


အသုံးပြုပုံကတော့



Credit : ဘဝခါးခါး

(Unicode Version)

လျှာ သွားဖုံးနှင့် အောက်နုတ်ခမ်း အတွင်းထဲ၌ အဖြစ်များသော အပူနာအဖုလေးများကို ကုသနည်း

ပုံမှာ ပြထားတဲ့ အပူအဖု အနာလေးကိုတော့ “Canker sore” လို့ ခေါ်ပါတယ်။ ဒီလို အပူနာအဖုမျိုး ကလေးကအစ လူကြီးအဆုံး လူတိုင်း ခံစားဖူးမှာပါ။ ဒီအနာဖုဟာ လျှာအောက် သွားဖုံးနှင့် အောက်နုတ်ခမ်း အတွင်းထဲ၌ အဖြစ်များပါတယ်။

အနာအဖုဟာ သေးငယ်ပေမဲ့ အလွန် နာကျင်ပြီး ခံစားရ ခက်ပါတယ်။ သူ့ကို ပျောက်ကင်းဖို့ဆိုရင် ကျွန်တော် တစ်ခုတည်းသော ဆေးနည်းကိုသာ ပေးပါ့မယ်။ အင်္ဂလိပ်လို “Alum” လို့ ခေါ်ပါတယ်။ မြန်မာလိုက ‘ကျောက်ချဉ်’ ဖြစ်ပါတယ်။ ကျောက်ချဉ်ဟာ ဒီအနာအတွက် စက္ကန့်ပိုင်း အတွင်းမှာပဲ သက်သာအောင် ကုသပေးနိုင်ပါတယ်။

အသုံးပြုပုံကတော့

ကျောက်ချဉ်ကို ရွေးစေ့ခန့် ဖဲ့ခြွေပြီး အနာပေါ် တင်ပေးထားပါ။ သိပ်အကြာကြီး ထားစရာ မလိုပါဘူး စက္ကန့် (၆၀) လောက်ဆိုရင် ရပါပြီ။ စက္ကန့် (၆၀) လောက် တင်ထားပြီးပါက ကျောက်ချဉ်ရော တံတွေးရော ထွေးထုတ်လိုက်ပါ ချက်ခြင်း သက်သာသွားပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ် ကျွန်တော် ဘဝခါးခါးပါ

Credit : ဘဝခါးခါး

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်