၂၀၁၇ ခုႏွစ္၊ ႏို၀င္ဘာလ (၂၁) ရက္ေန႔ အတြက္ မိုးေလ၀သ ခန္႔မွန္းခ်က္

၂၀၁၇ ခုႏွစ္၊ ႏို၀င္ဘာလ (၂၁) ရက္ေန႔ အတြက္ မိုးေလ၀သ ခန္႔မွန္းခ်က္

မုန္တိုင္းအေျခအေန။

အေရွ႕ေလေပြလိႈင္းတစ္ခုဟာ မေလးရွားကြ်န္းဆြယ္ကိုျဖတ္သန္းျပီး ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းကို ဦတည္ေရြ႕လွ်ားေနပါတယ္။ အဆိုပါေလေပြလိႈင္းရဲ႕အရွိန္ေႀကာင့္ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းတြင္ ေလဖိအားနည္းရပ္၀န္းတစ္ခုျဖစ္လာႏိုင္ပါတယ္။

ဘဂၤလားပင္လယ္ေအာ္နဲ႔ေတာင္တရုတ္ပင္လယ္ျပင္အေျခအေန။

(၂၀-၁၁-၂၀၁၇) ရက္ နံနက္ (၀၉း၀၀)နာရီအခ်ိန္ KALPANA_1 ကပၸလီပင္လယ္ျပင္ ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္း တို႔မွာ တိမ္အသင့္အတင့္ မွ တိမ္ထူထပ္ေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္မွာ တိမ္အနည္းငယ္ ျဖစ္ထြန္း ေနပါတယ္။ ျမန္မာႏိုင္ငံ ေတာင္ပိုင္း တိမ္အသင့္အတင့္ မွ တိမ္ထူထပ္ေနၿပီး၊ က်န္ေဒသ ေတြမွာ တိမ္အနည္းငယ္ မွ တိမ္အသင့္အတင့္ ျဖစ္ထြန္း ေနပါတယ္။

ျမန္မာ့ပင္လယ္ျပင္အေျခအေန။

ျမန္မာ႔ကမ္းရိုးတန္း ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ ေတြမွာ လိႈင္းအနည္း ငယ္ မွ လိႈင္းအသင့္အတင့္ ရွိပါမယ္။ ျမန္မာ့ကမ္းရိုးတန္း ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ ေတြမွာ လိႈင္းအျမင့္ (၁)ေပခန္႔ မွ (၃)ေပ ခန္႔ ရွိႏိုင္ပါတယ္။

ညအပူခ်ိန္မ်ားအေျခအေန။

ညအပူခ်ိန္မ်ား ဟာ ကခ်င္ျပည္နယ္၊ခ်င္းျပည္နယ္၊ရွမ္းျပည္နယ္ ႏွင့္ ကယားျပည္နယ္ တို႔မွာ 13°C–18°Cခန္႔၊ က်န္ေဒသေတြမွာ 19°C–24°C ရွိႏိုင္ ပါတယ္။

ခရမ္းလြန္ေရာင္ျခည္အညႊန္းကိန္းမ်ားအေျခအေန။၊

ကခ်င္ျပည္နယ္ ႏွင့္ တနသၤာရီတိုင္းေဒသႀကီး မွာ ခရမ္းလြန္ ေရာင္ျခည္ အညႊန္းကိန္း ျမင့္မားအဆင့္ တြင္ရွိႏိုင္ၿပီး၊ က်န္ေဒသေတြမွာ အလြန္ျမင့္မား အဆင့္ တြင္ရွိႏိုင္ပါတယ္။

မိုးရြာသြန္းမႈအေျခအေနခန္႔မွန္းခ်က္။

ကခ်င္ျပည္နယ္၊ခ်င္းျပည္နယ္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) စစ္ကိုင္းတိုင္းေဒသႀကီး၊မႏၱေလးတိုင္းေဒသႀကီး ႏွင့္ မေကြတိုင္းတိုင္းေဒသႀကီး တို႔မွာ တိမ္အသင့္ အတင့္ ျဖစ္ထြန္းႏိုင္ၿပီး၊တနသၤာရီတိုင္းေဒသႀကီး မွာ ေနရာစိပ္စိပ္၊မြန္ျပည္နယ္္၊ရန္ကုန္တိုင္းေဒသႀကီး ႏွင့္ ဧရာ၀တီတိုင္းေဒသႀကီး တို႔တြင္္္ ေနရာက်ဲက်ဲ၊က်န္ေဒသေတြမွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း ရြာပါမယ္။

ေနာက္ႏွစ္ရက္အတြက္ခန္႔မွန္းခ်က္။

ျမန္မာႏိုင္ငံ ေတာင္ပိုင္း၊အေရွ႕ပိုင္း ႏွင့္ ျမစ္၀ကြ်န္းေပၚေဒသ ေတြမွာ မိုးထစ္ခ်ဳန္းရြာ ႏိုင္ပါတယ္။

Source : ေဒါက္တာထြန္းလြင္

(Unicode Version)

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

မုန်တိုင်းအခြေအနေ။

အရှေ့လေပွေလှိုင်းတစ်ခုဟာ မလေးရှားကျွန်းဆွယ်ကိုဖြတ်သန်းပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းကို ဦတည်ရွေ့လျှားနေပါတယ်။ အဆိုပါလေပွေလှိုင်းရဲ့အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။

(၂၀-၁၁-၂၀၁၇) ရက် နံနက် (၀၉းဝဝ)နာရီအချိန် KALPANA_1 ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့မှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပြီး၊ ကျန်ဒေသ တွေမှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။

မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအနည်း ငယ် မှ လှိုင်းအသင့်အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၁)ပေခန့် မှ (၃)ပေ ခန့် ရှိနိုင်ပါတယ်။

ညအပူချိန်များအခြေအနေ။

ညအပူချိန်များ ဟာ ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့မှာ 13°C–18°Cခန့်၊ ကျန်ဒေသတွေမှာ 19°C–24°C ရှိနိုင် ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊

ကချင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး မှာ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း မြင့်မားအဆင့် တွင်ရှိနိုင်ပြီး၊ ကျန်ဒေသတွေမှာ အလွန်မြင့်မား အဆင့် တွင်ရှိနိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။

ကချင်ပြည်နယ်၊ချင်းပြည်နယ် ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး နှင့် မကွေတိုင်းတိုင်းဒေသကြီး တို့မှာ တိမ်အသင့် အတင့် ဖြစ်ထွန်းနိုင်ပြီး၊တနင်္သာရီတိုင်းဒေသကြီး မှာ နေရာစိပ်စိပ်၊မွန်ပြည်နယ််၊ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင််် နေရာကျဲကျဲ၊ကျန်ဒေသတွေမှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာပါမယ်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။

မြန်မာနိုင်ငံ တောင်ပိုင်း၊အရှေ့ပိုင်း နှင့် မြစ်ဝကျွန်းပေါ်ဒေသ တွေမှာ မိုးထစ်ချုန်းရွာ နိုင်ပါတယ်။

Source : ဒေါက်တာထွန်းလွင်