမှန်တယ်။ ဒါပေမဲ့ ဝေဒနာကိုကြည့်ပြီး ချင့်ချိန်လိမ်းရ စည်းရပါတယ်။ ပိုမိုပျောက်လိုဆောနဲ့ လိုသည်ထက်ပိုမို အသုံးပြုမိပါက အကြောသေတတ်တယ်။ သတိထားပြီး ဆင်ဆင်ခြင်ခြင် အသုံးပြုရပါမယ်။
– သွားကိုက် သွားနာလဲ ပျောက်ပါတယ်။ အမြစ်ကိုဝါးပြီး ကိုက်တဲ့သွားမှာ ဖိကပ်ထားပါ။ ကျွန်မအဖေသွားကိုက်ရင် သုံးနေကျပါ။
– ဝံအူအားကိုး အရိုးကျိုးလို့ အစဉ်အဆက် ပြောစကားရှိတယ်။ လက်တွေ့လဲသုံးလို့ အကျိုးရှိတာ အမှန်ပါ။
– လေးဘက်နာ ထုံကြင်ချင်းတွေလည်း အရမ်းကောင်းပါတယ်။ ဝံအူမြစ်က အဖြူလည်းကောင်း အနီလည်းကောင်း နှစ်မျိုး သုံးလို့ရပါတယ်
– ဝံအူက နှစ်​မျိုးရှိသည်​။ ဝံအူအဖြူ နှင်​့​ ဝံအူ​သွေးထွက်​ပါ။ ဝံအူ​သွေးထွက်​က အပင်​ကို ဓားနဲ့ခုတ်​ရင်​​ သွေး​ရောင်​လို ရဲ​နေပါတယ်​။
– တောင်​​ပေါ်​ဒေသ ​တော်​​တော်​များများမှာ အ​လေ့ကျ​ပေါက်​တာ များပါတယ်​။ အရွက်​ ၃ ရွက်​ပါပြီး နွယ်​ပင်​ အမျိုးအစားပါ။ နွယ်​နဲ့အမြစ်​ကိုခုတ်​လျှင်​​ သွေးကဲ့သို့ အနီ​ရောင်​ အ​စေး​တွေ ထွက်​ပါတယ်​။
– လက်တွေ့လုပ်ဖူးပါတယ်။ အခေါက်ကို ထုလိုက်ရင် အဖြူရောင် အစေးထွက်ပါတယ်။ အရိုးပြန်ဆက်တယ်။ တကယ်လက်တွေ့ပါ။ မြန်မာဆေးက မမှားပါဘူး။ အထက်ပိုင်မှာ ရှိပါတယ်။ လွန်ခဲတဲ့ ကျွန်တော်တို့ တူလေး လက်ကြိုးတာ ၀ံအူမြစ်ကိုထုပြီ ပတ်တီနဲစီးပေးလိုက်တော့ ပျောက်သွားပြီ တပတ်လောက်တော့ လုပ်ပေးရတယ်။ ခုဆို တူလေး ၄ တန်းရောက်ပြီ မယုံမရှိပါနဲ့။
– ၀င်အူနွယ်ဖြစ်ပါတယ်။ ၀င်အူနွယ်က နှစ်မျိုးရှိပါတယ်။ ၀င်အူရိုးရိုးနဲ့ သွေးထွက်ဝင်အူပါ။ သွေးထွက်ဝင်အူက အနီရောင်။ အနီရောင်က အစွမ်း ပိုထက်ပါတယ်။
– အ​ခေါက်​ကိုခွာ နည်​းနည်​း​ပျော့​အောင်​ထုပြီး အရိုးကျိုးလူနာများ ​ကျောက်​ပတ်​တီး စည်​းသလိုစည်​း ၁၅ ရက်​အတွင်​း အရိုးဆက်​တယ်​။
– ဟုတ်​တယ်​ဗျ ​နော်​​နော်​တိို့ဆီမှာ​ပေါ့ ပ​တောကိုထလို့ သုံးတက်​ရင်​ ဆီးချို​အတွက်​လဲ​ ကောင်​းပါတယ်​ဗျ။ ဝံအူမြစ်ကို ပါးပါးစင်​းပြီး အ​ခြောက်​လှန်​း ကျို​သောက်​ရင်​ သိသိသာသာ သက်​သာလာပါတယ်​ဗျာ။
– ဝင်​အူက အနီအဖြူ နှစ်​မျိုးရှိပါတယ်​၊ အနီက​ ဆေးစွမ်​း ပိုထက်​ပါတယ်​၊ အရိုးကျိုးတာ အက်​တာ​တွေ​ ကျောက်​ပတ်တီး မလိုပါ၊ ဝင်​အူနဲ့ ကြပ်​စည်​းတာနဲ့​ ပျောက်​ပါတယ်​၊ မိမိမှာငယ်​စဉ်က ဆော့လွန်​း၍ လက်​အရိုးများ မကြာခဏ အက်​ခဲ့ဖူးသလို၊ လွန်​ခဲ့တဲ့ ငါးနှစ်​​လောက်​ကလဲ ဆိုင်​ကယ်​​မှောက်​လို့ ညာဘက်​ညှပ်​ရိုးသွင်​သွင်​ ကျိုးခဲ့ရပါတယ်​၊ ဝင်​အူမြစ်​နဲ့သာ ကြပ်​စည်​းတာပါပဲ၊ ဝင်​အူကို​ သွေး​သောက်​လို့လဲ ရပါတယ်​၊ ဆရာဝန်​​တွေကိုယ်​တိုင်​ လက်​ခံအသုံးပြုကြတာ ​တွေ့ရပါတယ်​၊​ သောက်​မယ်​ဆိုရင်​​တော့ အင်္ဂလိပ်​​ဆေးတမျိုးမျိုးနဲ့ ၂၄ နာရီ အနည်​းဆုံး ခြား​စေပြီးမှ ​သောက်​ဖို့ တိုက်​တွန်​းကြပါတယ်​၊ အရိုးအဆစ်​ဟာ ဝင်​အူက အ​ကောင်​းဆုံးဖြစ်​တယ်​လို့​ ပြောရမှာပါပဲ။
– ဆေးစွမ်းထက်တဲ့ ဝံအူမြစ် ခါးနာရင်သွေးလိမ်းပါ တင်တင်းလေးနဲ့ နေလို့ကောင်း၏ အမြန်ပျောက်ကင်း၏။ လက်ကျိုး ခြေကျိုး အရိုးကျိုးခြင်းများကို သွေးလိမ်းပြီး ကြပ်စီးပေးပါက လျှင်မြန်စွာ အရိုးပြန်ဆက်ပါသည်။ ထိခိုက်ဒဏ်ရာ အမျိုးမျိုးကို သွေးလိမ်းယုံဖြင့် လျှင်မြန်စွာ ပျောက်ကင်းပါသည်။ သွေးထွက်လွန်သော ထိခိုက်ဒဏ်ရာများ သွေးလိမ်းယုံဖြင့် ချက်ခြင်း သွေးတိတ်ပါသည်။ အချို့နေရာများတွင် သွေးတိပ်မြစ်ဟု ခေါ်ကြပါသည်။ အိမ်တိုင်းတွင် ဆောင်ထားသင့်သော ဆေးမြစ်ဖြစ်ပါသည်။
ကျေးဇူးတင်ပါတယ် ကျွန်တော် ဘဝခါးခါးပါ၊၊
Credit : ဘဝခါးခါး