“အဆင့္ဆင့္ မုဒိမ္းက်င့္ခံရျခင္း”

ဧရာဝတီတိုင္း လပြတၱာခရိုင္ လပြတၱာျမိဳ႕နယ္ ေမာင္းဒီးေက်းရြာအုပ္စု ( — ) ရြာတြင္ ဆြံ႕အကာ စိတ္အေျခအေနအနည္းငယ္ပံုမွန္ မရွိေသာ အသက္ ( ၁၅ ) နွစ္အရြယ္ မိန္းကေလးငယ္ကို လပြတၱာျမိဳ႕နယ္ ေျမြေဟာက္ေက်းရြာမွ အသက္ ( ၅၆ ) နွစ္အရြယ္ရွိ အမ်ိဳးသားႀကီးက ၁၅ . ၁၁ . ၂၀၁၇ ရက္ေန႔ မနက္ ( ၁၀ : ၀၀ ) နာရီခန္႔တြင္ မိန္းကေလးငယ္ေနထိုင္ေသာရြာေရကန္အနီး အတင္းအဓမၼခ်ဳပ္ေနွာင္ကာ မုဒိမ္းက်င့္ခဲ႔ပါသည္​။

ထိုသို႔ အဓမၼျပဳက်င့္ေနစဥ္ ရြာသူ/သားအခ်ိဳ႕က မ်က္ျမင္ေတြ႕ရွိခဲ႔ကာ ရြာသားမ်ားက ဖမ္းဆီးမိခဲ႔ပါသည္။သို႔ေသာ္ မုဒိမ္းက်င့္သူသည္ ေငြေႀကးလြန္စြာခ်မ္းသာသူျဖစ္၍ ရြာမွ အုပ္ခ်ဳပ္သူအာဏာပိုင္အခ်ိဳ႕ႏွင့္ ပူးေပါင္းကာ စာခ်ဳပ္တစ္ခုကို လိမ္ညာခ်ဳပ္ဆိုျပီး ခ်ဳပ္ဆိုေစခဲ႔ပါသည္။မိန္းကေလးငယ္၏ မိဘမ်ားမွာ မရွိေတာ့၍ ငယ္ရြယ္စဥ္ထဲက အဖိုးအဖြားမ်ားနွင့္ ေနထိုင္ခဲ႔သူျဖစ္ကာ ရိုးသားေသာအဖိုးအဖြားမ်ားကို မုဒိမ္းက်င့္သူက ျပည္သူ႔စစ္ဆိုသူမွတစ္ဆင့္ ဖိအားေပးစည္းရံုးျပီး စာခ်ဳပ္တြင္ လက္မွတ္ေရးထိုးေစခဲ႔ျခင္း ျဖစ္ပါသည္။

ထိုျဖစ္စဥ္ကို ဖုန္းျဖင့္သိရွိသည္နွင့္တစ္ျပိဳင္နက္ အခင္းျဖစ္စဥ္ က်ဴးလြန္ခံရသူမိန္းကေလး ဝတ္ဆင္ထားေသာ အဝတ္အစားမ်ားကို ေသခ်ာလံုျခံဳစြာ သိမ္းဆည္းအပ္ႏွံရန္ သတိေပးခဲ႔ပါေသာ္လည္း ထိုအဝတ္အစားမ်ားမွာ သိမ္းဆည္းျပီးမွ ရြာအုပ္ခ်ဳပ္ေရးမွဴးထံသို႔ ျပန္လည္ေရာက္ရွိသြားကာ ေလ်ွာ္ဖြတ္သန္႔စင္လိုက္ႀကေႀကာင္း သိရွိခဲ႔ရပါသည္။ေလ်ာ္ေႀကးေငြရရွိျပီးေနာက္ မိန္းကေလးငယ္၏ အဖိုးအဖြားမ်ားထံ လက္မွတ္ထိုးရန္စီစဥ္ေပးသည့္ ျပည္သူ႔စစ္ဟုဆိုသူ ဦးထြန္းျမင့္၊ရာအိ္မ္​​မွဴး၊ ရြာအုပ္ခ်ဳပ္ေရးမွဴး တာဝန္ရွိသူအခ်ိဳ႕နွင့္လူအခ်ိဳ႕တို႔မွ ထိုေလ်ာ္ေႀကးရရွိေသာ ေငြမ်ားထဲမွ သက္ဆိုင္သည္ဟုဆိုကာ နည္းမ်ိဳးစံုျဖင့္ ေငြလာေရာက္ေတာင္းခံခဲ႔ႀက၍ ရိုးသားသာ အဖိုးအဖြားမ်ားမွာ နားမလည္ပဲ ထိုသူမ်ားကို ေငြမ်ားေပးခဲ႔ရပါသည္ဟု ေျပာျပခဲ႔ပါသည္။

ဆြံ႕အသည့္ အသက္မျပည့္ေသးေသာ မိန္းကေလးငယ္တစ္ဦး မုဒိမ္းက်င့္ခံရျခင္းကို ဥပေဒနွင့္အညီဝိုင္းဝန္းအႀကံျပဳကူညီျခင္း မရွိႀကပဲ မိမိကိုယ္က်ိဳးစီးပြါးအတြက္ အမဲဖ်က္သလို ေငြမ်ားေတာင္းယူေနျခင္းကို သိရွိခဲ႔ရ၍ အင္မတန္မွ စိတ္ပ်က္ရြံရွာမိပါသည္။ထိုသတင္းကို တာဝန္သိျပီး မခံမရပ္နိုင္သည့္ ရြာသူ/သားအခ်ိဳ႕မွ ဆက္သြယ္ေျပာႀကားလာသည့္ အခ်ိန္နွင့္တေျပးညီ အမ်ိဳးသားလႊတ္ေတာ္ရွိ အမ်ိဳးသမီးနွင့္ကေလးသူငယ္ အခြင့္အေရးေကာ္မတီမွ အတြင္းေရးမွဴးေဒၚဆူစန္နာလွလွစိုးအား ဆက္သြယ္ရွင္းျပကာ ထိုရြာေလးသို႔ သြားေရာက္၍ ရြာသူ/သားမ်ားနွင့္ ေတြ႕ဆံုခဲ႔ပါသည္။

ေဒၚဆူစန္နာလွလွစိုးမွအခ်ိန္နွင့္တစ္ေျပးညီ တရားဝင္စာျဖင့္ အျပည့္အဝကူညီေပးခဲ႔ပါသည္။ လပြတၱာခရိုင္နွင့္ျမိဳ႕နယ္မွ တာဝန္ရွိသူအခ်ိဳ႕ကလည္း ခ်ိတ္ဆက္လာကာကူညီေပးခဲ႔ပါသည္။ယခုအခါ အမွူဖြင့္ရန္စီစဥ္ခဲ႔ျပီး၍ ထိုမိန္းကေလးငယ္၏ လံုျခံဳေရးအတြက္ အမ်ိဳးသားလႊတ္ေတာ္မွ အမ်ိဳးသမီးနွင့္ကေလးသူငယ္ အခြင့္အေရးေကာ္မတီ၏ လမ္းညႊန္ကူညီမွူအရ လပြတၱာျမိဳ႕နယ္မွ လူမွဳဝန္ထမ္းနွင့္ ကယ္ဆယ္ေနရာခ်ထားေရး႒ာန တာဝန္ရွိသူမ်ားနွင့္ ခ်ိတ္ဆက္ကာ ေဆာင္ရြက္ျပီးျဖစ္သည့္အျပင္ အမွူအစမွအဆံုးအထိ အခမဲ႔ အက်ိဳးေဆာင္ေပးမည့္ေရွ႕ေနလည္း အဆင္သင့္ ရွိေနျပီျဖစ္ပါသည္​။

ဆြံအေနသည့္ အသက္မျပည့္ေသးေသာ မိန္းကေလးငယ္ေလး မုဒိမ္းက်င့္ခံရသည့္ ျဖစ္စဥ္တြင္ က်ဴးလြန္ခံခဲ႔ရသူမိန္းကေလးငယ္နွင့္အုပ္ထိန္းသူတို႔ကို ဥပေဒႏွင့္အညီ လူမွဳက်င့္ဝတ္မ်ားျဖင့္ ရွင္းျပကူညီေဖးမမွဳ မေပးဘဲ မတရားသျဖင့္ေငြေႀကးနွင့္ ဆံုးျဖတ္ႀကကာ ထိုေငြမ်ားကိုသူ႔ထက္ငါ အလုအယက္ နည္းမ်ိဳးစံုသံုးျပီး ရယူသြားႀကေသာ စိတ္ဓါတ္ည့ံဖ်င္းလြန္းသူတို႔ကို ပူးေပါင္းႀကံစည္​ အား​ေပးမွဳျဖင္​့ ဥပေဒနွင့္အညီ တရားစြဲဆိုသြားမည္ျဖစ္ပါသည္။

မြန္​/ကရင္​(နယ္​စားမင္​း)

Crd;မင္းနိုိင္ MCRA S-H

SPTေစတမန္

(Unicode Version)

“အဆင့်ဆင့် မုဒိမ်းကျင့်ခံရခြင်း”

ဧရာဝတီတိုင်း လပွတ္တာခရိုင် လပွတ္တာမြို့နယ် မောင်းဒီးကျေးရွာအုပ်စု ( — ) ရွာတွင် ဆွံ့အကာ စိတ်အခြေအနေအနည်းငယ်ပုံမှန် မရှိသော အသက် ( ၁၅ ) နှစ်အရွယ် မိန်းကလေးငယ်ကို လပွတ္တာမြို့နယ် မြွေဟောက်ကျေးရွာမှ အသက် ( ၅၆ ) နှစ်အရွယ်ရှိ အမျိုးသားကြီးက ၁၅ . ၁၁ . ၂၀၁၇ ရက်နေ့ မနက် ( ၁၀ : ၀၀ ) နာရီခန့်တွင် မိန်းကလေးငယ်နေထိုင်သောရွာရေကန်အနီး အတင်းအဓမ္မချုပ်နှောင်ကာ မုဒိမ်းကျင့်ခဲ့ပါသည်​။

ထိုသို့ အဓမ္မပြုကျင့်နေစဉ် ရွာသူ/သားအချို့က မျက်မြင်တွေ့ရှိခဲ့ကာ ရွာသားများက ဖမ်းဆီးမိခဲ့ပါသည်။သို့သော် မုဒိမ်းကျင့်သူသည် ငွေကြေးလွန်စွာချမ်းသာသူဖြစ်၍ ရွာမှ အုပ်ချုပ်သူအာဏာပိုင်အချို့နှင့် ပူးပေါင်းကာ စာချုပ်တစ်ခုကို လိမ်ညာချုပ်ဆိုပြီး ချုပ်ဆိုစေခဲ့ပါသည်။မိန်းကလေးငယ်၏ မိဘများမှာ မရှိတော့၍ ငယ်ရွယ်စဉ်ထဲက အဖိုးအဖွားများနှင့် နေထိုင်ခဲ့သူဖြစ်ကာ ရိုးသားသောအဖိုးအဖွားများကို မုဒိမ်းကျင့်သူက ပြည်သူ့စစ်ဆိုသူမှတစ်ဆင့် ဖိအားပေးစည်းရုံးပြီး စာချုပ်တွင် လက်မှတ်ရေးထိုးစေခဲ့ခြင်း ဖြစ်ပါသည်။

ထိုဖြစ်စဉ်ကို ဖုန်းဖြင့်သိရှိသည်နှင့်တစ်ပြိုင်နက် အခင်းဖြစ်စဉ် ကျူးလွန်ခံရသူမိန်းကလေး ဝတ်ဆင်ထားသော အဝတ်အစားများကို သေချာလုံခြုံစွာ သိမ်းဆည်းအပ်နှံရန် သတိပေးခဲ့ပါသော်လည်း ထိုအဝတ်အစားများမှာ သိမ်းဆည်းပြီးမှ ရွာအုပ်ချုပ်ရေးမှူးထံသို့ ပြန်လည်ရောက်ရှိသွားကာ လျှော်ဖွတ်သန့်စင်လိုက်ကြကြောင်း သိရှိခဲ့ရပါသည်။လျော်ကြေးငွေရရှိပြီးနောက် မိန်းကလေးငယ်၏ အဖိုးအဖွားများထံ လက်မှတ်ထိုးရန်စီစဉ်ပေးသည့် ပြည်သူ့စစ်ဟုဆိုသူ ဦးထွန်းမြင့်၊ရာအိ်မ်​​မှူး၊ ရွာအုပ်ချုပ်ရေးမှူး တာဝန်ရှိသူအချို့နှင့်လူအချို့တို့မှ ထိုလျော်ကြေးရရှိသော ငွေများထဲမှ သက်ဆိုင်သည်ဟုဆိုကာ နည်းမျိုးစုံဖြင့် ငွေလာရောက်တောင်းခံခဲ့ကြ၍ ရိုးသားသာ အဖိုးအဖွားများမှာ နားမလည်ပဲ ထိုသူများကို ငွေများပေးခဲ့ရပါသည်ဟု ပြောပြခဲ့ပါသည်။

ဆွံ့အသည့် အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရခြင်းကို ဥပဒေနှင့်အညီဝိုင်းဝန်းအကြံပြုကူညီခြင်း မရှိကြပဲ မိမိကိုယ်ကျိုးစီးပွါးအတွက် အမဲဖျက်သလို ငွေများတောင်းယူနေခြင်းကို သိရှိခဲ့ရ၍ အင်မတန်မှ စိတ်ပျက်ရွံရှာမိပါသည်။ထိုသတင်းကို တာဝန်သိပြီး မခံမရပ်နိုင်သည့် ရွာသူ/သားအချို့မှ ဆက်သွယ်ပြောကြားလာသည့် အချိန်နှင့်တပြေးညီ အမျိုးသားလွှတ်တော်ရှိ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးကော်မတီမှ အတွင်းရေးမှူးဒေါ်ဆူစန်နာလှလှစိုးအား ဆက်သွယ်ရှင်းပြကာ ထိုရွာလေးသို့ သွားရောက်၍ ရွာသူ/သားများနှင့် တွေ့ဆုံခဲ့ပါသည်။

ဒေါ်ဆူစန်နာလှလှစိုးမှအချိန်နှင့်တစ်ပြေးညီ တရားဝင်စာဖြင့် အပြည့်အဝကူညီပေးခဲ့ပါသည်။ လပွတ္တာခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူအချို့ကလည်း ချိတ်ဆက်လာကာကူညီ ပေးခဲ့ပါသည်။ ယခုအခါ အမှူဖွင့်ရန်စီစဉ်ခဲ့ပြီး၍ ထို မိန်းကလေးငယ်၏ လုံခြံုရေးအတွက် အမျိုးသားလွှတ်တော်မှ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးကော်မတီ၏ လမ်းညွှန်ကူညီမှူအရ လပွတ္တာမြို့နယ်မှ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်နေရာချထားရေးဋ္ဌာန တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပြီးဖြစ်သည့်အပြင် အမှူအစမှအဆုံးအထိ အခမဲ့ အကျိုးဆောင်ပေးမည့်ရှေ့နေလည်း အဆင်သင့် ရှိနေပြီဖြစ်ပါသည်​။

ဆွံအနေသည့် အသက်မပြည့်သေးသော မိန်းကလေးငယ်လေး မုဒိမ်းကျင့်ခံရသည့် ဖြစ်စဉ်တွင် ကျူးလွန်ခံခဲ့ရသူမိန်းကလေးငယ်နှင့်အုပ်ထိန်းသူတို့ကို ဥပဒေနှင့်အညီ လူ မှုကျင့်ဝတ်များဖြင့် ရှင်းပြကူညီဖေးမမှု မပေးဘဲ မတရားသဖြင့်ငွေကြေးနှင့် ဆုံးဖြတ်ကြကာ ထိုငွေများကိုသူ့ထက်ငါ အလုအယက် နည်းမျိုးစုံသုံးပြီး ရယူသွားကြသော စိတ်ဓါတ်ည့ံဖျင်းလွန်းသူတို့ကို ပူးပေါင်းကြံစည်​ အား​ပေးမှုဖြင်​့ ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ပါသည်။

မွန်​/ကရင်​(နယ်​စားမင်​း)

Crd;မင်းနိိုင် MCRA S-H

SPTစေတမန်

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္