ၾကာသပေတး သားသမီးတို႔ရဲ႕ စိတ္ေနစိတ္ထား

ၾကာသပေတးသားသမီးမ်ားဟာ ေအးေအးေဆးေဆး ေနတတ္တဲ႔ သူမ်ားျဖစ္ၾကတယ္။ ခြင့္လြတ္သီးခံတတ္ၾကပါတယ္ ဒါေျကာင့္ လူေတြ႐ဲ႕ခ်စ္ခင္မႈက္ုိလည္းတာ႐ွည္ပ္ိုင္ဆိုင္ထားၾကတယ္။ မဟုတ္႐င္မခံတတ္တဲ႔ စိတ္႐ွိတာလည္း ၾကာသပေတးပါ။ ကိစၥေတြကို အမွန္တ႐ားဘက္က ႐ပ္တည္ၾကတယ္။ မိသားစုထဲမွာ စကားမ်ား ရန္ျဖစ္ၾက႐င္လည္း ကိုယ့္ဘက္က အ႐င္ဆံုး ေက်ေအးေပးတတ္ၾကတယ္။ အနစ္နာခံေပးတတ္တာ ၾကာသပေတးပါ။

ၾကာသပေတးမ်ားဟာ လူေတြအေပၚ ေမတၲာထားတတ္တယ္။ ကိုယ့္မိသားစုထဲက လူတစ္ေယာက္ေယာက္ကို သံေယာဇဥ္႐ွိ႐ွိနဲ႔ ခ်စ္တတ္ပါတယ္။ခ်စ္ေသာသူမ်ားကိုလည္း အနစ္နာခံေပးတတ္တယ္။ ကိုယ္ျဖစ္ခ်င္ေသာ ဆႏၵကို အလြယ္တကူ လက္မေလ်ာ့တတ္တာ ၾကာသပေတးပါ။ ျဖစ္ခ်င္တာကို စိတ္မေလာဘဲ အခ်ိန္ေပးပီး အေကာင္အထည္ေဖာ္တတ္တယ္။ ေအးေဆးေနတတ္တယ္ စိတ္တည္စြာနဲ႔ေနတတ္တာ ၾကာသပေတးပါ။

ၾကာသပေတးဟာ တကယ္ခံစားလြယ္တဲ႔သူမ်ားျဖစ္ၾကေပမဲ႔ အျပင္မွာေတာ့ တည္ျငိမ္စြာနဲ႔ ေနတတ္တယ္။ ငိုခ်င္လာခဲ႔႐င္ေတာင္ အျပင္မွာတျခံဳးျခံဳးနဲ႔ ငိုေနတာထက္ ရင္ထဲမွာ က်ိတ္ပီးခံစားတတ္ၾကတယ္။ ရင္ထဲမွာသိမ္းမထားႏိုင္တဲ႔အပူဆို႐င္ေတာ့ ဘာမွမေျပာဘဲမ်က္႐ည္ေတြ အလိမ့္လိမ့္က်လာတတ္တာ ၾကာသပေတးပါ။

ၾကာသပေတးမ်ားဟာ သူငယ္ခ်င္းေတြၾကားမွာ ေပ်ာ္႐ႊင္စြာနဲ႔လည္း ေနထိုင္တတ္တယ္။ ၾကာၾကာေနမွေတြ႔ျဖစ္တဲ႔ သူငယ္ခ်င္းမ်ားကိုလည္း အတိတ္မွာ ေပ်ာ္႐ႊင္ခဲ႔တာေတြကို ျပန္ပီးေျပာျပတတ္တဲ႔ စိတ္ေတြလည္း ႐ွိတတ္ၾကပါတယ္။ အမွတ္တရ တခုခုကို လြယ္လြယ္နဲ႔မေမ့တတ္တာ ၾကာသပေတးပါ။

အလုပ္ကိုဦးစားေပးတတ္ၾကတယ္။ တခါတ႐ံ ကိုယ္ဝါသနာပါေနတဲ႔ အလုပ္ကို လုပ္ေနပီဆို႐င္ အိမ္မက္ထဲမွာေတာင္ ထည့္မက္ၾကတာ ၾကာသပေတးပါ။ အလုပ္လုပ္တဲ႔ေန႐ာမွာ စိတ္႐ွည္တတ္တယ္ ေတာ္႐ံုတန္႐ံု ျပသနာမျဖစ္ေအာင္ေနထိုင္တတ္ၾကတယ္။ ၾကာသပေတး သားသမီးမ်ားဟာသူမ်ားေတြ႐ဲ႕ ခင္မင္မႈကိုလည္းတန္ဖိုးထားတတ္ၾကတယ္ အားနာတတ္တယ္ စကားေျပာတဲ႔ေန႐ာမွာလည္း အမွားကိုဆင္ျခင္သံုးသပ္ပီး ေျပာၾကားႏိုင္စြမ္း႐ွိတယ္။

ၾကာသပေတးမ်ားဟာ အစြဲအလန္းထားသင့္တ ဲ႔ေန႐ာမွာဘဲထားတယ္။ ကိုယ္တကယ္မျကိုက္တဲ႔အ႐ာဆို႐င္ စြန့္လြတ္႐ဲတယ္ ျပန္လွည့္မၾကည့္တတ္ဘူး မေတြးပူေနတတ္ဘူး။ အားေနတဲ႔အခ်ိန္ေတြမွာဆို႐င္ေတာ့ တခါတေလ မိသားစုကို အခ်ိန္ေပးပီး အိမ္တြင္းမႈလုပ္ေန႐႐င္ကိုႏွစ္သက္ၾကပါတယ္။

ၾကာသပေတးဟာ အျပင္က႐ုပ္သြင္ မဟုတ္႐င္ေတာင္ အတြင္းစိတ္ခ်စ္စ႐ာေကာင္းတာေလးကို ပိုင္ဆိုင္ထားၾကတယ္။ ၾကာသပေတး႐ဲ႕ အခ်စ္ေ႐းကေတာ့ တစ္ေယာက္ဆိုတစ္ေယာက္ အေပၚမွာဘဲ အစြဲအလန္း ႐ွိေနပါတယ္။ သူအေဝးမွာ ႐ွိေန႐င္ေတာင္ ျပန္လာဖို႔ သစၥာ႐ွိစြာနဲ႔ ေမတၲာမပ်က္ ေစာင့္ေမ်ွာ္ေနပါတယ္။

Credit : မူရင္းေရးသားသူ

(Unicode Version)

ကြာသပတေးသားသမီးတို့ရဲ့ စိတ်နေစိတ်ထား

ကြာသပတေးသားသမီးများဟာ အေးအေးဆေးဆေး နေတတ်တဲ့ သူများဖြစ်ကြတယ်။ ခွင့်လွတ်သီးခံတတ်ကြပါတယ် ဒါကြောင့် လူတွေရဲ့ချစ်ခင်မှုက်ုိလည်းတာရှည်ပ်ိုင်ဆိုင်ထားကြတယ်။ မဟုတ်ရင်မခံတတ်တဲ့ စိတ်ရှိတာလည်း ကြာသပတေးပါ။ ကိစ္စတွေကို အမှန်တရားဘက်က ရပ်တည်ကြတယ်။ မိသားစုထဲမှာ စကားများ ရန်ဖြစ်ကြရင်လည်း ကိုယ့်ဘက်က အရင်ဆုံး ကျေအေးပေးတတ်ကြတယ်။ အနစ်နာခံပေးတတ်တာ ကြာသပတေးပါ။

ကြာသပတေးများဟာ လူတွေအပေါ် မေတ္တာထားတတ်တယ်။ ကိုယ့်မိသားစုထဲက လူတစ်ယောက်ယောက်ကို သံယောဇဉ်ရှိရှိနဲ့ ချစ်တတ်ပါတယ်။ချစ်သောသူများကိုလည်း အနစ်နာခံပေးတတ်တယ်။ ကိုယ်ဖြစ်ချင်သော ဆန္ဒကို အလွယ်တကူ လက်မလျော့တတ်တာ ကြာသပတေးပါ။ ဖြစ်ချင်တာကို စိတ်မလောဘဲ အချိန်ပေးပီး အကောင်အထည်ဖော်တတ်တယ်။ အေးဆေးနေတတ်တယ် စိတ်တည်စွာနဲ့နေတတ်တာ ကြာသပတေးပါ။

ကြာသပတေးဟာ တကယ်ခံစားလွယ်တဲ့သူများဖြစ်ကြပေမဲ့ အပြင်မှာတော့ တည်ငြိမ်စွာနဲ့ နေတတ်တယ်။ ငိုချင်လာခဲ့ရင်တောင် အပြင်မှာတခြုံးခြံုးနဲ့ ငိုနေတာထက် ရင်ထဲမှာ ကျိတ်ပီးခံစားတတ်ကြတယ်။ ရင်ထဲမှာသိမ်းမထားနိုင်တဲ့အပူဆိုရင်တော့ ဘာမှမပြောဘဲမျက်ရည်တွေ အလိမ့်လိမ့်ကျလာတတ်တာ ကြာသပတေးပါ။

ကြာသပတေးများဟာ သူငယ်ချင်းတွေကြားမှာ ပျော်ရွှင်စွာနဲ့လည်း နေထိုင်တတ်တယ်။ ကြာကြာနေမှတွေ့ဖြစ်တဲ့ သူငယ်ချင်းများကိုလည်း အတိတ်မှာ ပျော်ရွှင်ခဲ့တာတွေကို ပြန်ပီးပြောပြတတ်တဲ့ စိတ်တွေလည်း ရှိတတ်ကြပါတယ်။ အမှတ်တရ တခုခုကို လွယ်လွယ်နဲ့မမေ့တတ်တာ ကြာသပတေးပါ။

အလုပ်ကိုဦးစားပေးတတ်ကြတယ်။ တခါတရံ ကိုယ်ဝါသနာပါနေတဲ့ အလုပ်ကို လုပ်နေပီဆိုရင် အိမ်မက်ထဲမှာတောင် ထည့်မက်ကြတာ ကြာသပတေးပါ။ အလုပ်လုပ်တဲ့နေရာမှာ စိတ်ရှည်တတ်တယ် တော်ရုံတန်ရုံ ပြသနာမဖြစ်အောင်နေထိုင်တတ်ကြတယ်။ ကြာသပတေး သားသမီးများဟာသူများတွေရဲ့ ခင်မင်မှုကိုလည်းတန်ဖိုးထားတတ်ကြတယ် အားနာတတ်တယ် စကားပြောတဲ့နေရာမှာလည်း အမှားကိုဆင်ခြင်သုံးသပ်ပီး ပြောကြားနိုင်စွမ်းရှိတယ်။

ကြာသပတေးများဟာ အစွဲအလန်းထားသင့်တ ဲ့နေရာမှာဘဲထားတယ်။ ကိုယ်တကယ်မကြိုက်တဲ့အရာဆိုရင် စွန့်လွတ်ရဲတယ် ပြန်လှည့်မကြည့်တတ်ဘူး မတွေးပူနေတတ်ဘူး။ အားနေတဲ့အချိန်တွေမှာဆိုရင်တော့ တခါတလေ မိသားစုကို အချိန်ပေးပီး အိမ်တွင်းမှုလုပ်နေရရင်ကိုနှစ်သက်ကြပါတယ်။

ကြာသပတေးဟာ အပြင်ကရုပ်သွင် မဟုတ်ရင်တောင် အတွင်းစိတ်ချစ်စရာကောင်းတာလေးကို ပိုင်ဆိုင်ထားကြတယ်။ ကြာသပတေးရဲ့ အချစ်ရေးကတော့ တစ်ယောက်ဆိုတစ်ယောက် အပေါ်မှာဘဲ အစွဲအလန်း ရှိနေပါတယ်။ သူအဝေးမှာ ရှိနေရင်တောင် ပြန်လာဖို့ သစ္စာရှိစွာနဲ့ မေတ္တာမပျက် စောင့်မျှော်နေပါတယ်။

Credit : မူရင်းရေးသားသူ