



တခါတလေမှာ သူဟာ တိုကျိုမြို့ထဲက လမ်းမတွေပေါ် လျှောက်သွားပြီး သူ့ကိုယ်သူ တကယ့်ဂျက်စပဲရိုးအစစ်ပုံစံနဲ့ လူတွေကို နှုတ်ဆက်တတ်ပါတယ်။




Unicode Version
ဂျက်စပဲရိုးကိုစွဲလမ်းပြီး နေ့တိုင်း ဂျက်စပဲရိုးလိုဝတ်ဆင်တဲ့ ဂျပန်အမျိုးသား

ဂျပန် အမျိုးသားတစ်ယောက်ဟာ သူအကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်ဖြစ်တဲ့ ပင်လယ်ဓားပြ ဂျက်စပဲရိုးလို နေ့တိုင်းဝတ်ဆင်ပြီး နေထိုင်တယ်လို့ သိရပါတယ်။

သူ့ကိုတော့ Jack the Magician လို့ ပေးထားပေမယ့် သူ့ကိုယ်သူတော့ Pirates of the Caribbean ဇာတ်ကားထဲက ဂျက်စပဲရိုးလို့ပဲ ခေါ်ပါတယ်။

သူဟာ ဂျက်စပဲရိုး ကာရိုက်တာကို အရူးအမူးစွဲလမ်းပြီး ဂျက်စပဲရိုးနဲ့ အလွန်တူချင်သူဖြစ်ပါတယ်။ ဒါကြောင့်လဲ မိတ်ကပ်ကအစ အဝတ်အစား ၊ အဆင်အယင်တွေကအစ အသေးစိတ်တူအောင် ပြင်ဆင်ထားပါတယ်။

တခါတလေမှာ သူဟာ တိုကျိုမြို့ထဲက လမး်မတွေပေါ် လျှောက်သွားပြီး သူ့ကိုယ်သူ တကယ့်ဂျက်စပဲရိုးအစစ်ပုံစံနဲ့ လူတွေကို နှုတ်ဆက်တတ်ပါတယ်။

ဒါကြောင့်လဲ သူ့ကို တိုကျိုမြို့မှာ လူသိများလာပြီး ဂျပန် Press Preview ကတောင်ဖိတ်ခေါ်ပြီး တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ပါတယ်။

အခုဆိုရင် သူဟာ အင်စတာဂရမ်မှာလဲ တဖြည်းဖြည်းနဲ့ ပရိသတ်တွေ များလာပြီး ဒီလိုပရိသတ်တွေများလာတာကလဲ သူ့ကို တကယ့်ဂျက်စပဲရိုးလို ဆက်နေဖြစ်စေဖို့ ခွန်အားတွေ ရစေပါတယ်။

Source : မြတ်စုငြိမ်း (မိုမိုလေး)

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်