လွည့္ကင္းေဆာင္ရြက္ေနသည့္ ရဲတပ္ဖြဲ႕၀င္အခ်ိဳ႕ ရန္ျပဳခံရ

ပဲခူးတိုင္းေဒသၾကီး၊ ဒိုက္ဦးျမိဳ႕နယ္ထဲမွာ နယ္ေျမေအးခ်မ္းသာယာေရးအတြက္ လွည့္ကင္းေဆာင္ရြက္ေနတဲ့ ရဲတပ္ဖဲြ႔၀င္တခ်ဳိ႕ ရန္ျပဳခံရတဲ့ျဖစ္စဥ္တစ္ခု ႏို၀င္ဘာ (၂၁)ရက္ မနက္(၂)နာရီက ျဖစ္ပြားခဲ့တယ္လို႔ ဒိုက္ဦးျမိဳ႕မရဲစခန္းက သိရပါတယ္။

ရဲတပ္ၾကပ္တစ္ဦးနဲ႔ တပ္ဖြဲ႕၀င္(၅)ဦးပါ၀င္တဲ့အဖြဲ႕ဟာ လွည့္ကင္းေဆာင္ရြက္ေနစဥ္ ဒိုက္ဦးျမိဳ႕နယ္၊ ေရႊအင္ဒံုေက်းရြာအုပ္စု၊ အညာစုေက်းရြာ၊ ေလးအိမ္စုဘုန္းၾကီးေက်ာင္းအနီးမွာ မသကၤာဖြယ္ေတြ႕ရွိရတဲ့အမ်ိဳးသား(၃)ဦးနဲ႔ အမ်ိဳးသမီး(၁)ဦးကို စစ္ေဆးေမးျမန္းခ်ိန္မွာ မ်ဳိးႏိုင္ဆိုသူက စတင္ရန္ျပဳတိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အရက္ေသစာေသာက္စားထားသူ မ်ိဳးႏိုင္ဟာ ရဲတပ္ၾကပ္ၾကီးရဲ႕ မ်က္ႏွာကို လက္သီးနဲ႔ထိုးျပီး အနီးရွိ တုတ္ကိုေကာက္ယူကာ ရဲတပ္ဖြဲ႕၀င္ေတြကိုရန္ျပဳဖို႔ ၾကိဳးစားခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕၀င္ေတြက နံပါတ္တုတ္ေတြနဲ႔ ရိုက္ႏွက္ျပီး ဖမ္းဆီးခဲ့ရတယ္လို႔ ရဲစခန္းမွတ္တမ္းေတြအရ သိရပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး တာဝန္ ထမ္းေဆာင္ေနတဲ့ ရဲ၀န္ထမ္းကို ဒဏ္ရာရရွိေအာင္ျပဳမူသူ မ်ိဳးႏိုင္ကို ဒိုက္ဦးျမိဳ႕မရဲစခန္းက ရာဇသတ္ၾကီးဥပေဒပုဒ္မ ၃၃၂ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားတယ္လို႔ သိရပါတယ္။ ဒီသတင္းကို ပဲ့ကိုင္ရွင္(ေညာင္ေလးပင္) ေပးပို႔တာျဖစ္ပါတယ္။

Source : Central News Bureau

(Unicode Version)

လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်အချို့ ရန်ပြုခံရ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ထဲမှာ နယ်မြေအေးချမ်းသာယာရေးအတွက် လှည့်ကင်းဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ရန်ပြုခံရတဲ့ဖြစ်စဉ်တစ်ခု နိုဝင်ဘာ (၂၁)ရက် မနက်(၂)နာရီက ဖြစ်ပွားခဲ့တယ်လို့ ဒိုက်ဦးမြို့မရဲစခန်းက သိရပါတယ်။

ရဲတပ်ကြပ်တစ်ဦးနဲ့ တပ်ဖွဲ့ဝင်(၅)ဦးပါ၀င်တဲ့အဖွဲ့ဟာ လှည့်ကင်းဆောင်ရွက်နေစဉ် ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာအုပ်စု၊ အညာစုကျေးရွာ၊ လေးအိမ်စုဘုန်းကြီးကျောင်းအနီးမှာ မသင်္ကာဖွယ်တွေ့ရှိရတဲ့အမျိုးသား(၃)ဦးနဲ့ အမျိုးသမီး(၁)ဦးကို စစ်ဆေးမေးမြန်းချိန်မှာ မျိုးနိုင်ဆိုသူက စတင်ရန်ပြုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အရက်သေစာသောက်စားထားသူ မျိုးနိုင်ဟာ ရဲတပ်ကြပ်ကြီးရဲ့ မျက်နှာကို လက်သီးနဲ့ထိုးပြီး အနီးရှိ တုတ်ကိုကောက်ယူကာ ရဲတပ်ဖွဲ့ဝင်တွေကိုရန်ပြုဖို့ ကြိုးစားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ပြီး ဖမ်းဆီးခဲ့ရတယ်လို့ ရဲစခန်းမှတ်တမ်းတွေအရ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန် ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းကို ဒဏ်ရာရရှိအောင်ပြုမူသူ မျိုးနိုင်ကို ဒိုက်ဦးမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ပဲ့ကိုင်ရှင်(ညောင်လေးပင်) ပေးပို့တာဖြစ်ပါတယ်။

Source : Central News Bureau