ထန္းရည္မွ သၾကားထုတ္လုပ္မႈ စမ္းသပ္ေအာင္ျမင္

ထန္းရည္မွ သၾကားထုတ္လုပ္မႈ စမ္းသပ္ေအာင္ျမင္ခဲ့ၿပီး စက္ရံုတည္၍ စီးပြားျဖစ္ထုတ္လုပ္ ေရာင္းခ်ႏိုင္ေရးဆက္ လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း စမ္းသပ္ေအာင္ျမင္ခဲ့သူ ဦးေမာင္ေမာင္စိုး က ေျပာသည္။ထန္းရည္မွ ထြက္ရွိေသာ Palm Sugar သည္ ဓာတုပစၥည္းမ်ားမပါဝင္သည့္ အရည္အေသြးျမင့္ သၾကားတစ္မ်ိဳးျဖစ္ၿပီး ႏိုင္ငံတကာေစ်းကြက္သို႔ ဦးတည္တင္ပို႔ေရာင္းခ်ႏိုင္ရန္ ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

” သူက ႏိုင္ငံတကာေစ်းကြက္ အရမ္းေကာင္းတယ္။ ကြ်န္ေတာ္တို႔က ႏိုင္ငံတကာပဲသြားမွာ။ ျပည္တြင္းမွာက်ေတာ့ အနည္းနဲ႔ အမ်ားေစ်းႀကီးသြားမွာေပါ့” ဟု ဦးေမာင္ေမာင္စိုးက ေျပာသည္။အဆိုပါ ထန္းသၾကား တစ္ကီလိုဂရမ္လွ်င္ အေမရိကန္ေဒၚလာ (၅) ေဒၚလာခန္႔ အနိမ့္ဆံုးရႏိုင္ၿပီး ဂ်ပန္ႏိုင္ငံသို႔တင္ပို႔ရန္ အၾကမ္းဖ်ဥ္း ေဆြးေႏြးၿပီးျဖစ္ေၾကာင္းလည္းဆိုသည္။

” ဆိုပါေတာ့ ထန္းရည္တစ္ျမဴေပါ့။အဲဒီ ထန္းရည္တစ္ျမဴကို ထန္းလ်က္ခ်က္ရင္ အစိတ္သား ထြက္မယ္။ သူတို႔က ကြ်န္ေတာ္တို႔ကို ထန္းရည္အခ်ိဳ တစ္ျမဴေပးလိုက္။ ကြ်န္ေတာ္တို႔က သူတို႔ကို ထန္းလ်က္ဖိုးေပးလိုက္မယ္။ ေပါက္ေစ်းေပါ့။ ဒီေန႔ ၁၀၀၀ ေပါက္ရင္ ၁၀၀၀။ ၁၂၀၀ ေပါက္ရင္ ၁၂၀၀။ အဲဒီလိုေပးလိုက္ေတာ့ သူတို႔အတြက္က ကုန္က်စရိတ္ကဘာမွမရွိေတာ့ဘူး။အဲဒီဟာက သူတို႔ အတြက္ ေတာ္ေတာ္ေကာင္းသြားမယ္” ဟု ဦးေမာင္ေမာင္စိုး က ေျပာသည္။

စီးပြားျဖစ္ထုတ္လုပ္မွဳအတြက္ ပထမ အဆင့္အေနျဖင့္ ဧရာဝတီတိုင္းေဒသႀကီး ျမန္ေအာင္ၿမိဳ႕နယ္တြင္ စက္ရံုတည္မည္ျဖစ္ကာ ဒုတိယအဆင့္အေနျဖင့္ မႏၲေလးတိုင္းေဒသႀကီး ပုဂံ ေညာင္ဦးၿမိဳ႕နယ္တြင္ စက္ရံုတည္မည္ျဖစ္ေၾကာင္း သိရသည္။

” ထန္းတက္ေတာင္သူေတြက ထန္းလ်က္ေစ်းက ဘယ္လိုမွ မကိုက္ေတာ့ ထန္းမတက္ေတာ့ဘူး။ သၾကားထုတ္တာ လုပ္ႏိုင္ၿပီဆိုရင္ ထန္းရည္တန္ဖိုး ျမင့္လာမယ္ေလ။ထန္းရည္တန္ဖိုး ျမင့္လာရင္ ထန္းတက္ေတာင္သူေတြ အဆင္ေျပလာႏိုင္မယ့္ အေနအထားရွိတယ္။ကရိကထ မမ်ားတာက ဘာလဲဆိုေတာ့ ထန္းရည္ပဲ ေပးရမွာ။က်ိဳတာ ျပဳတာေတြ ဘာမွမလုပ္ရဘူးဆိုေတာ့ ေတာ္ေတာ္ အဆင္ေျပတဲ့ သေဘာျဖစ္တယ္” ဟု မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးခိုင္ က ေျပာသည္။

ပုဂံေညာင္ဦးေဒသတြင္ ထန္းရည္မွ သၾကားထုတ္လုပ္ရန္အတြက္ ေျမငွားရမ္းလုပ္ကိုင္ႏိုင္ရန္ ညိွႏိႈင္းေဆာင္ရြက္ေနေၾကာင္းဦးေအးခိုင္ က ေျပာသည္။ကေမၻာဒီးယားႏိုင္ငံတြင္လည္း ထန္းရည္မွ သၾကားထုတ္လုပ္မႈရွိၿပီး ထိုင္းႏိုင္ငံႏွင့္အင္ဒိုနီးရွား ႏိုင္ငံတို႔တြင္လည္း အုန္းရည္မွ သၾကားထုတ္လုပ္မႈရွိေၾကာင္း သိရသည္။

ဓာတ္ပံု – ပုပၸားေတာင္ ခ်စ္သူမ်ားအသင္း

Credit : The Nyang News

(Unicode Version)

ထန်းရည်မှ သကြားထုတ်လုပ်မှု စမ်းသပ်အောင်မြင်

ထန်းရည်မှ သကြားထုတ်လုပ်မှု စမ်းသပ်အောင်မြင်ခဲ့ပြီး စက်ရုံတည်၍ စီးပွားဖြစ်ထုတ်လုပ် ရောင်းချနိုင်ရေးဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စမ်းသပ်အောင်မြင်ခဲ့သူ ဦးမောင်မောင်စိုး က ပြောသည်။ထန်းရည်မှ ထွက်ရှိသော Palm Sugar သည် ဓာတုပစ္စည်းများမပါဝင်သည့် အရည်အသွေးမြင့် သကြားတစ်မျိုးဖြစ်ပြီး နိုင်ငံတကာစျေးကွက်သို့ ဦးတည်တင်ပို့ရောင်းချနိုင်ရန် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

” သူက နိုင်ငံတကာစျေးကွက် အရမ်းကောင်းတယ်။ ကျွန်တော်တို့က နိုင်ငံတကာပဲသွားမှာ။ ပြည်တွင်းမှာကျတော့ အနည်းနဲ့ အများစျေးကြီးသွားမှာပေါ့” ဟု ဦးမောင်မောင်စိုးက ပြောသည်။အဆိုပါ ထန်းသကြား တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၅) ဒေါ်လာခန့် အနိမ့်ဆုံးရနိုင်ပြီး ဂျပန်နိုင်ငံသို့တင်ပို့ရန် အကြမ်းဖျဉ်း ဆွေးနွေးပြီးဖြစ်ကြောင်းလည်းဆိုသည်။

” ဆိုပါတော့ ထန်းရည်တစ်မြူပေါ့။အဲဒီ ထန်းရည်တစ်မြူကို ထန်းလျက်ချက်ရင် အစိတ်သား ထွက်မယ်။ သူတို့က ကျွန်တော်တို့ကို ထန်းရည်အချို တစ်မြူပေးလိုက်။ ကျွန်တော်တို့က သူတို့ကို ထန်းလျက်ဖိုးပေးလိုက်မယ်။ ပေါက်စျေးပေါ့။ ဒီနေ့ ၁၀၀၀ ပေါက်ရင် ၁၀၀၀။ ၁၂၀၀ ပေါက်ရင် ၁၂၀၀။ အဲဒီလိုပေးလိုက်တော့ သူတို့အတွက်က ကုန်ကျစရိတ်ကဘာမှမရှိတော့ဘူး။အဲဒီဟာက သူတို့ အတွက် တော်တော်ကောင်းသွားမယ်” ဟု ဦးမောင်မောင်စိုး က ပြောသည်။

စီးပွားဖြစ်ထုတ်လုပ်မှုအတွက် ပထမ အဆင့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် စက်ရုံတည်မည်ဖြစ်ကာ ဒုတိယအဆင့်အနေဖြင့် မန္တလေးတိုင်းဒေသကြီး ပုဂံ ညောင်ဦးမြို့နယ်တွင် စက်ရုံတည်မည်ဖြစ်ကြောင်း သိရသည်။

” ထန်းတက်တောင်သူတွေက ထန်းလျက်စျေးက ဘယ်လိုမှ မကိုက်တော့ ထန်းမတက်တော့ဘူး။ သကြားထုတ်တာ လုပ်နိုင်ပြီဆိုရင် ထန်းရည်တန်ဖိုး မြင့်လာမယ်လေ။ထန်းရည်တန်ဖိုး မြင့်လာရင် ထန်းတက်တောင်သူတွေ အဆင်ပြေလာနိုင်မယ့် အနေအထားရှိတယ်။ကရိကထ မများတာက ဘာလဲဆိုတော့ ထန်းရည်ပဲ ပေးရမှာ။ကျိုတာ ပြုတာတွေ ဘာမှမလုပ်ရဘူးဆိုတော့ တော်တော် အဆင်ပြေတဲ့ သဘောဖြစ်တယ်” ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင် က ပြောသည်။

ပုဂံညောင်ဦးဒေသတွင် ထန်းရည်မှ သကြားထုတ်လုပ်ရန်အတွက် မြေငှားရမ်းလုပ်ကိုင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်းဦးအေးခိုင် က ပြောသည်။ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ထန်းရည်မှ သကြားထုတ်လုပ်မှုရှိပြီး ထိုင်းနိုင်ငံနှင့်အင်ဒိုနီးရှား နိုင်ငံတို့တွင်လည်း အုန်းရည်မှ သကြားထုတ်လုပ်မှုရှိကြောင်း သိရသည်။

ဓာတ်ပုံ – ပုပ္ပားတောင် ချစ်သူများအသင်း

Credit : The Nyang News