ဘုရားဆင္းတုေတာ္ႏွင့္ နတ္ရုပ္ထုမ်ားကို ခိုးယူသူမ်ားအား ဖမ္းဆီးရမိ

ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ ေစတီပုထိုးမ်ားမွ ဘုရားဆင္းတုေတာ္မ်ားႏွင့္ နတ္နန္း မ်ားမွ နတ္ရုပ္ထုမ်ားကို ခိုးယူသူမ်ားအား ႏို၀င္ဘာ ၂၀ ရက္ ေန႔လည္ ၁ နာရီအခ်ိန္တြင္ ကမာရြတ္ၿမိဳ႕နယ္၊ (၁၀)ရပ္ကြက္၊ သံလြင္လမ္းရွိ၊ ဓာတ္ေပါင္းစုေစတီအနီးတြင္  ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ခိုး၊ ဆိုး၊ လု၊ ႏိႈက္ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရရွိေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရုံးမွ မႈခင္းေဖာ္ထုတ္ေရးတပ္ဖြဲ႕၀င္မ်ားက နယ္ေျမအတြင္း သတင္းစုံစမ္းစဥ္ လိႈင္သာယာၿမိဳ႕နယ္၊(၁)ရပ္ကြက္ေန မသႏၲာ(ခ)သႏၲာၾကည္(၃၉)ႏွစ္၊ လိႈင္သာယာၿမိဳ႕နယ္၊ (၁/၁၁) ရပ္ကြက္ ေန ၿဖိဳးျမင့္၀င္းဆု(ခ) ကိုၿဖိဳး၊ (၂၀)ႏွစ္ ႏွင့္ လိႈင္သာယာၿမိဳ႕နယ္၊ (၁/၁၂) ရပ္ကြက္ေန ရဲမင္း(ခ) မွန္ႀကီး(၃၀) ႏွစ္တို႕ (၃)ဦးသည္ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ ေစတီပုထိုးမ်ားမွ ဘုရားဆင္းတု ေတာ္မ်ားႏွင့္ နတ္နန္းမ်ားမွ နတ္ရုပ္ထုမ်ားကို ခိုးယူခ့ဲေၾကာင္း စံုစမ္းသိရွိခ့ဲရသည္။

ခိုးမႈႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးေဆာင္ရြက္ခ့ဲရာ ႏို၀င္ဘာ ၂၀ ရက္ ေန႔လည္ ၁ နာရီအခ်ိန္တြင္ ကမာရြတ္ၿမိဳ႕နယ္၊ (၁၀)ရပ္ကြက္၊ သံလြင္လမ္းရွိ၊ ဓာတ္ေပါင္းစုေစတီအနီးတြင္ မသႏၲာ (ခ) သႏၲာၾကည္၊ ၿဖိဳးျမင့္၀င္းဆု(ခ) ကိုၿဖိဳးႏွင့္ ရဲမင္း(ခ)မွန္ႀကီးတို႔(၃)ဦးအား ဖမ္းဆီး ရမိခ့ဲသည္။

၎တို႔အားစစ္ေဆးရာ ေအာက္တိုဘာလအတြင္းက မဂၤလာဒုံၿမိဳ႕နယ္၊ က်ိဳက္ကၠလို႔ေစတီ၀င္းအတြင္းမွ ဓမၼစႀကၤာဘုရား(၁)ဆူ၊ မွန္စီေရႊခ် မကိုဋ္ဘုရား(၁)ဆူ၊ ေရႊခ်ထားသည့္ပလႅင္(၁)ခုတို႔အား လည္းေကာင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန္႔ပုပၸါးေက်ာင္းအတြင္းမွ မွန္စီေရႊခ်ေဒါင္းရုပ္ပါ ပလႅင္ေနာက္မွီ(၁)ခု၊ မွန္စီေရႊခ် ေဒါင္းရုပ္(၂)ရုပ္၊ မွန္စီေရႊခ်နဂါးရုပ္(၂)ရုပ္တို႔အားလည္းေကာင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဃ)ရပ္ကြက္၊ (ဃ)ေစ်း၊ ႏြယ္နီလမ္းရွိ ရန္ေအာင္ဓါတ္ႀကိမ္ဘုရား၀င္း အတြင္းမွ ေၾကးေမာင္း(၁)ခုအား လည္းေကာင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေ၀ဘာဂီ ဘူတာအနီးရွိ ဘုရား၀င္းအတြင္းမွ ရုပ္ပြားေတာ္(၂)ဆူအား လည္းေကာင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ေတာင္ဥကၠလာပေစတီ၀င္း အတြင္းမွ သမၺဳေဒၶရုပ္ပြားေတာ္(၁)ဆူတုိ႔အားလည္းေကာင္း ခိုးယူခ့ဲေၾကာင္း ေပၚေပါက္ခ့ဲသည္။

အလားတူ ႏို၀င္ဘာလအတြင္းကလည္း ေမွာ္ဘီၿမိဳ႕နယ္၊ (၂)ရပ္ကြက္၊ သီတာရုံဘုန္းႀကီးေက်ာင္း၊ ဘိုးဘိုးႀကီး နတ္နန္းအတြင္းမွ အိမ္တြင္း နတ္ရုပ္ထု(၁)ခု၊ ကိုႀကီးေက်ာ္ျမင္းစီရုပ္ထု(၁)ခု၊ နံကရိုင္းမယ္ေတာ္ ရုပ္ထု(၁)ခု၊ ပုပၸါးမယ္ေတာ္ရုပ္ထု(၁)ခု၊ ေတာင္ၿပဳံးမင္းႀကီး/မင္းငယ္ ရုပ္ထု (၂) ခု ၊ ျမင္းျဖဴရွင္ရုပ္ထု(၂)ခု၊ မႏွဲေလးရုပ္ထု(၂)ခု၊ ရွမ္းေမာင္ႏွမရုပ္ထု(၂)ခုအားလည္းေကာင္း၊ ေမွာ္ဘီၿမိဳ႕နယ္၊ လိပ္ပုတ္ေက်းရြာ၊ ေလွာ္ကားလမ္း၊ ႏွစ္က်ိပ္ရွစ္ဆူ ဘုရား၀င္းအတြင္းမွ ဆင္(၃) ေကာင္ပါ ဆင္ခံဘုရား(၁)ဆူ၊ ဆင္(၄)ေကာင္ပါ ဆင္ခံဘုရား(၁)ဆူ၊ ရွင္ဥပဂုတၱ ရုပ္ထု(၁)ခုတို႔အားလည္းေကာင္း၊ တံြေတြးၿမိဳ႕နယ္၊ ကံဘဲ့ေက်းရြာအုပ္စု၊ နတ္စင္စုေက်းရြာ၊ နတ္စင္ေရာင္ေစတီေတာ္မွ အေမေရယာဥ္ရုပ္ထု(၁)ခု၊ ကိုေအာင္ႏိုင္ရုပ္ထု(၁)ခု၊ မင္းႀကီး/မင္းငယ္ ရုပ္ထု(၁)ခု၊ မွန္စီမကိုဋ္ ဘုရား(၁)ဆူ၊ ရွင္ဥပဂုတၲရုပ္ထု(၁)ခု၊ ေရႊခ်ထားသည့္ ဆင္းတုေတာ္(၃)ဆူ၊ သိၾကားမင္းရုပ္ထု(၁)ခု၊ ရွင္သီ၀လိရုပ္ထု(၂)ခု၊ သူရႆတီမယ္ေတာ္ ရုပ္ထု(၁)ခု၊ ပုပၸါးမယ္ေတာ္ရုပ္ထု(၁)ခုတို႔အားလည္းေကာင္း၊ အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္ (က/ခ)ရပ္ကြက္ရွိ ေဖာင္ေတာ္ဦးဘုရား၀င္း အတြင္းမွ ဆင္(၄)ေကာင္ပါ ေရႊခ်ထား ေသာ ဆင္ခံဘုရား(၁) ဆူအား လည္းေကာင္း၊ လိႈင္သာယာၿမိဳ႕နယ္၊ ေညာင္ရြာရပ္ေတာ္မူ ဘုရား၀င္း အတြင္းမွ ေၾကးဆင္းတုေတာ္ (၁)ဆူ၊ လိႈင္သာယာၿမိဳ႕နယ္၊ ေရႊလင္ပန္းေက်းရြာရွိ ဘုန္းႀကီးေက်ာင္းအတြင္းမွ ေၾကးဆင္း တုေတာ္(၁)ဆူ တို႔အားလည္းေကာင္း၊ လွည္းကူးၿမိဳ႕နယ္၊ ဒါးပိန္အထက္ရွမ္းတဲႀကီးေက်းရြာ အမွတ္(၂)လမ္း ေဘး သီလရွင္ေက်ာင္း၀င္းအတြင္းရွိ ကေလးနတ္နန္း အတြင္းမွ ေၾကးေမာင္း(၁)ခုအားလည္းေကာင္း၊ ေရႊျပည္သာၿမိဳ႕နယ္၊ ၿမိဳ႕ဦးေစတီႏွင့္ ေဆာက္လုပ္ေရး မွတ္တိုင္အနီးရွိ ဘုရား၀င္းအတြင္းမွ ၀ိသာခါရုပ္ထု(၁)ခု၊ ေက်ာက္ဆင္း တုေတာ္ဘုရား(၁)ဆူ၊ သစ္သားဆင္းတုေတာ္ဘုရား(၃)ဆူ၊ ဦးတီပြားသစ္သားရုပ္ထု(၁)ခုတို႔ အား လည္းေကာင္း၊ ပဲခူးတိုင္းေဒသႀကီး၊ ေရႊသာ ေလ်ာင္းဘုရား၀င္းအတြင္းမွ ေၾကးေမာင္း(၁)ခု၊ ေရႊခ်ထား ေသာ သစ္သားဆင္း တုေတာ္(၁)ဆူတို႔အား လည္းေကာင္း ခိုးယူခ့ဲေၾကာင္း စစ္ေဆးေပၚေပါက္ခ့ဲသည္။

ေပၚေပါက္ခ်က္အရ မသႏၲာ(ခ)သႏၲာၾကည္၊ ၿဖိဳးျမင့္၀င္းဆု(ခ)ကိုၿဖိဳးႏွင့္ ရဲမင္း(ခ)မွန္ႀကီးတို႔အား သက္ဆိုင္ရာ ရဲစခန္းမ်ားတြင္ အမႈမ်ားအသီးသီးေရးဖြင့္ကာ အေရးယူေဆာင္ရြက္လ်က္ရွိၿပီး အမႈမ်ားမွသက္ေသခံပစၥည္း မ်ားအား ျပန္လည္သိမ္းဆည္းႏိုင္ခ့ဲေၾကာင္းႏွင့္ ခိုးယူခံရသည့္ ဘုရားဆင္းတုေတာ္ႏွင့္ နတ္ရုပ္ထုမ်ား၏ ပိုင္ရွင္မ်ားအေနျဖင့္ သက္ဆိုင္ရာရဲစခန္းမ်ားတြင္ လာေရာက္ စုံစမ္းေဆာင္ရြက္ႏိုင္ပါေၾကာင္း ရန္ကုန္တုိင္းေဒသၾကီး ရဲတပ္ဖဲြ ့မွ သတင္းထုတ္ျပန္ထားပါသည္။

Source : သစ္ထူးလြင္

(Unicode Version)

ဘုရားဆင်းတုတော်နှင့် နတ်ရုပ်ထုများကို ခိုးယူသူများအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများမှ ဘုရားဆင်းတုတော်များနှင့် နတ်နန်း များမှ နတ်ရုပ်ထုများကို ခိုးယူသူများအား နိုဝင်ဘာ ၂၀ ရက် နေ့လည် ၁ နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊ သံလွင်လမ်းရှိ၊ ဓာတ်ပေါင်းစုစေတီအနီးတွင်  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း သတင်းစုံစမ်းစဉ် လှိုင်သာယာမြို့နယ်၊(၁)ရပ်ကွက်နေ မသန္တာ(ခ)သန္တာကြည်(၃၉)နှစ်၊ လှိုင်သာယာမြို့နယ်၊ (၁/၁၁) ရပ်ကွက် နေ ဖြိုးမြင့်ဝင်းဆု(ခ) ကိုဖြိုး၊ (၂၀)နှစ် နှင့် လှိုင်သာယာမြို့နယ်၊ (၁/၁၂) ရပ်ကွက်နေ ရဲမင်း(ခ) မှန်ကြီး(၃၀) နှစ်တို့ (၃)ဦးသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများမှ ဘုရားဆင်းတု တော်များနှင့် နတ်နန်းများမှ နတ်ရုပ်ထုများကို ခိုးယူခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသည်။

ခိုးမှုှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၀ ရက် နေ့လည် ၁ နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊ သံလွင်လမ်းရှိ၊ ဓာတ်ပေါင်းစုစေတီအနီးတွင် မသန္တာ (ခ) သန္တာကြည်၊ ဖြိုးမြင့်ဝင်းဆု(ခ) ကိုဖြိုးနှင့် ရဲမင်း(ခ)မှန်ကြီးတို့(၃)ဦးအား ဖမ်းဆီး ရမိခဲ့သည်။

၎င်းတို့အားစစ်ဆေးရာ အောက်တိုဘာလအတွင်းက မင်္ဂလာဒုံမြို့နယ်၊ ကျိုက်က္ကလို့စေတီဝင်းအတွင်းမှ ဓမ္မစင်္ကြာဘုရား(၁)ဆူ၊ မှန်စီရွှေချ မကိုဋ်ဘုရား(၁)ဆူ၊ ရွှေချထားသည့်ပလ္လင်(၁)ခုတို့အား လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ပုပ္ပါးကျောင်းအတွင်းမှ မှန်စီရွှေချဒေါင်းရုပ်ပါ ပလ္လင်နောက်မှီ(၁)ခု၊ မှန်စီရွှေချ ဒေါင်းရုပ်(၂)ရုပ်၊ မှန်စီရွှေချနဂါးရုပ်(၂)ရုပ်တို့အားလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ (ဃ)စျေး၊ နွယ်နီလမ်းရှိ ရန်အောင်ဓါတ်ကြိမ်ဘုရားဝင်း အတွင်းမှ ကြေးမောင်း(၁)ခုအား လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ ဘူတာအနီးရှိ ဘုရားဝင်းအတွင်းမှ ရုပ်ပွားတော်(၂)ဆူအား လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပစေတီဝင်း အတွင်းမှ သမ္ဗုဒ္ဓေရုပ်ပွားတော်(၁)ဆူတို့အားလည်းကောင်း ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

အလားတူ နိုဝင်ဘာလအတွင်းကလည်း မှော်ဘီမြို့နယ်၊ (၂)ရပ်ကွက်၊ သီတာရုံဘုန်းကြီးကျောင်း၊ ဘိုးဘိုးကြီး နတ်နန်းအတွင်းမှ အိမ်တွင်း နတ်ရုပ်ထု(၁)ခု၊ ကိုကြီးကျော်မြင်းစီရုပ်ထု(၁)ခု၊ နံကရိုင်းမယ်တော် ရုပ်ထု(၁)ခု၊ ပုပ္ပါးမယ်တော်ရုပ်ထု(၁)ခု၊ တောင်ပြုံးမင်းကြီး/မင်းငယ် ရုပ်ထု (၂) ခု ၊ မြင်းဖြူရှင်ရုပ်ထု(၂)ခု၊ မနှဲလေးရုပ်ထု(၂)ခု၊ ရှမ်းမောင်နှမရုပ်ထု(၂)ခုအားလည်းကောင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာ၊ လှော်ကားလမ်း၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားဝင်းအတွင်းမှ ဆင်(၃) ကောင်ပါ ဆင်ခံဘုရား(၁)ဆူ၊ ဆင်(၄)ကောင်ပါ ဆင်ခံဘုရား(၁)ဆူ၊ ရှင်ဥပဂုတ္တ ရုပ်ထု(၁)ခုတို့အားလည်းကောင်း၊ တွံတွေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်စု၊ နတ်စင်စုကျေးရွာ၊ နတ်စင်ရောင်စေတီတော်မှ အမေရေယာဉ်ရုပ်ထု(၁)ခု၊ ကိုအောင်နိုင်ရုပ်ထု(၁)ခု၊ မင်းကြီး/မင်းငယ် ရုပ်ထု(၁)ခု၊ မှန်စီမကိုဋ် ဘုရား(၁)ဆူ၊ ရှင်ဥပဂုတ္တရုပ်ထု(၁)ခု၊ ရွှေချထားသည့် ဆင်းတုတော်(၃)ဆူ၊ သိကြားမင်းရုပ်ထု(၁)ခု၊ ရှင်သီဝလိရုပ်ထု(၂)ခု၊ သူရဿတီမယ်တော် ရုပ်ထု(၁)ခု၊ ပုပ္ပါးမယ်တော်ရုပ်ထု(၁)ခုတို့အားလည်းကောင်း၊ အင်းစိန်မြို့နယ်၊ မြို့သစ် (က/ခ)ရပ်ကွက်ရှိ ဖောင်တော်ဦးဘုရားဝင်း အတွင်းမှ ဆင်(၄)ကောင်ပါ ရွှေချထား သော ဆင်ခံဘုရား(၁) ဆူအား လည်းကောင်း၊ လှိုင်သာယာမြို့နယ်၊ ညောင်ရွာရပ်တော်မူ ဘုရားဝင်း အတွင်းမှ ကြေးဆင်းတုတော် (၁)ဆူ၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းမှ ကြေးဆင်း တုတော်(၁)ဆူ တို့အားလည်းကောင်း၊ လှည်းကူးမြို့နယ်၊ ဒါးပိန်အထက်ရှမ်းတဲကြီးကျေးရွာ အမှတ်(၂)လမ်း ဘေး သီလရှင်ကျောင်းဝင်းအတွင်းရှိ ကလေးနတ်နန်း အတွင်းမှ ကြေးမောင်း(၁)ခုအားလည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ မြို့ဦးစေတီနှင့် ဆောက်လုပ်ရေး မှတ်တိုင်အနီးရှိ ဘုရားဝင်းအတွင်းမှ ၀ိသာခါရုပ်ထု(၁)ခု၊ ကျောက်ဆင်း တုတော်ဘုရား(၁)ဆူ၊ သစ်သားဆင်းတုတော်ဘုရား(၃)ဆူ၊ ဦးတီပွားသစ်သားရုပ်ထု(၁)ခုတို့ အား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေသာ လျောင်းဘုရားဝင်းအတွင်းမှ ကြေးမောင်း(၁)ခု၊ ရွှေချထား သော သစ်သားဆင်း တုတော်(၁)ဆူတို့အား လည်းကောင်း ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်အရ မသန္တာ(ခ)သန္တာကြည်၊ ဖြိုးမြင့်ဝင်းဆု(ခ)ကိုဖြိုးနှင့် ရဲမင်း(ခ)မှန်ကြီးတို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး အမှုများမှသက်သေခံပစ္စည်း များအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်းနှင့် ခိုးယူခံရသည့် ဘုရားဆင်းတုတော်နှင့် နတ်ရုပ်ထုများ၏ ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် လာရောက် စုံစမ်းဆောင်ရွက်နိုင်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ ့မှ သတင်းထုတ်ပြန်ထားပါသည်။

Source : သစ်ထူးလွင်