က်ပ္သန္း ၂၅ဝ အကုန္အက်ခံ ေဆာက္လုပ္ထားသည့္ ေတာင္ကုတ္ျမိဳ႕နယ္မွ ေက်းလက္အိမ္ယာစီမံကိန္း ေနအိမ္မ်ား ကြဲအက္ၿပိဳက်

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ တာရဲေက်းရြာတြင္ ေဒသခံျပည္သူမ်ားအတြက္ က်ပ္သန္း ေပါင္း ၂၅ဝ အကုန္အက်ခံ တည္ေဆာက္ထားသည့္ ေက်းလက္အိမ္ယာစီမံကိန္း ေနအိမ္မ်ားမွာ တစ္ႏွစ္ေတာင္မခံဘဲ ကြဲအက္ ၿပိဳက်ေနသျဖင့္ လူမ်ားေနထိုင္ရန္ အခက္အခဲမ်ား က်ေရာက္ ျဖစ္ေပၚလ်က္ ရွိေနေၾကာင္း ေဒသခံမ်ား၏ သတင္း ေပးပို႕ခ်က္အရ သိရသည္။

ေတာင္ကုတ္ၿမိဳ႕နယ္ တာရဲေက်းရြာတြင္ ျမစ္ေရတုိက္စားၿပီး ျမစ္ကမ္းမ်ားၿပိဳက်ကာ ေနအိမ္ၿခံ ေျမမ်ား ပ်က္စီးလာ၍ တာရဲ ေက်းရြာ ေဒသခံမ်ား၏ ေတာင္းဆုိခ်က္အရ ၎ေက်းရြာ၏ ၃ မိုင္ခန္႔အကြာ၊ အေရွ႕ေျမာက္ေထာင့္အရပ္၌ ယခင္ဘ႑ာေရးႏွစ္မွ စတင္ကာ ျပည္နယ္အစုိးရ ရန္ပံုေငြ က်ပ္သန္း (၅ဝ)ျဖင့္ အနံ ေပ(၃ဝ)၊ အလ်ား(၄၅)ေပရွိသည့္ အိမ္ယာေျမကြက္ (၁ဝဝ)ကို ေဖာ္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ယခုႏွစ္ဘ႑ာေရးႏွစ္တြင္ ျပည္ေထာင္စုႏွင့္ ျပည္နယ္အစိုးရရန္ပံုေငြ က်ပ္သန္း ၂ဝဝ ျဖင့္ အနံ(၁၈)ေပ၊ အလ်ား(၂၄)ေပ၊ အျမင့္(၉)ေပရွိသည့္ အိမ္အလံုး (၄ဝ)ကုိ Royal Golden Key ကုမၸဏီက တာဝန္ယူတည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ယခုအခါ အဆိုပါ အိမ္အလံုး ၄၀ ထဲမွ တစ္ခ်ိဳ႕ အေဆာက္အဦးမ်ား၏ နံရံမ်ား၊ ေအာက္ေျခ အုတ္ျမစ္ ေဖာင္ေဒရွင္းမ်ားမွာ ကြဲအက္ ျပိဳက်လာေၾကာင္း သိရွိရသည္။

” ယခုလအေစာပုိင္းမွစတင္ကာ မိုးသည္းထန္စြာရြာသြန္းတဲ့ အတြက္ ၿပိဳက်လာျခင္းျဖစ္ပါတယ္။ ေအာက္ခံေျမသားက ခုိင္မာမႈမရွိတဲ့အတြက္ ေဆာက္လုပ္ၿပီးထားတဲ့ေနအိမ္တခ်ဳိ႕နဲ႔ ေဆာက္လုပ္ဆဲေနအိမ္တခ်ဳိ႕ ၿပိဳက်ေနတာပါ “ဟု အဆုိပါေက်းရြာေန ေဒသခံတစ္ဦးက ေျပာသည္။

လက္ရွိတြင္ အဆုိပါေနအိမ္မ်ားတြင္ ကမ္းၿပိဳ၍ေျပာင္းေရႊ႕လာသည့္ေဒသခံ တခ်ဳိ႕ေနထိုင္ ေနၾကၿပီျဖစ္ေသာ္လည္း ယခုကဲ့သို႕ ေနအိမ္မ်ားၿပိဳက်လာေန၍ အခက္အခဲျဖစ္ေပၚ ေနေၾကာင္းလည္း သိရသည္။

အဆိုပါ ေက်းရြာအတြက္ အိမ္အလံုးေရ ၂ဝဝ အထိ တုိးခ်ဲ႕တည္ေဆာက္သြားရန္ အစီအစဥ္ရွိျပီး အိမ္မ်ားကို အရည္အေသြး ျပည့္မွီေအာင္ တည္ေဆာက္ရန္ လိုအပ္ေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။

မာန္ယုေက်ာ္ (ေရႊဝေျမ)
Source : Narinjara

Unicode Version
ကျပ်သန်း ၂၅ဝ အကုန်အကျခံ ဆောက်လုပ်ထားသည့် တောင်ကုတ်မြို့နယ်မှ ကျေးလက်အိမ်ယာစီမံကိန်း နေအိမ်များ ကွဲအက်ပြိုကျ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တာရဲကျေးရွာတွင် ဒေသခံပြည်သူများအတွက် ကျပ်သန်း ပေါင်း ၂၅ဝ အကုန်အကျခံ တည်ဆောက်ထားသည့် ကျေးလက်အိမ်ယာစီမံကိန်း နေအိမ်များမှာ တစ်နှစ်တောင်မခံဘဲ ကွဲအက် ပြိုကျနေသဖြင့် လူများနေထိုင်ရန် အခက်အခဲများ ကျရောက် ဖြစ်ပေါ်လျက် ရှိနေကြောင်း ဒေသခံများ၏ သတင်း ပေးပို့ချက်အရ သိရသည်။

တောင်ကုတ်မြို့နယ် တာရဲကျေးရွာတွင် မြစ်ရေတိုက်စားပြီး မြစ်ကမ်းများပြိုကျကာ နေအိမ်ခြံ မြေများ ပျက်စီးလာ၍ တာရဲ ကျေးရွာ ဒေသခံများ၏ တောင်းဆိုချက်အရ ၎င်းကျေးရွာ၏ ၃ မိုင်ခန့်အကွာ၊ အရှေ့မြောက်ထောင့်အရပ်၌ ယခင်ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ်သန်း (၅ဝ)ဖြင့် အနံ ပေ(၃ဝ)၊ အလျား(၄၅)ပေရှိသည့် အိမ်ယာမြေကွက် (၁ဝဝ)ကို ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရရန်ပုံငွေ ကျပ်သန်း ၂ဝဝ ဖြင့် အနံ(၁၈)ပေ၊ အလျား(၂၄)ပေ၊ အမြင့်(၉)ပေရှိသည့် အိမ်အလုံး (၄ဝ)ကို Royal Golden Key ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခုအခါ အဆိုပါ အိမ်အလုံး ၄၀ ထဲမှ တစ်ချို့ အဆောက်အဦးများ၏ နံရံများ၊ အောက်ခြေ အုတ်မြစ် ဖောင်ဒေရှင်းများမှာ ကွဲအက် ပြိုကျလာကြောင်း သိရှိရသည်။

” ယခုလအစောပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းတဲ့ အတွက် ပြိုကျလာခြင်းဖြစ်ပါတယ်။ အောက်ခံမြေသားက ခိုင်မာမှုမရှိတဲ့အတွက် ဆောက်လုပ်ပြီးထားတဲ့နေအိမ်တချို့နဲ့ ဆောက်လုပ်ဆဲနေအိမ်တချို့ ပြိုကျနေတာပါ “ဟု အဆိုပါကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါနေအိမ်များတွင် ကမ်းပြို၍ပြောင်းရွှေ့လာသည့်ဒေသခံ တချို့နေထိုင် နေကြပြီဖြစ်သော်လည်း ယခုကဲ့သို့ နေအိမ်များပြိုကျလာနေ၍ အခက်အခဲဖြစ်ပေါ် နေကြောင်းလည်း သိရသည်။

အဆိုပါ ကျေးရွာအတွက် အိမ်အလုံးရေ ၂ဝဝ အထိ တိုးချဲ့တည်ဆောက်သွားရန် အစီအစဉ်ရှိပြီး အိမ်များကို အရည်အသွေး ပြည့်မှီအောင် တည်ဆောက်ရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုသည်။

မာန်ယုကျော် (ရွှေဝမြေ)
Source : Narinjara

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္