ခြဲစိတ္ၿပီး ေျခေထာက္ တစ္ေခ်ာင္းဆီသာ ပုိင္ဆုိင္ခဲ့တဲ့ ရင္ခ်င္းဆက္အမႊာ

အသက္ (2)ႏွစ္ အရြယ္ Eva Sandoval နဲ႔ Erika Sandoval တုိ႔ညီအစ္မဟာ ရင္ခ်င္းဆက္ အမႊာေတြျဖစ္ၾကၿပီး၊ မ
ၾကာေသးခင္ကမွ ခြဲစိတ္မႈခံယူခဲ့ရသူေတြ ျဖစ္ပါတယ္။ ကံဆုိးလွတဲ့ ဒီညီအစ္မဟာ ခြဲစိတ္လုိက္ခ်ိန္မွာ ေျခေထာက္တစ္ေခ်ာင္းဆီသာ ပုိင္ဆုိင္ေတာ့ၿပီး၊ ကင္းၿမီႇးေကာက္ေတြလုိ တြားသြားေနရရွာပါတယ္။

Eva နဲ႔ Erika တုိ႔ဟာ ရင္ခ်င္းဆက္ အမႊာဘ၀က အခ်င္းခ်င္း အစာအိမ္တစ္ခု၊ စီးလမ္းေၾကာင္းတစ္ခု၊ အသည္းတစ္ခု၊ သည္ေျခတစ္ခု၊ တတိယေျခေထာက္တစ္ေခ်ာင္းကို မွ်ေ၀သုံးစြဲခဲ့ရတာပါ။ အမႊာညီအစ္မႏွစ္ေယာက္စလုံးကို ဒီဇင္ဘာလ 18 ရက္ေန႔က 18 နာရီၾကာ ခြဲစိတ္ကာ လူခ်င္းခြဲေပးခဲ့ရပါတယ္။

Eva နဲ႔ Erika တုိ႔မွာ ေျခေထာက္တစ္ေခ်ာင္းဆီ ပုိင္ဆုိင္ၿပီး၊ တတိယေျခေထာက္ကိုေတာ့ ကုိယ္ခႏၶာျပန္လည္တည္ေဆာက္ေရးအတြက္ သုံးခဲ့တာ ျဖစ္ပါတယ္။ Erika ဟာ ခႏၶာကုိယ္ပုိၿပီးပိန္လွီၿပီး၊ Eva ရဲ႕ ကိုယ္ခံစြမ္းအားနဲ႔ယွဥ္တဲ့အခါမွာ ေသးငယ္ပါတယ္။ ခြဲစိတ္စဥ္မွာ အေလအလြင့္ ျဖစ္ႏုိင္သူအျဖစ္ သတ္မွတ္ထားေပမယ့္ အခုဆုိရင္ သူမရဲ႕ အေလးခ်ိန္ဟာ 19 ေပါင္ 8 ေအာင္စ ရွိပါတယ္။

Eva ကေတာ့ ေပါင္ 20 အထိ အေလးခ်ိန္ရွိၿပီး၊ ညီမႏွစ္ေယာက္စလုံး က်န္းမာသန္စြမ္းၾကပါတယ္။ သူမတုိ႔ ညီအစ္မႏွစ္ေယာက္ဟာ လာမည့္ႏွစ္ ဒီအခ်ိန္ေလာက္မွာ ခ်ိဳင္းေထာက္တစ္ေခ်ာင္းဆီအသုံးျပဳၿပီး လမ္းေလွ်ာက္ျခင္း ျပဳလုပ္ႏုိင္ေတာ့မွာပါ။ ေလာေလာဆယ္ေတာ့ ကေလးႏွစ္ေယာက္ကို မိခင္ Aida နဲ႔ Arturo တုိ႔က ဂ႐ုတစိုက္ ေစာင့္ေရွာက္ေနၾကပါတယ္။

Eva နဲ႔ Erika တုိ႕ ကိုယ္၀န္ေဆာင္စဥ္အခါက အာလ္ထရာေဆာင္းဓာတ္ပုံေၾကာင့္ မိခင္ Aida ဟာ ကိုယ္၀န္ကို ဖ်က္ခ်ဖုိ႔ ႀကိဳးစားခဲ့ပါေသးတယ္။ ဒါေပမယ့္ ခင္ပြန္းျဖစ္သူ Arturo က ရလာတဲ့လက္ေဆာင္၊ ျဖစ္လာတဲ့ ကံၾကမၼာကုိ ဒီနည္းနဲ႔ ေက်ာ္လႊားဖုိ႔မသင့္ဘူးလုိ႔ အႀကံေပးႏွစ္သိမ့္ခဲ့ၿပီး၊ ကေလးေတြကို ေမြးဖြားေစခဲ့တာပါ။

Aida နဲ႔ Arturo တုိ႔ဟာ လက္ရွိအခ်ိန္မွာ အသက္ 44, 49 အရြယ္ အသီးသီးျဖစ္ၾကၿပီး၊ အသက္ 20 ၀န္းက်င္ကတည္းက အိမ္ေထာင္က်ခဲ့သူမ်ားျဖစ္လုိ႔ ဒီအမႊာညီအစ္မမတုိင္ခင္ ကေလး 3 ေယာက္ ထြန္းကားခဲ့ပါတယ္။ ကယ္လီဖုိးနီးယားျပည္နယ္၊ အန္ေတလု(ပ္)ၿမိဳ႕မွာ ေနထုိင္ၾကပါတယ္။

ယခုႏွစ္ ဒီဇင္ဘာလ ဒုတိယအပတ္မွာပင္ Lucile Packard Children’s Hospital Stanford ေဆး႐ုံမွာ ကေလးႏွစ္ေယာက္ကို ေအာင္ျမင္စြာ ခြဲစိတ္ႏုိင္ခဲ့ပါတယ္။ ေဒါက္တာ ဟာ့တ္မန္းကေတာ့ ဒီကိစၥဟာ အဆုိးထဲက အေကာင္းလုိ႔ ေျပာခဲ့ပါတယ္။ သူက ” ဒါကေတာ့ ခြဲစိတ္ဆရာ၀န္ေတြရဲ႕ အလြန္ႀကီးက်ယ္တဲ့ မွတ္တမ္းတစ္ခုပါ … ေနာက္ဆုိ ဒီညီအစ္မႏွစ္ေယာက္စလုံး သူတုိ႔ ရင္ခ်င္း၀မ္းခ်င္း ဆက္ခဲ့တယ္ဆုိတာကို သတိေတာင္ ရေတာ့မွာ မဟုတ္ပါဘူး “လုိ႔ ေျပာခဲ့ပါ
တယ္။

Source : Shwemom

Unicode Version
ခွဲစိတ်ပြီး ခြေထောက်,တစ်ချောင်းဆီသာ ပိုင်ဆိုင်ခဲ့တဲ့ ရင်ချင်းဆက်အမွှာ

အသက် (2)နှစ် အရွယ် Eva Sandoval နဲ့ Erika Sandoval တို့ညီအစ်မဟာ ရင်ချင်းဆက် အမွှာတွေဖြစ်ကြပြီး၊ မ
ကြာသေးခင်ကမှ ခွဲစိတ်မှုခံယူခဲ့ရသူတွေ ဖြစ်ပါတယ်။ ကံဆိုးလှတဲ့ ဒီညီအစ်မဟာ ခွဲစိတ်လိုက်ချိန်မှာ ခြေထောက်တစ်ချောင်းဆီသာ ပိုင်ဆိုင်တော့ပြီး၊ ကင်းမြီှးကောက်တွေလို တွားသွားနေရရှာပါတယ်။

Eva နဲ့ Erika တို့ဟာ ရင်ချင်းဆက် အမွှာဘဝက အချင်းချင်း အစာအိမ်တစ်ခု၊ စီးလမ်းကြောင်းတစ်ခု၊ အသည်းတစ်ခု၊ သည်ခြေတစ်ခု၊ တတိယခြေထောက်တစ်ချောင်းကို မျှဝေသုံးစွဲခဲ့ရတာပါ။ အမွှာညီအစ်မနှစ်ယောက်စလုံးကို ဒီဇင်ဘာလ 18 ရက်နေ့က 18 နာရီကြာ ခွဲစိတ်ကာ လူချင်းခွဲပေးခဲ့ရပါတယ်။

Eva နဲ့ Erika တို့မှာ ခြေထောက်တစ်ချောင်းဆီ ပိုင်ဆိုင်ပြီး၊ တတိယခြေထောက်ကိုတော့ ကိုယ်ခန္ဓာပြန်လည်တည်ဆောက်ရေးအတွက် သုံးခဲ့တာ ဖြစ်ပါတယ်။ Erika ဟာ ခန္ဓာကိုယ်ပိုပြီးပိန်လှီပြီး၊ Eva ရဲ့ ကိုယ်ခံစွမ်းအားနဲ့ယှဉ်တဲ့အခါမှာ သေးငယ်ပါတယ်။ ခွဲစိတ်စဉ်မှာ အလေအလွင့် ဖြစ်နိုင်သူအဖြစ် သတ်မှတ်ထားပေမယ့် အခုဆိုရင် သူမရဲ့ အလေးချိန်ဟာ 19 ပေါင် 8 အောင်စ ရှိပါတယ်။

Eva ကတော့ ပေါင် 20 အထိ အလေးချိန်ရှိပြီး၊ ညီမနှစ်ယောက်စလုံး ကျန်းမာသန်စွမ်းကြပါတယ်။ သူမတို့ ညီအစ်မနှစ်ယောက်ဟာ လာမည့်နှစ် ဒီအချိန်လောက်မှာ ချိုင်းထောက်တစ်ချောင်းဆီအသုံးပြုပြီး လမ်းလျှောက်ခြင်း ပြုလုပ်နိုင်တော့မှာပါ။ လောလောဆယ်တော့ ကလေးနှစ်ယောက်ကို မိခင် Aida နဲ့ Arturo တို့က ဂရုတစိုက် စောင့်ရှောက်နေကြပါတယ်။

Eva နဲ့ Erika တို့ ကိုယ်ဝန်ဆောင်စဉ်အခါက အာလ်ထရာဆောင်းဓာတ်ပုံကြောင့် မိခင် Aida ဟာ ကိုယ်ဝန်ကို ဖျက်ချဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ခင်ပွန်းဖြစ်သူ Arturo က ရလာတဲ့လက်ဆောင်၊ ဖြစ်လာတဲ့ ကံကြမ္မာကို ဒီနည်းနဲ့ ကျော်လွှားဖို့မသင့်ဘူးလို့ အကြံပေးနှစ်သိမ့်ခဲ့ပြီး၊ ကလေးတွေကို မွေးဖွားစေခဲ့တာပါ။

Aida နဲ့ Arturo တို့ဟာ လက်ရှိအချိန်မှာ အသက် 44, 49 အရွယ် အသီးသီးဖြစ်ကြပြီး၊ အသက် 20 ၀န်းကျင်ကတည်းက အိမ်ထောင်ကျခဲ့သူများဖြစ်လို့ ဒီအမွှာညီအစ်မမတိုင်ခင် ကလေး 3 ယောက် ထွန်းကားခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ အန်တေလု(ပ်)မြို့မှာ နေထိုင်ကြပါတယ်။

ယခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်မှာပင် Lucile Packard Children’s Hospital Stanford ဆေးရုံမှာ ကလေးနှစ်ယောက်ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်။ ဒေါက်တာ ဟာ့တ်မန်းကတော့ ဒီကိစ္စဟာ အဆိုးထဲက အကောင်းလို့ ပြောခဲ့ပါတယ်။ သူက ” ဒါကတော့ ခွဲစိတ်ဆရာဝန်တွေရဲ့ အလွန်ကြီးကျယ်တဲ့ မှတ်တမ်းတစ်ခုပါ … နောက်ဆို ဒီညီအစ်မနှစ်ယောက်စလုံး သူတို့ ရင်ချင်းဝမ်းချင်း ဆက်ခဲ့တယ်ဆိုတာကို သတိတောင် ရတော့မှာ မဟုတ်ပါဘူး “လို့ ပြောခဲ့ပါ
တယ်။

Source : Shwemom

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္