ကေလးငယ္ေတြ မထိုင္သင္တဲ့ ပံုစံ

ကေလးငယ္ေတြကို ဒီလိုပံုစံ ထိုင္ေနတာေတြ႔ရင္ ခ်က္ျခင္း တားျမစ္သင့္ပါတယ္။

သင့္ရဲ႕ ပတ္ဝန္းက်င္မွာ ကေလးငယ္တစ္ဦးက ေျခႏွစ္ဖက္ကို အဂၤလိပ္အကၡရာ W ပံုစံလုပ္ၿပီး ထိုင္ေနတာမ်ိဳး ျမင္ဖူးပါလိမ့္မယ္။ ဒါမွမဟုတ္ သင္ကိုယ္တုိင္လည္း ငယ္ငယ္က ဒီလိုထိုင္ခဲ့ဖူးပါလိမ့္မယ္။

ဒီလိုထုိင္ေနတဲ့ ကေလးငယ္တစ္ဦးကို ျမင္လိုက္ရင္ေတာ့ ခ်က္ျခင္း ရပ္တန္႔ပစ္ဖို႔ ေျပာသင့္ပါတယ္။ ဒီပံုစံဟာ က်န္းမာေရးအတြက္ အေတာ္စိုးရိမ္စရာ ေကာင္းတဲ့ ကိစၥပါ။ ဆရာဝန္ေတြရဲ႕ ေထာက္ျပခ်က္အရ ကေလးငယ္ တစ္ဦးက ဒီလိုပံုထိုင္ေနျခင္းဟာ ခႏၶာကိုယ္ေအာက္ပိုင္း အ႐ိုးေတြအတြက္ အေတာ္စိုးရိမ္စရာ ေကာင္းပါတယ္။

ငယ္႐ြယ္စဥ္ ခႏၶာကို္ယ္ ဖြံ႔ၿဖိဳးေနတုန္းမွာ ဒီလိုထိုင္တဲ့အခါ တင္ပါး႐ိုး၊ ဒူး႐ိုးနဲ႔ ေျခမ်က္စိ ကိုထိခိုက္ဖို႔ ရာခိုင္ႏႈန္း အရမ္းမ်ားပါတယ္။ ဒူးဆစ္ေနရာမွာ ရွိတဲ့ အရိုးႏွစ္ခုဆံုခ်က္ဟာ ဒီလိုထိုင္လိုက္တဲ့ အတြက္ ဟန္ခ်က္ပ်က္သြားေလ့ရွိပါတယ္။

အက်ိဳးဆက္ကေတာ့ ႀကီးလာတဲ့အခါ အျခားကေလးငယ္ေတြလို အားကစားလႈပ္ရွားမႈ ေကာင္းေကာင္း မလုပ္ႏုိင္တာပါပဲ။ ေဘာလံုးကစားတာလိုမ်ိဳး လ်င္လ်င္ျမန္ျမန္ လႈပ္ရွားရတဲ့ ေနရာေတြမွာ ကစားႏိုင္မွာ မဟုတ္တာပါပဲ။ ဒါေၾကာင့္ ဒီပံုစံထုိင္ေနတဲ့ ကေလးငယ္ေတြ႔ရင္ ခ်က္ျခင္း တားျမစ္ရမွာပါ။

Source : Myawady Health

Unicode Version
ကလေးငယ်တွေ မထိုင်သင်တဲ့ ပုံစံ

ကလေးငယ်တွေကို ဒီလိုပုံစံ ထိုင်နေတာတွေ့ရင် ချက်ခြင်း တားမြစ်သင့်ပါတယ်။

သင့်ရဲ့ ပတ်ဝန်းကျင်မှာ ကလေးငယ်တစ်ဦးက ခြေနှစ်ဖက်ကို အင်္ဂလိပ်အက္ခရာ W ပုံစံလုပ်ပြီး ထိုင်နေတာမျိုး မြင်ဖူးပါလိမ့်မယ်။ ဒါမှမဟုတ် သင်ကိုယ်တိုင်လည်း ငယ်ငယ်က ဒီလိုထိုင်ခဲ့ဖူးပါလိမ့်မယ်။

ဒီလိုထိုင်နေတဲ့ ကလေးငယ်တစ်ဦးကို မြင်လိုက်ရင်တော့ ချက်ခြင်း ရပ်တန့်ပစ်ဖို့ ပြောသင့်ပါတယ်။ ဒီပုံစံဟာ ကျန်းမာရေးအတွက် အတော်စိုးရိမ်စရာ ကောင်းတဲ့ ကိစ္စပါ။ ဆရာဝန်တွေရဲ့ ထောက်ပြချက်အရ ကလေးငယ် တစ်ဦးက ဒီလိုပုံထိုင်နေခြင်းဟာ ခန္ဓာကိုယ်အောက်ပိုင်း အရိုးတွေအတွက် အတော်စိုးရိမ်စရာ ကောင်းပါတယ်။

ငယ်ရွယ်စဉ် ခန္ဓာကို်ယ် ဖွံ့ဖြိုးနေတုန်းမှာ ဒီလိုထိုင်တဲ့အခါ တင်ပါးရိုး၊ ဒူးရိုးနဲ့ ခြေမျက်စိ ကိုထိခိုက်ဖို့ ရာခိုင်နှုန်း အရမ်းများပါတယ်။ ဒူးဆစ်နေရာမှာ ရှိတဲ့ အရိုးနှစ်ခုဆုံချက်ဟာ ဒီလိုထိုင်လိုက်တဲ့ အတွက် ဟန်ချက်ပျက်သွားလေ့ရှိပါတယ်။

အကျိုးဆက်ကတော့ ကြီးလာတဲ့အခါ အခြားကလေးငယ်တွေလို အားကစားလှုပ်ရှားမှု ကောင်းကောင်း မလုပ်နိုင်တာပါပဲ။ ဘောလုံးကစားတာလိုမျိုး လျင်လျင်မြန်မြန် လှုပ်ရှားရတဲ့ နေရာတွေမှာ ကစားနိုင်မှာ မဟုတ်တာပါပဲ။ ဒါကြောင့် ဒီပုံစံထိုင်နေတဲ့ ကလေးငယ်တွေ့ရင် ချက်ခြင်း တားမြစ်ရမှာပါ။

Source : Myawady Health

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္