၁၀ တန္းေက်ာင္းသား ေက်ာင္းသူႏွစ္ဦး ရည္းစားျဖစ္ၿပီး ကိုယ္ဝန္ရလာေသာအခါမွ လက္မထပ္ဘဲ ေရွာင္ေျပးသြားေသာ ေယာက်ာ္းေလးအား မံုရြာၿမိဳ႕နယ္တရားရံုးတြင္ တရားစဲြဆို

၁၀ တန္းေက်ာင္းသား ေက်ာင္းသူႏွစ္ဦး ရည္းစားျဖစ္ၿပီး ကိုယ္ဝန္ရလာေသာအခါမွ လက္မထပ္ဘဲ ေရွာင္ေျပးသြားေသာ ေယာက်ာ္းေလးအား မံုရြာၿမိဳ႕နယ္တရားရံုးတြင္ တရားစဲြဆို

၁၀ တန္းေက်ာင္းသား ေက်ာင္းသူႏွစ္ဦး ရည္းစားျဖစ္ၿပီး ကိုယ္ဝန္ရလာေသာအခါမွ လက္မထပ္ဘဲ ေရွာင္ေျပးသြားေသာ ေယာက်ာ္းေလးအား မံုရြာၿမိဳ႕နယ္တရားရံုးတြင္ တရားစဲြဆို ၊ Justice House မွ ေရွ႕ေနငွားရမ္းေပး

မံုရြာၿမိဳ႕ ပုဂၢလိကေဘာ္ဒါေဆာင္တစ္ခုတြင္ ေက်ာင္းတက္ခဲ့ေသာ မ—— (အသက္ ၁၇ ႏွစ္)ႏွင့္ ေမာင္ထက္ေဝယံလင္း အသက္ (၁၈ ႏွစ္) တို႔သည္ လူငယ္သဘာဝ ခ်စ္ႀကိဳက္ခဲ့ၾကၿပီး ႀကိမ္ဖန္မ်ားစြာ အတူအိပ္ခဲ့ၾကသည္ဟု သိရပါသည္။

၁၀ တန္းစာေမးပဲြၿပီးဆံုးၿပီေနာက္ မိမိေနရပ္သို႔ အသီးသီးျပန္ၾကၿပီးေနာက္တြင္ မ—– သည္ ကိုယ္ဝန္ရွိမွန္း သိခဲ့ရၿပီးေနာက္ ကာယယံရွင္ ေမာင္ထက္ေဝယံလင္းသို႔ ဆက္သြယ္ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။ မ—- သည္ ကိုယ္ဝန္ ၆ လ ရွိသည့္အခ်ိန္မွ မိမိတြင္ ကိုယ္ဝန္ရွိမွန္း သိခဲ့ရျခင္းျဖစ္သည္။

မ—– သည္ ကိုယ္ဝန္ကို ေမြးဖြားခဲ့ရၿပီး ၁ ႏွစ္ေက်ာ္ၾကာသည္အထိ ေယာက်ာ္းေလးဘက္မွ လာေရာက္ဆက္သြယ္လာျခင္း မရွိသည့္အတြက္ မံုရြာၿမိဳ႕နယ္ တရားရံုးတြင္ ရာဇသတ္ႀကီးပုဒ္မ ၄၁၇ ျဖင့္ တရားစဲြဆိုရန္အတြက္ ဦးတိုက္ေလွ်ာက္ထားခဲ့ပါသည္။ ယခုအခါ ရံုးခ်ိန္းေခၚဆိုမႈမ်ား စတင္ေနၿပီျဖစ္ၿပီး မိမိတို႔ Justice House ရံုးမွ အဆိုပါအမႈအတြက္ ေရွ႕ေနငွားရမ္း ေဆာင္ရြက္ေပးေနလ်က္ရွိပါသည္။

Source : Justice House

(Unicode Version)

၁၀ တန်းကျောင်းသား ကျောင်းသူနှစ်ဦး ရည်းစားဖြစ်ပြီး ကိုယ်ဝန်ရလာသောအခါမှ လက်မထပ်ဘဲ ရှောင်ပြေးသွားသော ယောကျာ်းလေးအား မုံရွာမြို့နယ်တရားရုံးတွင် တရားစွဲဆို

၁၀ တန်းကျောင်းသား ကျောင်းသူနှစ်ဦး ရည်းစားဖြစ်ပြီး ကိုယ်ဝန်ရလာသောအခါမှ လက်မထပ်ဘဲ ရှောင်ပြေးသွားသော ယောကျာ်းလေးအား မုံရွာမြို့နယ်တရားရုံးတွင် တရားစွဲဆို ၊ Justice House မှ ရှေ့နေငှားရမ်းပေး

မုံရွာမြို့ ပုဂ္ဂလိကဘော်ဒါဆောင်တစ်ခုတွင် ကျောင်းတက်ခဲ့သော မ—— (အသက် ၁၇ နှစ်)နှင့် မောင်ထက်ဝေယံလင်း အသက် (၁၈ နှစ်) တို့သည် လူငယ်သဘာဝ ချစ်ကြိုက်ခဲ့ကြပြီး ကြိမ်ဖန်များစွာ အတူအိပ်ခဲ့ကြသည်ဟု သိရပါသည်။

၁၀ တန်းစာမေးပွဲပြီးဆုံးပြီနောက် မိမိနေရပ်သို့ အသီးသီးပြန်ကြပြီးနောက်တွင် မ—– သည် ကိုယ်ဝန်ရှိမှန်း သိခဲ့ရပြီးနောက် ကာယယံရှင် မောင်ထက်ဝေယံလင်းသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ မ—- သည် ကိုယ်ဝန် ၆ လ ရှိသည့်အချိန်မှ မိမိတွင် ကိုယ်ဝန်ရှိမှန်း သိခဲ့ရခြင်းဖြစ်သည်။

မ—– သည် ကိုယ်ဝန်ကို မွေးဖွားခဲ့ရပြီး ၁ နှစ်ကျော်ကြာသည်အထိ ယောကျာ်းလေးဘက်မှ လာရောက်ဆက်သွယ်လာခြင်း မရှိသည့်အတွက် မုံရွာမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုရန်အတွက် ဦးတိုက်လျှောက်ထားခဲ့ပါသည်။ ယခုအခါ ရုံးချိန်းခေါ်ဆိုမှုများ စတင်နေပြီဖြစ်ပြီး မိမိတို့ Justice House ရုံးမှ အဆိုပါအမှုအတွက် ရှေ့နေငှားရမ်း ဆောင်ရွက်ပေးနေလျက်ရှိပါသည်။

Source : Justice House