စာေမးပြဲေျဖဆိုေနသည့္ စစ္ေတြတကၠသိုလ္ အေဝးသင္ေက်ာင္းသား သံုးေထာင္ေက်ာ္ လိုင္းကားမရွိ၍ လမ္းေလွ်ာက္ အိမ္ျပန္ရ

စစ္ေတြတကၠသိုလ္တြင္ လာေရာက္စာေမးပြဲ ေျဖဆိုေနၾကသည့္ ေက်ာင္းသားမ်ားအထဲမွ ေက်ာင္းသား ေက်ာင္းသူ ၃၀၀၀ ေက်ာ္သည္ ေက်ာင္းႏွင့္ စစ္ေတြျမိဳ႕အၾကား ေျပးဆြဲေနသည့္ ေမာ္ေတာ္ယာဥ္လိုင္းမွ ေျပးဆြဲျခင္းမရွိဘဲ ရပ္နားလိုက္သျဖင့္ ေက်ာင္းမွေန ေနအိမ္မ်ားထိ လမ္းေလွ်ာက္အိမ္ျပန္ခဲ့ရသည္ဟု သတင္းရရွိသည္။

ယခုကဲ့သို႕ ျဖစ္ရျခင္းမွာ စစ္ေတြျမိဳ႕ထဲႏွင့္ စစ္ေတြ တကၠသိုလ္အၾကားေျပးဆြဲေနသည့္ ရိုးမသဇင္ ေမာ္ေတာ္ယာဥ္လိုင္းမွ သူတို႕ ေျပးဆြဲေနသည့္ ယာဥ္လိုင္းေၾကာင္းတြင္ သံုးဘီးဆိုင္ကယ္မ်ား တရားမ၀င္ ၀င္ေရာက္ ေျပးဆြဲသည္ကို သက္ဆိုင္ရာ အာဏာပိုင္မ်ားမွ ဟန္႕တားျခင္းမျပဳသျဖင့္ သူတို႕၏ ေျပးဆြဲေနသည့္ ယာဥ္လိုင္းေၾကာင္းကို ရပ္တန္႕လိုက္ရာမွ ေျပးဆြဲမည့္ လိုင္းကား မရွိေတာ့၍ ေက်ာင္းသား ေက်ာင္းသူ ၃၀၀၀ ခန္႕မွာ ေနအိမ္မ်ားသို႕ လမ္းေလွ်ာက္ျပန္ခဲ့ရျခင္းျဖစ္ေၾကာင္း ေက်ာင္းသားမ်ားက ေျပာၾကားသည္။

လမ္းေလွ်ာက္ျပန္လာသူ ပု႑ားကၽြန္းျမိဳ႕နယ္မွ ေက်ာင္းသူ တစ္ဦးအား ေမးျမန္းၾကည့္ရာ သူမက “ စာေမးပြဲကာလအတြင္းမွာ ဒီလို လုပ္တာမ်ိဳးကေတာ့ မေကာင္းဘူး။ သူတို႕ခ်င္း ဘာဘဲ ျဖစ္ေန ျဖစ္ေန စာေမးပြဲကာလအတြင္းမွာ ေက်ာင္းသား ေက်ာင္းသူေတြ စိတ္အေႏွာင့္အယွက္ ျဖစ္ေအာင္ေတာ့ မလုပ္သင့္ပါဘူး။ ဒီကေန႕မွာ ခုလို ျဖစ္ပ်က္သြားတဲ့အတြက္ ကၽြန္မတို႕ ေက်ာင္းသား ေက်ာင္းသူေတြ ရုပ္ပိုင္းေရာ၊ စိတ္ပိုင္းပါ ထိခိုက္ခဲ့ရပါတယ္” ဟု ေျပာၾကားသည္။

စစ္ေတြတကၠသိုလ္တြင္ အေ၀းသင္ စာေမးပြဲ ေျဖဆိုေနသူ ေက်ာင္းသား ေက်ာင္းသူ ၉၀၀၀ ေက်ာ္ခန္႕ရွိျပီး ထိုအထဲမွ ၃၀၀၀ ေက်ာ္မွာ လိုင္းကားမရွိ၍ လမ္းေလွ်ာက္ျပန္ခဲ့ၾကရသည္ဟု ဆိုသည္။

“ ရိုးမသဇင္လိုင္းကားအဖြဲ႕က က်ေနာ္တို႔ ေက်ာင္းသားေတြကို ဒီအတိုင္း ထားပစ္ခဲ့ၾကတယ္။ သံုးဘီး ဆိုင္ကယ္ေတြ ၀င္ေျပးဆြဲလို႕ဆိုျပီး ေက်ာင္းသားေတြကို တစ္ေယာက္မွ မတင္ဘဲ ဒီအတိုင္းထားျပီး ျပန္သြားခဲ့ၾကတယ္။ ေက်ာင္းသား ေက်ာင္းသူ ၉ ေထာင္ေက်ာ္ရွိတဲ့အထဲမွာ ၃ ေထာင္ေက်ာ္ေလာက္ ကိုယ့္အိမ္ကို လမ္းေလွ်ာက္ျပန္လာရတယ္။ ကၽြန္ေတာ္တို႔ရဲ႕ စာေမးပြဲေျဖတဲ့ အခ်ိန္မွာ ဒီလိုျဖစ္တာကေတာ့ လံုးဝမေကာင္းဘူး။ မနက္ျဖန္လည္း ဘယ္လိုျဖစ္လာမလဲဆိုတာ မသိေသးဘူး” ဟု အေဝးသင္စာေမးပြဲေျဖဆိုေနသူ ကိုခိုင္ထူးျမတ္က ေျပာသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္ျပီး ရိုးမသဇင္ယာဥ္လိုင္းကားအဖြဲ႕သို႕ ဆက္သြယ္ေမးျမန္းရာ ရိုးမသဇင္ ယာဥ္လိုင္းေျပးဆြဲေနသည့္ ဦးေမာင္ဇံံံက “ဒီကိစၥကို ရွင္းလင္းေပးဖို႔ သက္ဆိုင္ရာ တာ၀န္ ရွိသူေတြကို ေတာင္းဆိုခဲ့တာလည္း မ်ားခဲ့ၿပီ။ သည္းခံၿပီးေတာ့ ေျပးဆြဲ ေပးေနတာ ျဖစ္ပါတယ္။ ဒီေန႔မနက္ပိုင္းကလည္း ကားအစီး ၆ဝ ေလာက္ကိုပဲ ထိန္းခ်ဳပ္ႏိုင္လိုက္တယ္။ က်န္တာကို မထိန္းခ်ဳပ္ႏိုင္လိုက္တာေၾကာင့္ ညေန အျပန္မွာေလာက္ ေျပးဆြဲလို႔ရမလားဆိုၿပီး ေစာင့္ေနခဲ့ပါေသးတယ္။ ဒါေပမယ့္ သက္ဆိုင္ရာက တစ္စံုတစ္ရာ ဝင္ေရာက္ေျဖရွင္းတာ မရွိတာေၾကာင့္ သံုးဘီးေတြ ၀င္ဆြဲတဲ့ အတြက္ ကၽြန္ေတာ္တုိ႕က ရပ္လိုက္ေတာ့ ဒီလိုျဖစ္ရတာပါ ” ဟု ေျပာသည္။

ရိုးမသဇင္ ယာဥ္လိုင္းအသင္းဥကၠဌျဖစ္သူ ဦးညြန္ေမာင္က “ ဒီရိုးမသဇင္ယာဥ္လုိင္းဟာ အစိုးရက တရားဝင္သတ္မွတ္ေပးထားတဲ့ ယာဥ္လိုင္းျဖစ္တယ္။ ျဖစ္ကတက္ဆန္းေျပးဆြဲေနတဲ့ ယာဥ္လိုင္း မဟုတ္ဘူး။ တကၠသိုလ္ယာဥ္တန္းေတြကို အဆင္ ျမင့္တင္ေရး အတြက္ ကားေတြကို အေၾကြးစနစ္နဲ႔ ၀ယ္ယူၿပီးေတာ့ တရားဝင္ဖြဲ႔စည္းထားတဲ့ ယာဥ္လိုင္းတစ္ခုျဖစ္တဲ့အတြက္ေၾကာင့္ အခုဒီလိုင္းထဲမွာ အျခားျပင္ပက ယာဥ္ေတြဝင္ဆြဲတာကို လံုးဝ လက္မခံဘူး။ အစိုးရက တရားဝင္ သတ္မွတ္ေပးထားတဲ့ ယာဥ္ ၁၅ဝ ေက်ာ္ကိုပဲ တရားဝင္ ခြင့္ျပဳေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။ ဟု ေျပာသည္။

ရခိုင္ျပည္နယ္ စစ္ေတြတကၠသိုလ္ေက်ာင္းတြင္ လက္ရွိ ေက်ာင္းသား၊ေက်ာင္းသူေပါင္း ၉ ေထာင္ ေက်ာ္ရွိၿပီး အဆိုပါေက်ာင္းသားမ်ားအား ႀကိဳပိုလုပ္ႏိုင္ရန္ ရိုးမသဇင္ယာဥ္လိုင္းအား ယခင္ အစိုးရ လက္ထက္က တရားဝင္ခြင့္ျပဳခ်က္ေပးၿပီးျဖစ္ေၾကာင္း သိရသည္။

ေနာင္ခိုင္ေအာင္

Source : Narinjara

(Unicode Version)

စာမေးပွဲဖြေဆိုနေသည့် စစ်တွေတက္ကသိုလ် အဝေးသင်ကျောင်းသား သုံးထောင်ကျော် လိုင်းကားမရှိ၍ လမ်းလျှောက် အိမ်ပြန်ရ

စစ်တွေတက္ကသိုလ်တွင် လာရောက်စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသားများအထဲမှ ကျောင်းသား ကျောင်းသူ ၃၀၀၀ ကျော်သည် ကျောင်းနှင့် စစ်တွေမြို့အကြား ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းမှ ပြေးဆွဲခြင်းမရှိဘဲ ရပ်နားလိုက်သဖြင့် ကျောင်းမှနေ နေအိမ်များထိ လမ်းလျှောက်အိမ်ပြန်ခဲ့ရသည်ဟု သတင်းရရှိသည်။

ယခုကဲ့သို့ ဖြစ်ရခြင်းမှာ စစ်တွေမြို့ထဲနှင့် စစ်တွေ တက္ကသိုလ်အကြားပြေးဆွဲနေသည့် ရိုးမသဇင် မော်တော်ယာဉ်လိုင်းမှ သူတို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းကြောင်းတွင် သုံးဘီးဆိုင်ကယ်များ တရားမဝင် ၀င်ရောက် ပြေးဆွဲသည်ကို သက်ဆိုင်ရာ အာဏာပိုင်များမှ ဟန့်တားခြင်းမပြုသဖြင့် သူတို့၏ ပြေးဆွဲနေသည့် ယာဉ်လိုင်းကြောင်းကို ရပ်တန့်လိုက်ရာမှ ပြေးဆွဲမည့် လိုင်းကား မရှိတော့၍ ကျောင်းသား ကျောင်းသူ ၃၀၀၀ ခန့်မှာ နေအိမ်များသို့ လမ်းလျှောက်ပြန်ခဲ့ရခြင်းဖြစ်ကြောင်း ကျောင်းသားများက ပြောကြားသည်။

လမ်းလျှောက်ပြန်လာသူ ပုဏ္ဍားကျွန်းမြို့နယ်မှ ကျောင်းသူ တစ်ဦးအား မေးမြန်းကြည့်ရာ သူမက “ စာမေးပွဲကာလအတွင်းမှာ ဒီလို လုပ်တာမျိုးကတော့ မကောင်းဘူး။ သူတို့ချင်း ဘာဘဲ ဖြစ်နေ ဖြစ်နေ စာမေးပွဲကာလအတွင်းမှာ ကျောင်းသား ကျောင်းသူတွေ စိတ်အနှောင့်အယှက် ဖြစ်အောင်တော့ မလုပ်သင့်ပါဘူး။ ဒီကနေ့မှာ ခုလို ဖြစ်ပျက်သွားတဲ့အတွက် ကျွန်မတို့ ကျောင်းသား ကျောင်းသူတွေ ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ ထိခိုက်ခဲ့ရပါတယ်” ဟု ပြောကြားသည်။

စစ်တွေတက္ကသိုလ်တွင် အဝေးသင် စာမေးပွဲ ဖြေဆိုနေသူ ကျောင်းသား ကျောင်းသူ ၉၀၀၀ ကျော်ခန့်ရှိပြီး ထိုအထဲမှ ၃၀၀၀ ကျော်မှာ လိုင်းကားမရှိ၍ လမ်းလျှောက်ပြန်ခဲ့ကြရသည်ဟု ဆိုသည်။

“ ရိုးမသဇင်လိုင်းကားအဖွဲ့က ကျနော်တို့ ကျောင်းသားတွေကို ဒီအတိုင်း ထားပစ်ခဲ့ကြတယ်။ သုံးဘီး ဆိုင်ကယ်တွေ ၀င်ပြေးဆွဲလို့ဆိုပြီး ကျောင်းသားတွေကို တစ်ယောက်မှ မတင်ဘဲ ဒီအတိုင်းထားပြီး ပြန်သွားခဲ့ကြတယ်။ ကျောင်းသား ကျောင်းသူ ၉ ထောင်ကျော်ရှိတဲ့အထဲမှာ ၃ ထောင်ကျော်လောက် ကိုယ့်အိမ်ကို လမ်းလျှောက်ပြန်လာရတယ်။ ကျွန်တော်တို့ရဲ့ စာမေးပွဲဖြေတဲ့ အချိန်မှာ ဒီလိုဖြစ်တာကတော့ လုံးဝမကောင်းဘူး။ မနက်ဖြန်လည်း ဘယ်လိုဖြစ်လာမလဲဆိုတာ မသိသေးဘူး” ဟု အဝေးသင်စာမေးပွဲဖြေဆိုနေသူ ကိုခိုင်ထူးမြတ်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရိုးမသဇင်ယာဉ်လိုင်းကားအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ရိုးမသဇင် ယာဉ်လိုင်းပြေးဆွဲနေသည့် ဦးမောင်ဇံံံက “ဒီကိစ္စကို ရှင်းလင်းပေးဖို့ သက်ဆိုင်ရာ တာဝန် ရှိသူတွေကို တောင်းဆိုခဲ့တာလည်း များခဲ့ပြီ။ သည်းခံပြီးတော့ ပြေးဆွဲ ပေးနေတာ ဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းကလည်း ကားအစီး ၆ဝ လောက်ကိုပဲ ထိန်းချုပ်နိုင်လိုက်တယ်။ ကျန်တာကို မထိန်းချုပ်နိုင်လိုက်တာကြောင့် ညနေ အပြန်မှာလောက် ပြေးဆွဲလို့ရမလားဆိုပြီး စောင့်နေခဲ့ပါသေးတယ်။ ဒါပေမယ့် သက်ဆိုင်ရာက တစ်စုံတစ်ရာ ဝင်ရောက်ဖြေရှင်းတာ မရှိတာကြောင့် သုံးဘီးတွေ ၀င်ဆွဲတဲ့ အတွက် ကျွန်တော်တို့က ရပ်လိုက်တော့ ဒီလိုဖြစ်ရတာပါ ” ဟု ပြောသည်။

ရိုးမသဇင် ယာဉ်လိုင်းအသင်းဥက္ကဌဖြစ်သူ ဦးညွန်မောင်က “ ဒီရိုးမသဇင်ယာဉ်လိုင်းဟာ အစိုးရက တရားဝင်သတ်မှတ်ပေးထားတဲ့ ယာဉ်လိုင်းဖြစ်တယ်။ ဖြစ်ကတက်ဆန်းပြေးဆွဲနေတဲ့ ယာဉ်လိုင်း မဟုတ်ဘူး။ တက္ကသိုလ်ယာဉ်တန်းတွေကို အဆင် မြင့်တင်ရေး အတွက် ကားတွေကို အကြွေးစနစ်နဲ့ ၀ယ်ယူပြီးတော့ တရားဝင်ဖွဲ့စည်းထားတဲ့ ယာဉ်လိုင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် အခုဒီလိုင်းထဲမှာ အခြားပြင်ပက ယာဉ်တွေဝင်ဆွဲတာကို လုံးဝ လက်မခံဘူး။ အစိုးရက တရားဝင် သတ်မှတ်ပေးထားတဲ့ ယာဉ် ၁၅ဝ ကျော်ကိုပဲ တရားဝင် ခွင့်ပြုပေးဖို့ တောင်းဆိုချင်ပါတယ်။ ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်ကျောင်းတွင် လက်ရှိ ကျောင်းသား၊ကျောင်းသူပေါင်း ၉ ထောင် ကျော်ရှိပြီး အဆိုပါကျောင်းသားများအား ကြိုပိုလုပ်နိုင်ရန် ရိုးမသဇင်ယာဉ်လိုင်းအား ယခင် အစိုးရ လက်ထက်က တရားဝင်ခွင့်ပြုချက်ပေးပြီးဖြစ်ကြောင်း သိရသည်။

နောင်ခိုင်အောင်

Source : Narinjara

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္