ေတာင္ႀကီးၿမိဳ႕မွာ မဂၤလာပြဲက်င္းပမယ့္ ၾကာစိ

ေတာင္ႀကီးၿမိဳ႕မွာ မဂၤလာပြဲက်င္းပမယ့္ ၾကာစိ

Pre Wedding ဓာတ္ပံုေတြ ရိုက္ေနၿပီျဖစ္တဲ့ လူရႊင္ေတာ္ သရုပ္ေဆာင္ ၾကာစိကေတာ့ ဝါကၽြတ္ရင္ လက္ထပ္ေတာ့မယ္လို႕ သိရပါတယ္။ မဂၤလာပြဲကို သတို႕သမီး ေနရပ္ျဖစ္တဲ့ ေတာင္ႀကီးၿမိဳ႕မွာပဲ က်င္းပျပဳလုပ္မွာ ျဖစ္ပါတယ္။

ခ်စ္သူသက္တမ္း (၂)ႏွစ္ေက်ာ္ ရွိၿပီ ျဖစ္တဲ့ သူတို႕ႏွစ္ဦးဟာ ဘဝတူခ်င္းေတြလည္း ျဖစ္တယ္လို႕ သိရပါတယ္။ ၾကာစိရဲ႕ ဇနီးေလာင္းနာမည္ကေတာ့ ဆုဟန္နီၿဖိဳးလို႕ သိရပါတယ္။

မဂၤလာပြဲနဲ႕ ပတ္သက္ၿပီး ၾကာစိက 7day Daily ကို ယခုလို ေျဖဆိုေပးထားပါတယ္။
“ကြၽန္ေတာ့္ရဲ႕ ဇနီးေလာင္း နာမည္က ဆုဟန္နီၿဖိဳးပါ။ မဂၤလာ ပြဲကုိေတာ့ ၀ါကြၽတ္ေလာက္မွာ သူ႕ရဲ႕အမ်ိဳးေတြရွိတဲ့ ေတာင္ႀကီး ေအးသာယာမွာ မဂၤလာပြဲေလးကုိ အက်ဥ္းခ်ံဳးေလးပဲ လုပ္မယ္စဥ္း စားထားတာ။ အခုေတာ့ အကုန္ လုံးက လည္း အားေပးၾကေတာ့ တင့္တယ္ေအာင္ႀကိဳးစားၿပီးလုပ္ ပါမယ္’’လို႕ ဆုိပါတယ္။ဇနီးေလာင္း ဆုဟန္နီၿဖိဳးကေတာ့ ကေလးေတြအတြက္ အေကာင္းဆံုး မိခင္ေမတၱာေပးႏိုင္တဲ့သူ တစ္ေယာက္ျဖစ္တာေၾကာင့္ ေရြးခ်ယ္လိုက္ျခင္း ျဖစ္တယ္လို႕လည္း သိရပါတယ္။

လြန္ခဲ့တဲ့ သံုးႏွစ္ခန္႕က ေတာင္ႀကီးၿမိဳ႕ရဲ႕ အလွဴတစ္ခုမွာ သြားေရာက္ေဖ်ာ္ေျဖရာက သူမနဲ႕ ၾကာစိတုိ႕ ေတြ႕ဆံုခဲ့တာလည္း ျဖစ္ပါတယ္။

5 Star အဖဲြ႕ဝင္ ၾကာစိကေတာ့ ပရိသတ္အားေပးမႈ ရရွိထားတဲ့ လူရႊင္ေတာ္ သရုပ္ေဆာင္ တစ္ေယာက္ျဖစ္ၿပီး ဒီႏွစ္ထဲမွာပဲ သူ႕ရဲ႕ ဘဝမွန္အေၾကာင္းကို ေရးစပ္ထားတဲ့ သီခ်င္းဟာလည္း ပရိသတ္ေတြၾကား ေတာ္ေတာ္ေပါက္သြားခဲ့ပါတယ္။
အဲ့ဒီသီခ်င္းကေတာ့ “ကံေစရာ” ဆိုတဲ့ သီခ်င္းျဖစ္ပါတယ္။

Source : 7day Daily

Unicode Version
တောင်ကြီးမြို့မှာ မင်္ဂလာပွဲကျင်းပမယ့် ကြာစိ

Pre Wedding ဓာတ်ပုံတွေ ရိုက်နေပြီဖြစ်တဲ့ လူရွှင်တော် သရုပ်ဆောင် ကြာစိကတော့ ဝါကျွတ်ရင် လက်ထပ်တော့မယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကို သတို့သမီး နေရပ်ဖြစ်တဲ့ တောင်ကြီးမြို့မှာပဲ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ချစ်သူသက်တမ်း (၂)နှစ်ကျော် ရှိပြီ ဖြစ်တဲ့ သူတို့နှစ်ဦးဟာ ဘဝတူချင်းတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။ ကြာစိရဲ့ ဇနီးလောင်းနာမည်ကတော့ ဆုဟန်နီဖြိုးလို့ သိရပါတယ်။

မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ကြာစိက 7day Daily ကို ယခုလို ဖြေဆိုပေးထားပါတယ်။
“ကျွန်တော့်ရဲ့ ဇနီးလောင်း နာမည်က ဆုဟန်နီဖြိုးပါ။ မင်္ဂလာ ပွဲကိုတော့ ၀ါကျွတ်လောက်မှာ သူ့ရဲ့အမျိုးတွေရှိတဲ့ တောင်ကြီး အေးသာယာမှာ မင်္ဂလာပွဲလေးကို အကျဉ်းချုံးလေးပဲ လုပ်မယ်စဉ်း စားထားတာ။ အခုတော့ အကုန် လုံးက လည်း အားပေးကြတော့ တင့်တယ်အောင်ကြိုးစားပြီးလုပ် ပါမယ်’’လို့ ဆိုပါတယ်။ဇနီးလောင်း ဆုဟန်နီဖြိုးကတော့ ကလေးတွေအတွက် အကောင်းဆုံး မိခင်မေတ္တာပေးနိုင်တဲ့သူ တစ်ယောက်ဖြစ်တာကြောင့် ရွေးချယ်လိုက်ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ခန့်က တောင်ကြီးမြို့ရဲ့ အလှူတစ်ခုမှာ သွားရောက်ဖျော်ဖြေရာက သူမနဲ့ ကြာစိတို့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဒီနှစ်ထဲမှာပဲ သူ့ရဲ့ ဘဝမှန်အကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်ပေါက်သွားခဲ့ပါတယ်။
အဲ့ဒီသီချင်းကတော့ “ကံစေရာ” ဆိုတဲ့ သီချင်းဖြစ်ပါတယ်။

Source : 7day Daily

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္